၂၃၈။ ရဟန်းတို့ ရဟန်းသည် ပဝါရဏာနေ့၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏၊
အချို့သော ရဟန်းတို့သည် ထုလ္လစ္စဉ်းအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် သံဃာဒိသိသ် အာပတ်ဟု အယူရှိကုန်၏။
ရဟန်းတို့ ထုလ္လစ္စဉ်းအာပတ်ဟု အယူရှိသော ရဟန်းတို့သည် ထိုရဟန်းကို သင့်တင့် လျောက်ပတ်သော အရပ်သို့ ဖဲစေ၍ တရားအားလျော်စွာ ကုစားစေလျက် သံဃာသို့ ချဉ်းကပ်ပြီးလျှင် ''ငါ့သျှင်တို့ ထိုရဟန်းသည် သင့်ရောက်သော အာပတ်ကို တရားအားလျော်စွာ ကုစားပြီးပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ပဝါရဏာပြုရာ၏''ဟု (ပြောဆိုရာ၏)။
ရဟန်းတို့ ရဟန်းသည် ပဝါရဏာနေ့၌ ထုလ္လစ္စဉ်းအာပတ်သို့ ရောက်၏၊
အချို့သော ရဟန်းတို့သည်ထုလ္လစ္စဉ်းအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် ပါစိတ်အာပတ်ဟု အယူရှိကုန်၏။ပ။ အချို့သော ရဟန်းတို့သည် ထုလ္လစ္စဉ်းအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် ပါဋိဒေသနီအာပတ်ဟု အယူရှိကုန်၏။ အချို့သော ရဟန်းတို့သည် ထုလ္လစ္စဉ်းအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် ဒုက္ကဋ်အာပတ်ဟု အယူရှိကုန်၏။ အချို့သော ရဟန်းတို့သည် ထုလ္လစ္စဉ်း အာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် ဒုဗ္ဘာသီအာပတ်ဟု အယူရှိကုန်၏။
ရဟန်းတို့ ထုလ္လစ္စဉ်းအာပတ်ဟု အယူရှိသော ရဟန်းတို့သည် ထိုရဟန်းကို သင့်တင့်လျောက်ပတ်သော အရပ်သို့ ဖဲစေ၍ တရားအားလျော်စွာ ကုစားစေလျက် သံဃာသို့ ချဉ်းကပ်ပြီးလျှင် ''ငါ့သျှင်တို့ ထိုရဟန်းသည် သင့်ရောက်သော အာပတ်ကို တရားအားလျော်စွာ ကုစားပြီးပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ပဝါရဏာပြုရာ၏''ဟု (ပြောဆိုရာ၏)။
ရဟန်းတို့ ရဟန်းသည် ပဝါရဏာနေ့၌ ပါစိတ်အာပတ်သို့ ရောက်၏၊။ပ။ ပါဋိဒေသနီအာပတ်သို့ ရောက်၏။ ဒုက္ကဋ်အာပတ်သို့ ရောက်၏။ ဒုဗ္ဘာသီအာပတ်သို့ ရောက်၏၊
အချို့သော ရဟန်းတို့သည် ဒုဗ္ဘာသီအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် သံဃာဒိသိသ်အာပတ်ဟု အယူရှိကုန်၏။
ရဟန်းတို့ အကြင်ရဟန်းတို့သည် ဒုဗ္ဘာသီအာပတ်ဟု အယူရှိကုန်၏၊ ရဟန်းတို့ ထိုဒုဗ္ဘာသီအာပတ်ဟု အယူရှိသော ရဟန်းတို့သည် ထိုရဟန်းကို သင့်တင့်လျောက်ပတ်သော အရပ်သို့ ဖဲစေ၍ တရားအား လျော်စွာ ကုစားစေလျက် သံဃာသို့ ချဉ်းကပ်ပြီးလျှင် ''ငါ့သျှင်တို့ ထိုရဟန်းသည် သင့်ရောက်သော အာပတ်ကို တရားအားလျော်စွာ ကုစားပြီးပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ပဝါရဏာပြုရာ၏ဟု (ပြောဆိုရာ၏)။
ရဟန်းတို့ ရဟန်းသည် ပဝါရဏာနေ့၌ ဒုဗ္ဘာသီအာပတ်သို့ ရောက်၏၊။
အချို့သော ရဟန်းတို့သည် ဒုဗ္ဘာသီအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် ထုလ္လစ္စဉ်းအာပတ်ဟု အယူရှိကုန်၏။ပ။ အချို့သော ရဟန်းတို့သည် ဒုဗ္ဘာသီအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် ပါစိတ် အာပတ်ဟု အယူရှိကုန်၏။ အချို့သော ရဟန်းတို့သည် ဒုဗ္ဘာသီအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် ပါဋိဒေသနီအာပတ်ဟု အယူရှိကုန်၏။ အချို့သော ရဟန်းတို့သည် ဒုဗ္ဘာသီအာပတ်ဟု အယူရှိကုန်၏၊ အချို့သော ရဟန်းတို့သည် ဒုက္ကဋ်အာပတ်ဟု အယူရှိကုန်၏။
ရဟန်းတို့ ဒုဗ္ဘာသီအာပတ်ဟု အယူရှိသော ရဟန်းတို့သည် ထိုရဟန်းကို သင့်တင့်လျောက်ပတ်သော အရပ်သို့ ဖဲစေ၍ တရားအားလျော်စွာ ကုစားစေလျက် သံဃာသို့ ချဉ်းကပ်ပြီးလျှင် ''ငါ့သျှင်တို့ ထိုရဟန်းသည် သင့်ရောက်သော အာပတ်ကို တရားအားလျော်စွာ ကုစားပြီးပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ပဝါရဏာပြုရာ၏''ဟု (ပြောဆိုရာ၏)။