Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

66. Āpattiyā adassane ukkhittakavatthūni

Author: my-tipitaka @ visuddhinanda

၁၃၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ခံရ၍ လူထွက်၏၊
ထိုသူသည် တစ်ဖန် ပြန်လာပြီးလျှင် ရဟန်းတို့အား ပဉ္စင်းအဖြစ်ကို တောင်း၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ရဟန်းသည် အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ် ခံရသည်ဖြစ်၍ လူထွက်၏၊
ထိုသူသည် တစ်ဖန် ပြန်လာပြီးလျှင် ရဟန်းတို့အား ပဉ္စင်းအဖြစ်ကို တောင်း၏။
ထိုသူကို ''သင်သည် ထိုအာပတ်ကို ရှုအံ့လော့''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် ရှုပါအံ့ဟု ပြောဆိုငြားအံ့၊ ရှင်ပြုပေးရမည်။
အကယ်၍ အကျွန်ုပ်သည် မရှုအံ့ဟု ပြောဆိုငြားအံ့၊ ရှင်ပြုမပေးရ။
ရှင်ပြုပေးပြီးလျှင် ''သင်သည် ထိုအာပတ်ကို ရှုအံ့လော''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် ရှုပါအံ့ဟု ပြောဆိုငြားအံ့၊ ပဉ္စင်းခံပေးရမည်။
အကယ်၍ အကျွန်ုပ်သည် မရှုအံ့ဟု ပြောဆိုငြားအံ့၊ ပဉ္စင်းခံ မပေးရ။
ပဉ္စင်းခံပေးပြီးလျှင် ''သင်သည် ထိုအာပတ်ကို ရှုအံ့လော''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် ရှုအံ့ဟု ပြောဆိုငြားအံ့၊ သွင်းရမည်။
အကယ်၍ အကျွန်ုပ်သည် မရှုအံ့ဟု ပြောဆိုငြားအံ့၊ မသွင်းရ။
သွင်းပေးပြီးလျှင် ''ထိုအာပတ်ကို သင်ရှုလော့''ဟု ပြောဆိုရမည်။
အကယ်၍ ရှုငြားအံ့၊ ကောင်း၏။
အကယ်၍ မရှုငြားအံ့၊ (သံဃာ၏) ညီညွတ်ခြင်းကို ရသည်ရှိသော် တစ်ဖန် နှင်ထုတ်ရမည်။
(သံဃာ၏) ညီညွတ်ခြင်းကို မရသည်ရှိသော် အတူသုံးဆောင်ခြင်း အတူပေါင်းသင်းခြင်းတို့ကြောင့် အာပတ် မသင့်။
ရဟန်းတို့ ရဟန်းသည် အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ်ခံရ၍ လူထွက်၏၊
ထိုသူသည် တစ်ဖန် ပြန်လာပြီးလျှင် ရဟန်းတို့အား ပဉ္စင်းအဖြစ်ကို တောင်း၏၊
ထိုသူကို ''သင်သည် ထိုအာပတ်ကို ကုစားအံ့လော''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် ကုစားအံ့ဟု ပြောဆိုငြားအံ့၊ ရှင်ပြုပေးရမည်။
အကယ်၍ အကျွန်ုပ်သည် မကုစားအံ့ဟု ပြောဆိုငြားအံ့၊ ရှင်ပြုမပေးရ။
ရှင်ပြုပေးပြီးလျှင် ''သင်သည် ထိုအာပတ်ကို ကုစားအံ့လော''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် ထိုအာပတ်ကို ကုစားပါအံ့ဟု ပြောဆိုငြားအံ့၊ ပဉ္စင်းခံပေးရမည်။
အကယ်၍ အကျွန်ုပ်သည် ထို အာပတ်ကို မကုစားအံ့ဟု ပြောဆိုငြားအံ့၊ ပဉ္စင်းခံမပေးရ။
ပဉ္စင်းခံပေးပြီးလျှင် ''သင်သည် ထိုအာပတ်ကို ကုစားအံ့လော''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် ကုစားပါအံ့ဟု ပြောဆိုငြားအံ့၊ သွင်းရမည်။
အကယ်၍ အကျွန်ုပ်သည် မကုစားအံ့ဟု ပြောဆိုငြား အံ့၊ မသွင်းရ။
သွင်းပေးပြီးလျှင် ''ထိုအာပတ်ကို သင်ကုစားလော့''ဟု ပြောဆိုရမည်။
အကယ်၍ ကုစားငြားအံ့၊ ကောင်း၏။
အကယ်၍ မကုစားငြားအံ့၊ (သံဃာ၏) ညီညွတ်ခြင်းကို ရသည်ရှိသော် တစ်ဖန် နှင်ထုတ်ရ မည်။
(သံဃာ၏) ညီညွတ်ခြင်းကို မရသည်ရှိသော် အတူသုံးဆောင်ခြင်း အတူပေါင်းသင်းခြင်းတို့ကြောင့် အာပတ် မသင့်။
ရဟန်းတို့ ရဟန်းသည် ယုတ်ညံ့သော မိစ္ဆာအယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်ခံရ၍ လူထွက်၏၊
ထိုသူသည် တစ်ဖန် ပြန်လာပြီးလျှင် ရဟန်းတို့အား ပဉ္စင်းအဖြစ်ကို တောင်း၏၊
ထိုသူကို ''သင်သည် ထိုယုတ်ညံ့သော မိစ္ဆာအယူကို စွန့်အံ့လော''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် စွန့်ပါအံ့ဟု ပြော ဆိုငြားအံ့၊ ရှင်ပြုပေးရမည်။
အကယ်၍ အကျွန်ုပ်သည် မစွန့်အံ့ဟု ပြောဆိုငြားအံ့၊ ရှင်ပြုမပေးရ။
ရှင်ပြုပေးပြီးလျှင် ''သင်သည် ထိုယုတ်ညံ့သော မိစ္ဆာအယူကို စွန့်အံ့လော''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် ထိုမိစ္ဆာအယူကို စွန့်ပါအံ့ဟု ပြောဆိုငြားအံ့၊ ပဉ္စင်းခံပေးရမည်။
အကယ်၍ အကျွန်ုပ်သည် ထိုမိစ္ဆာအယူကို မစွန့်အံ့ဟု ပြောဆိုငြားအံ့၊ ပဉ္စင်းခံမပေးရ။
ပဉ္စင်းခံပေးပြီးလျှင် ''သင်သည် ထိုယုတ်ညံ့သော မိစ္ဆာအယူကို စွန့်အံ့လော''ဟု မေးရမည်။
အကယ်၍ အကျွန်ုပ်သည် စွန့်ပါအံ့ဟု ပြောဆိုငြားအံ့၊ သွင်းရမည်။
အကယ်၍ အကျွန်ုပ်သည် မစွန့်အံ့ဟု ပြောဆိုငြားအံ့၊ မသွင်းရ။
သွင်းပေးပြီးလျှင် ''ထိုမိစ္ဆာအယူကို သင် စွန့်လော့''ဟု ပြောဆိုရမည်။
အကယ်၍ စွန့်ငြားအံ့၊ ကောင်း၏။
အကယ်၍ မစွန့်ငြားအံ့၊ (သံဃာ၏) ညီညွတ်ခြင်းကို ရသည်ရှိသော် တစ်ဖန် နှင်ထုတ်ရမည်။
(သံဃာ၏) ညီညွတ်ခြင်းကို မရသည်ရှိသော် အတူသုံးဆောင်ခြင်း အတူပေါင်းသင်းခြင်းတို့ကြောင့် အာပတ် မသင့်ဟု (မိန့်တော်မူ၏)။
ရှေးဦးစွာသော မဟာခန္ဓက ပြီး၏။