၄၂၉။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်ကွယ် မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင် ဘက်ပြောကြား စကားများတတ်သည့်အပြင် သံဃာ၌ အဓိကရုဏ်းကိုလည်း ပြုတတ်၏၊
ထိုကျောင်း၌ ရဟန်းတို့အား ''ငါ့သျှင်တို့ ဤရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိကရုဏ်းကိုလည်း ပြုတတ်၏၊ ထိုရဟန်းအား တဇ္ဇနီယကံကို ငါတို့ ယခု ပြုကုန်အံ့''ဟု အကြံဖြစ်၏၊
(ထို့နောက်) ထိုရဟန်းတို့သည် မတရားသဖြင့် အစုကွဲကုန်လျက် ထိုရဟန်းအား တဇ္ဇနီယကံကို ပြုကုန်၏။
ထိုကျောင်း၌ တည်သော သံဃာသည် '' (ဤကံသည်ကား) မတရားသဖြင့် အစုကွဲသော ကံတည်း၊ မတရားသဖြင့် ညီညွတ်သော ကံတည်း၊ တရားသဖြင့် အစုကွဲသော ကံတည်း၊ တရားတုဖြင့် အစုကွဲသော ကံတည်း၊ တရားတုဖြင့် ညီညွတ်သော ကံတည်း၊ မပြုသင့်သော ကံတည်း၊ မကောင်းသဖြင့် ပြုထားသော ကံတည်း၊ တစ်ဖန်ပြုသင့်သော ကံတည်း''ဟု ငြင်းခုံ၏။
ရဟန်းတို့ ထို (ငြင်းခုံသော ရဟန်း) တို့တွင် ''မတရားသဖြင့် အစုကွဲသော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း ''မပြုသင့်သော ကံတည်း၊ မကောင်းသဖြင့် ပြုထားသော ကံတည်း၊ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း တရားနှင့်အညီ ပြောဆိုသော ရဟန်းတို့တည်း။
၄၃၀။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိကရုဏ်းကိုလည်း ပြုတတ်၏၊
ထိုကျောင်း၌ ရဟန်းတို့အား ''ငါ့သျှင်တို့ ဤရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိကရုဏ်းကိုလည်း ပြုတတ်၏၊ ထိုရဟန်းအား တဇ္ဇနီယကံကို ငါတို့ ယခု ပြုကုန်အံ့''ဟု အကြံဖြစ်၏၊
(ထို့နောက်) ထိုရဟန်းတို့သည် မတရားသဖြင့် အညီအညွတ် ထိုရဟန်းအား တဇ္ဇနီယကံကို ပြုကုန်၏။
ထိုကျောင်း၌ တည်သော သံဃာသည် '' (ဤကံသည်ကား) မတရားသဖြင့် အစုကွဲသော ကံတည်း။ မတရားသဖြင့် ညီညွတ်သော ကံတည်း။ တရားသဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် ညီညွတ်သော ကံတည်း။ မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ငြင်းခုံ၏။
ရဟန်းတို့ ထိုရဟန်းတို့တွင်
''မတရားသဖြင့် ညီညွတ်သော ကံတည်း''ဟု ပြောသော ရဟန်းတို့သည်လည်းကောင်း
''မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း တရားနှင့်အညီ ပြောဆိုသော ရဟန်းတို့တည်း။
၄၃၁။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိကရုဏ်းကိုလည်း ပြုတတ်၏၊
ထိုကျောင်း၌ ရဟန်းတို့အား ''ငါ့သျှင်တို့ ဤရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိ ကရုဏ်းကိုလည်း ပြုတတ်၏၊ ထိုရဟန်းအား တဇ္ဇနီယကံကို ငါတို့ ယခု ပြုကုန်အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းတို့သည် တရားသဖြင့် အစုကွဲကုန်လျက် ထိုရဟန်းအား တဇ္ဇနီယကံကို ပြုကုန်၏။
ထိုကျောင်း၌ တည်သော သံဃာသည် '' (ဤကံသည်ကား) မတရားသဖြင့် အစုကွဲသော ကံတည်း။ မတရားသဖြင့် ညီညွတ်သော ကံတည်း။ တရားသဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် ညီညွတ်သော ကံတည်း။ မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ငြင်းခုံ၏။
ရဟန်းတို့ ထိုရဟန်းတို့တွင် ''တရားသဖြင့် အစုကွဲသော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း ''မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း တရားနှင့်အညီ ပြောဆိုသော ရဟန်းတို့တည်း။
၄၃၂။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိကရုဏ်းကိုလည်း ပြုတတ်၏။
ထိုကျောင်း၌ ရဟန်းတို့အား ''ငါ့သျှင်တို့ ဤရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိ ကရုဏ်းကိုလည်း ပြုတတ်၏၊ ထိုရဟန်းအား တဇ္ဇနီယကံကို ငါတို့ ယခု ပြုကုန်အံ့''ဟု အကြံဖြစ်၏၊
(ထို့နောက်) ထိုရဟန်းတို့သည် တရားတုဖြင့် အစုကွဲကုန်လျက် ထိုရဟန်းအား တဇ္ဇနီယကံကို ပြုကုန်၏။
ထိုကျောင်း၌ တည်သော သံဃာသည် '' (ဤကံသည်ကား) မတရားသဖြင့် အစုကွဲသော ကံတည်း။ မတရားသဖြင့် ညီညွတ်သော ကံတည်း။ တရားသဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် ညီညွတ်သော ကံတည်း။ မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ငြင်းခုံ၏။
ရဟန်းတို့ ထိုရဟန်းတို့တွင် ''တရားတုဖြင့် ညီညွတ်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း ''မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း တရားနှင့်အညီ ပြောဆိုသော ရဟန်း တို့တည်း။
၄၃၃။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိကရုဏ်းကိုလည်း ပြုတတ်၏။
ထိုကျောင်း၌ ရဟန်းတို့အား ''ငါ့သျှင်တို့ ဤရဟန်းသည် မျက်ကွယ်။ပ။ သံဃာ၌ အဓိကရုဏ်းကိုလည်း ပြုတတ်၏၊ တဇ္ဇနီယကံကို ငါတို့ ယခု ပြုကုန်အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းတို့သည် တရားတုဖြင့် အညီအညွတ် ထိုရဟန်းအား တဇ္ဇနီယကံကို ပြုကုန်၏။
ထိုကျောင်း၌ တည်သော သံဃာသည် '' (ဤကံသည်ကား) မတရားသဖြင့် အစုကွဲသော ကံတည်း။ မတရားသဖြင့် ညီညွတ်သော ကံတည်း။ တရားသဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် ညီညွတ်သော ကံတည်း။ မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ငြင်းခုံ၏။
ရဟန်းတို့ ထိုရဟန်းတို့တွင် ''တရားတုဖြင့် ညီညွတ်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း ''မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း တရားနှင့်အညီ ပြောဆိုသော ရဟန်းတို့တည်း။