Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

228. Sabbanīlakādipaṭikkhepakathā

Author: my-tipitaka @ visuddhinanda

၃၇၂။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလုံးစုံညိုသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံဝါသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံနီသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံပြာသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံမည်းသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံ မဟာရင်္ဂမည်သော (ကင်းခြေများကျောက်ကုန်းအဆင်းနှင့် တူသော) ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံမဟာနာမမည်သော (ဖက်ရွက်ရော်အဆင်းနှင့် တူသော) ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်း တို့ကိုဆောင်ကုန်၏။ပ။ အဆာမဖြတ်သော သင်္ကန်းတို့ကိုဆောင်ကုန်၏။ပ။ ရှည်သော အဆာရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ ပန်းပွင့်အဆာကျစ်သော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ မြွေပါးပျဉ်း နှင့် တူသော အဆာကျစ်သော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ သင်တိုင်းကို ဆောင်ကုန်၏။ပ။ လျှော် တေသင်္ကန်းကို ဆောင်ကုန်၏။ပ။ ဦးရစ်ကို ဆောင်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမဂုဏ်ကို ခံစားသော လူတို့ကဲ့သို့ ဦးရစ်ကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အလုံးစုံညိုသော အဆင်းရှိသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံဝါသော အဆင်းရှိသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံနီသော အဆင်းရှိသော သင်္ကန်းတို့ကို မဆောင် အပ်ကုန်။ အလုံးစုံပြာသော အဆင်းရှိသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံမည်းသော အဆင်း ရှိသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံမဟာရင်္ဂမည်သော (ကင်းခြေများကျောက်ကုန်းအဆင်း နှင့်တူသော) ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံ မဟာနာမမည်သော (ဖက်ရွက်ရော်အဆင်းနှင့်တူသော) ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အဆာ မဖြတ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ ရှည်သော အဆာရှိသော သင်္ကန်းတို့ကို မဆောင် အပ်ကုန်။ ပန်းပွင့်အဆာကျစ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ မြွေပါးပျဉ်းနှင့် တူသော အဆာ ကျစ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ သင်တိုင်းကို မဆောင်အပ်ကုန်။ လျှော်တေသင်္ကန်းကို မဆောင်အပ်ကုန်။ ဦးရစ်ကို မဆောင်အပ်ကုန်။
ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။