နိရောဓကထာဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊
၁။ ဝဒန္တေန။ပေ။ ကိရိယာတိ။ ။ ဘဝင်စိတ်၏ ဘင်ခဏနှင့် တပြိုင်နက် ကုသိုလ်, သို့မဟုတ် အကုသိုလ်ခန္ဓာတို့ ဥပါဒ်ကြလျှင်ကိရိယခန္ဓာတို့၏ ဘင်ခဏနှင့်တပြိုင်နက် ဘဝင်ဖြစ်သော ခန္ဓာသည် ဖြစ်ကြကုန်၏-ဟုလည်း ဆိုထိုက်၏။ ထို့အတူ ထိုနောက် ဘဝင်၏ ဘင်ခဏနှင့် တပြိုင်နက် ထို၏ နောက်ဖြစ်သော ဘဝင်ခန္ဓာတို့သည် ဖြစ်ကြကုန်၏-ဟုဆိုထိုက်၏။ ကိရိယအမည်ရသော ကုသိုလ်, အကုသိုလ် ခန္ဓာတို့၏ ရှေ့ဇော ဘင်ခဏနှင့် တပြိုင်နက် နောက်ဇော ကြိယာ ခန္ဓာတို့လည်းဖြစ်ကြကုန်၏-ဟု ဆိုထိုက်၏။
၂။ စက္ခုဝိညာဏာဒီနံ။ ပေ။ ဂဟဏံ။ ။ စက္ခုဝိညာဏာဒီနံ ကိရိယဝေ မဇ္ဈေ (ကိရိယ အမည်ရသော ကုသိုလ် အကုသိုလ်တို့၏ အလယ်၌)ပတိတတ္တာ ကိရိယစတုက္ခန္ဓဂ္ဂဟဏေန ဂဟဏံ ယုတ္တန္တိ ဝုတ္တံ၊စက္ခုဝိညာဏာဒိနန္တိ ဟီ အာဒီသဒ္ဒေန န သောတဝိညာဏာဒီနံယေဝ ဂဟဏံ၊အထခေါ သမ္ပဋိစ္ဆနသန္တီရဏာနမ္ပိတိဒဋ္ဌဗ္ဗံ-အနူ။
**၁။ သာတထာမဂ္ဂိတဗ္ဗာ**။ ။ မူလဋီကာဆရာကား "ထိုကထာ သီးခြားမရှိ"ဟုယူဆ၍ "သာ ပန ကထာ မဂ္ဂိတဗ္ဗာ"ဟုဆို၏။ အနုဋီကာ၌ကား သတ္ထမဝဂ်ဒါနကထာကို ညွှန်ပြ၍ ယထာ"န ဝတ္တဗ္ဗံ စေတသိကော ဓမ္မော ဒါနန္တိ အာမန္တာ"စသော ပါဠိကိုပင် အစဉ်လိုက်၍ သိဖို့ရန် ဖွင့်ပြထားသည်။ ဖွင့်ပြပုံကို အနုဋီကာကြည့်ပါ။**၁။ ဝိညတ္တိံ ဝိနာယေဝ**။ ။ပဌမနေ့၌ စေခိုင်းတုန်းက ဝစီဝိညတ်ပါသော်လည်း နောက်တနေ့ ပါဏာတိပါတအမှုကို ပြုသောအခါ စေခိုင်းသူ၏ ဝစီဝိညတ််မရှိတော့သောကြောင့် ထိုစေခိုင်းမှု ပါဏာတိပါတသည် အင်္ဂါပြည့်သော်လည်း ထိုစေခိုင်းတုန်းက ဝစီကံ အင်္ဂါသည် ရက်ခြားသည်ဖြစ်၍ ပါရိဝါသိက ဖြစ်နေသောကြောင့် အဝိညတ္တိ ဒုဿိလျ ဖြစ်ရသည်။