Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

197. Karaṇīyadoḷasakaṃ

Author: my-tipitaka @ visuddhinanda

၃၂၀။ ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် ဖဲသွား၏၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းရ အံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ်မှ မရ၊
ထိုရဟန်းအား ''ဤအရပ်၌သာလျှင် ဤသင်္ကန်းကို ချုပ်အံ့၊ မပြန်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းကို ချုပ်စေ၏၊
ထိုရဟန်းအား နိဋ္ဌာနန္တိက ကထိန်နုတ်ခြင်း မည်၏။ (၁)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် ဖဲသွား၏၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ်မှ မရ၊
ထိုရဟန်းအား ''ဤသင်္ကန်းကို မချုပ်တော့အံ့၊ မပြန်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းအား သန္နိဋ္ဌာနန္တိက ကထိန်နုတ်ခြင်း မည်၏။ (၂)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် ဖဲသွား၏၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ်မှ မရ၊
ထိုရဟန်းအား ''ဤအရပ်၌ပင်လျှင် ဤသင်္ကန်းကို ချုပ်အံ့၊ မပြန်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းကို ချုပ်၏၊
ထိုရဟန်းအား ထိုသင်္ကန်းသည် ချုပ်စဉ် ပျောက်ပျက်၏၊
ထိုရဟန်းအား နာသနန္တိက ကထိန် နုတ်ခြင်း မည်၏။ (၃)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် ဖဲသွား၏၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းအား ''ဤကျောင်း၌ပင်လျှင် ဤ သင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်အံ့၊ မပြန်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်း ရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
ထိုရဟန်းအား ထိုသင်္ကန်းရအံ့ဟူသော ထင်ခြင်းသည် ပြတ်စဲ၏၊
ထိုရဟန်းအား အာသာ ဝစ္ဆေဒိက ကထိန်နုတ်ခြင်း မည်၏။ (၄)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် ''မပြန်တော့အံ့''ဟု တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် ဖဲသွား၏၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ်မှ မရ၊
ထိုရဟန်းအား ''ဤအရပ်၌ပင်လျှင် ဤသင်္ကန်းကို ချုပ်အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းကို ချုပ်စေ၏၊
ထိုရဟန်းအား နိဋ္ဌာနန္တိက ကထိန်နုတ်ခြင်း မည်၏။ (၅)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် ''မပြန်တော့အံ့''ဟု တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် ဖဲသွား၏၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထို သင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ် မှ မရ၊
ထိုရဟန်းအား ''ဤသင်္ကန်းကို မချုပ်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းအား သန္နိဋ္ဌာနန္တိက ကထိန်နုတ်ခြင်း မည်၏။ (၆)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် ''မပြန်တော့အံ့''ဟု တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် ဖဲသွား၏၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထို သင်္ကန်းရအံ့ဟု ထငသော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ်မှ မရ၊
ထိုရဟန်းအား ''ဤအရပ်၌သာလျှင် ဤသင်္ကန်းကို ချုပ်အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းကို ချုပ်၏၊
ထိုရဟန်းအား ထိုသင်္ကန်းသည် ချုပ်စဉ် ပျောက်ပျက်၏၊
ထိုရဟန်းအား နာသနန္တိက ကထိန်နုတ်ခြင်း မည်၏။ (၇)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် ''မပြန်တော့အံ့''ဟု ဖဲသွား၏၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းအား ''ဤ ကျောင်း၌ပင်လျှင် ဤသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထို သင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
ထိုရဟန်းအား ထိုသင်္ကန်းရအံ့ဟူသော ထင်ခြင်းသည် ပြတ်စဲ၏၊
ထိုရဟန်းအား အာသာ ဝစ္ဆေဒိက ကထိန်နုတ်ခြင်း မည်၏။ (၈)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် မဆောက်တည်သော စိတ်ဖြင့် ဖဲသွား၏၊
ထိုရဟန်းအား ''ပြန်လာအံ့'' ဟူ၍လည်း စိတ်မဖြစ်၊
ထိုရဟန်းအား ''မပြန်တော့အံ့'' ဟူ၍လည်း စိတ်မဖြစ်၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ်မှ မရ၊
ထိုရဟန်းအား ''ဤအရပ်၌သာလျှင် ဤသင်္ကန်းကို ချုပ်အံ့၊ မပြန်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းကို ချုပ်စေ၏၊
ထိုရဟန်းအား နိဋ္ဌာနန္တိက ကထိန်နုတ်ခြင်း မည်၏။ (၉)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် မဆောက်တည်သော စိတ်ဖြင့် ဖဲသွား၏၊
ထိုရဟန်းအား ''ပြန်လာအံ့'' ဟူ၍လည်း စိတ်မဖြစ်၊
ထိုရဟန်းအား ''မပြန်တော့အံ့'' ဟူ၍လည်း စိတ်မဖြစ်၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ်မှ မရ၊
ထိုရဟန်းအား ''ဤသင်္ကန်းကို မချုပ်တော့အံ့၊ မပြန်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းအား သန္နိဋ္ဌာနန္တိက ကထိန်နုတ်ခြင်း မည်၏။ (၁၀)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် မဆောက်တည်သော စိတ်ဖြင့် ဖဲသွား၏၊
ထိုရဟန်းအား ''ပြန်လာအံ့'' ဟူ၍လည်း စိတ်မဖြစ်၊
ထိုရဟန်းအား ''မပြန်တော့အံ့'' ဟူ၍လည်း စိတ်မဖြစ်၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
မရအံ့ဟု ထင်သော အရပ်မှ ရ၏၊ ရအံ့ဟု ထင်သော အရပ်မှ မရ၊
ထိုရဟန်းအား ''ဤအရပ်၌ပင်လျှင် ဤသင်္ကန်းကို ချုပ်အံ့၊ မပြန်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းကို ချုပ်၏၊
ထိုရဟန်းအား ထိုသင်္ကန်းသည် ချုပ်စဉ် ပျောက် ပျက်၏၊
ထိုရဟန်းအား နာသနန္တိက ကထိန်နုတ်ခြင်း မည်၏။ (၁၁)
ရဟန်းသည် ကထိန်ခင်းအပ်ပြီးသည်ရှိသော် တစ်စုံတစ်ခုသော ပြုဖွယ်ဖြင့် မဆောက်တည်သော စိတ်ဖြင့် ဖဲသွား၏၊
ထိုရဟန်းအား ''ပြန်လာအံ့'' ဟူ၍လည်း စိတ်မဖြစ်၊
ထိုရဟန်းအား ''မပြန်တော့အံ့'' ဟူ၍လည်း စိတ်မဖြစ်၊
သိမ်အပသို့ ရောက်သော ထိုရဟန်းအား သင်္ကန်းရလိုခြင်းသည် ဖြစ်၏၊
ထို့ရဟန်းအား ''ဤကျောင်း၌ ပင်လျှင် ဤသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်အံ့၊ မပြန်တော့အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းသည် ထိုသင်္ကန်းရအံ့ဟု ထင်သော အရပ်သို့ ကပ်၏၊
ထိုရဟန်းအား ထိုသင်္ကန်းရအံ့ဟူသော ထင်ခြင်းသည် ပြတ်စဲ၏၊
ထိုရဟန်းအား အာသာဝစ္ဆေဒိက ကထိန်နုတ်ခြင်း မည်၏။ (၁၂)
ပြုဖွယ် ၁၂-ပါး ပြီး၏။