Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

62. Gabbhavīsūpasampadānujānanā

Author: my-tipitaka @ visuddhinanda

၁၂၄။ တစ်ရံရောအခါ အသျှင်ကုမာရကဿပသည် ပဋိသန္ဓေရက်နှင့်တကွ အသက်နှစ်ဆယ် ရှိသည် ဖြစ်၍ ပဉ္စင်းခံ၏။
ထိုအခါ အသျှင်ကုမာရကဿပအား ''မြတ်စွာဘုရားသည် 'အသက်နှစ်ဆယ်မပြည့် သေးသော ပုဂ္ဂိုလ်ကို ပဉ္စင်းမခံအပ်'ဟု ပညတ်တော်မူ၏၊ ပဉ္စင်းခံပြီးသော ငါသည်ကား ပဋိသန္ဓေရက်နှင့် ရေတွက်မှသာ အသက်နှစ်ဆယ်ပြည့်၏၊ ပဉ္စင်းဖြစ်လေသလော၊ မဖြစ်လေသလော''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ အမိဝမ်း၌ ရှေးဦးစွာ ဥပါဒ်သော စိတ် ရှေးဦးစွာ ထင်ရှားဖြစ်သော ဝိညာဏ်မှ အစပြု၍ ထိုသူ၏ လူဖြစ်ခြင်း ဖြစ်၏၊
ရဟန်းတို့ ပဋိသန္ဓေ ရက်နှင့်တကွ အသက်နှစ်ဆယ်ပြည့်သော ပုဂ္ဂိုလ်ကို ပဉ္စင်းခံပေးခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။