Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

200. Palibodhāpalibodhakathā

Author: my-tipitaka @ visuddhinanda

၃၂၅။ ရဟန်းတို့ ကထိန်၏ ပလိဗောဓ၁တို့သည် နှစ်ပါးတို့တည်း၊ အပလိဗောဓတို့သည် နှစ်ပါး တို့တည်း။
ရဟန်းတို့ ကထိန်၏ ပလိဗောဓနှစ်ပါးတို့သည် အဘယ်တို့နည်း။
ကျောင်းဟူသော ပလိဗောဓ၊ သင်္ကန်းဟူသော ပလိဗောဓ ဤနှစ်ပါးတို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ကျောင်းဟူသော ပလိဗောဓ ဖြစ်သနည်း၊
ရဟန်းတို့ ရဟန်းသည် ထို ကျောင်း၌ နေမူလည်း နေအံ့၊ ''ပြန်လာဦးမည်''ဟု ငဲ့ခြင်းရှိသည်ဖြစ်၍မူလည်း ဖဲသွားအံ့။
ရဟန်းတို့ ဤ သို့လျှင် ကျောင်းဟူသော အာဝါသပလိဗောဓ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် သင်္ကန်းဟူသော ပလိဗောဓ ဖြစ်သနည်း၊
ရဟန်းတို့ ရဟန်းအား သင်္ကန်းမချုပ်ရသေးသည်မူလည်း ဖြစ်၏၊ ချုပ်၍ မပြီးသေးသည်မူလည်း ဖြစ်၏၊ သင်္ကန်းရလိုခြင်းသည်မူလည်း မပြတ်စဲ။
ရဟန်းတို့ ဤသို့လျှင် သင်္ကန်းဟူသော စီဝရပလိဗောဓ ဖြစ်၏။
ရဟန်းတို့ ကထိန်၏ ပလိဗောဓတို့သည် ဤနှစ်ပါးတို့တည်း။
ရဟန်းတို့ ကထိန်၏ အပလိဗောဓနှစ်ပါးတို့သည် အဘယ်တို့နည်း။
ကျောင်းဟူသော အာဝါသ အပလိဗောဓ၊ သင်္ကန်းဟူသော စီဝရအပလိဗောဓ ဤနှစ်ပါးတို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ကျောင်းဟူသော အပလိဗောဓ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် ထိုကျောင်းမှ စွန့်သဖြင့် ထွေးအံသဖြင့် လွှတ်သဖြင့် မငဲ့သဖြင့် ''မပြန်တော့ပြီ''ဟု ဖဲသွားအံ့၊
ရဟန်းတို့ ဤသို့လျှင် ကျောင်းဟူသော အာဝါသအပလိဗောဓ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် သင်္ကန်းဟူသော အပလိဗောဓ ဖြစ်သနည်း၊
ရဟန်းတို့ ရဟန်းအား သင်္ကန်းသည် ချုပ်၍ ပြီးသည်မူလည်း ဖြစ်၏၊ ပျောက်သည်မူလည်း ပျက်သည်မူလည်း မီးလောင်သည်မူလည်း ဖြစ်၏၊ သင်္ကန်းရလိုခြင်းသည်မူလည်း ပြတ်စဲ၏။
ရဟန်းတို့ ဤသို့လျှင် သင်္ကန်းဟူသော စီဝရ အပလိဗောဓ ဖြစ်၏။
ရဟန်းတို့ ကထိန်၏ အပလိဗောဓတို့သည် ဤနှစ်ပါးတို့တည်းဟု မိန့်တော်မူ၏။
သတ္တမ ကထိနက္ခန္ဓက ပြီး၏။ ၁။ နှောင့်ယှက်ဖျက်ဆီးတတ်သော