၁၈၂။ ရဟန်းတို့ ဥပုသ်နေ့၌ ရဟန်းရှိသော ကျောင်းမှ ပေါင်းသင်းဆက်ဆံမှုတူသော ရဟန်းရှိသော ကျောင်းသို့ ''နေ့ချင်းပြန် ရောက်နိုင်သည်''ဟု သိငြားအံ့၊ သွားအပ်၏။
ရဟန်းတို့ ဥပုသ်နေ့၌ ရဟန်းရှိသော ကျောင်းမှ။ပ။ ပေါင်းသင်းဆက်ဆံမှုတူသော ရဟန်းရှိသော ကျောင်းသို့ဖြစ်စေ၊ ဇရပ်တန်ဆောင်းစသည်သို့ဖြစ်စေ ''နေ့ချင်းပြန် ရောက်နိုင်သည်''ဟု သိငြားအံ့၊ သွား အပ်၏။
ရဟန်းတို့ ဥပုသ်နေ့၌ ရဟန်းရှိသော ဇရပ်တန်ဆောင်းစသည်မှ ပေါင်းသင်းဆက်ဆံမှုတူသော ရဟန်းရှိသော ကျောင်းသို့။ပ။ ဇရပ်တန်ဆောင်းစသည်သို့။ပ။ ပေါင်းသင်းဆက်ဆံမှုတူသော ရဟန်းရှိသော ကျောင်းသို့ဖြစ်စေ၊ ဇရပ်တန်ဆောင်းစသည်သို့ဖြစ်စေ ''နေ့ချင်းပြန် ရောက်နိုင်သည်''ဟု သိငြားအံ့၊ သွားအပ်၏။
ရဟန်းတို့ ဥပုသ်နေ့၌ ရဟန်းရှိသော ကျောင်းမှဖြစ်စေ ဇရပ်တန်ဆောင်းစသည်မှဖြစ်စေ ပေါင်း သင်းဆက်ဆံမှုတူသော ရဟန်းရှိသော ကျောင်းသို့။ပ။ ဇရပ်တန်ဆောင်းစသည်သို့။ပ။ ပေါင်းသင်းဆက် ဆံမှုတူသော ရဟန်းရှိသော ကျောင်းသို့ဖြစ်စေ၊ ဇရပ်တန်ဆောင်းစသည်သို့ဖြစ်စေ ''နေ့ချင်းပြန် ရောက် နိုင်သည်''ဟု သိငြားအံ့၊ သွားအပ်၏။