Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

85. Pubbakaraṇānujānanā

Author: my-tipitaka @ visuddhinanda

၁၅၉။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်အိမ်သည် အမှိုက်ရှုပ်၏။
အာဂန္တု ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် ဥပုသ်အိမ်ကို တံမြက်မလှည်းကုန်ဘိသနည်း''ဟု ကဲ့ ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဥပုသ်အိမ်ကို တံမြက်လှည်းခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''အဘယ်သူသည် ဥပုသ်အိမ်ကို တံမြက်လှည်းအပ်သနည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မထေရ်ကြီးဖြစ်သော ရဟန်းသည် သီတင်းငယ်ဖြစ်သော ရဟန်းကို စေခိုင်းခြင်းငါှ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
မထေရ်ကြီးက စေခိုင်းသော်လည်း သီတင်းငယ်ဖြစ်သော ရဟန်းတို့သည် တံမြက်မလှည်းကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မထေရ်ကြီးက စေခိုင်းလျှင် မနာ မဖျားသော သီတင်းငယ်သည် တံမြက်လှည်းရမည်၊ တံမြက်မလှည်းသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
၁၆၀။ တစ်ရံရောအခါ ဥပုသ်အိမ်၌ နေရာခင်းထားခြင်း မရှိသဖြင့်
ရဟန်းတို့သည် မြေ၌ ထိုင်ကုန်၏၊ ကိုယ်နှင့် သင်္ကန်းတို့သည် မြေမှုန့်အလိမ်းလိမ်း ကပ်ကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဥပုသ်အိမ်၌ နေရာခင်းခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''အဘယ်သူသည် ဥပုသ်အိမ်၌ နေရာကို ခင်းအပ်သနည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မထေရ်ကြီးဖြစ်သော ရဟန်းသည် သီတင်းငယ်ဖြစ်သော ရဟန်းကို စေခိုင်းခြင်းငါှ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
မထေရ်ကြီးက စေခိုင်းသော်လည်း သီတင်းငယ် ဖြစ်သော ရဟန်းတို့သည် နေရာမခင်းကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မထေရ်ကြီးက စေခိုင်းလျှင် မနာမ ဖျားသော သီတင်းငယ်သည် နေရာခင်းရမည်
၊ မခင်းသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
၁၆၁။ တစ်ရံရောအခါ ဥပုသ်အိမ်၌ ဆီမီးညှိထွန်းခြင်း မရှိသဖြင့်
ရဟန်းတို့သည် မှောင်ထည်း၌ ကိုယ်နှင့် သင်္ကန်းကို နင်းမိကုန်၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဥပုသ်အိမ်၌ ဆီမီးညှိထွန်းခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''အဘယ်သူသည် ဥပုသ်အိမ်၌ ဆီမီးညှိထွန်းခြင်းကို ပြုအပ်သနည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျောက်ကြကုန်၏။
ရဟန်းတို့ မထေရ်ကြီးဖြစ်သော ရဟန်းသည် သီတင်းငယ်ဖြစ်သော ရဟန်းကို စေခိုင်းခြင်းငါှ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
မထေရ်ကြီးက စေခိုင်းသော်လည်း သီတင်းငယ်ဖြစ်သော ရဟန်းတို့သည် ဆီမီးမညှိထွန်းကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မထေရ်ကြီးက စေခိုင်းလျှင် မနာ မဖျားသော သီတင်းငယ်သည် ဆီမီးညှိထွန်းရမည်၊
ဆီမီးမညှိထွန်းသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
၁၆၂။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ကျောင်းနေရဟန်းတို့သည်သောက်ရေ သုံး ဆောင်ရေ မတည်ထားကုန်။
ရဟန်းတို့သည် ''အဘယ့်ကြောင့် ကျောင်းနေရဟန်းတို့သည်သောက်ရေ သုံးဆောင်ရေ မတည်ထားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့သောက်ရေ သုံးဆောင်ရေ တည့်ထားခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''အဘယ်သူသည်သောက်ရေ သုံးဆောင်ရေ တည်ထားအပ်သနည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မထေရ်ကြီးဖြစ်သော ရဟန်းသည် သီတင်းငယ်ဖြစ်သော ရဟန်းကို စေခိုင်းခြင်းငါှ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
မထေရ်ကြီးက စေခိုင်းသော်လည်း သီတင်းငယ်ဖြစ်သော ရဟန်းတို့သည်သောက်ရေ သုံးဆောင်ရေ မတည်ထားကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မထေရ်ကြီးက စေခိုင်းလျှင် မနာမဖျားသော သီတင်းငယ်သည်သောက်ရေ သုံးဆောင်ရေကို တည်ထားရမည်၊ မတည်ထားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။