Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

246. Adassane ukkhepanīyakammakathā

Author: my-tipitaka @ visuddhinanda

၄၁၅။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာပတ်သင့်လျက် အာပတ်ကို မရှုလို။
ထိုကျောင်း၌ ရဟန်းတို့အား ''ငါ့ရှင်တို့ ဤရဟန်းသည် အာပတ်သင့်လျက် အာပတ်ကို မရှုလို၊ အာပတ် ကို မရှုခြင်းကြောင့် ထိုရဟန်းအား ဥက္ခေပနီယကံကို ငါတို့ ယခု ပြုကုန်အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်း တို့သည် အာပတ်ကို မရှုခြင်းကြောင့် မတရားသဖြင့် အစုကွဲကုန်လျက် ထိုရဟန်းအား ဥက္ခေပနီယကံကို ပြုကုန်၏။
ထိုရဟန်းသည် ယင်းကျောင်းမှ တစ်ပါးသော ကျောင်းသို့ သွား၏၊
ထိုကျောင်း၌လည်း ရဟန်းတို့အား ''ငါ့သျှင်တို့ ဤရဟန်းသည် သံဃာက အာပတ်ကို မရှုခြင်းကြောင့် မတရားသဖြင့် အစုကွဲ လျက် ဥက္ခေပနီယကံ ပြုထားသော ရဟန်းတည်း၊ ထိုရဟန်းအား အာပတ်ကို မရှုခြင်းကြောင့် ဥက္ခေပနီယကံကို ငါတို့ ယခုပြုကုန်အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်း တို့သည် အာပတ်ကို မရှုခြင်းကြောင့် မတရားသဖြင့် အညီအညွတ် ထိုရဟန်းအား ဥက္ခေပနီယကံကို ပြုကုန်၏။ပ။ တရားသဖြင့် အစုကွဲကုန် လျက်။ တရားတုဖြင့် အစုကွဲကုန်လျက်။ တရားတုဖြင့် အညီအညွတ်။ပ။
[စက်လှည့်မှုကို ပြုအပ်၏]။