သတ္တက္ခတ္တုပရမတာနိယတောတိ၊ ကား။ သတ္တက္ခတ္တုပရမတာယ၊ သတ္တက္ခတ္တုပရမအဖြစ်၌။ နိယတော၊ မြဲ၏။
[အဋ္ဌကထာစာတို့၌"သတ္တက္ခတ္တု ပရမတာယ နိယတော"ဟု ဤ သံဝဏ္ဏနာအတိုင်း ရှိနေ၏။ ဋီကာဆရာလက်ထက်က "ယ"အက္ခရာ မပါပဲ "သတ္တက္ခတ္တုပရမတာနိယတော"ဟုရှိဟန်တူသည်။]
**၁။ သတ္တက္ခတ္တု။ ပေ။ နိယာမံ**။ ။သတ္တက္ခတ္တု ပရမပုဂ္ဂိုလ်၏ မူလနိယာမကား အဝိနိပါတဓမ္မတာ-အပါယ်တို့၌ ဖောက်ဖောက်ပြန်ပြန် ကျရောက်ခြင်းသဘောတည်း။ ဤ၂-မျိုးသာမူလနိယာမ ဖြစ်၏။ ပရဝါဒီကား ထို၂-မျိုးအပြင် ၇-ဘဝ၌ ၇-ကြိမ် ဖြစ်ရခြင်း ကိုလည်း နိယာမဟု အယူရှိသည်။ အမှန်ကား ၇-ဘဝ မစေ့ပဲလည်း ရဟန္တာ ဖြစ်နိုင်ပါ၏။အာနန္တရိယာဘာဝန္တိ၊ ဟူသောပါဌ်၏။ ယေန၊ အကြင် အာနန္တရိယကံကြောင့်။ သော၊ ထိုသတ္တက္ခတ္တုပရမသောတာပနိပုဂ္ဂိုလ်သည်။ ဓမ္မာဘိသမယေ၊ အထက်မဂ်တရားကို ထိုးထွင်း၍ သိခြင်း၌။ န ဘဗ္ဗောနာမ၊ မထိုက်သူ မည်သည်။ ဟောတိ၊ တဿ အာနန္တရိယကမ္မဿ၊ ထိုအာနန္တရိယကံ၏။ အဘာဝံ၊ မရှိခြင်းကို။ (သန္ဓာယ ပဋိက္ခိပတိ၊ ၌စပ်။) ဣတိအတ္ထော၊ နက်။
["ဓမ္မာဘိယမယေန"ဟု တပုဒ်ထည်း ထင်၍ ရှေးနိဿယ၌ အနက်ပေးလွဲ၏။ "ဓမ္မာဘိသမယေ"တပုဒ်-န တပုဒ်ဟု ခွဲပါ။] ဝါ၊ တနည်း။ ပုဂ္ဂလဿ၊ သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်၏။ အာနန္တရိယဘာဝဿ၊ အာနန္တရိယကံ ရှိသူ၏ အဖြစ်၏။ အဘာဝံ၊ မဟုတ်ခြင်းကို။ (သန္ဓာယ ပဋိက္ခိပတိ၊ ၌စပ်။) ဣတိ (အတ္ထော)၊ နက်။
အပရေ၊ တပါးသော ပဒကာရဆရာတို့သည်။ (ဝဒန္တိ၊ ကုန်၏။)
[ဤအပရေ၏နယ်ကား "ကောလံ ကောလော သိယာတိ"တိုင်အောင်တည်း။]
(ကိံ၊ နည်း။)
ယော၊ အကြင် သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိလ်ကို။
ဘဂဝတာ၊ သည်။
ဉာဏဗလေန၊ ဉာဏ်တော်၏အစွမ်းဖြင့်။
ဗျာကတော၊ ဖြေတော်မူအပ်ပြီ။
တဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်၏။
အန္တရာ၊ ၇-ဘဝ၏ အကြား၌။
အဘိသမယောနာမ၊ အထက်မဂ်ဖိုလ်တရားကို ထိုးထွင်း၍သိခြင်းမည်သည်။
နတ္ထိ၊ မရှိ။
တထာပိ၊ ထိုသို့အဘိသမယ မရှိပါသော်လည်း။
ဘဝနိယာမဿ၊ ဘဝကို သတ်မှတ်ကြောင်းဖြစ်သော။
ကဿစိ၊ တစုံတခုသောတရား၏။
အဘာဝါ၊ မရှိခြင်းကြောင့်။
ဘဗ္ဗောတိ၊ အထက်တရားကို ထိုးထွင်း၍ သိခြင်းငှာ ထိုက်သူဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
**၁။ ယောဘဂဝတာ။ ပေ။ ဝုစ္စတိ**။ ။အကြင်ပုဂ္ဂိုလ်ကို မြတ်စွာဘုရားသည်ဉာဏ်တော်အစွမ်းဖြင့် (သတ္တက္ခတ္တုပရမပုဂ္ဂိုလ်)ဟု မိန့်တော်မူအပ်ပြီ။ ထိုပုဂ္ဂိုလ်သည် ခုနစ်ဘဝမပြည့်မီ အကြား၌ အထက်မဂ်ဖိုလ်တို့ကို ထိုးထွင်း၍ မသိနိုင်။ သို့သော် ဘဝကို အမြဲဆုံးဖြတ်မှု မရှိခြင်းကြောင့် (ခုနစ်ဘဝအကြား၌ အထက်တရားကို ထိုးထွင်း၍ သိခြင်းငှာ) ထိုက်သော ပုဂ္ဂိုလ်ဟု ဆိုအပ််၏။
[ထိုသို့ ဆိုနိုင်ပုံကို ဥပမာပြ၍ "ယထာ ကုလလာ"စသည်မိန့်။]
စ၊ ဆက်။
အဘဗ္ဗတာကရဓမ္မာဘာဝတော၊ အဘဗ္ဗ၏ အဖြစ်ကို ပြုတတ်သော တရားတို့၏ မရှိခြင်းကြောင့်။
ဧတ္ထ၊ ဤသတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်၌။
အဘဗ္ဗတာ၊ အဘဗ္ဗ၏ အဖြစ်ကို။
ပဋိသေဓိတာ၊ တားမြစ်တော်မူအပ်ပြီ။
၁။ ယထာကုသလာ။ပေ။ ပရမော။ ။ဥပမာ-ကုသိုလ် အဘိညာဉ်စေတနာတို့သည် ဘယ်အခါ၌မျှ အကျိုးမပေးကြ။ သို့သော်အကြောင်းညီညွတ်လျှင်အကျိုးပေးခြင်းငှာ ထိုက်သောကြောင့် "ဝိပါက ဓမ္မ ဓမ္မ-အကျိုးပေးခြင်းသဘောရှိသော တရားတို့ဟု အမည်ရသကဲ့သို့ ထို့အတူ သဒ္ဓါစသော ဣန္ဒြေတို့၏ နုံ့ကုန်ညံ့ကုန်သည့်အတွက် သတ္တက္ခတ္တုပရမအမည်ရ၏။
၂။ နနိယာမ။ပေ။ ဗျာကတတ္တာ။ ။ခုနစ်ဘဝသာ ဖြစ်ဖို့ရန် အမြဲနိယာမရှိသောကြောင့် သတ္တက္ခတ္တုပရမ အမည်ရသည် မဟုတ်။ဘုရားရှင်က မိန့်တော်မူသောကြောင့်လည်း သတ္တက္ခတ္တုပရမ အမည်ရသည် မဟုတ်။
၃။ န စ။ပေ။ ပဋိသေဓိတာ။ ။သဒ္ဓါစသော ဣန္ဒြေတို့သည် နုံ့ညံ့ကုန်သည်၏အဖြစ်သည် အဘဗ္ဗအဖြစ် (ခုနစ်ဘဝအတွင်း၌ အထက်တရားထူးကို သိခြင်ငှာမထိုက်သည်၏အဖြစ်) ကိုမပြုတတ် ထို့ကြောင့် ထိုသတ္တက္ခတ္တုပရမပုဂ္ဂိုလ်သည်ခုနစ်ဘဝအတွင်း၌ အထက်တရားတို့ကို မသိနိုင်သော အဘဗ္ဗပုဂ္ဂိုလ်မမည်။ ဤသတ္တက္ခတ္တုပရမပုဂ္ဂိုလ်၏ အဘဗ္ဗအဖြစ်ကို ပြုတတ်သော တရားတို့၏ မရှိခြင်းကြောင့် အဘဗ္ဗပုဂ္ဂိုလ်၏ အဖြစ်ကို တားမြစ်အပ်သည်။
ပန၊ ထိုသို့ပင် မထိုက်သူ၏ အဖြစ်ကို တားမြစ်အပ်ပါသော်လည်း။ အန္တရာ၊ ၇-ဘဝမပြည့်မီ အကြား၌။ အဘိသမေတုံ၊ အထက်တရားတို့ကို ထိုးထွင်း၍ သိခြင်းငှာ။ ဘဗ္ဗတာ၊ ထိုက်သူ၏ အဖြစ်ကို။ န ဝုတ္တာ၊ ဟောတော်မမူအပ်။ပန၊ အဖို့တပါးကား။ ဝိသေသံ၊ အထူးကို။
[၇-ဘဝအတွင်း၌ အထက်တရားကို ရခြင်းငှာ မထိုက်ဟု ဖြစ်စေ, ထိုက်၏ဟုဖြစ်စေ အထူး တခုခုကို။] အကတွာ၊ မပြုမူ၍။ ဝါ၊ မပြုခြင်းကြောင့်။ သဗ္ဗသဘာဝတာယ၊ ထိုက်သည်၏ အဖြစ်ဟူသော သဘောရှိသည်၏အဖြစ်ကြောင့်။ ဘဗ္ဗော၊ ထိုက်၏။ [-ဘဝအတွင်၌ အထက်တရားကို ရခြင်းငှာ ထိုက်၏။] ဣတိ၊ ဤသို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ယုတ္တံ၊ သင့်၏။
န ဘဝနိယာမကံ ကိဉ္စိတိဧတ္ထ၊ ဟူသောဤပါဌ်၌။ ပဿိတွာတိ၊ ပဿိတွာဟူ၍။ ဝစနသေသော၊ သဒ္ဒါကြွင်းသည်။ (ဟောတိ၊ )
["ပဿိတွာ၊ မြင်တော်မူ၍။ န ဗျာကရောတိ၊ ဖြေတော်မူသည် မဟုတ်"ဟုအဋ္ဌကထာ၌အနက်ပေးပါ။] ဝါ၊ တနည်း။ န ဗျာကရောတိ၊ ဖြေတော်မမူ။ ဣတိ၊ ဤသို့။ သမ္ဗန္ဓော၊ ရှေ့သို့လှည့်၍ စပ်ခြင်းကို။ (ကာတဗ္ဗော၊ ပြုထိုက်၏။)
**၁။ န ပန အန္တရာ။ ပေ။ သိယာတိ**။ ။ ထိုသို့ အဘဗ္ဗံအဖြစ်ကို တားမြစ်အပ်ပါသော်လည်းခုနစ်ဘဝမပြည့်မီ အကြား၌ အထက်တရားတို့ကို သိထိုက်သော ဘဗ္ဗပုဂ္ဂိုလ်အဖြစ်ကိုလည်း ဟောတော်မမူ။ ခုနစ်ဘဝအတွင်း၌ အထက်တရားအထူးကိုရလျှင် ကောလံကောလပုဂ္ဂိုလ်ဖြစ်သော ပုဂ္ဂိုလ်ချင်းရောနှောသော သင်္ကရဒေါသ ဖြစ်စရာရှိသည်-ဟူလို။ [ဤစကားအရ ခုနစ်အတွင်း၌ အထက်တရားကို မရနိုင်ဟု အပရေဆရာတို့ ယူဆကြောင်းကို သိပါ။]