问题
选择版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

9. Anupubbābhisamayakathāvaṇṇanā

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၃၃၉။ ဣဒါနိ၊ ကုက္ကုဠကထာကို ပြပြီးရာ ယခုအခါ၌။ အနုပုဗ္ဗာဘိသမယကထာနာမ၊ အစဉ်အတိုင်း သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းကို ဆိုရာ ကထာမည်သည်။ ဟောတိ၊
တတ္ထ၊ ထိုအနုပုဗ္ဗာဘိ သမယ ကထာ၌။ ဧတရဟိ၊
အန္ဓက၊ ပေ၊ ဘဒြယာနိကာနံ၊ အန္ဓက ဂိုဏ်းသား, သဗ္ဗတ္ထိကဂိုဏ်းသား, သမ္မိတိယ ဂိုဏ်းသား ဘဒြယာနိက ဂိုဏ်းသားတို့၏။ (လဒ္ဓိ) သေယျထာပိ၊ ကဲ့သို့။ (ဧဝံ)၊ ယေသံ၊ အကြင်ပရဝါဒီတို့၏။
ကမ္မာရော၊ ‌‌ရွှေပန်းထိမ်သည်သည်။ ရဇတဿ၊ ရွှေ၏။ (မလံ၊ အညစ်အကြေးကို။ နိဒ္ဓမတိ)ဣဝ၊ မှုတ်လွှင့်သကဲ့သို့။ (ဧဝံ၊ တူ။) မောဓာဝီ၊ အဆီအနှစ် ပညာစစ်ရှိသူသည်။ အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ ထောကံ ထောကံ၊ အနည်းငယ်အနည်းငယ်။ ခဏေခဏေ၊ ခဏတိုင်း ခဏတိုင်း။ အတ္တနော၊ မိမိ၏။ မလံ၊ ကိလေသာ အညစ်အကြေးကို။ နိဒ္ဓမေ၊ မှုတ်လွှင့်ရာ၏။
ဣတိအာဒီနိ၊ ဤသို့အစရှိကုန်သော။ သုတ္တာနိ၊ တို့ကို။ အယောနိသော၊ အားဖြင့်။ ဂဟေတွာ၊ ၍။ သောတာပတ္တိ သစ္ဆိကိရိယာယ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ။ ပဋိပန္နော၊ ကျင့်သော ပုဂ္ဂိုလ်သည်။ ဧကစ္စေ၊ အချို့ကုန်သော။ ကိလေသေ၊ တို့ကို။ ဒုက္ခဒဿနေန၊ ဒုက္ခသစ္စာကို မြင်ခြင်းအားဖြင့်။ ပဇဟတိ၊ စွန့်၏။ ဧကစ္စေ၊ ကုန်သော။ (ကိလေသေ) သမုဒယ (ဒဿနေန)၊ သမုဒယသစ္စာကို မြင်ခြင်းအားဖြင့်။ (ပဇဟတိ)၊ (ဧကစ္စေကိလေသေ) နိရောဓ (ဒဿနေန)၊ နိရောဓ သစ္စာကို မြင်ခြင်း အားဖြင့်။ (ပဇဟတိ၊ ) (ဧကစ္စေ ကိလေသေ) မဂ္ဂဒဿနေန၊ မဂ္ဂ သစ္စာကို မြင်ခြင်းအားဖြင့်။ (ပဇဟတိ)၊ [ပေယျာလကို ဖော်ပေးသည်။] ဣတိဧဝံ၊ သို့။ သောဠသဟိ၊ တဆယ့် ‌ခြောက်ပါး ကုန်သော။ ကောဋ္ဌာသေဟိ၊ အဘို့အစုတို့ဖြင့်။ ၁။ သောဠသဟိ။ မဂ်တပါးဖြင့် ဒုက္ခသစ္စာကို မြင်ခြင်း, သမုဒယ သစ္စာကို မြင်ခြင်း, နိရောဓသစ္စာကို မြင်ခြင်း, မဂ္ဂသစ္စာကို မြင်ခြင်းအားဖြင့် ကိလေသာတို့ကို လေးကြိမ် ပယ်ရသောကြောင့် မဂ် ၄-ပါးအတွက် "သောဠသဟိ ကောဋ္ဌာသေဟိ အနုပုဗ္ဗေန ကိလေသပ္ပဟာနံ ကတွာ”ဟု ဆိုသည်။ ထို့ကြောင့်ပင် “အနုပုဗ္ဗ- အစဉ် အတိုင်း အဘိသမယ- သစ္စာ ၄-ပါးကို ထိုးထွင်း၍ သိခြင်း” အယူဖြစ်သည်။ အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ ကိလေသပ္ပဟာနံ၊ ကိလေသာတို့ကို ပယ်ခြင်းကို။ ကတွာ၊ ၍။ အရဟတ္တပဋိလာဘော၊ အရဟတ္တဖိုလ်ရခြင်းသည်။ ဟောတိ၊ ဣတိ ဧဝရူပါ၊ ဤသို့ သဘောရှိသော။ နာနာဘိသမယလဒ္ဓိ၊ အထူးထူးသော ထိုးထွင်း၍ သိ၏ဟု ပြောဆိုကြောင်း အယူသည်။ ဥပ္ပန္နာ၊ ဖြစ်ပြီ။
တေသံ၊ ထိုပရဝါဒီတို့၏။ လဒ္ဓိဝိဝေစနတ္ထံ၊ ငှာ။ **အနုပုဗ္ဗာဘိသမယော**တိ၊ အစရှိသော။ ပုစ္ဆာ သကဝါဒိဿ၊ ပဋိညာ ဣတရဿ၊
ပန၊ ကား။ **အနုပုဗ္ဗေန သောတာပတ္တိမဂ္ဂန္တိ**၊ ဟူ၍။ ပုဋ္ဌော၊ (သမာနော)၊ ဧကဿ၊ တပါးသော။ မဂ္ဂဿ၊ ၏။ ဗဟုဘာဝါပတ္တိ ဘယေန၊ များသည်၏ အဖြစ်သို့ ရောက်ခြင်းမှ ကြောက်ခြင်းကြောင့်။ ပဋိက္ခိပတိ၊
ဒုတိယံ၊ မြောက်။ ပုဋ္ဌော (သမာနော)၊ ဒုက္ခဒဿနာဒိဝသေန၊ ဒုက္ခ သစ္စာကို မြင်ခြင်းအစရှိသည်တို့၏အစွမ်းဖြင့်။ ပဋိဇာနာတိ၊

ဝါ၊ တနည်း။ စတ္တာရိပိ၊ လေးပါးလည်းဖြစ်ကုန်သော။ တာနိ ဉာဏာနိ၊ ထိုဒုက္ခ ဒဿန အစရှိသော ဉာဏ်တို့သည်။ ဧကော၊ သော။ သောတာပတ္တိမဂ္ဂေါယေဝ၊ သောတာပတ္တိမဂ်ချည်းသာတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ပဋိဇာနာတိ၊

[အကြိမ်များ သော်လည်းသောတာပတ္တိမဂ်တပါးပင် ဖြစ်သောကြောင့် ဝန်ခံသည်။] ပန၊ ကား။ ဖလံ၊ ဖိုလ်ကို။ ဧကမေဝ၊ တပါးတည်းကိုသာ။ ဣစ္ဆတိ၊ တသ္မာ၊ ကြောင့်။ ပဋိက္ခိပတိ၊

["အနုပုဗ္ဗေန သောတာပတ္တိဖလံ သစ္ဆိကရောတိ" ဟုမေးသော အခါ "နဟေဝံ ဝတ္တဗ္ဗေ"ဟုပယ်သည်။]

သကဒါဂါမိမဂ္ဂါဒီသုပိ၊ သကဒါဂါမိမဂ်အစရှိသည်တို့၌လည်း။ ဧသေဝနယော၊ တည်း။

၃၄၄။ **‌မဂ္ဂေ။ ပေ။ ဌိတော**တိ ပဉှေ၊ အစရှိသော ပြဿာနာ၌။ ယသ္မာ၊ ကြောင့်။ ဒုက္ခဒဿနာဒီဟိ၊ ဒုက္ခ သစ္စာကို မြင်ခြင်း အစရှိသည် တို့ဖြင့်။ ဒဿနံ၊ မြင်ခြင်းကိစ္စသည်။ အပရိနိဋ္ဌိတံ၊ မပြီးဆုံးသေး။ မဂ္ဂဒဿနေန၊ မဂ်ကို မြင်ခြင်းအားဖြင့်။ ပရိနိဋ္ဌိတံနာမ၊ ပြီးဆုံးသည်မည်သည်။ ဟောတိ၊

[ဒုက္ခဒဿန သမုဒယဒဿန နိရောဓဒဿန တို့ပြီးမှ မဂ္ဂဒဿန ဖြစ်၏။ ထို့ကြောင့် "မဂ္ဂဒဿနေန ပရိနိဋ္ဌိတံနာမ"ဟုဆိုသည်။] တဒါ၊ မြင်ခြင်း ကိစ္စပြီးစီးရာ ထိုအခါ၌။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဖလေ၊ သောတာပတ္တိဖိုလ်၌။ ဌိတော၊ တည်ပြီ။ ဣတိ၊ သို့။ သင်္ခံ၊ ခေါ်ဝေါ် အပ်သည်၏ အဖြစ်ကြောင့်။ ဂစ္ဆာတိ၊ တသ္မာ ပဋိဇာနာတိ၊ ၁။ တာနိဝါ။ ပေ။ မဂ္ဂေါ ယေဝါတိ။ ။ဒုက္ခ သစ္စာကို သိမြင်တတ်သောဉာဏ်, သမုဒယသစ္စာကို, နိရောဓသစ္စာကို, မဂ္ဂသစ္စာကို သိမြင်တတ်သော ဉာဏ် အားဖြင့် ဉာဏ်လေးပါးပြားသော်လည်း မဂ်ကား သောတာပတ္တိမဂ် တပါးသာ ဖြစ် သောကြောင့် “အနုပုဗ္ဗေန သောတာပတ္တိမဂ္ဂံ ဘာဝေတိ-လော”ဟု ဒုတိယမေးသော အခါ “အာမန္တာ”ဟု ဝန်ခံသည်။ ဆိုလိုရင်းကား-သစ္စာ ၄-ပါးကို ၄-ကြိမ် သိရ သော်လည်း မဂ်မများတော့။ သောတာပတ္တိမဂ်တပါးသာ ဖြစ်သည် ဟူလို။

၃၄၅။ **ဒုက္ခေ။ ပေ။ သစ္စာနီ**တိ၊ အစရှိသော။ ပုစ္ဆာ ပရဝါဒိဿ၊ ဧကာဘိသမယဝသေန၊ တခုတည်းသော ထိုးထွင်း၍ သိခြင်း၏ အစွမ်းဖြင့်။ ပဋိညာ သကဝါဒိဿ၊
ပုန၊ တဖန်။ **ဒုက္ခသစ္စံ။ ပေ။ သစ္စာနီ**တိ၊ အစရှိသော။ အနုယောဂေ၊ မေးစိစစ်ခြင်း၌။ စတုန္နမ္ပိ၊ လေးပါးလည်း ဖြစ်ကုန်သောသစ္စာတို့၏။ နာနာသဘာဝတ္တာ၊ မတူထူးခြားသော သဘော ရှိကုန်သည်၏ အဖြစ်ကြောင့်။ ပဋိက္ခေပေါ၊ သည်။ တဿေဝ၊ ထိုသကဝါဒီ ၏ ပင် ပယ်ခြင်းတည်း။
**ရုပက္ခန္ဓေ။ ပေ။ ဒိဋ္ဌေ**တိ ပုစ္ဆာ သကဝါဒိဿ၊ သမုဒ္ဒတော၊ မှ။ ဧကဗိန္ဒုဿ၊ တခုသော ရေပေါက်၏။ ရသေ၊ အရသာကို။ ပဋိဝိဒ္ဓေ၊ ထိုးထွင်း၍ သိအပ်ပြီးသော်။ (ငန်မှန်းသိပြီးသော်။) သေသဥဒကဿ၊ မဟာသမုဒ္ဒရာဝယ် ကြွင်းသောရေကို။ ပဋိဝေဓောဝိယ၊ ထိုးထွင်း၍ သိခြင်းကဲ့သို့။ ဧကဓမ္မေ၊ တခုသော တရားကို။ အနိစ္စာဒိတော၊ အနိစ္စ အစရှိသော အားဖြင့်။ ပဋိဝိဒ္ဓေ၊ ထိုးထွင်း၍ သိအပ်သော်။ သဗ္ဗေပိ၊ အလုံးစုံသော တရားတို့သည်လည်း။ ဝါ၊ တို့ကိုလည်း။ ပဋိဝိဒ္ဓါ၊ ထိုးထွင်း၍ သိအပ်ကုန်သည်။ ဟောန္တိ၊ ဣတိ လဒ္ဓိယာ၊ ဤသို့သောအယူကြောင့်။ ပဋိညာ ပရဝါဒိဿ၊
**ဟတူဟိ ဉာဏေဟီ**တိ၊ ကား။ ဒုက္ခေ၊ ဒုက္ခသစ္စာ၌။ ဉာဏာဒီဟိ၊ သိခြင်းအစရှိသည်တို့ဖြင့်။ (သောတာပတ္တိဖလံ သစ္ဆိကရောတိ)၊
**အဋ္ဌဟိ ဉာဏေဟီ**တိ၊ ကား။ သာဝကာနံ၊ တို့၏။ ဝါ၊ တို့နှင့်။ သာဓာရဏေဟိ၊ တူသောဆောင်ခြင်းရှိကုန်သော။ ဝါ၊ ဆက်ဆံကုန််သော။ သစ္စဉာဏေဟိ၊ သစ္စဉာဏ်တို့ဖြင့်၎င်း။ (သစ္စာ ၄-ပါးကို သိသောဉာဏ် ၄-ပါးတို့ဖြင့်၎င်း)။ ပဋိသမ္ဘိဒါဉာဏေဟိစ၊ တို့ဖြင့်၎င်း။ (သောတာပတ္တိဖလံ သစ္ဆိကရောတိ)၊
**ဒွါဒသဟိ ဉာဏေဟီ**တိ၊ ကား။၁။ ဧကာဘိသမယဝသေန။ ။ သစ္စာ ၄-ပါးကို အဘယ်နည်းဖြင့် တကြိမ် တည်း ထိုးထွင်း၍ သိသနည်းဟု မေးဘွယ်ရှိ၏။ မဂ်ခဏ၌ နိရောဓ သစ္စာကို အာရုံပြု သောအားဖြင့် ထိုးထွင်း၍သိ၏။ ကြွင်းသစ္စာ ၃-ပါးကို “အသမ္မောဟ ပဋိဝေဓ (တွေ ဝေခြင်းမရှိပဲ နားလည်ပြီး ဖြစ်သောအားဖြင့်)” ထိုးထွင်း၍ သိ၏။ ဤသို့ အားဖြင့် သစ္စာ ၄-ပါးကို တကြိမ်တည်းဖြင့် သိနိုင်ပါသည်။ "အသမ္မောဟ ပဋိဝေဓ” ဟူသည် ရုပ်နာမ် ခန္ဓာကို ဒုက္ခဟု နားလည်ခြင်း ဇာတိ စသည်ကို ဒုက္ခဟု နားလည်ခြင်းသည် မတွေမဝေ သိခြင်း ဟူသော “အသမ္မောဟ ပဋိဝေဓ"တည်း။ သမုဒယသစ္စာ စသည် ကိုလည်း ဤ နည်းအတိုင်း မှတ်ပါ။
၂။ ပဋိသမ္ဘိဒါဥာဏေဟိ စ။ ။"အဋ္ဌ ဥာဏေဟိ သောတာပတ္တိဖလံ သစ္ဆိကရောတိ-လော” ဟူသော ပြဿနာကို “အာမန္တာ''ဟု ပရဝါဒီဝန်ခံ၏။ ထို အဋ္ဌဟိ ဉာဏေဟိ အရဝယ် သစ္စာ ၄-ပါးကို သိသော ဥာဏ် ၄-ပါး ပဋိသမ္ဘိဒါ ဉာဏ် ၄-ပါးကို အဋ္ဌကထာဆရာ သရုပ်ဖော်ရာ၌ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်သည် သဒ္ဒါကို အာရုံပြု၏။ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လည်း အတ္ထ, ဓမ္မ နိရုတ္တိတို့ကို အာရုံပြု၏။ ထို့ကြောင့် ထို ဉာဏ်တို့ဖြင့် သောတာပတ္တိဖိုလ်ကို အဘယ်မှာ မျက်မှောက်ပြုနိုင် အံ့နည်း”ဟု ဆိုသည်။ ထို့ကြောင့် "ထို စကားကို စိစစ်ထိုက်သည်”ဟု ဋီကာဆိုသည်။ [အနုဋီကာအဆိုကို ဋီကာအဓိပ္ပါယ်၌ ပြထား၏။]
ဒွါဒသင်္ဂပဋိစ္စသမုပ္ပါဒဉာဏေဟိ၊ တဆယ့်နှစ်ပါးသောအင်္ဂါရှိသော ပဋိစ္စသမုပ္ပါဒဉာဏ်တို့ဖြင့်။ (သောတာပတ္တိဖလံ သစ္ဆိကရောတိ)၊
**စတုစတ္တာရီသာယ ဉာဏေဟီ**တိ၊ ကား။ ဇရာမရဏေ၊ ၌။ ဉာဏံ၊ ဖြစ်သောဉာဏ်၎င်း။ ဇရာမရဏသမုဒယေ၊ ဇရာမရဏတို့၏ဖြစ်ကြောင်း သမုဒယသစ္ာ၌။ ဉာဏံ၊ ၎င်း။ ဣတိဧဝံ၊ သို့။ နိဒါနဝဂ္ဂေ၊ ၌။ ဝုတ္တဉာဏေဟိ၊ ဟော‌တော်မူအပ်သော ဉာဏ်တို့ဖြင့်။ (သောတာပတ္တိဖလံ သစ္ဆကရောတိ)၊
**သတ္တသတ္တတိယာ ဉာဏေဟီ**တိ၊ ကား။ ဘိက္ခဝေ၊ တို့။ ဇရာမရဏံ၊ သည်။ အနိစ္စံ၊ မမြဲ။ သင်္ခတံ၊ အကြောင်းတရားတို့သည် ပြုစီမံအပ်၏။ ပဋိစ္စသမုပ္ပန္နံ၊ အကြောင်းကိုစွဲ၍ ဖြစ်၏။ ခယဓမ္မံ၊ ကုန်ခြင်းသဘောရှိ၏။ ဝယဓမ္မံ၊ ပျက်ခြင်းသဘောရှိ၏။ ဝိရာဂဓမ္မံ၊ စက်ဆုပ်ခြင်းသဘောရှိ၏။ နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏။ ဣတိ ဧဝံ၊ သို့။ တတ္ထေဝ၊ ထိုနိဒါနဝဂ်၌ပင်။ ဝုတ္တညာဏေဟိ၊ ဟောတော်မူအပ်သောဉာဏ်တို့ဖြင့်။ (သောတာပတ္တိဖလံသစ္ဆိကရောတိ)၊
ဧတ္ထ၊ ဤအနုပုဗ္ဗာဘိသမယကထာ၌။ သေသံ၊ ကို။ သုတ္တသာဓနေန၊ နင့်။ သဒ္ဓိံ ပါဠိနယေနေဝ ဝေဒိတဗ္ဗံ၊ ဣတိ၊ အပြီးတည်း။
အနုပု‌ဗ္ဗာဘိသမယကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ)၊