၂၂၄။ ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့သည် ''ငါတို့အား ပဝါရဏာ ပြုခြင်းငှါ အပ်လေသလော မအပ်လေသလော''ဟု ယုံမှားရှိလျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာပြုနေစဉ် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။ (၁)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့သည် ''ငါတို့အား ပဝါရဏာပြုခြင်းငှါ အပ်လေသလော မအပ်လေသလော''ဟု ယုံမှားရှိလျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာပြုနေစဉ် အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာ ပြုခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ကြွင်းသော ရဟန်းတို့သည် ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။ (၂)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့သည် ''ငါတို့အား ပဝါရဏာပြုခြင်းငှါ အပ်လေသလော မအပ်လေသလော''ဟု ယုံမှားရှိလျက် ပဝါရဏာပြုကုန်၏။
ထိုရဟန်းတို့ ပဝါရဏာပြုနေစဉ် အခြားသော အရေအတွက် အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြုခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ကြွင်းသော ရဟန်းတို့သည် ပဝါရဏာပြု ရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။ (၃)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏။
ထိုရဟန်းတို့သည် ''ငါတို့အား ပဝါရဏာပြုခြင်းငှါ အပ်လေသလော မအပ်လေသလော''ဟု ယုံမှားရှိလျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာပြုပြီးကာမျှ၌။ပ။ ပရိသတ် မထသေးမီ။ပ။ အချို့သော ပရိသတ် ထသွားသော်။ပ။ ပရိသတ့်အားလုံး ထသွားသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့။ပ။ တူမျှသော။ပ။ အရေအတွက် အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြုခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။ (၄-၁၅)
ယုံမှားရှိခြင်း တစ်ဆယ့်ငါးမျိုး ပြီး၏။