Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

95. Anāpattipannarasakaṃ

Author: my-tipitaka @ visuddhinanda

၁၇၂။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာ သေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကြကုန်။
ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် 'အစုကွဲလျက်' ညီညွတ်၏ဟု မှတ်ထင်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြသည်ရှိသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်း နှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန် အံ့၊
ရဟန်းတို့ ထိုနောက်လာသော ရဟန်းတို့သည် တစ်ဖန် ပါတိမောက်ကို ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊
ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်း နှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ အကြွင်းကို နာရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၂)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာ့သော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့်လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြနေစဉ် အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ အကြွင်းကို နာရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၃)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီး ကာမျှ၌ အခြားသော အလွန်များစွာသော ကျောင်းနေရဟန်း တို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုနောက် လာသော ရဟန်းတို့သည် တစ်ဖန် ပါတိမောက်ကို ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၄)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက် ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပါတိမောက်ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၅)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက် ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက် ပြပြီးကာမျှ၌ အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန် အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြော ကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၆)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့်လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြ ပြီးကာမျှ၌ ပရိသတ်မထသေးမီ အခြားသော အလွန်များစွာသော ကျောင်းနေ ရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ကို ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၇)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်မထသေးမီ အခြားသော အရေအတွက် တူမျှသော ကျောင်း နေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၈)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေ ရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့်လျော်၏၊ ဝိနည်း နှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထိုရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်မထသေးမီ အခြားသော အလွန်နည်းသော ကျောင်းနေ ရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၉)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်း နှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြ ပြီးကာမျှ၌ အချို့သောပရိသတ် ထသွားသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ကို ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁၀)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့ ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏
ထိုရဟန်း တို့ ပါတိမောက်ပြပြီးကာမျှ၌ အချို့သောပရိသတ် ထသွားသော် အခြားသော အရေအတွက်တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်း တို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ်မသင့်။ (၁၁)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြ ပြီးကာမျှ၌ အချို့သောပရိသတ် ထသွားသော် အခြားသော အလွန်နည်းသော ကျောင်းနေ ရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ရဟန်း တို့ ထိုရဟန်းတို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ်မသင့်။ (၁၂)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်အားလုံးထသွားသော် အခြားသော အလွန်များစွာသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ရဟန်းတို့ ထိုရဟန်းတို့သည် တစ်ဖန် ပါတိမောက်ပြရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ် မသင့်။ (၁၃)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်အားလုံးထသွားသော် အခြားသော အရေအတွက် တူမျှသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်း တို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ်မသင့်။ (၁၄)
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါး လေးပါးထက် အလွန်ဖြစ်သော များစွာသော ကျောင်းနေရဟန်းတို့သည် စည်းဝေးကုန်၏၊
ထိုရဟန်းတို့သည် ''အခြားသော မလာသေးသော ကျောင်းနေရဟန်းတို့သည် ရှိကြသေး၏''ဟု မသိကုန်၊ ထိုရဟန်းတို့သည် တရားနှင့် လျော်၏၊ ဝိနည်းနှင့် လျော်၏၊ ဝဂ်ဖြစ်လျက် ညီညွတ်၏ဟု မှတ်ထင်ကုန်လျက် ဥပုသ်ပြုကုန်၏၊ ပါတိမောက်ပြကုန်၏၊
ထို ရဟန်းတို့ ပါတိမောက်ပြပြီးကာမျှ၌ ပရိသတ်အားလုံးထသွားသော် အခြားသော အလွန်နည်းသော ကျောင်းနေရဟန်းတို့သည် လာကုန်အံ့၊
ပြပြီးသော ပါတိမောက်သည် ကောင်းစွာ ပြပြီးမည်၏၊ ထိုရဟန်း တို့၏ အထံ၌ ပါရိသုဒ္ဓိကို ပြောကြားရမည်၊
ပြနှင့်သော ရဟန်းတို့အား အာပတ်မသင့်။ (၁၅)
အာပတ်မသင့်ခြင်းတစ်ဆယ့်ငါးမျိုး ပြီး၏။