၁။ခမနီယံ ယာပနီယန္တိ ကစ္စိ ဒုက္ခံ ခမိတုံ ဣရိယာပထံ ဝါ ယာပေတုံ သက္ကာတိ ပုစ္ဆတိ။ဋ္ဌ။ ဣရိယာပထံယာပေတုန္တိ သယနနိသဇ္ဇာဒိဘေဒံ ဣရိယာပထံ ပဝတ္တေတုံ။ ဋီ ။ ခမနီယံ ယာပနီယံတို့၌ ခမုဓာတ် အနီယပစ္စည်း, ယာဓာတ် ဏာပေပစ္စည်း, အနီယ ပစ္စည်း။ ၎င်း အနီယပစ္စည်းသည် ဤအရာ၌ သက္ကတ္ထ, ဘောဟောဖြစ်၍ကစ္စိတေ၌ တေကို အဝုတ္တကတ္တားကြံပြီး “တေ၊ သင်သည်။ ခမနီယံ ကစ္စိ၊ သည်းခံနိုင်၏လော။ ယာပနီယံ ကစ္စိဖြစ်စေနိုင်၏လော” ဟု အနက်သမ္ဗန်လိုက်သည်။
။
ဒုက္ခာ ဝေဒနာ၊ ဆင်းရဲဝေဒနာတို့သည်။
ပဋိက္ကမန္တိ ကစ္စိ၊ ဆုတ်ကုန်၏လော့။
နော အဘိက္ကမန္တိ ကစ္စိ၊ မတိုးကုန်ဘဲရှိ၏လော့။
အာသာနံ၊ ထိုဝေဒနာတို့၏
၂။ပဋိက္ကမောသာနံ၌ ပဋိက္ကမော အာသာနံဟုပုဒ်ဖြတ်၊ အာသာနံ၌ နံဝိဘတ်ကို သာနံပြု, တသဒ္ဒါကို (သံအပြုနှင့်အလားတူသော) သာနံအပြုကြောင့် သသ္မာသ္မိံ သံသာသွတ္တံသုတ်ဖြင့်ပင် အပြု, အာပစ္စည်းသက်၍ အာသာနံဟုပြီး၏။ နာသံ ကုဇ္ဈန္တိ ခု၊ ၅၊ ၁၆-နှင့်လျော်၏။ တနည်းပဋိက္ကမောသာနံ၌ ပဋိက္ကမော ဧသာနံဟုခွဲ၊ ဧတမှ တကို သပြု, အာပစ္စည်းသက် နံဝိဘတ်ကို သံမပြုပဲထား, ဧသာနံပြီး၏။ ဤနည်းသည် ပဋိက္ကမောသာနန္တိ ပဋိက္ကမောဧတာသံဖွင့်သော ဤအဋ္ဌကထာနှင့် သင့်လျော်၏။သဒ္ဒနီတိ ပဒမာလာ စာမျက်နှာ ၃၆၅-၌ ဧတ္ထ ပန “အဘိက္ကမောသာနံ ပညာယတိ, နာသံ ကုဇ္ဈန္တိ ပဏ္ဍိတာ ခိဍာပဏိဟိတာ တျာသု၊ ရတိ တျာသု ပတိဋ္ဌိတာ။ ဗီဇာနိ တျာသု ရုဟန္တီ” တိ ပယောဂဒဿနတော “သာနံ အာသံ တျာသူ” တိ ဣမာနိ ဝုတ္တာနိ အက္ခရစိန္တကာနံ ဉာဏစက္ခုသမ္မုယှနဋ္ဌာနဘူတာနိဟု မိန့်၏။ အဘိက္ကမောတစ်ပုဒ်, သာနံတစ်ပုဒ်ခွဲ၍ ဣတ္ထိလိင် တာသဒ္ဒါ ပဒမာလာစဉ်၌ နာသံ, တာသံ, သာနံ, အာသံဟု နံဝိဘတ်အရာ လေးရုပ်စဉ်ထား၏။ သာနံကို တသဒ္ဒါ အာပစ္စည်း နံဝိဘတ် (တသဒ္ဒါကို သပြု, နံဝိဘတ်ကို သံမပြုပဲ) ဖြင့် ရုပ်ပြီးစီရင်လို၏ ။
။
ပဋိက္ကမော၊ ဆုတ်ခြင်းကို။
ပညာယတိ ကစ္စိ၊ သိအပ်သည်မဟုတ်လော။
အဘိက္က မော၊ တိုးခြင်းကို။
နောပညာယတိ ကစ္စီတိ၊ မသိအပ်သည်မဟုတ်လော ဟူသော။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။၁။ပူတိကာယေနာတိ အတ္တနော သုဝဏ္ဏဝဏ္ဏမ္ပိ ကာယံ ဘဂဝါ ဓုဝပဂ္ဃရဏဋ္ဌေန ဧဝမာဟ။ဋ္ဌ ။ ဘုရားရှင်သည်မိမိ၏ကိုယ်ကို ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိပါသော်လည်း အမြဲစီးယိုတတ်သော အနက်သဘောအရ ပူတိကာယဟု မိန့်တော်မူ၏။ ၎င်းပကတိကိုယ်ကို မံသစက္ခုဖြင့် ရှုမြင်နေရုံမျှဖြင့် အကျိုးမရှိဟု မိန့်တော်မူလိုရင်းဖြစ်၏။
။
တေ၊ သင့်အား။
ကိံ၊ အဘယ်အကျိုး ရှိအံ့နည်း။ဝက္ကလိ၊ ဝက္ကလိ။
ယော ခေါ၊ အကြင်သူသည်။
ဓမ္မံ၊ လောကုတ္တရာတရားကိုးပါးကို။
ပဿတိ၊ (ဉာဏ်ဖြင့်) ရှုမြင်၏
၂။ယော ခေါ ဝက္ကလိ ဓမ္မန္တိ ဣဓ ဘဂဝါ “ဓမ္မကာယော ခေါ မဟာရာဇ တထာဂတော” တိ ဝုတ္တံ ဓမ္မကာယတံ ဒဿေတိ၊ နဝဝိဓော ဟိ လောကုတ္တရဓမ္မော တထာဂတဿ ကာယော နာမ။ဋ္ဌ။ သတ္ထုဂုဏသရီရံနာမ နဝဝိဓလောကုတ္တရဓမ္မာဓိဂမမူလန္တိ ကတွာ ဝုတ္တံ နဝဝိဓော ဟိ။ပ။ ကာယော နာမာတိ၊ ယထာ သတ္တာနံကာယော ပဋိသန္ဓိမူလကော။
ယော ခေါ ဝက္ကလိ ဓမ္မံ၌ ဓမ္မံဖြင့် ဤအရာ၌ မြတ်စွာဘုရားသည် “ဓမ္မကာယော ခေါ မဟာရာဇ တထာဂတော” ဟု မိန့်ဆိုတော်မူအပ်သော ဓမ္မကာယ၏အဖြစ်ကို ပြတော်မူ၏။ မှန်၏။ ကိုးပါးအပြားရှိသော လောကုတ္တရာတရားသည် မြတ်စွာဘုရား၏ ကိုယ်မည်၏ဟု အဋ္ဌကထာ၌ မိန့်ဆိုသောကြောင့် “ယော ခေါဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။ ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ။ ဓမ္မံ ဟိ ဝက္ကလိ ပဿန္တော မံ ပဿတိ။ မံ ပဿန္တော ဓမ္မံ ပဿတိ” တို့၌ ဓမ္မံအရနှင့် မံအရ လောကုတ္တရာတရားကိုးပါးချည်းကောက်ရမည်။ ချဲ့ဦးအံ့—ဓမ္မံအရ နဝဝိဓလောကုတ္တရဓမ္မ , မံ အရ တထာဂတကာယ ရသော်လည်း နဝဝိဓလောကုတ္တ ရာဓမ္မနှင့် တထာဂတကာယ အတူတူပင်ဖြစ်၏။ တူပုံမှာ ‘ ဓမ္မကာယော ခေါ မဟာရာဇ တထာဂတော.... ဘုရားရှင်သည် ဝါ-ဘုရားရှင့်ကိုယ်သည် လောကုတ္တရာကိုးပါးတရားအပေါင်းတည်း’ ဟု ဆိုသဖြင့် ဘုရားကိုယ်ခန္ဓာတော်နှင့် လောကုတ္တရာကိုးပါးတရား အတူတူဟု ဆိုရာရောက်၏။ အမှန်စင်စစ်အားဖြင့် ဘုရားရှင့်ကိုယ်သည်ကာမဂ်ဖိုလ် နိဗ္ဗာန်ဟူသော လောကုတ္တရာတရားမဖြစ်နိုင်၊ သို့သော် ဘုရားရှင်၏ အရဟံစသောဂုဏ်တို့ဖြင့် ထုံအပ်သော ကိုယ်တော်ကို ဉာဏ်စက္ခုဖြင့် ရှုမြင်သောသူသည် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာတရားတို့ကိုရနိုင်၏။ ယင်းသို့ (သတ္တဝါတို့၏ ကိုယ်ခန္ဓာသည် ပဋိသန္ဓေဟူသော အကြောင်းရှိသကဲ့သို့) ဘုရားရှင့်ကိုယ်ခန္ဓာက မိမိကိုဉာဏ်စက္ခုဖြင့် ရှုမြင်သူတို့ မဂ်ဖိုလ်နိဗ္ဗာန်ရခြင်း အကြောင်းရင်းရှိသောကြောင့် ကာရဏူပစာအားဖြင့် ကိုယ်ခန္ဓာကို လောကုတ္တရဓမ္မကာယဟု ဆိုရလေသည်။ ထိုကြောင့် ဋီကာ “သတ္ထု ဂုဏသရီရံ နာမ။ပ။ ပဋိသန္ဓိမူလကော” ဟု မိန့်သည်။
သို့ဖြစ်ရကား “ကိုးပါးအပြားရှိသော လောကုတ္တရာတရားကို ဉာဏ်စက္ခုဖြင့် ရှုမြင်သူသည် ၎င်းတရားတို့ကိုရခြင်းအကြောင်းရှိသဖြင့် ငါဘုရား၏ အရဟံစသောဂုဏ်တို့ဖြင့် ထုံအပ်သည့်ကိုယ်ကို ဉာဏ်စက္ခုဖြင့် ရှုမြင်သည်မည်၍ , ငါဘုရားကိုယ်ကို ရှုမြင်သူကလည်း ထိုတရားကို ရှုမြင်သည်မည်ပေ၏” ဟု အပြန်အလှန်မိန့်တော်မူသည်။ ဆိုလိုရင်းကား— တရားကိုရှုလျှင်လည်း ငါဘုရားကိုရှုရာရောက်၍ ငါဘုရားကိုရှုလျှင်လည်း တရားကိုရှုရာရောက်၏။ အကြောင်းမှာ-လောကုတ္တရာတရားကို ဉာဏ်ဖြင့်မြင်အောင် အားထုတ်မှုနှင့် ငါဘုရားဂုဏ်တော်ကို ဉာဏ်ဖြင့်မြင်အောင် အားထုတ်မှုသည် အတူတူဖြစ်သောကြောင့်တည်း ။
ထို့ကြောင့် “ဘုရား၏ဂုဏ်ကို အာရုံပြု ရှိခိုးနေဖို့မလို တရားကိုသာ အားထုတ်ဖို့လို၏၊ တရားအားထုတ်ဖို့မလို၊ ဘုရား၏ ဂုဏ်ကိုသာ အာရုံပြု ရှိခိုးနေဖို့လို၏” ဟူသော ဆင်ခြေတက် တဖက်သတ် အယူသည်းမှုကိုရှောင်ရှားခြင်းငှါ စွမ်းနိုင်ရာသတည်း
။ သော၊ ထိုသူသည်။ မံ၊ (လောကုတ္တရာတရား ကိုးပါးကို ရခြင်း၏ အကြောင်းဖြစ်သော အရဟံ စသောဂုဏ်တို့ဖြင့် ထုံအပ်သော) ငါဘုရား ( ကိုယ်) ကို။ ပဿတိ၊ ( ဉာဏ်ဖြင့်) ရှုမြင်သည်မည်၏။ ယော၊ သည်။ မံ၊ ကို။ ပဿတိ၊ ၏။ သော၊ သည်။ ဓမ္မံ၊ ကို။ ပဿတိ၊ ၏။အထ ခေါ၊ ၌။
ဘဂဝါ၊ သည်။
တဉ္စ ရတ္တိံ၊ ထို ညဉ့်ပတ်လုံး၎င်း။
တဉ္စ ဒိဝါဝသေသံ
ဉာဏ်စက္ခုဖြင့် ရှုမြင်သူတို့ မဂ်ဖိုလ်နိဗ္ဗာန်ရခြင်း အကြောင်းရင်းရှိသောကြောင့် ကာရဏူပစာအားဖြင့် ကိုယ် ခန္ဓာကို လောကုတ္တရဓမ္မကာယဟု ဆိုရလေသည်။ ထိုကြောင့် ဋီကာ “သတ္ထု ဂုဏသရီရံ နာမ။ပ။ ပဋိသန္ဓိမူလကော” ဟု မိန့်သည်။
သို့ဖြစ်ရကား “ကိုးပါးအပြားရှိသော လောကုတ္တရာတရားကို ဉာဏ်စက္ခုဖြင့် ရှုမြင်သူသည် ၎င်းတရားတို့ကို ရခြင်းအကြောင်းရှိသဖြင့် ငါဘုရား၏ အရဟံစသောဂုဏ်တို့ဖြင့် ထုံအပ်သည့်ကိုယ်ကို ဉာဏ်စက္ခုဖြင့် ရှုမြင်သည် မည်၍ , ငါဘုရားကိုယ်ကို ရှုမြင်သူကလည်း ထိုတရားကို ရှုမြင်သည်မည်ပေ၏” ဟု အပြန်အလှန်မိန့်တော်မူသည်။ ဆိုလိုရင်းကား— တရားကိုရှုလျှင်လည်း ငါဘုရားကိုရှုရာရောက်၍ ငါဘုရားကိုရှုလျင်လည်း တရားကိုရှုရာရောက် ၏။ အကြောင်းမှာ-လောကုတ္တရာတရားကို ဉာဏ်ဖြင့်မြင်အောင် အားထုတ်မှုနှင့် ငါဘုရားဂုဏ်တော်ကို ဉာဏ် ဖြင့်မြင်အောင် အားထုတ်မှုသည် အတူတူဖြစ်သောကြောင့်တည်း။
ထို့ကြောင့် “ဘုရား၏ဂုဏ်ကို အာရုံပြု ရှိခိုးနေဘို့မလို တရားကိုသာ အားထုတ်ဘို့လို၏၊ တရားအားထုတ်ဘို့ မလို၊ ဘုရား၏ ဂုဏ်ကိုသာ အာရုံပြု ရှိခိုးနေဘို့လို၏” ဟူသော ဆင်ခြေတက် တဖက်သတ် အယူသည်းမှုကို ရှောင်ရှားခြင်းငှါ စွမ်းနိုင်ရာသတည်း။
၊ ထိုကြွင်းကျန်သော နေ့ပတ်လုံး၎င်း။ ဂိဇ္ဈကူဋေ ပဗ္ဗတေ၊ ၌။ ဝိဟာသိ၊ နေတော်မူပြီ။၁။အရှင်ဝက္ကလိသည် ရဟန္တာဟု မှတ်ထင်နေရာ ဆင်းရဲဝေဒနာနှိပ်စက်လွန်းသဖြင့် လည်တံကို ထားဖြင့်လှီးသတ်သောအခါ ဆင်းရဲဝေဒနာအားကြီးလှမှ ပုထုဇဉ်မှန်းသိ၍ မူလစီးဖြန်းနေကျ ကမ္မဋ္ဌာန်းကို သုံးသပ်ဆင်ခြင်၍ ရဟန္တာဖြစ်ပြီးလျှင် ကွယ်လွန်လေသည်။ ၎င်းအရှင်ဝက္ကလိမှာ ရဟန္တာ၏ ပစ္စဝေက္ခဏာဉာဏ် ၁၉ပါးလုံး မရနိုင်၊ ထားဖြင့် ဦးခေါင်းကို ဖြတ်စဉ် ပစ္စဝေက္ခဏာဉာဏ် ၁-ပါး - ၂-ပါး မချွတ်ရနိုင်ကြောင်းအဋ္ဌကထာ၌ ဆိုသည်။ ဋီကာ၌ ပစ္စဝေက္ခဏာဉာဏ် ၁-ပါး- ၂-ပါး ရသည်ဟု ဆိုသည်ကား “သဘာဝအားဖြင့် မချွတ်ရနိုင်ကြောင်း” ဆိုခြင်းဖြစ်သည်။ မဂ် ဖိုလ် နိဗ္ဗာန် ပစ္စဝေက္ခဏာဉာဏ်တို့သည် ထိုထိုမဂ်မှ ထရာ၌ ဖြစ်ကြ ကုန်၏။ ၁-ပါး- ၂ပါး ဂဏန်းတပ်၍ ဆိုလိုက်ခြင်းမှာ ပစ္စဝေက္ခဏာဉာဏ် ရနိုင်ကြောင်း သိရန်ဆိုသည်ဟု မိန့်၏။
။၁။အရှင်ဝက္ကလိသည် ပက်လက်အိပ်လျက် ထားဖြင့်လည်ကိုဖြတ်လိုက်ရာ ကိုယ်ပိုင်းသည် ပကတိပက်လက်အတိုင်းဖြစ်၍ ဦးခေါင်းမှာ လက်ျာနံဘေးလည်ကျ၍ တည်နေသည်။ အရိယာပုဂ္ဂိုလ်တို့သည် များသောအားဖြင့်လက်ျာနံတောင်း စောင်းလျက် ကွယ်လွန်ရိုး ထုံးစံရှိကြသောကြောင့် ထိုကဲ့သို့ ဦးခေါင်း လက်ျာဘက် စောင်းလည်နေကြောင်းဆိုကြကုန်၏ ဟု အဋ္ဌကထာ၌ မိန့်၏။
။၂။ဓူမာယိတတ္တန္တိ ဓူမာယနဘာဝံ။ ။ တိမိရာယိတတ္တန္တိ တိမိရာယနဘာဝံ။ ဓူမဝလာဟကံ ဝိယ တိမိရ၀လာဟကံ ဝိယ စာတိ အတ္ထော။ ဋ္ဌ။ ဓူမာယနဘာဝေါ ဓူမာကာရတာ၊ တထာ တိမိရာယနဘာဝေါ။ ဋီ။ ဓူမောဝိယ အာစရတီတိ ဓူမာယတိ၊ ဓူမာယတီတိ ဓူမာယိတံ၊ တဿ ဘာဝေါ ဓူမာယိတတ္တံ ဟုပြု။တိမိရာယိတတ္တံ၌လည်းဤနည်း၊ ဓူမာယိတတ္တန္တိ ဓူမာယိတဘာဝံ။ သဂါထကမာရသံယုတ်။ ရုပ်ပြီးပုံကို မောဂ်-နိဿယ ဏာဒိကဏ္ဍနှာ ၆၃၅-ရှု။
။
တိမိရာယိတတ္တံ၊ အမိုက်မှောင် (တိမ်) ကဲ့သို့ပြုသည်၏ အဖြစ်သည်။
ပုရိမံ ဒိသံ၊ အရှေ့အရပ်သို့။
ဂစ္ဆတေဝ၊ သွားသည်သာလျှင်တည်း။
ပစ္ဆိမံ ဒိသံ၊ အနောက်အရပ်သို့။
ဂစ္ဆတိ ဧဝ၊ သွားသည်သာလျှင်တည်း။
ဥတ္တရံ ဒိသံ၊ မြောက်အရပ်သို့။
ဂစ္ဆတိ ဧဝ၊ တည်း။
ဒက္ခိဏံ ဒိသံ၊ တောင်အရပ်သို့။
ဂစ္ဆတိ ဧဝ၊ တည်း။
ဥဒ္ဓံ ဒိသံ၊ အထက်အရပ်သို့။
ဂစ္ဆတိ ဧဝ၊ တည်း။
အဓော ဒိသံ၊ အောက်အရပ်သို့။
ဂစ္ဆတိ ဧဝ၊ တည်း။
အနုဒိသံ၊ ထောင့်အရပ်သို့။
(ထောင့်လေးထောင့်လုံးယူ။)
ဂစ္ဆတိ ဧဝ၊ တည်း။