Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

103. Nagantabbavāro

Author: my-tipitaka @ visuddhinanda

၁၈၁။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှ ရဟန်းမရှိသော ကျောင်းသို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း၊ ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှ ရဟန်းမရှိသော ဇရပ်တန်ဆောင်းစသည်သို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာ လောက်သည်ကိုလည်းကောင်း အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှ ရဟန်းမရှိသော ကျောင်းသို့ဖြစ်စေ ဇရပ်တန်ဆောင်းစသည်သို့ ဖြစ်စေ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ ရဟန်းမရှိသော ကျောင်းသို့ မသွားအပ်။
ရဟန်း တို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ ရဟန်းမရှိသော ဇရပ်တန်ဆောင်းစသည်သို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ ရဟန်းမရှိသော ကျောင်းသို့ဖြစ်စေ ရဟန်းမရှိသော ဇရပ် တန်ဆောင်းစသည်သို့ဖြစ်စေ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း အန္တရာယ်ရှိသည်ကိုလည်ကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှဖြစ်စေ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှဖြစ်စေ ရဟန်းမရှိသော ကျောင်းသို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ် ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှဖြစ်စေ ရဟန်းရှိသော ဇရပ်တန်ဆောင်း စသည်မှဖြစ်စေ ရဟန်းမရှိသော ဇရပ်တန်ဆောင်းစသည်သို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာ လောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှ ဖြစ်စေ၊ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ ဖြစ်စေ ရဟန်းမရှိသော ကျောင်းသို့ဖြစ်စေ ရဟန်းမရှိသော ဇရပ်တန်ဆောင်းစသည်သို့ဖြစ်စေ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှ ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းရှိသော ကျောင်းသို့ မသွား အပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှ ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းရှိသော ဇရပ်တန်ဆောင်း စသည်သို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှ ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းရှိသော ကျောင်းသို့ဖြစ်စေ၊ ဇရပ်တန်ဆောင်းစသည်သို့ဖြစ်စေ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းရှိသော ကျောင်းသို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်သို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းရှိသော ကျောင်းသို့ဖြစ်စေ၊ ဇရပ်တန်ဆောင်းစသည်သို့ဖြစ်စေ မသွားအပ်။
ရဟန်းတို့ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှဖြစ်စေ ဇရပ်တန်ဆောင်းစသည်မှဖြစ်စေ ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းရှိသော ကျောင်းသို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှဖြစ်စေ၊ ဇရပ် တန်ဆောင်းစသည်မှဖြစ်စေ ပေါင်းသင်းဆက်ဆံမှု မတူသော ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်သို့ မသွားအပ်။
ရဟန်းတို့ ဥပုသ်နေ့၌ သံဃာလောက်သည်ကိုလည်းကောင်း၊ အန္တရာယ်ရှိသည်ကိုလည်းကောင်း ကြဉ်ထား၍ ရဟန်းရှိသော ကျောင်းမှဖြစ်စေ၊ ဇရပ်တန်ဆောင်းစသည်မှဖြစ်စေ၊ ပေါင်းသင်းဆက် ဆံမှု မတူသော ရဟန်းရှိသော ကျောင်းသို့ဖြစ်စေ၊ ဇရပ်တန်ဆောင်းစသည်သို့ဖြစ်စေ မသွားအပ်။