Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

40. Nissayamuccanakakathā

Author: my-tipitaka @ visuddhinanda

၁၀၃။ ထို့နောက် မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိ ဇနပုဒ်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ တစ်ဖန် ပြန်ကြွလာ၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာ ကို ''အာနန္ဒာ အဘယ်အကြောင်းကြောင့် မြတ်စွာဘုရားသည် အရေအတွက်နည်းသော ရဟန်းသံဃာနှင့် ဒက္ခိဏာဂိရိ ဇနပုဒ်သို့ ဒေသစာရီ လှည့်လည်ရသနည်း''ဟု မေးတော်မူ၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
ထိုအခါ မြတ်စွာ ဘုရားသည် ဤသို့သော အကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို ''ရဟန်း တို့ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် ငါးဝါတိုင်ရုံ နိဿရည်းယူ၍ နေခြင်းငှါ၊ စွမ်းရည် မရှိသော ရဟန်းသည်ကား အသက်ထက်ဆုံး နိဿရည်းယူ၍ နေခြင်းငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ငါးပါးဟူသည်ကား) ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် မပြည့်စုံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိ ဂုဏ်နှင့် မပြည့်စုံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် မပြည့်စုံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာ ဖြစ်သော လွတ်မြောက်ခြင်း 'ဝိမုတ္တိ' ဂုဏ်နှင့် မပြည့်စုံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်သော ဉာဏ်အမြင် 'ဝိမုတ္တိဉာဏ ဒဿန' ဂုဏ်နှင့် မပြည့်စုံ။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၁)
ရဟန်းတို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။
(ငါးပါးဟူသည်ကား) ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံ၏၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိ ဂုဏ်နှင့်။ပ။
ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့်။ပ။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်ခြင်း 'ဝိမုတ္တိ' ဂုဏ်နှင့်။ပ။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်သော ဉာဏ်အမြင် 'ဝိမုတ္တိဉာဏဒဿန' ဂုဏ်နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။ (၂)
ရဟန်းတို့ ထိုမှတစ်ပါး အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ငါးပါးဟူသည်ကား) ယုံကြည်ခြင်း သဒ္ဓါတရားမရှိ၊ အရှက်မရှိ၊ ဒုစရိုက်မှ အကြောက်အလန့်မရှိ၊ ပျင်းရိ၏၊ သတိ လွတ်ကင်း၏။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၃)
ရဟန်းတို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။
(ငါးပါးဟူသည်ကား) ယုံကြည်ခြင်း သဒ္ဓါတရားရှိ၏၊ အရှက်ရှိ၏၊ ဒုစရိုက်ကို ကြောက်လန့်၏၊ လုံ့လဝီရိယရှိ၏၊ သတိတည်မြဲ၏။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။ (၄)
ရဟန်းတို့ ထိုမှတစ်ပါး အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ငါးပါးဟူသည်ကား) လွန်မြတ်သော သီလပျက်၏၊ လွန်မြတ်သော အကျင့်ပျက်၏၊ လွန်မြတ်သော အယူပျက်၏၊ အကြားအမြင်နည်း၏၊ ပညာမရှိ။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၅)
ရဟန်းတို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။
(ငါးပါးဟူသည်ကား) လွန်မြတ်သော သီလပျက်စီးခြင်းမရှိ၊ လွန်မြတ်သော အကျင့်ပျက်စီးခြင်းမရှိ၊ လွန်မြတ်သော အယူပျက်စီးခြင်း မရှိ၊ အကြားအမြင်များ၏၊ ပညာရှိ၏။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီ မရှိဘဲ နေရမည်။ (၆)
ရဟန်းတို့ ထိုမှတစ်ပါး အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ငါးပါးဟူသည်ကား) အာပတ်သင့်သည်ကို မသိ၊ အာပတ်မသင့်သည်ကို မသိ၊ ပေါ့သော အာပတ်ကို မသိ၊ လေးသော အာပတ်ကို မသိ၊ ထိုရဟန်းသည် ပါတိမောက်နှစ်ပါးတို့ကို အကျယ်မရ၊ ကောင်းစွာ မဝေဖန်နိုင်၊ နုတ်၌ ကောင်းစွာ ဖြစ်ခြင်းမရှိ 'ကျေကျေပြွန်ပြွန်မရ'၊ သုတ် 'မာတိကာ' အားဖြင့်ဖြစ်စေ၊ သဒ္ဒါပုဒ်ဗျည်း 'ဝိဘင်းအကျယ်' အားဖြင့်ဖြစ်စေ ကောင်းစွာ မဆုံးဖြတ်နိုင်။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၇)
ရဟန်းတို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။
(ငါးပါးဟူသည်ကား) အာပတ် သင့်သည်ကို သိ၏၊ အာပတ်မသင့်သည်ကို သိ၏၊ ပေါ့သော အာပတ်ကို သိ၏၊ လေးသော အာပတ်ကို သိ၏၊ ထိုရဟန်းသည် ပါတိမောက်နှစ်ပါးတို့ကို အကျယ်အားဖြင့်ရ၏၊ ကောင်းစွာ ဝေဖန်နိုင်၏၊ နုတ်၌ ကောင်းစွာ ဖြစ်ခြင်းရှိ၏ 'ကျေကျေပြွန်ပြွန်ရ၏'၊ သုတ် 'မာတိကာ' အားဖြင့်ဖြစ်စေ၊ သဒ္ဒါ ပုဒ် ဗျည်း 'ဝိဘင်းအကျယ်' အားဖြင့်ဖြစ်စေ ကောင်းစွာ ဆုံးဖြတ်နိုင်၏။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။ (၈)
ရဟန်းတို့ ထိုမှတစ်ပါး အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ငါးပါး ဟူသည်ကား) အာပတ်သင့်သည်ကို မသိ၊ အာပတ်မသင့်သည်ကို မသိ၊ ပေါ့သော အာပတ်ကို မသိ၊ လေးသော အာပတ်ကို မသိ၊ ငါးဝါမပြည့်သေး။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၉)
ရဟန်းတို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။
(ငါးပါးဟူသည်ကား) အာပတ် သင့်သည်ကို သိ၏၊ အာပတ်မသင့်သည်ကို သိ၏၊ ပေါ့သော အာပတ်ကို သိ၏၊ လေးသော အာပတ်ကို သိ၏၊ ငါးဝါ ငါးဝါထက်အလွန်ရှိသည်လည်းဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။ (၁၀)
အင်္ဂါငါးပါးအပေါင်း၌
ဆယ်ခုသောအခန်း ပြီး၏။
၁၀၄။ ရဟန်းတို့ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ခြောက်ပါးဟူသည်ကား) ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် မပြည့်စုံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့်။ပ။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့်။ပ။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်ခြင်း 'ဝိမုတ္တိ' ဂုဏ်နှင့်။ပ။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်သော ဉာဏ်အမြင် 'ဝိမုတ္တိဉာဏဒဿန' ဂုဏ်နှင့် မပြည့်စုံ၊ ငါးဝါမပြည့်သေး။ ရဟန်းတို့ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၁)
ရဟန်းတို့ အင်္ဂါခြောက်ပါးနှင့်ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။
(ခြောက်ပါးဟူသည် ကား) ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်နှင့် ပြည့်စုံ၏၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်နှင့်။ပ။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့်။ပ။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်ခြင်း 'ဝိမုတ္တိ' ဂုဏ်နှင့်။ပ။ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော လွတ်မြောက်သော ဉာဏ် အမြင် 'ဝိမုတ္တိဉာဏဒဿန' ဂုဏ်နှင့် ပြည့်စုံ၏၊ ငါးဝါ ငါးဝါထက် အလွန်ရှိသည်လည်း ဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။ (၂)
ရဟန်းတို့ ထိုမှတစ်ပါး အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ခြောက် ပါးဟူသည်ကား) ယုံကြည်ခြင်း သဒ္ဓါတရားမရှိ၊ အရှက်မရှိ၊ ဒုစရိုက်မှ အကြောက်အလန့်မရှိ၊ ပျင်းရိ၏၊ သတိကင်း၏၊ ငါးဝါမပြည့်သေး။ ရဟန်းတို့ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၃)
ရဟန်းတို့ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။
(ခြောက်ပါးဟူသည် ကား) ယုံကြည်ခြင်း သဒ္ဓါတရားရှိ၏၊ အရှက်ရှိ၏၊ ဒုစရိုက်ကို ကြောက်လန့်၏၊ လုံ့လဝီရိယရှိ၏၊ သတိ တည်မြဲ၏။ ငါးဝါ ငါးဝါထက် အလွန်ရှိသည်လည်း ဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။ (၄)
ရဟန်းတို့ ထိုမှတစ်ပါး အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ခြောက် ပါးဟူသည်ကား) လွန်မြတ်သော သီလပျက်၏၊ လွန်မြတ်သော အကျင့်ပျက်၏၊ လွန်မြတ်သော အယူပျက်၏၊ အကြားအမြင် နည်း၏၊ ပညာမရှိ၊ ငါးဝါမပြည့်သေး။ ရဟန်းတို့ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၅)
ရဟန်းတို့ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။
(ခြောက်ပါး ဟူသည်ကား) လွန်မြတ်သော သီလပျက်စီးခြင်းမရှိ၊ လွန်မြတ်သော အကျင့်ပျက်စီးခြင်းမရှိ၊ လွန်မြတ်သော အယူပျက်စီးခြင်း မရှိ၊ အကြားအမြင်များ၏၊ ပညာရှိ၏၊ ငါးဝါ ငါးဝါထက် အလွန်ရှိသည်လည်း ဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်။ (၆)
ရဟန်းတို့ ထိုမှတစ်ပါး အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။
(ခြောက် ပါးဟူသည်ကား) အာပတ် သင့်သည်ကို မသိ၊ အာပတ် မသင့်သည်ကို မသိ၊ ပေါ့သော အာပတ်ကို မသိ၊ လေးသော အာပတ်ကို မသိ၊ ထိုရဟန်းသည် ပါတိမောက် နှစ်ပါးတို့ကို အကျယ်မရ၊ ကောင်းစွာ မဝေဖန် နိုင်၊ နုတ်၌ ကောင်းစွာ ဖြစ်ခြင်းမရှိ 'ကျေကျေပြွန်ပြွန် မရ'၊ သုတ် 'မာတိကာ' အားဖြင့်ဖြစ်စေ၊ သဒ္ဒါ ပုဒ် ဗျည်း 'ဝိဘင်းအကျယ်' အားဖြင့်ဖြစ်စေ ကောင်းစွာ မဆုံးဖြတ်နိုင်၊ ငါးဝါမပြည့်သေး။ ရဟန်းတို့ ဤအင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ မနေရ။ (၇)
ရဟန်းတို့ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲနေရမည်။
(ခြောက်ပါး ဟူသည် ကား) အာပတ် သင့်သည်ကို သိ၏၊ အာပတ် မသင့်သည်ကို သိ၏၊ ပေါ့သော အာပတ်ကို သိ၏၊ လေးသော အာပတ်ကို သိ၏၊ ထိုရဟန်းသည် ပါတိမောက် နှစ်ပါးတို့ကို အကျယ်ရ၏၊ ကောင်းစွာ ဝေဖန်နိုင်၏၊ နုတ်၌ ကောင်းစွာ ဖြစ်ခြင်းရှိ၏ 'ကျေကျေပြွန်ပြွန်' ရ၏၊ သုတ် 'မာတိကာ' အားဖြင့်ဖြစ်စေ၊ သဒ္ဒါ ပုဒ် ဗျည်း 'ဝိဘင်းအကျယ်' အားဖြင့်ဖြစ်စေ ကောင်းစွာ ဆုံးဖြတ်နိုင်၏၊ ငါးဝါ ငါးဝါထက် အလွန်ရှိသည်လည်း ဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော ရဟန်းသည် အမှီမရှိဘဲ နေရမည်ဟု (မိန့်တော်မူ၏)။ (၈)
အဋ္ဌမ ဘေးမဲ့ဖြစ်နေခြင်းအခန်း
ပြီး၏။