Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

102. Nānāsaṃvāsakādīhi uposathakaraṇaṃ

Author: my-tipitaka @ visuddhinanda

၁၈၀။ ရဟန်းတို့ အာဂန္တုကရဟန်းတို့သည် ပေါင်းသင်းဆက်ဆံမှု မတူသော အာဝါသိကရဟန်း တို့ကို တွေ့မြင်ကုန်၏၊
ထိုအာဂန္တုကရဟန်းတို့သည် (အာဝါသိကရဟန်းတို့ကို) ပေါင်းသင်းဆက်ဆံမှု တူမျှသော ရဟန်းတို့ဟု အယူရှိ၍
(၎င်းအယူကို) မမေးမစစ်ဘဲ
တပေါင်းတည်း ဥပုသ်ပြုကုန်ငြားအံ့၊
အာပတ် မသင့်။
ထိုအာဂန္တုက ရဟန်းတို့သည် မေးစစ်ပြီးနောက်
(ထိုအယူကို) မစွန့်လွှတ်စေနိုင်ဘဲ
တပေါင်း တည်း ဥပုသ်ပြုကုန်ငြားအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။
ထိုအာဂန္တုရဟန်းတို့သည် မေးစစ်ပြီးသော်လည်း
(၎င်းတို့အယူကို) မစွန့်လွှတ်စေနိုင်သဖြင့်
အသီးအခြား ဥပုသ်ပြုကုန်ငြားအံ့၊
အာပတ် မသင့်။
ရဟန်းတို့ အာဂန္တုက ရဟန်းတို့သည် ပေါင်းသင်းဆက်ဆံမှု တူမျှသော အာဝါသိက ရဟန်းတို့ကို တွေ့မြင်ကုန်၏၊
ထိုအာဂန္တုကရဟန်းတို့သည် (အာဝါသိကရဟန်းတို့ကို) ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းတို့ဟု အယူရှိ၍
(၎င်းတို့၏ အယူကို) မမေးမစစ်ဘဲ
တစ်ပေါင်းတည်း ဥပုသ်ပြုကုန်ငြားအံ့၊
ဒုက္ကဋ် အာပတ် သင့်၏။
ထိုအာဂန္တုက ရဟန်းတို့သည် မေးစစ်ပြီးနောက်
(၎င်းတို့အယူကို) စွန့်လွှတ်စေနိုင်လျက်
အသီး အခြား ဥပုသ်ပြုကုန်ငြားအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။
ထိုအာဂန္တုရဟန်းတို့သည် မေးစစ်ပြီးနောက်
(၎င်း တို့အယူကို) စွန့်လွှတ်စေနိုင်သည်ဖြစ်၍
တစ်ပေါင်းတည်း ဥပုသ်ပြုကုန်ငြားအံ့၊
အာပတ် မသင့်။
ရဟန်းတို့ အာဝါသိက ရဟန်းတို့သည် ပေါင်းသင်းဆက်ဆံမှု မတူသော အာဂန္တုက ရဟန်းတို့ကို တွေ့မြင်ကုန်၏၊
ထိုအာဝါသိက ရဟန်းတို့သည် (အာဂန္တုကရဟန်းတို့ကို) ပေါင်းသင်းဆက်ဆံမှု တူမျှသော ရဟန်းတို့ဟု အယူရှိ၍
မမေးမစစ်ဘဲ
တစ်ပေါင်းတည်း ဥပုသ်ပြုကုန်ငြားအံ့၊
အာပတ် မသင့်။
ထိုအာဝါသိက ရဟန်းတို့သည် မေးစစ်ပြီးနောက်
(၎င်းတို့အယူကို) မစွန့်လွှတ်စေနိုင်ဘဲ
တပေါင်း တည်း ဥပုသ်ပြုကုန်ငြားအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။
ထိုအာဝါသိက ရဟန်းတို့သည် မေးစစ်ပြီးနောက်
(၎င်းတို့အယူကို) မစွန့်လွှတ်စေနိုင်သဖြင့်
အသီးအခြား ဥပုသ်ပြုကုန်ငြားအံ့၊
အာပတ် မသင့်။
ရဟန်းတို့ အာဝါသိက ရဟန်းတို့သည် ပေါင်းသင်းဆက်ဆံမှု တူမျှသော အာဂန္တုက ရဟန်းတို့ကို တွေ့မြင်ကုန်၏၊
ထိုအာဝါသိက ရဟန်းတို့သည် (အာဂန္တုကရဟန်းတို့ကို) ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းတို့ဟု အယူရှိ၍
မမေးမစစ်ဘဲ
တစ်ပေါင်းတည်း ဥပုသ်ပြုကုန်ငြားအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။
ထိုအာဝါသိက ရဟန်းတို့သည် မေးစစ်ပြီးနောက်
(၎င်းတို့အယူကို) စွန့်လွှတ်စေနိုင်လျက်
အသီး အခြား ဥပုသ်ပြုကုန်ငြားအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။
ထိုအာဝါသိက ရဟန်းတို့သည် မေးစစ်ပြီးနောက်
(၎င်းတို့အယူကို) စွန့်လွှတ်စေနိုင်သည်ဖြစ်၍
တစ်ပေါင်းတည်း ဥပုသ်ပြုကုန်ငြားအံ့၊
အာပတ် မသင့်။