၁၇၆။ ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်း တို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ကို ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၁)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေ ရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အရေအတွက် တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ အကြွင်းကို နာရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၂)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေ ရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ အကြွင်းကို နာရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၃)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေ ရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ကို ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၄)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊ ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့ နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာ မျှ၌ အခြားသော အရေအတွက် တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်း တို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၅)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၆)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက် ပြပြီးကာ မျှ၌ ပရိသတ်မထသေးမီ အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်း တို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၇)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်း တို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက် ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီး ကာမျှ၌ ပရိသတ်မထသေးမီ အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရ မည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၈)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေ ရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာ မျှ၌ ပရိသတ်မထသေးမီ အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၉)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေ ရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်အချို့ ထသွားသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ကို ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်း အာပတ် သင့်၏။ (၁၀)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်အချို့ ထသွားသော် အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြား ရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၁၁)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်အချို့ ထသွားသော် အခြားသော အနည်းငယ်သော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၁၂)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်အားလုံး ထသွားသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ကို ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်း အာပတ် သင့်၏။ (၁၃)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာ မျှ၌ ပရိသတ်အားလုံး ထသွားသော် အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည့်လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၁၄)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့က ''ထိုမလာသော ရဟန်းတို့သည် ပျက်စီးလေစေ၊ ပျောက်ပျက်လေစေ၊ ထိုမလာသော ရဟန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ကွဲပြားခြင်းကို ရှေးရှုလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်အားလုံး ထသွားသော် အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရ မည်၊
ပြနှင့်သော ရဟန်းတို့အား ထုလ္လစ္စဉ်းအာပတ် သင့်၏။ (၁၅)
ကွဲပြားခြင်းကို ရှေးရှုခြင်း တစ်ဆယ့်ငါးမျိုး ပြီး၏။
၂၅-သုံးလီ (၇၅) ပြီး၏။၁
၁။ တစ်ဆယ့်ငါးမျိုး တစ်ခုတစ်ခု၌ ငါးမျိုး သုံးခုစီ ရှိသည်။