၂။ ယသ္မာ ။ ပေ ။ အနုပဝိဋ္ဌာ။ ။ပရဝါဒိပုဂ္ဂိုလ်သည် နှမ်း၌ ဆီသည် သက်ဝင်၍ တည်နေသကဲ့သို့ သညာ အစရှိသော တရားတို့၌ ဝေဒနာ အစရှိသော တရားတို့သည် သက်ဝင်၍တည်နေကုန်၏။ နှစ်ခု သုံးခု စသည် ခွဲနေသော အရာဝတ္ထုများ ယှဉ်နေကြသကဲ့သို့ သမ္ပယုတ်အဖြစ်ဖြင့် ဝေဒနာ သညာ အစရှိသည်တို့ ယှဉ်တွဲနေကြသည် မဟုတ်။ ထို့ကြောင့် စာအုပ်တို့၌ န ဝေဒနာဒယော-ဟု န သဒ္ဒါပါနေခြင်းသည် ပရဝါဒီ၏ အလိုနှင့် မလျော် ဟု ထင်သည်။ ထို့ပြင် နောက်ဝါကျရှိ တသ္မာ ကို အနက်ကျယ်စွဲသောအခါ “နှမ်း၌ ဆီတည်သကဲ့သို့ သညာ အစရှိသည်တို့၌ ဝေဒနာ အစရှိသည်တို့၏ သက်ဝင်၍ တည်နေကုန်သည်၏ အဖြစ်ကြောင့်”ဟု စွဲမှ ဝါကျထုံးစံလည်း ကျ၏။ နောက်၌ “နတ္ထိ သမ္ပယုတ္တာဟူသော စကားနှင့်လည်း လျော်၏။
တတ္ထ၊ ထိုစေတသိက ကထာ၌။
ယသ္မာ ဖဿိကာဒယော နာမ၊ ဖဿိက အစရှိသောတရားတို့မည်သည်။၁။ တေလေ နိဗ္ဗတ္တေတွာ။ ။နိဗ္ဗတ္တိတ ပရမတ္ထဝသေန၌ နိဗ္ဗတ္တ သဒ္ဒါသည် ပညတ်မှ နစ်စေခြင်း, ပညတ်မှ အသီးအခြား ထုတ်နုတ်ခြင်းအနက်ကို ဟောသကဲ့သို့ ဆီကိုလည်း နှမ်းမှ အသီးအခြား ထုတ်ခြင်းကို “တေလေ နိဗ္ဗတ္တေတွာ ဂဟိတေ”ဟု ဆိုသည်။ ဂဟိတေနှင့် လိုက်လျောအောင် “တေလေ”ဟုလည်း ပါဌ်ရှိရမည်။ စာအုပတို့၌“တိလံ”ဟုနှမ်းအနက်ဟောပုဒ်ကိုတွေ့ရသော်လည်း နိဗ္ဗတ္တေတွာနှင့်မလိုက်လျောပါ။ [ရှေးနိဿယ၌ကား"တိလံ-နှမ်းကို၊ နိဗ္ဗတ္တေတွာ-ညှစ်၍”ဟု အနက်ပေးပြီးလျှင် ဂဟိတေအတွက် “တေလေ”ဟု ပါဌသေသ ထည့်လေ၏။]
၂။ ဖဿိကာဒယော။ ။ဤ၌ အာဒိ သဒ္ဒါသည် ဝဝတ္ထာဝါစီ(ဝိ+အဝတ္ထာဝါစီ)အသီးအသီး ပိုင်းခြားကန့်သတ် အပ်ပြီးသော အနက်ကိုဟော၏။ ဆိုလိုရင်းကား ဖဿ ဝေဒနာ သညာ စသော စေတသိက်တရားတို့သည် ရုပ်တရားတို့မှ အသီးအခြား ခွဲပြီးသားဖြစ်၏။ထိုသို့ အသီးအခြား ခွဲပြီးသား တရားတို့ကို ယူဖို့ရန် အာဒိ သဒ္ဒါကဟောသည်။ ထို့ကြောင့် ဖဿိက, ဝေဒနိက, သညိက စသည်ဖြင့် ယူပါ။ အသီးအခြား ခွဲရာတွင် မပါသော ရုပ်တရားများကို မယူပါနှင့် ဟူလို။ [ဖဿိကာဒယောတိဧတ္ထ အာဒိသဒ္ဒေါ ဝဝတ္ထာဝါစီ။ တေန စိတ္တုပ္ပါဒဒေသနာယံ ( ဓမ္မသင်္ဂဏီစိတ္တုပ္ပါဒ သဒ္ဒါက ဒေသနာတော်၌) ဒဿိတပ္ပဘေဒါ ဝေဒနာဒယော ဂယှန္တိ၊ န တံ သမုဋ္ဌာနာရူပဓမ္မာဟိ အာဟ “ဧကုပ္ပါဒတာဒိဝိရဟိတာ သဟဇာတတာ နတ္ထီ”တိ။--အနု။]
နတ္ထိ၊ မရှိကုန်။ တသ္မာ။ စေတသိကေနာပိ၊ စေတသိကမည်သော တရားသည်လည်း။ နဘဝိတဗ္ဗံ၊ မဖြစ်ထိုက်။ ဣတိ၊ ကြောင့်။ စေတသိကော၊ စေတသိကမည်သော။ ဓမ္မော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ရာဇဂိရိကသိဒ္ဓတ္ထိကာနံ(လဒ္ဓိဟောတိ) သေယျထာပိ၊
အထ၊ ဝန်ခံရာ ထိုအခါ၌။ နံ၊ ထိုပရဝါဒီကို။ ဒေယျဓမ္မဝသေန၊ ပေးလှူထိုက်သော သဘောရှိသော ပစ္စည်း၏အဖြစ်ဖြင့်။ စောဒေတုံ၊ ငှာ။ **လဗ္ဘာ**တိ၊ လဗ္ဘာ အစရှိသော။ ပုစ္ဆာ သကဝါဒိဿ။ အန္နာဒီနိ ဝိယ၊ စားဖွယ် အစရှိသော လှူဖွယ်ဝတ္ထုတို့ကဲ့သို့။ ၁။ ဒေယျဓမ္မ။ ပေ။ စောဒေတုံ။ ။ "ဒါနဟူသည် စေတသိက်သာတည်း"ဟု ပရဝါဒီ အယူရှိ၏။ ထိုစေတသိကဒါနကို သူတပါးအား ဒေယျဓမ္မ(အလှူပစ္စည်း) အဖြစ်ဖြင့် လှူခြင်းငှာ ရကောင်းပါသလား"ဟု စောဒနာခြင်းငှာ" လဗ္ဘာ စေတသိကော ဓမ္မော ပရေသံ ဒါတုံ"ဟူသော ဒုတိယပြဿနာကို သကဝါဒီ ဆိုသည်။
သော၊ ထို စေတသိက်သည်။ ဒါတုံ၊ ငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ကြောင့်။ ပဋိက္ခေပေါ ဣတရဿ၊
၂။ ဒါနဘာဝဒီပနတ္ထံ ။ပေ။ န ဝုတ္တံ။ ။စာအုပ်တို့၌ နသဒ္ဒါမပါသော်လည်း ဋီကာ၌ “န ဝုတ္တံ'ဟု န သဒ္ဒါပါ၏။ ရှေး အဋ္ဌကထာနိဿယ၌လည်း “န ဝုတ္တံ”ဟု န သဒ္ဒါ ပါသည်။ ဤသို့ န သဒ္ဒါ ပါမှလည်း ဗျတိရေကဝါကျဖြစ်၍ “ဣဋ္ဌဖလဘာဝနိယမနတ္တံ ပနေတံ ဝုတ္တ”ဟူသော အနွယဝါကျနှင့် အမြီးအမောက် တည့်သည်။ ဒါနဘာဝဒီပနတ္ထံကို ဋီကာ၌ “ဖလဒါနဘာဝဒီပနတ္ထံ”ဟု၎င်း, အနူဋီကာ၌ “ဖလဒါနသဗ္ဘာဝဒီပနတ္ထံ”ဟု၎င်း ဖွင့်၏၊ ထို အဖွင့်အတိုင်း နိဿယ၌ အနက်ပေးရသည်။ ဆိုလိုရင်းကား-အနိဋ္ဌဖလံ စသော စကားကို စေတသိက် မဟုတ်သော အန္နာဒိဓမ္မ၏ ဖလဒါနသဘောရှိသည်၏ အဖြစ်ကို ပြခြင်းငှါ ဆိုအပ်သည်မဟုတ်ပါဟူလို။ မည်သည့်အကျိုးငှါ ဆိုအပ်ကြောင်းကို အနွယဝါကျဖြင့် ပြလိမ့်မည်။
၃။ န ဟိ ။ပေ။ ဝိပါကံ ဒေတိ။ ။ဤဝါကျသည် ရှေးဝါကျ၏ ဒဠှီကရဏ ဝါကျတည်း။ တနည်း-ရှေး ဝါကျ၏ ဟေတု ဝါကျတည်း၊ စေတသိက် မဟုတ်သောအန္နာဒိဓမ္မသည် နောင်အခါ၌ အကျိုးကို တိုက်ရိုက်မပေးနိုင်။ ထိုကြောင့် အနိဋ္ဌဖလံစသောစကားကို အစေတသိကအန္နာဒိဓမ္မ၏ ဖလဒါနသဘောရှိသည်၏အဖြစ်ကို ပြခြင်းငှာဆိုအပ်သည် မဟုတ်ပါ-ဟူလို။ (တသ္မာ အနိဋ္ဌဖလန္တိအာဒိ ။ ပေ ။ န ဝုတ္တံ။) ပန၊ အဟုတ်ကား။ ဣဋ္ဌဖလဘာဝနိယမနတ္ထံ၊ ဣဋ္ဌ အကျိုးရှိသည်၏ အဖြစ်ကိုအမြဲသတ်မှတ်ခြင်းအကျိုးငှါ။ ဧတံ၊ ဤ အနိဋ္ဌဖလံအစရှိသော စကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊
၂။ ဣတရေန ပရိယာယေန။ ။ရှေး၌ ဒါနစေတနာဟူသော စေတသိက်၏ ဒါနအဖြစ်ကို ပြီးစေရာဝယ် “ဒေတိ ဒေယျဓမ္မံ”ဟု၎င်း “ဒေန္တိ ဧတာယ ဒေယျဓမ္မံ”ဟု၎င်း ဝိဂြိုဟ်နှစ်မျိုး ပြ၏။ “ထို နှစ်မျိုးမှ တပါးသော ပရိယာယ်”ဟူသည် ဒေယျဓမ္မကို အရကောက်ရသော “ ဒီယျတီတိ ဒါနံ”ဟူသော ကမ္မသာဓနအနက်”ဟူသော အကြောင်းတည်း။ [ ဣတရေနာတိ “ဒီယျတီတိ ဒါနံ”တိ ဣမိနာ ပရိယာယေန၊ ဋီကာ။]
၃။ သုတ္တသာဓနံ ။ ပေ။ ဧကေန အတ္ထေန။ ။သဒ္ဓါ ဟိရိယံ စသော ဂါထာကို၎င်း, “ဣဓေကစ္စော အန္နံ ဒေတိ” စသော ပါဠိရပ်ကို၎င်း သုတ္တသာဓန (မိမိတို့ အလိုရှိအပ်သော အနက်ကို ပြီးစေတတ်သော သက်သေခံပါဠိတော်)ဟု ခေါ်၏။ ထိုသုတ္ထသာဓန ပါဠိတော် ၂-ရပ်သည် ပရဝါဒီဝါဒ၌လည်း သာဓက ဖြစ်သင့်၏။ သကဝါဒီဝါဒ၌လည်း သာဓက ဖြစ်သင့်၏။ သို့သော် အနက်တမျိုးတည်း အားဖြင့်ကား ဖြစ်သင့်သည် မဟုတ်။ ပရဝါဒီ၏ ဝါဒနှင့် လိုက်လျောအောင် အနက်တမျိုး သကဝါဒီ၏ ဝါဒနှင့် လိုက်လျောအောင် အနက်တမျိုးယူမှ နှစ်ဝါဒလုံးနှင့် သင့်မည်။[ဆိုင်ရာဝါဒနှင့် သင့်လျော်အောင် အနက်ယူရပုံကို ဋီကာ၌ ““န ပန ဧကေနတ္ထေနာတိ”ဟု တည်၍ အကျယ်ပြထားသည်။] ပဋိက္ခိတ္တံ၊ ပယ်အပ်ပြီ။