၂၄၀။ တစ်ရံရောအခါ မြင်ဖူးကာမျှ အဆွေခင်ပွန်း ဖြစ်ကြသော အတူသုံးဆောင်ဖော် သုံးဆောင် ဖက် အဆွေခင်ပွန်းဖြစ်ကြသော များစွာသော ရဟန်းတို့သည် ကောသလတိုင်း ဇနပုဒ်၌ ကျောင်းတစ် ကျောင်းဝယ် ဝါကပ်ကုန်၏။
ထိုရဟန်းတို့၏ အနီးအပါး၌ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ကိုယ်ထိလက်ရောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသောစကားကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော တစ်ပါးသော ရဟန်းတို့သည် ''ငါတို့သည် ထိုဝါကျွတ်သော ရဟန်းတို့၏ ပဝါရဏာပြုရာ၌ ပဝါရဏာကို ထား၁ကုန်အံ့''ဟု (နှလုံးပိုက်ကာ) ဝါကပ်ကုန်၏။
ထိုရဟန်းတို့သည် ''ငါတို့၏ အနီးအပါး၌ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ကိုယ်ထိလက်ရောက်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသော စကား ကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော တစ်ပါးသော ရဟန်းတို့သည် ငါတို့သည် ထိုဝါကျွတ်သော ရဟန်းတို့၏ ပဝါရဏာပြုရာ၌ ပဝါရဏာကို ထားကုန်အံ့ဟု ကြံ၍ ဝါကပ်ကုန် သတတ်''ဟု ကြားကုန်၏၊
အဘယ်သို့လျှင် ငါတို့သည် ကျင့်အပ်ပါသနည်းဟု အကြံဖြစ်၏။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မြင်ဖူးကာမျှ အဆွေခင်ပွန်းဖြစ်ကြသော အတူသုံးဆောင်ဖော်သုံးဆောင်ဖက် အဆွေ ခင်ပွန်းဖြစ်ကြသော များစွာသော ရဟန်းတို့သည် ကျောင်းတစ်ကျောင်းဝယ် ဝါကပ်ကုန်၏။
ထိုရဟန်း တို့၏ အနီးအပါး၌ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ကိုယ်ထိလက်ရောက်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသော စကားကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော တစ်ပါးသော ရဟန်းတို့သည် ''ငါတို့သည် ထိုဝါကျွတ်သော ရဟန်း တို့၏ ပဝါရဏာပြုရာ၌ ပဝါရဏာကို ထားကုန်အံ့''ဟု (နှလုံးပိုက်ကာ)့ဝါကပ်ကုန်အံ့၊
ရဟန်းတို့ ထိုမြင်ဖူးကာမျှ အဆွေခင်ပွန်းဖြစ်ကြသော အတူသုံးဆောင်ဖော် သုံးဆောင်ဖက် အဆွေခင်ပွန်းဖြစ်ကြသော ရဟန်းတို့သည် ''အဘယ်သို့လျှင် ငါတို့သည် ထိုငြင်းခုံခြင်းကို ပြုသောရဟန်းတို့မှ ရှေးဦးစွာ ပဝါရဏာ ပြုရပါကုန်အံ့နည်း''ဟု (နှလုံးပိုက်ကာ) နှစ်ဥပုသ် သုံးဥပုသ်တို့ကို၂ စာတုဒ္ဒသီ ဥပုသ်တို့ဟု ပြုစိမ့်သောငှါ ခွင့်ပြု၏။
ရဟန်းတို့ အကယ်၍ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ကိုယ်ထိလက်ရောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသော စကားကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော ထိုရဟန်းတို့သည် ထိုကျောင်းသို့ လာကုန်ငြားအံ့၊ ရဟန်းတို့ ထိုကျောင်းနေ ရဟန်းတို့သည် လျင်လျင်မြန်မြန် စည်းဝေးစေပြီးလျှင် ပဝါရဏာပြုရမည်၊ ပဝါရဏာပြုပြီးနောက်
''ငါ့သျှင်တို့ ငါတို့သည် ပဝါရဏာပြုပြီးကုန်ပြီ၊ အသျှင်တို့သည် အောက်မေ့ကုန်သည့်အတိုင်း ပြုကုန်လော့''ဟု (ပြောဆိုရမည်)။
ရဟန်းတို့ အကယ်၍ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ကိုယ်ထိလက်ရောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသော စကားကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော ထိုရဟန်းတို့သည် မစီမံဘဲ ထိုကျောင်းသို့ လာကုန် ငြားအံ့၊ ရဟန်းတို့ ထိုကျောင်းနေ ရဟန်းတို့သည် နေရာကို ခင်းရမည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို အနီး၌ ထားရမည်၊ ခရီးဦးကြိုပြုကာ သပိတ်သင်္ကန်းကို လှမ်းယူရမည်၊သောက်ရေဖြင့် မေးရမည်၊
ထိုရဟန်းတို့အား ပြောကြားပြီးလျှင် သိမ်ပသို့ သွား၍ ပဝါရဏာပြုရမည်။ ပဝါရဏာပြုပြီးနောက်
''ငါ့သျှင်တို့ ငါတို့သည် ပဝါရဏာပြုပြီးကုန်ပြီ၊ အသျှင်တို့သည် အောက် မေ့သည့်အတိုင်း ပြုကုန်လော့''ဟု ပြောဆိုရမည်။
ဤသို့ သိမ်ပသို့ သွားသဖြင့် ထိုပဝါရဏာကို ပြုခြင်းငှါ အကယ်၍ ရငြားအံ့၊ ဤသို့ ရခြင်းသည် ကောင်း၏။
အကယ်၍ မရငြားအံ့၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ကျောင်းနေရဟန်းသည် ကျောင်းနေရဟန်းတို့ကို သိစေရမည်-
''အသျှင်ဘုရားတို့ ကျောင်းနေရဟန်းတို့သည် အကျွန်ုပ်၏ (စကားကို) နာတော်မူကုန်လော့၊
အကယ်၍ အသျှင်ဘုရားတို့အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ ယခုအခါ၌ ဥပုသ်ပြုကုန်အံ့၊ ပါတိမောက်ပြကုန်အံ့၊ လာလတ္တံ့သော သီတင်းကျွတ်လကွယ်နေ့၌ ပဝါရဏာပြုကုန်အံ့''ဟု (သိစေရမည်)။
ရဟန်းတို့ အကယ်၍ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ကိုယ်ထိလက်ရောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသော စကားကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော ထိုရဟန်းတို့သည် ထိုအာဝါသိကရဟန်းတို့ကို ''ငါ့သျှင်တို့ တောင်းပန်ပါ၏၊ ယခုပင် ငါတို့အား ပဝါရဏာကို ပြုကုန်လော့''ဟု ဆိုကုန်ငြားအံ့၊ ထိုငြင်းခုံခြင်းကို ပြုတတ်ကုန်သော ရဟန်းတို့ကို
''ငါ့သျှင်တို့ သင်တို့သည် ငါတို့၏ ပဝါရဏာကို အစိုးမရကုန်၊ ငါတို့သည် ပဝါရဏာမပြုကုန်သေး''ဟု ပြောဆိုရမည်။
ရဟန်းတို့ အကယ်၍ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ကိုယ်ထိလက်ရောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသော စကားကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော ထိုရဟန်းတို့သည် ထိုအချိန်အခါကို ဆိုင်းငံ့၍ နေကုန် ငြားအံ့၊ ရဟန်းတို့ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ကျောင်းနေရဟန်းသည် ကျောင်းနေရဟန်းတို့ကို သိစေရမည်-
''အသျှင်ဘုရားတို့ ကျောင်းနေရဟန်းတို့သည် အကျွန်ုပ်၏ (စကားကို) နာတော်မူကုန်လော့၊
အကယ်၍ အသျှင်ဘုရားတို့အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ ယခုအခါ၌ ဥပုသ်ပြုကုန်အံ့၊ ပါတိမောက်ပြကုန်အံ့၊ လာမည့် တန်ဆောင်မုန်းလပြည့်နေ့၌ ပဝါရဏာပြုကုန်အံ့''ဟု (သိစေရမည်)။
ရဟန်းတို့ အကယ်၍ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက်ငြင်းခုံခြင်းကို ပြုတတ့်ကုန်သော ကိုယ်ထိလက်ရောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသော စကားကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော ထိုရဟန်းတို့သည် ထိုအာဝါသိကရဟန်းတို့ကို ''ငါ့သျှင် တို့ တောင်းပန်ပါ၏၊ ယခုပင် ငါတို့အား ပဝါရဏာကို ပြုကုန်လော့''ဟု ပြောဆိုကုန်ငြားအံ့၊ ထိုငြင်းခုံခြင်း ကို ပြုတတ်သော ရဟန်းတို့ကို
''ငါ့သျှင်တို့ သင်တို့သည် ငါတို့၏ ပဝါရဏာကို အစိုးမရကုန်၊ ငါတို့သည် ပဝါရဏာ မပြုကုန်သေး''ဟု ပြောဆိုရမည်။
ရဟန်းတို့ အကယ်၍ မျက်ကွယ်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော မျက်မှောက်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ကိုယ်ထိလက်ရောက် ငြင်းခုံခြင်းကို ပြုတတ်ကုန်သော များစွာသော စကားကို ဆိုတတ်ကုန်သော သံဃာ၌ အဓိကရုဏ်းကို ပြုတတ်ကုန်သော ထိုရဟန်းတို့သည် ထိုလာမည့် တန်ဆောင်မုန်း လပြည့်နေ့ကို ဆိုင်းငံ့၍ နေကုန်ငြားအံ့၊ ရဟန်းတို့ ထိုအားလုံးသော ရဟန်းတို့သည် ကုမုဒြာကြာပွင့်ချိန် မိုးလေးလအဆုံး လာမည့်တန်ဆောင်မုန်း လပြည့်နေ့၌ အလိုမရှိဘဲ ပဝါရဏာပြုရမည်။
ရဟန်းတို့ အကယ်၍ ထိုကျောင်းနေ ရဟန်းတို့သည် ပဝါရဏာပြုသည်ရှိသော် နာဖျားသော ရဟန်းသည် မနာမဖျားသော ရဟန်းအား ပဝါရဏာကို ထားငြားအံ့၊ ထိုရဟန်းကို
''အသျှင်သည် နာဖျား၏၊
နာဖျားသော ရဟန်းသည် မေးစိစစ်ခြင်းကို မခံနိုင်ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ငါ့သျှင် အကြင် မျှလောက် အနာမရှိသည် ဖြစ်လတ္တံ့၊ ထိုမျှလောက်တိုင်အောင် ဆိုင်းငံ့ပါဦးလော့၊
အနာမရှိသောအခါ စောဒနာလိုသည်ရှိသော် စောဒနာရလတ္တံ့''ဟု ပြောဆိုရာ၏။
ဤသို့ ပြောဆိုအပ်ပါလျက် အကယ်၍ စောဒနာငြားအံ့၊ (သိက္ခာပုဒ်ကို) မရိုသေခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ရဟန်းတို့ အကယ်၍ ထိုကျောင်းနေ ရဟန်းတို့သည် ပဝါရဏာပြုသည်ရှိသော် မနာမဖျားသော ရဟန်းသည် နာဖျားသော ရဟန်းအား ပဝါရဏာထားငြားအံ့၊ ထိုရဟန်းကို
''ငါ့သျှင် ဤရဟန်းသည် နာဖျား၏၊
နာဖျားသော ရဟန်းသည် မေးစိစစ်ခြင်းကို မခံနိုင်ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ငါ့သျှင် အကြင်မျှလောက် ဤရဟန်းသည် အနာမရှိသည် ဖြစ်လတ္တံ့၊ ထိုမျှလောက်တိုင်အောင် ဆိုင်းငံ့ပါဦးလော့၊
အနာမရှိသောအခါ စောဒနာလိုက စောဒနာရလတ္တံ့''ဟု ပြောဆိုရာ၏။
ဤသို့ ပြောဆိုပါလျက် အကယ်၍ စောဒနာငြားအံ့၊ (သိက္ခာပုဒ်ကို) မရိုသေခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ရဟန်းတို့ အကယ်၍ ထိုကျောင်းနေ ရဟန်းတို့သည် ပဝါရဏာပြုသည်ရှိသော် နာဖျားသော ရဟန်းသည် နာဖျားသော ရဟန်းအား ပဝါရဏာ ထားငြားအံ့၊ ထိုရဟန်းကို
''အသျှင်တို့သည် နာဖျားကုန်၏၊
နာဖျားသော ရဟန်းသည် မေးစိစစ်ခြင်းကို မခံနိုင်ဟု မြတ်စွာဘုရား ဟောတော်မူ၏၊
ငါ့သျှင်တို့ အကြင်မျှလောက် အနာမရှိသည် ဖြစ်လတ္တံ့၊ ထိုမျှလောက်တိုင်အောင် ဆိုင်းငံ့ပါဦးလော့၊
အနာ မရှိသောအခါ စောဒနာလိုက စောဒနာရလတ္တံ့''ဟု ပြောဆိုရာ၏။
ဤသို့ ပြောဆိုပါလျက် အကယ်၍ စောဒနာငြားအံ့၊ (သိက္ခာပုဒ်ကို) မရိုသေခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ရဟန်းတို့ အကယ်၍ ထိုကျောင်းနေ ရဟန်းတို့သည် ပဝါရဏာပြုသည်ရှိသော် မနာမဖျားသော ရဟန်းသည် မနာမဖျားသော ရဟန်းအား ပဝါရဏာကို ထားငြားအံ့၊ နှစ်ပါးသော ရဟန်းတို့ကို သံဃာသည် စိစစ်၍ မေးမြန်းပြီးလျှင် တရားအားလျော်စွာ ကုစားစေ၍ သံဃာသည် ပဝါရဏာပြုရမည်ဟု (မိန့် တော်မူ၏)။ ၁။ ထား- တန့်ရပ်ထားခြင်း။ ၂။ နှစ်ဥပုသ်ဟူသည် တော်သလင်းလပြည့်နေ့ ၎င်းလကွယ်နေ့ နှစ်ဥပုသ်ကို ရှာကာ စာတုဒ္ဒသီဥပုသ် ပြုရမည်၊ သုံးဥပုသ်ဟူသည် ဝါခေါင်လကွယ်နေ့ ဥပုသ်ကို ထည့်သဖြင့် သုံးဥပုသ်ကို စာတုဒ္ဒသီဥပုသ် ပြုရမည်ဟု ယူရမည်၊ ဤသို့ ဥပုသ်နေ့ကို ငင်သည်ရှိသော် သန္ဒိဋ္ဌ သမ္ဘတ္တပုဂ္ဂိုလ်တို့အား သီတင်းကျွတ်လပြည့် အဖိတ်နေ့သည် ပဝါရဏာနေ့ ဖြစ်၍ ပဝါရဏာ ပြုရာ၏။