စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ သောတဝိညာဏန္တိ ဧတ္ထ၊ ဟူသောဤဝါကျ၌။ လဒ္ဓိဝသေန ပဋိဇာနာတီတိ၊ ဟူသောဤပါဌ်၌။ (ယုတ္တံ၊ ၌စပ်။) အနန္တရုပ္ပတ္တိံ၊ စက္ခုဝိညာဉ်၏ အခြားမဲ့၌ သောတဝိညာဉ်၏ ဖြစ်ခြင်းကို။ အလ္လက္ခေန္တောပိ၊ မှတ်ထင်ပါသော်လည်း။ သော၊ ထိုပရဝါဒီသည်။ စက္ခုမှိ၊ စက္ခုပသာဒ၌။ ရူပါရမ္မဏံ၊ ရူပါရုံဟူသော အာရုံရှိသော။ သောတဝိညာဏံ၊ ကို။ န ဣစ္ဆတိ၊ အလိုရှိသည် မဟုတ်။ အထခေါ၊ အဟုတ်ကား။ သောတမှိယေဝ၊ သောတာပသာဒ၌သာ။ သဒ္ဒါရမ္မဏံ၊ သဒ္ဒါရုံဟူသော အာရုံရှိသော။ (သောတဝိညာဏံ၊ ကို။ ဣစ္ဆတိ၊ ၏။) ဣတိ၊ ထို့ကြောင့်။ အနန္တရူပလဒ္ဓိဝသေန၊ စက္ခုဝိညာဉ်၏ အခြားမဲ့၌ သောတဝိညာဉ်ကို ရခြင်း၏ အစွမ်းဖြင့်။ အာပန္နတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။ ပဋိဇာနာတိ၊ ဝန်ခံ၏။ ဣတိ၊ သို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ယုတ္တံ၊ သင့်၏။
[စက္ခုဝိညာဉ် စက္ခုပသာဒ၌ ရူပါရုံကို အာရုံပြု၍ ဖြစ်ပြီးနောက် သောတဝိညာဉ်ကလည်း သောတပသာဒ၌ သဒ္ဒါရုံကို အာရုံပြု၍ တဆက်တည်း ဖြစ်သည်ဟု ယူဆသည်။]
သရာဂေါတိအာဒိ ပန တသ္မိံ သမယေ ရာဂဿ အပ္ပဟီနတ္တာ သရာဂေါတိ ဝတ္တဗ္ဗတန္တိ၊ ဟူ၍။ ပုရိမပါဌော၊ ရှေး၌ဖြစ်သောပါဌ်သည်။ (အတ္ထိ၊ ရှိ၏။) သာနုသယောတိအာဒိပန တသ္မိံ သမယေအနုသယဿ အပ္ပဟီနတ္တာ သာနုသယောတိ ဝတ္တဗ္ဗတန္တိ၊ ဟူ၍။ ပစ္ဆိမပါဌော၊ နောက်၌ဖြစ်သော ပါဌ်သည်။ (အတ္ထိ၊ ရှိ၏။) သော၊ ထိုနောက်၌ဖြစ်သောပါဌ်သည်။ ယုတ္တော၊ သင့်၏။
[ယခုစာအုပ်တို့၌လည်း နောက်ပါဌ်သာရှိသည်။]
၇၀၂။ ယသ္မာ၊ ကြောင့်။ အနိစ္စာဒိတော၊ အနိစ္စ အစရှိသော အခြားအရာအားဖြင့်။ မနသိကရောတောပိ၊ နှလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း။ ရာဂါဒယော၊ ရာဂအစရှိသော ကိလေသာတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်တတ်ကုန်၏။ စ၊ ထိုသို့ပင် ဖြစ်တတ်ကုန်သော်လည်း။ တေ၊ ထိုရာဂ အစရှိသော ကိလေသာ တို့သည်။ ဝိပဿနာယ၊ ဝိပဿနာဉာဏ်နှင့်။ န သမ္ပယုတ္တာ၊ သမ္ပယုတ် မဖြစ်ကုန်။ တသ္မာ၊ ကြောင့်။
(ထိုသို့ အနိစ္စ အစရှိသောအားဖြင့် ဝိပဿနာရှုသော ပုဂ္ဂိုလ်၏လည်း ရာဂ အစရှိသော ကိလေသာတို့၏ ဖြစ်ဘတ်ကုန်သည်၏အဖြစ်, ထိုရာဂ အစရှိသည်တို့၏ ဝိပဿနာဉာဏ်နှင့် သမ္ပယုတ် မဖြစ်ကုန်သည်၏ အဖြစ်ကြောင့်။) ပရိယုဋ္ဌာနံ၊ ကိလေသာတို့၏ ထကြွခြင်းသည်။ စိတ္တဝိပ္ပယုတ္တံ၊ စိတ်နှင့် မယှဉ်။ ဣတိ၊ ဤသို့။ လဒ္ဓိ၊ ပရဝါဒီတို့၏ အယူသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤကား။ အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
တသ္မာတိ၊ ကား။
ယသ္မာ၊ ကြောင့်။
ဒိဋ္ဌိရာဂါနံ၊ ဒိဋ္ဌိနှင့် ရာဂတို့၏။
ဝိက္ခမ္ဘနဘာဝေ၊ ဈာန်ဖြင့် ပယ်ခွါရခြင်းရှိကုန်သည်၏အဖြစ်သည်။
သမာနေပိ၊ တူပါသော်လည်း။
ဝီတရာဂေါတိ၊ ကင်းသော ရာဂရှိသူဟူ၍။
၁။ သဗ္ဗထာပိ။ အကျိုးမပေးသောကြောင့် “အဗျာကတ”ဟု ခေါ်ရသော အခြင်းအရာ ဖြေဆိုအပ်သော ဗျာကတ မဟုတ်သောကြောင့် “အဗျာကတ”ဟု ခေါ်အပ်သော အခြင်းအရာ, ဤ ၂-မျိုးသော အခြင်းအရာကို “သဗ္ဗတာပိ”ဟု ဆိုသည်။ မိစ္ဆာအယူကို “အဗျာကတ”ဟု နာမည်တပ်ရာ၌ အကျိုးမပေးသောကြောင့် အဗျာကတ ဟူသော ပဌမနည်းဖြင့် မဆိုထိုက်။ မဖြေဆိုပဲ ထားအပ်သောကြောင့် အဗျာကတ မည်၏ ဟူသော ဒုတိယနည်းနှင့်သာ ဆိုထိုက်သည်။ [သဗ္ဗဏာပီတိ အဝိပါကဘာဝေနာပိ သဿတာဒိဘာဝေနပိ။-အနူ။]
၂ ။သမာနေ ဝိက္ခပ္ဘနဘာဝေပိ။“ပုထုဇ္ဇနောဈာနလာတီ”ဟု ဆိုသော ကြောင့် ဈာန်ဖြင့် ခွါခြင်းကို ဆိုရာဌာန ဖြစ်ရကား “ဝိက္ခမ္ဘနဘာဝေပိ”ဟု ဝိက္ခမ္ဘန ပဟာန်ဖြစ်သော ဈာန်ဖြင့် ခွါခြင်းကို ဆိုသည်။ ဒိဋ္ဌိနှင့်ရာဂကို ဈာနလာဘီပုထုဇဉ်က ပယ်ခွါခြင်းအားဖြင့် တူသော်လည်း “ဝီတရာဂေါ ကင်းသော ရာဂရှိသူ"ဟုသာ ဆိုရိုးရှိ၏။ "ဝိဂတဒိဋ္ဌိကော”ဟု ဆိုရိုး မရှိ။ ထို ကြောင့် "ဒိဋ္ဌိသည် လောကီတရား၌ မပါဝင်”ဟု တချို့ ဆရာတို့က ဆိုကြသည်-ဟု ပရဝါဒီအယူကို ဖွင့်သည်။ ထိုသို့ ပရဝါဒီက အယူရှိသောကြောင့် ပါဠိတော်၌ "ဒိဋ္ဌိဂတံ အပရိယာပန္နံ”ဟု သကဝါဒီက ပုစ္ဆာထုတ်သည်။
ဝုစ္စတိ၊ ဆိုအပ်၏။ ပန၊ ဗျတိရိက်ကား။ ဝိဂတဒိဋ္ဌိကောတိ၊ ကင်းသော မိစ္ဆာအယူရှိသူဟူ၍။ န (ဝုစ္စတိ)၊ မဆိုအပ်။ တသ္မာ၊ ကြောင့်။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ လောကိယပရိယာပန္နာ၊ လောကီတရား၌ အကျုံးဝင်သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။ ဝဒန္တိ၊ ဆိုကြကုန်၏။ဟိ၊ မှန်၏။
တဿ၊ ထို ဈာနလာဘီ ပုထုဇဉ်၏ သန္တာန်၌။
အဝိဂတာ၊ မကင်းသေးသော။
သာဒိဋ္ဌိ၊ ထိုဒိဋ္ဌိသည်။
[ဈာနလာဘိနော ဒိဋ္ဌိကို ပြန်၍ညွှန်သည်။]
ကာမရာဂေါဝိယ၊ ကာမရာဂကဲ့သို့။
ကာမဒိဋ္ဌိ၊ ကာမဒိဋ္ဌိသည်။
၁။ ရူပဒိဋ္ဌိယာဒိသ ဘာဝါ။ ။ထို ၀ဒန္တိဝါဒကို မနှစ်သက်သောကြောင့် အခြားနည်းအားဖြင့် ဖွင့်ပြလိုသော ဋီကာဆရာသည် “ရူပဒိဋ္ဌိယာအဘာဝါ”ဟု မိန့်သည်။ ဒိဋ္ဌိယာဒိ၌ အာဒိ-ဖြင့် “အရူပဒိဋ္ဌိ စသည်ကို ယူ"ဟု အဋီကာ ဖွင့်၏။ ထို့ ကြောင့် ရှေးနိဿယ၌ "ရူပဒိဋ္ဌိယာဒိအဘာဝါ”ဟု ရှိသောပါဌ်သာ အနုဋီကာ အဖွင့်နှင့် ညီသည်။
ဆိုလိုရင်းကား-ရူပဒိဋ္ဌိ (ရူပဓာတ်၌ ဖြစ်သော ဒိဋ္ဌိ) အရူပဒိဋ္ဌိ (အရူပဓာတ်၌ ဖြစ်သော ဒိဋ္ဌိ)ဟု အဆို မရှိသောကြောင့် ဒိဋ္ဌိသည် ကာမဓာတ်၌ အကျုံးဝင်သော တရားသာ ဖြစ်ထိုက်၏။ ထိုသို့ ဖြစ်လျှင် ဈာနလာဘီပုဂ္ဂိုလ်မှာ ကာမရာဂကင်းသကဲ့သို့ ဒိဋ္ဌိလည်း ကင်းရာ၏။ ထိုသို့ ကင်းလျှင် “ဝိဂတဒိဋ္ဌိကော”ဟု ဆိုထိုက်၏။ ထိုသို့ ဆိုရိုးကား မရှိ။ ထို ကြောင့် အပရိယာပန္နာ ဒိဋ္ဌိ-ဒိဋ္ဌိသည် ကာမဓာတ်, ရူပဓာတ် အရူပဓာတ် ၃-မျိုး၌ အကျုံးမဝင်။ ထိုသို့ အကျုံးမဝင်သောကြောင့် “မဂ္ဂေါ ဖလံ နိဗ္ဗာနံ-ဒိဋ္ဌိဆိုတာ မဂ်လား ဗိုလ်လား နိဗ္ဗာန်လား"စသည်ဖြင့် သကဝါဒီက ထပ်၍ စောဒနာသည်။
န ဟောတိ၊ မဟုတ်။ ယေန၊ ယင်း ကာမဒိဋ္ဌိ၏ ဖြစ်ခြင်းကြောင့်။ ကာမဓာတုယာ၊ ကာမဓာတ်၌။ ပရိယယာပန္နာ၊ အကျုံးဝင်သည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ ဝဒတိ၊ ပရဝါဒီဆို၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။**၁။ န ဟိ သာ ။ပေ။ ဝဒတီတိ**။ ။နဟိ တုတက်သောကြောင့် ဒဋ္ဌီ-ဟေတု ၂-ချက်ရတည်း။ လွယ်ကူသော ဒဠီကိုသာ အနက်ပေးပါသည်။ နိဿယအတိုင်း အဓိပ္ပါယ်သိနိုင်ပြီ။ [ယေနာတိ ကာမဒိဋ္ဌိဘာဝေန-အနူ။] [ဤဒုတိယနည်း၌လည်း "အပရိယာပန္န"အရ ဓာတ်၃-ပါး၌ အကျုံးမဝင်သော လောကုတ္တရာ တရားဟုပင် ပရဝါဒီက ယူသည်။]