Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

268. Appaṭikamme ukkhepanīyakammapaṭippassaddhikathā

Author: my-tipitaka @ visuddhinanda

၄၄၉။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာပတ်ကို မကုစားသဖြင့် သံဃာက ဥက္ခေပနီယကံ ပြုထားသောကြောင့် ကောင်းစွာ ကျင့်၏၊ (မာန်တည်းဟူသော) အမွေးကို ချ၏၊ (ဥက္ခေပနီယကံမှ) ထွက်မြောက်အံ့သော အကြောင်းကို ကျင့်၏၊ အာပတ်ကို မကုစားခြင်းကြောင့် (ပြုအပ်သော) ဥက္ခေပနီယကံ ငြိမ်းခြင်းကို တောင်းပန်၏။
ထိုကျောင်း၌ ရဟန်းတို့အား ''ငါ့သျှင်တို့ ဤရဟန်းသည် အာပတ်ကို မကုစားသဖြင့် သံဃာက ဥက္ခေပနီယကံ ပြုထားသောကြောင့် ကောင်းစွာ ကျင့်၏၊ (မာန်တည်းဟူသော) အမွေးကို ချ၏၊ (ဥက္ခေပနီယကံမှ) ထွက်မြောက်အံ့သော အကြောင်းကို ကျင့်၏၊ အာပတ်ကို မကုစားခြင်းကြောင့် (ပြုအပ်သော) ဥက္ခေပနီယကံငြိမ်းခြင်းကို တောင်းပန်၏၊ ထိုရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် (ပြုအပ်သော) ဥက္ခေပနီယကံကို ငါတို့ ယခု ငြိမ်းစေကုန်အံ့''ဟု အကြံ ဖြစ်၏၊
ထိုရဟန်းတို့သည် မတရားသဖြင့် အစုကွဲကုန်လျက် ထိုရဟန်းအား အာပတ်ကို မကုစားခြင်းကြောင့် (ပြုအပ်သော) ဥက္ခေပနီယကံကို ငြိမ်းစေကုန်၏။ပ။ မတရားသဖြင့် အညီ အညွတ်။ တရားသဖြင့် အစုကွဲကုန်လျက်။ တရားတုဖြင့် အစုကွဲကုန်လျက် တရားတုဖြင့် အညီအညွတ်။ ဥက္ခေပနီယကံကို ငြိမ်းစေကုန်၏။
ထိုကျောင်း၌ တည်သော သံဃာသည် '' (ဤကံသည်ကား) မတရားသဖြင့် အစုကွဲသော ကံတည်း၊ မတရားသဖြင့် ညီညွတ်သော ကံတည်း၊ တရားသဖြင့် အစုကွဲသော ကံတည်း၊ တရားတုဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် ညီညွတ်သော ကံတည်း၊ မပြုသင့်သော ကံတည်း၊ မကောင်းသဖြင့် ပြုထားသော ကံတည်း၊ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ငြင်းခုံ၏။
ရဟန်းတို့ ထိုရဟန်းတို့တွင် ''တရားတုဖြင့် ညီညွတ်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း ''မပြုသင့်သော ကံတည်း၊ မကောင်းသဖြင့် ပြုထားသော ကံတည်း၊ တစ်ဖန်ပြုသင့်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း တရားနှင့်အညီ ပြောဆိုသော ရဟန်း တို့တည်း။
[ဤငါးဝါရတို့ကိုလည်း အကျဉ်းချုံးအပ်ကုန်၏]။