Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

97. Vematikapannarasakaṃ

Author: my-tipitaka @ visuddhinanda

၁၇၄။ ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့သည် ''ငါတို့အား ဥပုသ် ပြုခြင်းငှာ အပ်လေသလော မအပ်လေသလော''ဟု ယုံမှားရှိလျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား ဒုက္ကဋ် အာပတ် သင့်၏။ (၁)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊ ထိုရဟန်းတို့သည် ''ငါတို့အား ဥပုသ်ပြုခြင်းငှာ အပ်လေသလော မအပ်လေသလော''ဟု ယုံမှားရှိကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အရေအတွက် တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ အကြွင်းကို နာရမည်၊
ပြနှင့်သော ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။ (၂)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေ ရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊ ထိုရဟန်းတို့သည် ''ငါတို့အား ဥပုသ်ပြုခြင်းငှာ အပ်လေသလော မအပ်လေသလော''ဟု ယုံမှားရှိကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အရေအတွက် အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ အကြွင်းကို နာရမည်၊
ပြနှင့်သော ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။ (၃)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု သိကုန်၏၊
ထိုရဟန်းတို့သည် ''ငါတို့အား ဥပုသ်ပြုခြင်းငှာ အပ်လေသလော မအပ်လေသလော''ဟု ယုံမှားရှိကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌။ပ။ ပရိသတ်မထသေးမီ။ပ။ အချို့သော ပရိသတ်ထသွားသော်။ပ။ ပရိသတ်အားလုံးထသွားသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့။ပ။ တူမျှသော။ပ။ အရေအတွက် အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။ (၄-၁၅)
ယုံမှားရှိခြင်း တစ်ဆယ့်ငါးမျိုး ပြီး၏။