Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

34. Dāsavatthu

Author: my-tipitaka @ visuddhinanda

၉၇။ တစ်ရံရောအခါ တစ်ယောက်သော ကျွန်သည် ထွက်ပြေးပြီးလျှင် ရဟန်းတို့၏ အထံ၌ ရှင်ရဟန်းပြု၏။
အရှင်သခင်တို့ တွေ့မြင်လတ်သော် ''ဤရဟန်းကား ငါတို့၏ ကျွန်တည်း၊ ငါတို့သည် ယခု ထိုရဟန်းကို ဖမ်းကြကုန်အံ့''ဟု ဆိုကုန်၏။
အချို့သူတို့က အမောင်တို့ ဤသို့ မဆိုကုန်လင့် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် ''အကြင်သူတို့သည် သာကီဝင်မင်းသား ဘုရား အနွယ်တော်ဖြစ်သော ရဟန်းတို့၏ အထံ၌ ရှင်ရဟန်း ပြုကုန်၏၊ ထိုသူတို့အား တစ်စုံတစ်ရာ (အပြစ်) ကိုမျှ ပြုခြင်းငှါ မရအပ်ပေ၊ တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်စေကုန်သတည်း''ဟု ခွင့်ပြုထား၏ ဟူ၍ ဆိုကုန်၏။
လူတို့သည် ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ဘေးမဲ့ဖြစ်နေကြကုန်၏၊ ဤရဟန်းတို့အား တစ်စုံတစ်ရာ (အပြစ်) ကိုမျှ ပြုခြင်းငှါ မရအပ်ပေ၊ အဘယ့်ကြောင့် ဤ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကျွန်ကို ရှင်ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ကျွန်ကို ရှင်ရဟန်းပြုမပေးရ၊
ကျွန်ကို ရှင်ရဟန်းပြုပေးသော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏''ဟု (မိန့်တော်မူ၏)။