Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

115. Vajādīsu vassūpagamanaṃ

Author: my-tipitaka @ visuddhinanda

၂၀၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
နွားကျောင်းသားတို့၏ နေရာသည် ပြောင်းရွှေ့၏။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာရှိရာသို့ ကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှည်းကုန်သည်နှင့် သွားခြင်းငှါ အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ လှည်း၌ ဝါကပ်ခြင်းငှါခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှေဖြင့် သွားခြင်းငှါ အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။