၂၂၂။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေ ရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် '' အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကြကုန်။
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် 'အစုကွဲလျက်' ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာပြုသည်ရှိသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်း တို့သည် လာကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့်လျော်၏ ဝိနည်းနှင့်လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာပြုနေစဉ် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပဝါရဏာကို ပြုရမည်။
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာပြုနေစဉ် အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြုနှင့်ခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏။ ကြွင်းသော ရဟန်းတို့သည် ပဝါရဏာ့ပြုရမည်။
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၂)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏။
ထိုရဟန်းတို့ ပဝါရဏာ ပြုနေစဉ် အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြုနှင့်ခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ကြွင်းသော ရဟန်းတို့သည် ပဝါရဏာပြုရမည်၊
ပဝါရဏာ ပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၃)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်။
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏။
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထို ရဟန်းတို့သည် တစ်ဖန် ပဝါရဏာပြုရမည်။
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၄)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ထိုပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏။
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြု နှင့်ခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၅)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြု နှင့်ခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၆)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်း နှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ ပရိသတ် မထသေးမီ အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်း တို့အား အာပတ် မသင့်။ (၇)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့်လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ ပရိသတ် မထသေးမီ အခြားသော အရေအတွက် တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြုနှင့်ခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၈)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်း နှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ ပရိသတ် မထသေးမီ အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန် အံ့၊
ပဝါရဏာပြုနှင့်ခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပဝါရဏာ ပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၉)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်း နှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ အချို့သော ပရိသတ် ထသွားသော် အခြားသော အလွန်များစွာသော ကျောင်းနေ ရဟန်း တို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁၀)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ အချို့သော ပရိသတ် ထသွားသော် အခြားသော အရေအတွက် တူမျှသော ကျောင်းနေ ရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြုနှင့်ခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ထိုရဟန်း တို့၏ အထံ၌ ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁၁)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ အချို့သော ပရိသတ် ထသွားသော် အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြုနှင့်ခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁၂)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထို ရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ ပရိသတ်အားလုံး ထသွားသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁၃)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ ပရိသတ် အားလုံး ထသွားသော် အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်း တို့သည် လာကုန်အံ့၊
ပဝါရဏာပြုခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏။ ထိုရဟန်းတို့၏ အထံ၌ ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁၄)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ပဝါရဏာနေ့၌ ငါးပါး ငါးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏ ဝိနည်းနှင့် လျော်၏ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ပဝါရဏာပြုကုန်၏၊
ထိုရဟန်းတို့ ပဝါရဏာ ပြုပြီးကာမျှ၌ ပရိသတ်အားလုံး ထသွားသော် အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပဝါရဏာပြုခြင်းသည် ကောင်းသော ပဝါရဏာပြုခြင်း မည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပဝါရဏာပြုရမည်၊
ပဝါရဏာပြုနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁၅)
အာပတ်မသင့်ခြင်း တစ်ဆယ့်ငါးမျိုး ပြီး၏။