တေန၊ ထိုသို့ဝန်ခံခြင်းကြောင့်။ တေ၊ အသင် ပရဝါဒီ၏ အလိုအားဖြင့်။ သင်္ခါရေစ၊ ထို့ကိုလည်း။ အနိစ္စတော၊ အားဖြင့်။ မနသိ ကရောတိ၊ နှလုံးသွင်း၏။ နိဗ္ဗာနေ စ၊ နိဗ္ဗာန်၌လည်း။ အာနိသံသ ဒသာာဝီ၊ အာနိသင်ကို ရှုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ ဣဒံ၊ ဤနှစ်ပါးစုံသည်။
(သင်္ခါရ တို့ကို အနိစ္စဟု နှလုံးသွင်းခြင်း, နိဗ္ဗာန်၌ အာနိသင်ကို ရှုလေ့ရှိခြင်း ဟူသော ဤနှစ်ပါးစုံသည်။) အာပဇ္ဇတိ၊ ဖြစ်နေ၏။ ကိံ၊ နည်း။ ဧတံ၊ ဤ နှစ်ပါးစုံကို။ သမ္ပဋိစ္ဆသိ၊ လက်ခံသလော။ ဣတိ(အယံ)၊ ကား။ (အဓိပ္ပါ ယော၊ )
တတော၊ ထိုသို့ စောဒနာခြင်းကြောင့်။ ပရဝါဒီ၊ သည်။ ဧကစိတ္တက္ခဏံ၊ တခုသော စိတ္တက္ခဏကို။ သန္ဓာယ ပဋိက္ခိပဟိ၊
[စိတ္တက္ခဏ တခုတည်းဖြင့် သင်္ခါရတို့ကို အနိစ္စဟု နှလုံးသွင်းခြင်း, နိဗ္ဗာန်၌ အာနိသင်ကိုရှူခြင်းဟူသော ၂-မျိုးလုံး မဖြစ်နိုင်သောကြောင့် န ဟေဝံ ဝတ္တဗ္ဗေ-ဟု ပယ်သည်။] ဒုတိယံ၊ နှစ်ကြိမ်မြောက်။ ပုဋ္ဌော(သမာနော၊ ) နာနာစိတ္တဝသေန၊ အမျိုးမျိုးသော စိတ်၏အစွမ်းဖြင့်။ [သင်္ခါရတို့ကို အနိစ္စ-ဟု နှလုံးသွင်းသော စိတ်, နိဗ္ဗာန်၌ အာနိသင်ကိုရှုသော စိတ်၏အစွမ်းဖြင့်။] ပဋိဇာနာတိ၊
ပန၊ ကား။ သကဝါဒိ၊ သည်။ အဿ၊ ထိုပရဝါဒီ၏။ အဓိပ္ပါယံ၊ အလိုကို။ မဒ္ဒိတွာ၊ နှိပ်ချေ၍။ အနိစ္စမနသိကာရဿ၊ သင်္ခါရတို့ကို အနိစ္စဟု နှလုံးသွင်းခြင်း၏၎င်း။ အာနိသံသဒဿာဝိတာယ စ၊ နိဗ္ဗာန်၌ အာနိသင်ကို ရှုလေ့ရှိသည်၏ အဖြစ်၏ ၎င်း။ ဧကတော၊ တပေါင်းတည်း။ ပဋိညာတတ္တာ၊ ဝန်ခံအပ်သည်၏ အဖြစ်ကြောင့်။ **ဒွိန္နံ**၊ **ပေ**၊ **ဟောတီ**တိ၊ ဟူ၍။ ပုစ္ဆတိ၊
[စိတ်အမျိုးမျိုးဖြင့် အနိစ္စာဒိ မနသီကာရကို၎င်း, နိဗ္ဗာနေ အာနိသံသဒဿာဝီကို၎င်း ဝန်ခံခြင်းသည် သင့်ပါလျက် ပရဝါဒီ၏ အလိုကိုနှိပ်ခြင်းကို အဘယ်သို့ သင့်နိုင်ပါအံ့ နည်း-ဟူသောစောဒနာကို ဋီကာဆရာကိုယ်တိုင် ပြလိမ့်မည်။]
ပန၊ ပရိဟာရပက္ခမှတပါး စောဒကပက္ခကို ဆိုဦးအံ့။ ကိံ၊ အဘယ်သို့။ ဧတ္ထ၊ ဤသင်္ခါရတို့ကို အနိစ္စဟု နှလုံးသွင်းခြင်း, နိဗ္ဗာန်၌ အာနိသင်ကိုရှူခြင်း ၌။ သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ခြင်းသည်။ (ဟောတိ၊ ဖြစ်သနည်း။)
[ဤအမေးကို ထပ်၍ ရှင်းလင်းစွာ မေးလိုသောကြောင့် ကိံ အနိစ္စာဒိတော အစရှိသည်ကို မိန့်။] အနိစ္စာဒိတော၊ အနိစ္စ အစရှိသောအားဖြင့်။ မနသိကရောတော၊ နှလုံးသွင်းသောပုဂ္ဂိုလ်၏။ ဝါ၊ သည်။ သံယောဇနာ၊ တို့ကို။ ပဟီယန္တိကိံ၊ ပယ်အပ်ကုန်သလော။ ဥဒါဟု၊ သို့မဟုတ်။ နိဗ္ဗာနေ၊ ၌။ အာနိသံသဒဿာ ဝိဿ၊ အာနိသင်ကို ရှုလေ့ရှိသော ပုဂ္ဂိုလ်၏။ ဝါ= သည်။ (သံယော ဇနာ ပဟီယန္တိ ကိံ၊ လော။) ဥဒါဟု,ဒွေပိ၊ သင်္ခါရတို့ကို အနိစ္စဟု နှလုံး သွင်းခြင်း, နိဗ္ဗာန်၌ အာနိသင်ကိုရှုလေ့ရှိခြင်း နှစ်ပါးလုံးတို့ကိုလည်း။ ဧက တော၊ တပေါင်းတည်း။ ကရောန္တဿ၊ ပြုသောပုဂ္ဂိုလ်၏။ ဝါ၊ သည်။ (သံယောဇနာ ပဟီယန္တိ ကိံ၊ လော။) ဣတိ၊ ဤကား စောဒနာတည်း။
၂။ သုတ္တဝိရောဓဘယေန ။“ပါရိမံ တီရံ ခေမံ ( ရာဂ ဒေါသ စသော ဘေးတို့၏ကုန်ရာ ဖြစ်၏), အပ္ပဋိဘယံ(ထိုဘေးများ မရှိ )”စသော ပါဠိတော်၌ "ရာဂ ဒေါသ စသောဘေးမရှိ"ဟု ဟောတော်မူသောကြောင့် “ရာဂ စသော သံယောဇဉ် မရှိဟု ဟောတော်မူရာ ရောက်သည့်အတွက် ထိုသုတ်နှင့် ဆန့်ကျင်သည်။ ဋီကာ၌လာသော အာဒိနာဖြင့် အာဒိ၏အရ “ အနာသဝဉ္စ ဝေါ ဘိက္ခဝေ ဓမ္မံ (နိဗ္ဗာန်)ကို ဒေသေဿာမိ” စသောသုတ်ကို အနုဋီကာ၌ ထုတ်ပြသေး၏။ ထိုသုတ်တို့နှင့် ဆန့်ကျင် မည်မှ ကြောက်သောကြောင့် ပရဝါဒီ ပယ်သည်။ သဗ္ဗံ၊ အလုံးစုံသောပြသာနာကို။ ပဋိက္ခိပတိ၊
အနုဋီကာ။ ။တတ္ထ ပစ္စထာယတ္တဝုတ္တိတာ (အကြောင်းနှင့်စပ်သော ဖြစ်ခြင်း ရှိသည်၏အဖြစ်သည်) ပစ္စယဋ္ဌော၊ ဒဏ္ဍ ရဇ္ဇုအာဒိဝိယဒုဗ္ဗလဿ(တောင်ဝှေး ကြိုးတန်း အစရှိသောအရာဝတ္ထုသည် အားမရှိသူ၏ ထောက်ရာ မှီရာဖြစ်သကဲ့သို့) စိတ္တစေတသိ ကာနံ အာလမ္ဗိတဗ္ဗတာယ (အာရုံပြုထိုက်သည် အဖြစ်ဖြင့်။) ဥပတ္ထမ္ဘနဋ္ဌောဩလုဗ္ဘဋ္ဌော။ ပုစ္ဆာ သက ဝါဒိဿာ၊ ဧတ္ထ၊ ဤ ရူပံသာရမ္မဏန္တိကထာ၌။
အနုသယံ၊ အနုသယသည်၎င်း။ ဇိဝိတိန္ဒြိယံ၊ ဇီဝိတိန္ဒြေသည်၎င်း။ ကာယ ကမ္မာဒိရူပဉ္စ၊ ကာယကံ အစရှိသောရုပ်သည်၎င်း ။ သင်္ခါရက္ခန္ဓပရိယာ ပန္နံ၊ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏။ တံ၊ ထိုသင်္ခါရက္ခန္ဓာကို။ သန္ဓာယ ပဋိဇာ နာတိ၊
[ရှေးနိဿာယ၌ “သင်္ခါရက္ခန္ဓပရိယာပန္နံ”၏ နောက်ဝယ် “တံ”သဒ္ဒါမပါ။ ထို့ကြောင့် တဝါကျတည်း အနက်ပေးလေသည်။]
အနုသယာနံ၊ တို့၏။ ပဝတ္တိ သဗ္ဘာဝါ၊ ဖြစ်ခြင်း၏ ထင်ရှားရှိသည်၏အဖြစ်ကြောင့်။ န (အနုညာတာ)၊ ခွင့်ပြုအပ်သည်မဟုတ်။
[ကုသိုလ် ဗျာကက ဖြစ်ချိန် အနုသယလည်း ဥပါဒ် ဋ္ဌီ ဘင် ဖြစ်နေသောကြောင့် ခွင့်ပြုအပ်သည်မဟုတ်။]
**နဘဏိတုကာမော**တိ အာဒီသု၊ အစရှိသော စကား ရပ်တို့၌။ ယသ္မာ၊ ကြောင့်။ အညံ၊ တပါးသောအကြောင်းအရာကို။ ဘဏိ ဿာမိ၊ ပြောဆိုအံ့။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ အညံ၊ မူလရည်မှန်းအပ် သော အကြောင်းအရာမှတပါးသော အကြောင်းအရာကို။ ဘဏန္တောပိ၊ ပြောဆိုပါသော်လည်း။ ဘဏိတုကာမောယေဝနာမ၊ ပြောဆိုခြင်းငှါ အလို ရှိသူမည်သည်သာ။ ဟောတိ၊
[ရည်ရွယ်ရင်းအတိုင်း မဟုတ်သော်လည်း ပြောဆဲခဏ၌မူ ပြောချင်သောစိတ်ကြောင့်ပင် ပြောသည် ဟူလို။] တသ္မာ၊ ကြောင့်။ န ဟေဝါတိ ပဋိက္ခိပတိ၊
[မပြောလိုပဲ ပြောရသလား-စသည်ဖြင့် မေးသောအခါ “န ဟေဝံ”ဟု ပရဝါဒီပယ်သည်။]
ဥတ္တာနတ္တမေဝ၊
[ဤ၌ မပြီးသေးသောကြောင့် ဣတိ မလို။ ရှေးစာအုပ်တို့၌ လည်း မပါ။]