Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

233. Tassuddānaṃ

Author: my-tipitaka @ visuddhinanda

ရာဇဂြိုဟ်ပြည်၌ နေသော နိဂုံးသူကြွယ်သည် ဝေသာလီပြည်၌ ပြည့်တန်ဆာမကို မြင်၍ တစ်ဖန် ရာဇဂြိုဟ်ပြည်သို့ သွားပြီးလျှင် ဗိမ္ပိသာရမင်းကြီးအား ထိုအကြောင်းကို ပြောကြားလေ၏။
သာလဝတီ၌ အဘယမင်းသား၏ သားရင်းဖြစ်သော အသက်ရှင်၏လောဟု မင်းသား မေးသောကြောင့် 'ဇီဝက'ဟု ဆိုအပ်သော အမည်ရှိသော သားဖြစ်၏။
ထိုဇီဝကသည် တက္ကသိုလ်ပြည်သို့ သွား၍ ဆေးအတတ်ကို သင်ပြီးလျှင် ဆေး ဆရာကြီး ဖြစ်လေ၏၊ ခုနစ်နှစ်ရှိပြီးသော သာကေတသူဌေးကတော်၏ ဦးယဉ်းနာ 'ခေါင်းကိုက်နာ' သည် တစ်ကြိမ် နှာနှတ်သဖြင့် ပျောက်၏။
ဗိမ္ဗိသာရမင်းကြီး၏ မြင်းသရိုက်နာကို ဆေးလိမ်းကျံသဖြင့် ကုသ၏၊ ငါ့ကိုလည်းကောင်း၊ မောင်းမအပေါင်းကိုလည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်ကိုလည်းကောင်း ကုသလော့ဟု ဆို၏၊
ရာဇဂြိုဟ်ပြည်သူဌေး၏ ခေါင်းကိုက်နာကိုလည်းကောင်း ဗာရာဏသီသူဌေးသား၏ အူထုံးသော အနာကိုလည်းကောင်း ကုသ၏၊ ပဇ္ဇောတမင်း၏ ကြီးစွာ ဖျော့တော့သော ကိုယ်ရှိသော အနာကို ထောပတ်ကိုသောက်စေသဖြင့် ပျောက်စေ၏ 'ပယ်ဖျောက်၏'။
ပြုသောကျေးဇူးကို အောက်မေ့၍ သိဝိတိုင်းဖြစ် ပုဆိုးကို ပို့စေ၏၊ ဒေါသပြောသော ကိုယ်တော်ကို ဆီဖြင့် နှူး၏၊ ကြာသုံးလက်တို့ဖြင့် အကြိမ်သုံးဆယ် ဝမ်းလျှောသော ဆေးကို ဆက်ကပ်၏။
ကိုယ်တော်ပြကတေ့ရှိပြီးသော မြတ်စွာဘုရားကို ဆုတောင်း၏၊ မြတ်စွာဘုရားသည် သိဝိတိုင်းဖြစ် ပုဆိုးကိုလည်း ခံယူတော်မူ၏၊ လူတို့လှူသော သင်္ကန်းကိုလည်း ခွင့်ပြု တော်မူ၏။
ရာဇဂြိုဟ်ပြည်၌လည်းကောင်း၊ ဇနပုဒ်၌လည်းကောင်း များသော သင်္ကန်းဖြစ်၏၊ စုလျားအခင်းအရုံသည်လည်းကောင်း၊ ပိုးချည်သည်လည်းကောင်း၊ ကော်ဇောသည်လည်းကောင်း ဖြစ်၏၊ ငါးရာထိုက်သော ကမ္ဗလာကို ခံတော်မူ၏။
အကောင်း အညံ့ဖြစ်သော သင်္ကန်းတို့ကို ခွင့်ပြုတော်မူ၏။ ရောင့်ရဲသည်ကို ချီးမွမ်း တော်မူ၏၊ မဆိုင်းငံ့ကုန်၊ ဆိုင်းငံ့ကုန်၏၊ ရှေးဦးစွာ ဝင်ကုန်၏၊ နောက်မှ ဝင်ကုန်၏၊ အတူဝင်ကုန်၏၊ ကတိကဝတ်ပြု၍ ဝင်ကုန်၏၊ တစ်ဖန် အိမ်သို့ ဆောင်ကုန်၏။
ဘဏ္ဍာတိုက်ကို ခွင့်ပြုတော်မူ၏၊ သင်္ကန်းထားရာ မလုံခြုံ၊ ဘဏ္ဍာစိုးကို ထစေကုန်၏၊ ထို့ပြင် များစွာဖြစ်သော သင်္ကန်း၊ အုတ်အုတ်ကျက်ကျက် ဖြစ်၏၊ အသို့ ဝေဖန်ရအံ့နည်း၊ အသို့ ပေးရာသနည်း။
မိမိအဖို့ လွန်သော အဖို့ဖြင့် ခရီးသွားလို၏၊ အဖို့အစုကို အသို့ ပေးရာသနည်း၊ နွားချေးဖြင့်လည်းကောင်း၊ ရေအေးဖြင့်လည်းကောင်း သင်္ကန်းဆိုးကုန်၏၊ ဆိုးရည်ဝေခဲ့၏၊ ဆိုးရည် ကျက်သည် မကျက်သည်ကို မသိကုန်။
ဆိုးရည်ချသော ရဟန်းတို့သည် စောင်း၍ ခံကုန်၏၊ ဆိုးရည်ထည့်စရာ ဖျဉ်းကို ခွင့်ပြု၏၊ ခွက်သပိတ်၌လည်း ဆုပ်နယ်ကုန်၏၊ မြေ၌လည်း ဖြန့်ကုန်၏၊ ခြတို့သည် ခဲကုန်၏၊ အလယ်၌ ဆွဲကုန်၏၊ အနားဆွေးကုန်၏၊ သင်္ကန်းနားတစ်ဖက်မှ လျှောကျကုန်၏၊ ခက်မာနေသဖြင့် ရေ၌ ဖွပ်အပ်၏။
ကြမ်းသော သင်္ကန်း အဆာမဖြတ်သော သင်္ကန်းတို့ကို ဝတ်ကုန်၏၊ လေးထောင့် ကန်သင်းဖွဲ့သော လယ်တို့ကို မြင်တော်မူ၏၊ သင်္ကန်းကို ထုပ်၍ ဆောင်သော ရဟန်း တို့ကိုလည်း မြင်တော်မူ၏၊ သာကီဝင်မင်းသားဖြစ်တော်မူသော မြတ်စွာဘုရားသည် စုံစမ်းတော်မူ၍ သုံးထည်သော သင်္ကန်းကို ခွင့်ပြုတော်မူ၏။
တစ်ပါးသော တိစီဝရိက်သင်္ကန်းကို လဲသဖြင့် ရွာတွင်းသို့ ဝင်ကုန်၏၊ သင်္ကန်းဖြစ်၏၊ သင်္ကန်းပေါက်ခဲ့၏၊ လေးကျွန်းလုံး ရွာသော မိုး မိုးရေခံသင်္ကန်းကိုလည်းကောင်း၊ အာဂန္တုကဘတ်ဂမိကဘတ် ဂိလာနဘတ်ကိုလည်းကောင်း၊ ဂိလာနုပဋ္ဌာကဘတ်ကိုလည်းကောင်း၊ သူနာဆေးကိုလည်းကောင်း၊ အမြဲလှူသော ယာဂုဘတ်ကိုလည်းကောင်း၊ ဘိက္ခုနီမတို့အား ရေသနုပ် သင်္ကန်းကိုလည်းကောင်း လှူခြင်းငှါ ရှစ်ပါးသော ဆုကို တောင်းပန်၏၊ မြတ်သော ဘောဇဉ်၊ ငယ်လွန်းသော နိသီဒိုင်။
ဝဲကြီးနာ၊ မျက်နှာသုတ်ပုဝါ၊ ခေါမမည်သော ပုဆိုး ပြည့်စုံ၏၊ အဓိဋ္ဌာန်ပြုခြင်း၊ ငယ်စွာ့ အဆုံး အလျားတစ်တောင် အနံတစ်ထွာရှိသော သင်္ကန်းကို ဝိကပ္ပနာပြုရမည်၊ ပံ့သကူပုဆိုးဖြင့် ချုပ်သော သင်္ကန်းသည် လေး၏၊ အထောင့်မညီ၊ ချည်သည် လျှော ခဲ့၏။
ပြုတ်ကျကုန်၏၊ မလောက်ငကုန်၊ သလင်းထောင်၍ စပ်သည်ကို ပြုရမည်၊ များစွာသော သင်္ကန်းတို့သည် ဖြစ်ကုန်၏၊ အန္ဓဝန်တော၌ ထားခဲ့၏၊ မေ့ခဲ့၍ ဝင်မိ၏၊ တစ်ယောက်ထီးတည်း ဝါဆို၍ နေ၏၊ ဝါပဥတု၌လည်း နေ၏။
ရာဇဂြိုဟ်ပြည်၌ ရဟန်းညီနောင်နှစ်ပါးတို့ လာရောက်ကုန်၏၊ အသျှင်ဥပနန္ဒသည် သွားလေ၏၊ တစ်ဖန် နေကုန်၏၊ ဝမ်းဖောက်ပြန်သော သူနာ၊ နှစ်ယောက်သော ရဟန်း တို့သည် သူနာကို လုပ်ကျွေးကုန်၏။
အချည်းနှီး၊ သမန်းမြက်သင်္ကန်း၊ လျှော်သင်္ကန်း၊ ပျဉ်ချပ်သင်္ကန်း၊ လူ့ဆံပင်ဖြင့် ရက်သော ကမ္ဗလာ၊ သားမြီးဖြင့်ရက်သော ကမ္ဗလာ၊ ခင်ပုပ်ငှက်တောင်သင်္ကန်း၊ သစ် နက်ရေ မုရိုးမျှင်ဖြင့် ရက်သော သင်္ကန်း၊ သင်ပန်းမျှင်ဖြင့် ရက်သော သင်္ကန်း၊ အလုံးစုံ ညိုသော ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်း၊ အလုံးစုံဝါသော ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်း၊ အလုံးစုံနီသော ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်း၊ အလုံးစုံ မောင်းသော ဆိုးရည်ဖြင့်ဆိုးသော သင်္ကန်း၊ အလုံးစုံမည်းသော ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်း၊ ကင်းသန်းကျောက်ကုန်းနှင့်တူသော မဟာရင်္ဂမည်သော ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်း၊ ဖျော့တော့သော အဆင်းရှိသော မဟာနာမမည်သော ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်း၊ ထို့ပြင် အဆာမဖြတ်သော သင်္ကန်း။
အဆာရှိသော သင်္ကန်း၊ အဆာပန်းကုံးကျစ်သော သင်္ကန်း၊ အဆာ၌ ဆောက်ပြား ကျစ်သော သင်္ကန်း၊ သင်တိုင်း၊ လျှော်တေ၊ ဦးရစ်၊ သင်္ကန်းမရမီ ဖဲသွား၏၊ ထိုသင်္ကန်း မရမီ သံဃာသင်းကွဲအံ့။
တစ်ပါးသော အစု၌ သံဃာအား လှူကုန်၏၊ အသျှင်ရေဝတသည် ပို့စေ၏ 'ပေး လိုက်၏'၊ အကျွမ်းဝင်သဖြင့် ယူခြင်း၊ အဓိဋ္ဌာန်ပြု၏၊ သင်္ကန်းရခြင်းဖြစ်ခြင်း၏ မာတိကာ တို့ကား ရှစ်ပါးတို့တည်း၊ ဤသည်လျှင် အပြီးသတ်တည်း။
ဤခန္ဓက၌ ဝတ္ထုတို့သည် ကိုးဆယ့်ခြောက်ဝတ္ထုတို့တည်း။
စီဝရက္ခန္ဓက ပြီး၏။