တတ္ထ၊ ထိုရူပဋ္ဌတော အညတာ ရူပဿ အဘာဝါ အစရှိသောစကားရပ်၌။
ရူပတော၊ ရုပ်မှ။
အညဿ၊ အခြားသော။
ရူပဋ္ဌဿ၊ ရုပ်၏အနက်ဖြစ်သောဖောက်ပြန်ခြင်းသဘော၏။
အဘာဝေ၊ မရှိခြင်းကို။
ဒဿိတေ၊ ပြအပ်သော်။
ရူပဋ္ဌတော၊ ရုပ်၏ အနက်ဖြစ်သော ဖောက်ပြန်ခြင်း သဘောမှ။
အညဿ၊ အခြားသော။
ရူပဿ၊ ရုပ်၏။
အဘာဝေါ၊ မရှိခြင်းသည်။
ဝါ၊ မရှိခြင်းကို။
ဒဿိတောယေဝနာမ၊ ပြအပ်ပြီးမည်တော့သည်သာ။
ဟောတိ၊ ၏။
ဣတိ၊ ထို့ကြောင့်။
ရူပတော၊ ရုပ်မှ။
အညဿ၊ အခြားသော။
ရူပဋ္ဌဿ၊ ၏။
တမေဝ အဘာဝံ၊ ထိုမရှိခြင်းကိုသာ။
ဒဿေန္တော၊ ပြလိုသည်၏အဖြစ်ကြောင့််။
ရူပသဘာဝေါဟီတိအာဒိံ၊ အစရှိသော စကားကို။
(သင်္ဂဟကာရော)အာဟ၊ ဆိုပြီ။
[ဤဝါကျ၏ အဓိပ္ပါယ်ကို အဋ္ဌကထာနိဿယ၌ ပြထားပြီ။]
၁။ အညထာတိ တေသံ။ ။အညထာတိ တေသံ (ထိုရူပ ရူပဋ္ဌတို့၏) အညတ္တေ (တမျိုးတခြားတို့၏ အဖြစ်သည်)– (သတိ)၊ ရူပဋ္ဌေန နိယာမေန ရူဝံ နိယတန္တိ ဝတ္တဗ္ဗန္တိ ယောဇနာ-အနု။ဤ အနုဋီကာဖွင့်ပုံကို ထောက်လျှင် "န+အညထာ”ဟု န-အက္ခရာပါဖွယ် မလို။ ယခု စာအုပ်တို့၌ န-အက္ခရာ ပါနေ၏။ န-အက္ခရာ မပါမှလည်း အဓိပ္ပါယ်ရသည်။ ရှေးနိဿယ၌ကား"န ဝတ္ထဗ္ဗံ- သင့်”ဟု န-အက္ခရာနှင့်တကွ အနက်ပေးထား၏။ "ရူပဋ္ဌေန နိယာမေန ရူပံ နိယကံ”ဟု နဂို ကပင် မဆိုသောကြောင့် "န ဝတ္တဗ္ဗံ-မဆိုသင့်”ဟု တားမြစ်ဖွယ် မလို။ အဋ္ဌကထာ၌ ပါသော န ဝတ္တဗ္ဗံကို ယူ၍ န-အက္ခရာထည့်ကြဟန် တူသည်။
မှတ်ချက်။ ။"ရူပံ ရူပဌေန နိယတံ"ဟု ဆိုရာ၌ ရူပနှင့် နိယတသည် အရတူ သကဲ့သို့ ရူပဋ္ဌေန ဟူသော အဘိန္နဝိသေသနနှင့် နိယတံလည်း အရတူ၏။ ထိုသို့ အရ တူအောင် ရူပံ ရူပဋ္ဌေန နိယတန္တိ ဝတ္တဗ္ဗံ"ဟု ဆိုသည်။ "ရူပဋ္ဌေန နိယာမေန ရုပံ နိယတံ”ဟု ဆိုရာ၌ကား ရူပဋ္ဌသည် နိယာမတရားတမျိုးဖြစ်၍ ရူပံ က နိယတ တမျိုး ဖြစ်သည့်အတွက် အရ မတူတော့။ ထို့ကြောင့် ရူပနှင့် ရူပဋ္ဌတို့ အညဖြစ်လျှင် (တမျိုး တခြားစီ ဖြစ်လျှင်)ဟု ဆိုသည်။ [ဤ“အညထာ ရူပဋ္ဌေန နိယာမေန (ရူပံ နိယတံ) "ဟူသော စကားသည် ရထိုက်သော အပြစ်ကို ပြသော စကားတည်း။
ရူပံ၊ ရုပ်သည်။ ရူပမေဝ၊ ဖောက်ပြန်ခြင်းသဘောရှိသည်သာတည်း။ ဝေဒနာဒိသဘာဝံ၊ ဝေဒနာ အစရှိသည်တို့၏ ခံစားခြင်း အစရှိသော သဘောရှိသည်။ န၊ မဟုတ်။ ဣတိ၊ ဤသို့။ အဝတွာ၊ မဆိုမူ၍။ (တိုက်ရိုက် မဆိုမူ၍။) ရူပံ ရူပဋ္ဌေန နိယတန္တိ၊ ဟူ၍။ ဝဒတော၊ ဆိုသော ပရဝါဒီ၏။
[ရှေးနိဿယ၌ "ဝဒန္တေန၊ ဆိုသော ပရဝါဒီသည်"ဟု ပေး၏။ အစပ်ရှာ၍မရပါ။]
တဉ္စဝစနံ၊ ထိုရူပံ ရူပဋ္ဌေန နိယတံ ဟူသော စကားသည်လည်း။
[တဉ္စဝစနန္တိ ရူပံ ရူပဋ္ဌေန နိယတန္တိ ဝစနံ။-အနု။]
ဝုတ္တပ္ပကာရေန၊ ဆိုအပ်ပြီးသော အပြားအားဖြင့်။
သဒေါသံ၊ အပြစ်နှင့်တကွဖြစ်၏။
၁။ စသဝေါဟာရော။ ။ အဋ္ဌကထာ၌ “ဧသ ဝေါဟာရော”ကို ရူပသဘာဝ ဝေါဟာရော, ရူပဋ္ဌာဝေါဟာရော ဝါ-ဟု ၂-နည်း ဖွင့်၏။ ထို ဝေါဟာရ ၂-မျိုးလုံး သည်ပင် ဝေဒနာ စသည်တို့မှ ရုပ်၏ ထူးသည်၏ အဖြစ်ကို သိစေရခြင်းအကျိုးငှါ ဖြစ်၏။"ရူပသဘာဝေါ ”ကို "ရူပဿ+သဘာဝေါ”ဟု၎င်း "ရူပဋ္ဌော ” ကို “ရူပဿ+အတ္ထော”ဟု၎င်း သမ္ဗန်+သမ္ဗန္ဓီခွဲ၍ ဆဋ္ဌီ တပ္ပုရိသ် သမာသ် တွဲရာ၌ကား ရုပ်က တခြား သဘာဝအတ္ထတို့က တခြားဟု ထင်ရသော်လည်း ရုပ်နှင့် သဘာဝ ရူပနှင့် အဋ္ဌသည် မကွဲမပြား။ ထိုသို့ မကွဲပြားသော်လည်း အဘေဒ ဘေဒူပစာရနည်း အားဖြင့် ကွဲပြားသကဲ့သို့ ဆိုထားသည်”ဟု မှတ်ပါ။
၂။ ဝုတ္တပ္ပကာရေန သဒေါသံ။ ။"ဝုတ္တပ္ပကာရေနာတိ ရူပဋ္ဌတော အညဿ ရူပဿ အဘာဝါတိအာဒိနာ ဝုတ္တာကာရေန”ဟု အနုဋီကာဖွင့်၏။ "ဆိုအပ်ပြီးသော အခြင်းအရာဟူသည် ရူပဋ္ဌတော အညဿ ရူပဿ အဘာဝါ စသော အခြင်းအရာ တည်း။ အာဒိနာဖြင့် “ယော ရူပဿ နိယာမော ဝုစ္ဆေယျ ။ပေ။ ရူပဉ္စ န ဟောတိ” တိုင်အောင် ယူပါ။ ထိုအခြင်းအရာအားဖြင့် (ထို အကြောင်းကြောင့်) "ရူပံ ရူပမေဝ၊ န ဝေဒနာဒိသဘဝ"န္တိ အဓိပ္ပါယေန ရူပံ ရူပဋ္ဌေန နိယတန္တိ ဝတ္တဗ္ဗံ(ဆိုထိုက်၏)။အညထာ ရူပဋ္ဌေန နိယာမေန (ရူပံ နိယတံ)ဟူသော မလိုအပ်သော အပြစ်ရောက်သည်"ဟုဆိုခဲ့၏။ ထိုဆိုအပ်ခဲ့သောကြောင်းနှင့် အကျိုးဖြစ်သော အပြစ်ကို ရည်ရွယ်၍ "ဝုတ္တပ္ပကာရေန သဒေါသံ"ဟုဆိုသည်။
အထ၊ ထိုသို့ အပြစ်နှင့်တကွ ဖြစ်ပါလျက်။ ကသ္မာ၊ ကြောင့်။ (ပဋိဇာနာတိ၊ ဝန်ခံရသနည်း။) [ယဒိ သဒေါသံ။ အထ ကသ္မာ ပဋိဇာနာတီတိ ယောဇနာ။ အနု။] ဟိ၊ ချဲ့။ ရူပံ ရူပဋ္ဌေန နိယတန္တိ၊ ဟူသော စကားကို။ (ဝတ္တဗ္ဗံ၊ ၌စပ်။) ရူပံ၊ ရုပ်သည်။ ရူပမေဝ၊ ဖောက်ပြန်ခြင်း သဘောရှိသည်သာတည်း။ ဝေဒနာဒိသဘာဝံ၊ ဝေဒနာ အစရှိသည်တို့၏ ခံစားခြင်း အစရှိသော သဘောရှိသည်။ န၊ မဟုတ်။ ဣတိ အဓိပ္ပါယေန၊ ဤသို့သောအလိုဖြင့်။ (သကဝါဒိနာ၊ သည်။) ဝတ္တဗ္ဗံ၊ ဆိုထိုက်၏။ ဣတိ၊ ထို့ကြောင့်။ ဝဒန္တေ၊ ဆိုလသော်။ [ဝဒန္တောဟု ရှိသည်ဟု စဉ်းစားပါ။] ရူပံ ရူပဋ္ဌေနနိယတန္တိ၊ ဟူသော ပြဿနာကို။ ပဋိဇာနာတိ၊ အာမန္တာဟု ဝန်ခံ၏။ ဣတိ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။ဝါ၊ တနည်း။
ဝတ္တဗ္ဗန္တိ(ဧတ္ထ)၊ ဟူသော ဤပါဌ်၌။
သကဝါဒိနာ၊ သည်။
ဝတ္တဗ္ဗံ၊ ဆိုထိုက်၏။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ သည်။
ဟောတိ၊ ၏။
၁။ နနု စ ။ ပေ။ န ဝတ္တဗ္ဗန္တိ။ ။ "ပါဠိတော်ကို ကြည့်ပါ။ "ရူပံ ရူပဋ္ဌေန နိယတံ"ဟူသော စကားသည် သကဝါဒီ၏ စကားဖြစ်၏။ထို့ကြောင့် မိမိစကားကို မိမိသည်ပင် "ကာမန္တာ”ဟု ဝန်ခံသည်ဟု မဆိုလိုက်သည်မဟုတ်ပါလော”ဟု စောဒနာသည်။
၂။ န။ပေ။ ဝစနတော။ မိမိကိုပင် သူတပါးအနေအားဖြင့် စကား သုံးစွဲခြင်းကြောင့် ပဋိဇာနာတိ(ဝန်ခံ၏-ဟု) န နဝတ္တဗ္ဗံမဆိုထိုက် မဟုတ်, ဆိုထိုက်ပါသည်ဟူလို။
** ၃။ ဝတ္တဗ္ဗန္တိ ဝါ**။ ။ ဤနည်းကား "နနု စေတံ”စသော စောဒနာ သောဓနာ နည်းမှ တနည်းပြသော စကားတည်း။ ထို့ကြောင့် “ဝတ္တဗ္ဗန္တိ"ဟူသော စကားသည်“အဓိပ္ပါယေန ဝတ္တဗ္ဗံ”တုန်းက ဆိုအပ်သော စကားတည်း-ဟု မှတ်ပါ။ ထို"ဝတ္တဗ္ဗံ"၌ "သကဝါဒိနာ ဝတ္တဗ္ဗံ”ဟု ဆိုလိုသည်။
အတ္ထန္တရဝသေနာတိ၊ ဟူ၍။
တတ္ထ၊ ထိုပရိဟာရစကားရပ်၌။
(အဋ္ဌကထာဝယ် ဖြေသော စကားရပ်၌။)
ဝုတ္တမေဝ၊ ဆိုအပ်ပြီးသည်သာလျှင်ဖြစ်သော။
ကာရဏံ၊ ရူပံ ရူပမေဝ, နန ဝေဒနာဒိသဘာဝံ ဟူသော သင့်သောအကြောင်းကို။
နိဂူဟိတွာ၊ လျို့ဝှက်၍။
ပရေန၊ ပရဝါဒီသည်။
စောဒိတံ၊ စောဒနာအပ်ပြီ။
ဣတိ၊ ထို့ကြောင့်။
တမေဝ ကာရဏံ၊ ထို ရူပံ ရူပမေဝ နဝေဒနာဒိသဘာဝံ အစရှိသော အကြောင်းကိုပင်။
ဒဿေတွာ၊ ပြ၍။
စောဒနံ၊ စောဒနာကို။
နိဝတ္တေတိ၊ နစ်စေ၏။
၁။ ယဒိ စ။ ပေ။ အတ္ထော။။“သကဝါဒိနာ ဝတ္တဗ္ဗံ"ဟူသော နည်း၌ လဒ္ဓ ဒေါသကို ပြလို၍ “ယဒိ စ”စသည်ကို မိန့်သည်။ “ရူပံ ရူပဋ္ဌေန နိယတံ”ဟူသော စကားသည် အကယ်၍ သကဝါဒီ ဆိုထိုက်သော ပြဿနာ ဖြစ်အံ့။ ထိုသကဝါဒီ သည်ပင် ဤ ပြဿနာ၏ အနက်ကို အကယ်၍ ဝန်ခံလည်း ဝန်ခံအံ့။ ထိုသို့ ဖြစ်လျှင် အဘယ့်ကြောင့် “မေးသော သကဝါဒီသည် ဝန်ခံ၏” ဟု ဤနေရာ၌ ဤအနက် ဖြစ်နိုင်အံ့နည်း။ "မေ၊သူလည်း သကဝါဒီအာမန္တာ-ဟု ဝန်ခံသူလည်း သကပါဒီ” ဟု မဖြစ်နိုင်ပါ-ဟူလို။
၂။ အတ္ထန္တရ။ပေ။ နိဝတ္တေတိ။ ။အတ္ထန္တရ-ဟူသည် အဋ္ဌကထာ၌ ပြအပ် သော “ရူပံ ရူပမေဝ၊ န ဝေဒနာဒိ သဘာဝံ"ဟူသော အနက်တည်း။ ထိုအနက်ဟူသော အကြောင်းကို ပရဝါဒီက မသိဟန်ဆောင်သောအားဖြင့် ထိုအကြောင်းကို လျှို့ဝှက်၍ မေးသောကြောင့် ထိုအကြောင်းကိုပင်ပြ၍ စောဒနာကို နှစ်စေရသည်။“ဖြေသည်”ကိုပင် “နစ်စေသည်”ဟု ဆိုသည်။ [ဝုတ္ထဝ ကာရုဏန္တိ “ရူပံ ရူပ မေဝ, န ဝေဒနာဒိသဘာဝန္တိ ဧဝံ ဝုတ္တမေဝ ယုတ္တိ ။ “ဧတ္ထ တီ”တိအာဒိနာဒဿေတွာ။ အထ ကသ္မာ ပဋိဇာနာတီတိ ဝုတ္တံ စောဒနံ နိဝတ္တေတိ။-အနု။
ဆက်ဦးအံ့။ ။ "ဝတ္တဗ္ဗန္တိ ဝါ"စသော နည်း၌ မေးသူသည် သကဝါဒီ မဟုတ်။ပရဝါဒီတည်း။ ထို့ကြောင့် “ပရေန စောဒိတံ”ဟု ဆိုသည်။ ထို စောဒနာ ဟူသည် လည်း နဝတ္တဗ္ဗံ စသော စောဒနာတည်း။ [ပရေန စောဒိတန္တိ “နဝတ္တဗ္ဗံ ရုပံ ရူပဋ္ဌေန နိယတံတိအာဒိနာ ပရဝါဒိနော စောဒ္ဒနံ သန္ဓာယာဟ။-အနု။] ပရဝါဒီက “ရူပံ ရူပမေဝန ဝေဒနာဒိ သဘာဝံ”ဟု ဖြေဆိုအပ်ပြီးသော အကြောင်းကို လျှို့ဝှက်၍ မေးသောကြောင့် ထို အကြောင်းကိုပင် ပြ၍ သကဝါဒီက စောဒနာကို တားမြစ်ရ သည်”ဟူရာ၌ “အထ ကသ္မာ ပဋိဇာနာတိ”ဟူသော စောဒနာကို တားမြစ်သည်-ဟု ဆိုလိုသည်။
ဣတော အညထာတိ၊ ကား။ ရူပါဒိသဘာဝမတ္တံ၊ ရုပ် အစရှိသည်တို့၏ ဖောက်ပြန်ခြင်း အစရှိသော သဘောမျှကို။ မုဉ္စိတွာ၊ လွှတ်၍။ တေန၊ ထိုပရဝါဒီသည်။ ပရိကပ္ပိတံ၊ ကြံဆအပ်သော။ နိယတံ၊ နိယတသည်။ နတ္ထိ၊ မရှိ။
[ရုပ္ပန စသော သဘောကို ပရဝါဒီက နိယတ ဟုကြံ၏။ ထိုကြံအပ်သောနိယတမရှိ-ဟူလို။] ဣတိ၊ ထို့ကြောင့်။ ပရိကပ္ပိတဿ၊ ပရဝါဒီသည် ကြံဆအပ်သော. တသ၊ ထိုနိယတကို။ နိဝတ္တနတ္ထံ၊ တားမြစ်ခြင်းအကျိုးငှာ။ ပုန၊ တဖန်။ တေနေဝ နယေန၊ ထိုနည်းဖြင့်ပင်။ စောဒေတုံ၊ စောဒနာခြင်းငှာ။ မိစ္ဆတ္တနိယတန္တိအာဒိံ၊ အစရှိသော စကားကို။ (သကဝါဒီ၊ သည်။) အာဟ၊ မေးပြီ။ ဣတိ အတ္ထော၊ နက်။