အထ၊ ထိုမှ နောက်၌။ နံ၊ ထိုပရဝါဒီကို။ သကဝါဒီ၊ သည်။ သာရိပုတ္တ၊ သာရိပုတြာ။ ဣမာဂတိယော၊ ဤဂတိတို့သည်။ ပဉ္စ၊ ငါးပါးတို့တည်း။ ဣတိ၊ သို့။ လောမဟံသနပရိယာယေ၊ လောမဟံသနဒေသနာတော်၌။
[မဇ္ဈိမနိကာယ်, မူလပဏ္ဏာသ, မဟာသီဟနာဒသုတ်၌] ပရိစ္ဆိန္နာနံ၊ ပိုင်းခြားအပ်ကုန်သော။ ဂတီနံ၊ တို့၏။ ဝသေန၊ အပြားအားဖြင့်။ စောဒေတုံ၊ ငှာ။ **နနု ပဉ္စ ဂတိယော**တိအာဒိံ၊ အစရှိသောစကားကို။ အာဟ၊ ပြီ။
ဣတရော၊ သကဝါဒီမှ တပါးသော ပရဝါဒီသည်။ သုတ္တဝိရောဓဘယေန၊ ကြောင့်။
("ပဉ္စခေါ ပနိမာ" စသောသုတ်နှင့် ဆန့်ကျင်သည်မှ ကြောက်ခြင်းကြောင့်။) ပဋိဇာနာတိ၊
ဟိ၊ ချဲ့။ အသုရကာယသ္မိံ၊ အသုရာအပေါင်းတွင်။ ကာလကဉ္စိကာ၊ ကာလကဉ္စိကာမည်သော။ အသုရာ၊ အသုရာကို။ ပေတဂတိယာ၊ ပေတဂတိဖြင့်။ သင်္ဂဟိတာ၊ သွင်းယူအပ်ပြီ။
[ကာလကဉ္စိကာ အသုရာအကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာ ခန္ဓဝိဘင်း, ရူပက္ခန္ဓ အဖွင့်၌ ပြခဲ့ပြီ။] ဝေပစိတ္တိပရိသာ၊ ဝေပစိတ္တိအသုရာမင်း၏ ပရိသတ်တို့ကို။ ဒေဝဂတိယာ၊ ဒေဝဂတိဖြင့်။ (သင်္ဂဟိတာ)၊ အသုရာကာယောတိ၊ အသုရကာယ်ဟူ၍။ ဝိသုံ၊ သီးခြား။ ဧကာ၊ တခုသော။ ဂတိနာမ၊ ဂတိမည်သည်။ နတ္ထိ၊
တတ္ထ၊ ထိုနနု ကာလကဉ္စိကာ အစရှိသော စကားရပ်၌။ **သမာနဝဏ္ဏာ**တိ၊ ကား။ သဒိသရူပသဏ္ဌာနာ၊ တူသောရုပ်အသွင် ပုံသဏ္ဌာန်ရှိကုန်သည်။
[ဝဏ္ဏသဒ္ဒါ၏ အသွင်ဟူသောအနက်, သဏ္ဌာန်ဟူသောနက် ၂-မျိုးကိုပေါင်း၍ ဖွင့်သည်။] ဗိဘစ္ဆာ၊ စက်ဆုပ်ဖွယ်ကောင်းကုန်သည်။
[ဗိဘစ္ဆာ ပုဒ်၏ရုပ်ပြီးနှင့် အဓိပ္ပါယ်ကို ဘာသာဋီကာ၌ ပြထားပြီ။] ဝိရူပါ၊ ဖောက်ပြန်သောအဆင်းရှိကုန်သည်။ ဒုဒ္ဒသိကာ၊ မကောင်းသဖြင့် မြင်ရခြင်းရှိကုန်သည်။ (ဟောန္တိ နနု၊ )
**အာဝါဟဝိဝါဟန္တိ**၊ ကား။ ကညာဂဟဏဉ္စေဝ၊ သတို့သမီးကို ဆောင်ယူခြင်းသို့၎င်း။ ကညာဒါနဉ္စ၊ သတို့သမီးကို ပို့ပေးခြင်းကို၎င်း။ (ဂစ္ဆန္တိ နနု၊ လော။)
[အာ၊ ရှေ့ရှု။ ဝါယ၊ ဆောင်ယူခြင်းကို "ကညာဂဟဏံ"ဟုဖွင့်၍။ ဝိပါဟ၊ ဆောင်ယူခြင်းမဟုတ်, ပေးပို့ခြင်းကို "ကညာဒါနံ"ဟုဖွင့်သည်။]
ဣတရော၊ သကဝါဒီမှ တပါးသော ပရဝါဒီသည်။ ဧကဿ၊ တယောက်သောပုဂ္ဂိုလ်၏။ ဒွီဟိ၊ နှစ်ပါးသောဘဝတို့နှင့်။ သမန္နာဂတတာ ဘာဝတော၊ ပြည့်စုံသည်၏အဖြစ်၏ မရှိခြင်းကြောင့်။ ပဋိက္ခိပတိ၊
[ဧကသာ ပုဒ်က သမန္နာဂတ၌ မစပ်နိုင်။ ပြည့်စုံသည်၏အဖြစ် ဟူသော တာ- ပစ္စည်း၌ သာ စပ်နိုင်သည်။ ထို့ကြောင့် “သမန္နာဂတတာဘာဝတော”ဟု ပါဌ်မှန် ရှိပါစေ၏။ ရှေးနိဿယ၌လည်း ဤ တာ-ပစ္စည်းပါသော ပါဌ်ကို အလိုရှိ၏။] ဣတိ၊ အပြီးတည်း။
တတော၊ ထိုမှနောက်၌။ ပရဝါဒီ၊ သည်။ တတ္ထ၊ ထို ရူပဓာတ်၌။ အဇ္ဈတ္တိကာနံအဇ္ဈတ္ထသန္တာန်၌ ဖြစ်ကုန်သော။ တိဏ္ဏံ၊ ကုန်သော။ အာယတနာနံ၊ အာယတန တို့၏။ ဃာနာဒိကံ၊ ဃာန အစရှိသော။ ယံသဏ္ဌာန နိမိတ္တံ၊ အကြင် ပုံသဏ္ဌာန်နိမိတ်သည်။ (နှာခေါင်းပုံ,လျှာပုံ အစရှိသော ပုံသဏ္ဌာန်နိမိတ်သည်။) အတ္ထိ၊ တဒေဝ၊ ထို ပုံသဏ္ဌာန်နိမိတ်သည်ပင်။
၁။ ဃာနာဒိ နိမိတ္တာနိပိ။ ။အခြားသတ္တဝါတို့၌ နာခေါင်း၏ အတွင်း အရပ်သည် ဃာနသာဒ၏ တည်ရာဖြစ်၍ ဃာနပသာဒကို မှတ်သားကြောင်း ရုပ် အပေါင်းဖြစ်၏။ ဗြဟ္မာတို့၌လည်း ဃာနပသာဒ မရှိစေကာမူ ဃာနပသာဒ၏ တည်ရာအဖြစ်ဖြင့် မှတ်သားကြောင်းဖြစ်သော ရုပ်ကလာပ်အပေါင်းရှိ၏။ ထို ရုပ်ကလာပ်အပေါင်းကို “ဃာနနိမိတ္တာနိ”ဟု ဆိုသည်။ ဇိဝှါ,ကာယ နိမိတ်များလည်း နည်းတူ။ ဤနေရာဝယ် ရှေးက “ဃာန နိမိတ္တာနိပိ”ဟု ပါဌ်ရှိသော်လည်း ဋီကာ၌ “ဃာနာဒိ နိမိတ္တာနိပိ”ဟု ပြင်ထားသောကြောင့် ယခုစာအုပ်တို့၌ "ဃာနာဒိ နိမိတ္တာနိပိ"ဟု ပါဌ်မှန်ရှိနေပြီ။ အာယတနံ၊ အာယတနတည်း။ ဣတိ လဒ္ဓိယာ၊ ဤသို့သော အယူ ကြောင့်။ ပဋိဇာနာတိ၊
ထိုသို့မရလျှင် ပါဠိတော်၌ အဘယ့်ကြောင့် စေတနာအတွက် ပတ္ထနာ, ပဏိဓိကို ထည့်ထားပါသနည်း။ ဤသို့ မေးဖွယ်ရှိ၍ “သောတပတိတတ္တာ။ ပေ။ဝေဒိတဗ္ဗာ”ဟုမိန့်သည်။ရှေ့တရား အတွက် ပတ္ထနာပဏိဓိ ပါခဲ့ရကား ထိုဒေသနာ အယဉ်၌ ကျနေသောကြောင့် စေတနာအတွက်လည်း ပတ္ထနာ, ပဏိဓိ, ပါလျက် ရှိရသည် ဟူလို။
**ရူပါယတနံ**တိ အာဒိ၊ အစရှိသော စကားရပ်ကို။ ပုရိမဝါရေ၊ ရှေ့ဝါရ၌။
(ယံ ကိဉ္စိ အကုသလေန စိတ္တေန သမုဋ္ဌိတံ ရူပံ စသည်ဖြင့် အကျဉ်းပြအပ် သော ရှေ့ဝါရ၌။) သဗ္ဗံတံ ကုသလံတိ၊ ဟူ၍။ သံခိတ္တသာ၊ အကျဉ်းချုံး အပ်သော တရား၏။ ပဘေဒ ဒဿနတ္ထံ၊ အပြားကိုပြခြင်း အကျိုးငှါ။ (ရူပါယတနံ ကုသလံ။ ပေ။သဒ္ဒါယတနံ ကုသလံ စသည်ဖြင့် အပြားကိုပြခြင်း အကျိုးငှါ။) ဝုတ္တံ၊
**နတ္ထိ ရူပီနံ ဓမ္မာနံ အာယူ**တိ၊ အစရှိသော။ ပဉှေ၊ ပြဿနာ၌။ ဥပါဒိန္နရူပါနမ္ပိ၊ တဏှာ ဒိဋ္ဌိ တို့ ကပ်၍ ယူအပ် စွဲလမ်းအပ်သော သက်ရှိ ရုပ်တို့၏၎င်း။ တိဏကဋ္ဌာဒီနမ္ပိ၊ မြက် ထင်း အစရှိသော သက်မဲ့ ရုပ်တို့၏၎င်း။ သန္တာနဝသေန= အစဉ်၏ အစွမ်းဖြင့်။ ပဝတ္တိမေဝ၊ ဖြစ်ခြင်းကိုပင်။ (ဣစ္ဆတိ၊ ၌စပ်။) အာယု၊ တဘဝ အတွက် အဆက်မပြတ် ဖြစ်ကြောင်းတည်း။ ဌိထိ= တည်တံ့ကြောင်းတည်း။ ယပနာ၊ မျှတကြောင်းတည်း။ ယာပနာ၊ တည်း။ ဣရိယနာ၊ အသက်ရှင် ကြောင်းတည်း။ ဝတ္တနာ၊ ဖြစ်ကြောင်းတည်း။ ပါလနာ၊ စောင့်ရှောက် ကြောင်းတည်း။ ဣတိ၊ သို့။ ဣစ္ဆတိ၊ ၏။ တသ္မာ၊ ပဋိက္ခိပတိ၊
[ရုပ် တရားတို့၏ အာယု စသည် မရှိဟု မဆိုလို။ သန္တာန်၏ အစွမ်းဖြင့် ဖြစ်ခြင်းကို အာယုစသည်ဟု ဆိုလို၏။ ထို့ကြောင့် မရှိဘူးလောဟု မေးရာဝယ် ပယ်သည်။ မရှိ မဟုတ်၊ ရှိသည် ဟူလို။]
**အတ္ထီ**တိပဉှေ၊ အစရှိသော ပြဿနာ၌။ ဣမိနာကာရဏေန၊ ဤအကြောင်းကြောင့်။
(သန္တာန်၏ အစွမ်းဖြင့် ဖြစ်ခြင်းကို အာယု စသည်ဟု ဆိုခြင်းကြောင့်။) ပဋိဇာနာတိ၊
၅၄၂။ နိရောဓသမာပန္နပဉှေသုပိ၊ အစရှိသော ပြဿနာတို့၌လည်း။ စိတ္တဝိပ္ပယုတ္တံ= စိတ်နှင့်မယှဉ်သော။ အရူပဇီဝိတမေဝ၊ နာမ်ဇီဝိတိန္ဒြေကိုသာ။ သန္ဓာယပဋိက္ခိပတိစ၊ ပဋိဇာနာတိ စ၊
[နတ္တိ ရူပဇီဝိတိန္ဒြိယံ ဟု မေးသော အခါ ပယ်၍, အတ္ထိဇီဝိတိန္ဒြိယံဟု မေးသောအခါ ဝန်ခံသည်။]
ဣတရော၊ သကဝါဒီမှတပါးသော ပရဝါဒိသည်။ အန္တော သမာပတ္တိံ၊ သမာပတ်၏အတွင်းကို။ သန္ဓာယ ပဋိက္ခိပတိ၊ သမာပဇ္ဇန္တဿစ၊ ဝင်စားဆဲ ပုဂ္ဂိုလ်၏၎င်း။ ဝုဋ္ဌဟန္တာဿစ၊ ထသော ပုဂ္ဂိုလ်၏၎င်း။ ပုဗ္ဗာပရ ဘာဂံ၊ ရှေ့အဖို့ နောက်အဖို့ကို။ သန္ဓာယ ပဋိဇာနာတိ၊
[သမာပတ်စ၍ ဝင်စား ခိုက်ကို “ပုဗ္ဗဘာဂ” သမာပတ်မှ ထခိုက်ကို “အပရဘာဂ”ဟု ဆိုသည်။]
သကဝါဒီ ပန၊ သည်ကား။ တံ၊ ထိုအယူကို။ အနိစ္စန္တော၊ အလိုရှိသည်။ (ဟုတ္တာ၊ ) တတ္ထ၊ ထိုစုတိပဋိသန္ဓေအခါ၌။ ဧကက္ခဏေပိ၊ တပြိုင်နက်တည်းသော ခဏ၌လည်း။ ဝေဒနာဒယော၊ ဝေဒနာ့အစရှိသော ခန္ဓာတို့သည်။ သစေ အတ္တိ၊ အကယ်၍ ရှိကုန်အံ့။ (ဧဝံသတိ၊ သော်။) ပဉ္စဝေါကာရဘဝတ္ထံ၊ ပဉ္စဝေါကာရဘ၀၏ အဖြစ်သို့။ ပါပုဏာတိ၊ ရောက်သည် မဟုတ်လော။ ဣတိ၊ သို့။ စောဒေတုံ **ပဉ္စဝေါကာရဘဝေါ**တိ၊ ဟူ၍။ အာဟ၊ ဆိုပြီ။
[အသညသတ်ဘုံဝယ် ပဋိသန္ဓေ နေတုန်းက ဝေဒနာစသော နာမ်ခန္ဓာတို့ ဖြစ်ပေါ်၏ဟု အယူ ရှိသောကြောင့် နဂိုရှိသောရုပ်နှင့်တကွ “ပဉ္စဝေါကာရဘဝတ္တံ ပါပုဏာတိ"ဟု ဆိုသည်။]
ဣတရော၊ သကဝါဒီမှတပါးသော ပရဝါဒီသည်။ သုတ္တဝိဓရောဘယာ၊ ပါဠိတော်သုတ်နှင့် ဆန့်ကျင်မည်မှု ကြောင့်ခြင်းကြောင့်။ ပဋိက္ခိပတိ၊
[ပါဠိ တော်၌ “တယော ဘဝါ”စသည်ဖြင့် ခွဲခြားထားရကား ထိုပါဠိတော်နှင့် ဆန့်ကျင်မည်မှ ကြောက်သည်။]
၂။ ဟန္ဒဟိ။ ပေ။သမ္ပဋိစ္ဆာပေတုံ။ ။ဟန္တဟိ စသောစကားသည် ပရဝါဒီ၏ အကြောင်းပြ စကားတည်း။ ထိုအကြောင်းပြ စကားကိုပင် “ဟန္ဒ” ဟု တိုက်တွန်း ကြောင်းစကား ပါနေသောကြောင့် “ ပရဝါဒီကို လက်ခံစေခြင်းငှါ ဆို၏” ဟု အဋ္ဌကထာ မိန့်သည်။ ဟန္ဒသဒ္ဒါသည် လက်ခံဖို့ရန် တိုက်တွန်းသော စောဒနတ္ထနိပါတ် ပုဒ်ဟု ကြံပါ။ [ ပဋိစ္ဆာပေတုန္တိ ပန ။ပေ။ ပရဝါဒီ အတ္တနော လဒ္ဓိံ သကဝါဒိံ ဂါဟာပေတုန္တိအတ္ထော ဒဋ္ဌဗ္ဗော-ဋီကာ။ ဤဋီကာ၌ “ပဋိစ္ဆာပေတုံ”ကို " ဂါဟာ ပေတုံ"ဟု ဖွင့်အပ်သောအနက်သည် အဓိပ္ပါယတ္ထ၊ လက်ခံစေခြင်းငှါကား သဒ္ဒတ္ထ တည်း။]
၃။ တံပက္ခံ ပဋိဇာနာပေတွာ။ ။“အရဟန္တာနံအဗ္ဗာစိက္ခနကမ္မဿ ဟေတု အရဟာ အရဟတ္တာ ပရိဟာယတိ” ဟူသော အနက်အဖို့ကို “တံ ပက္ခံ” ဟု ဆို၍ ထိုအဖို့ကို “အာမန္တာ”ဟု ပရဝါဒီကို ဝန်ခံစေခြင်းကို ပဋိဇာနာပေတွာ-ဟု ဆိုသည်။ပါဠိတော်ကြည့်ပါ။
၄။ ယဒိ ဧဝံ။ ပေ။ သဗ္ဘာစိက္ခိတပုဗ္ဗာ။ ။ယဒိဖြင့် ပါဠိတော်၌ လာသော “အရဟန္တာနံ ။ပေ။ ပရိဟာယတိ”ဟူသော အနက်ကို ပြန်၍စွဲပါ။ ထိုစကားနှင့် ဆက်သွယ်၍ ကြည့်လျှင် ရှေးဘဝ၌ ရဟန္တာကို စွပ်စွဲခဲ့ဘူးသူတို့သည် ဤ ဘဝ၌ရဟန္တာဖြစ်ကြ၏”ဟု အဓိပ္ပါယ်ရနေ၏။ ထို့ကြောင့် “ယေဟိ အရဟန္တော အဗ္ဘာ စိက္ခိတ ပုဗ္ဗာ”ဟု ပါဌ်ရှိပါစေ။ ထိုသို့ ပါရှိမှ “ ယေ ကေ စိ ။ပေ။ အဗ္ဘာစိက္ခန္တိ” ဟူသောပါဠိတော်စကား, နောက်၌ လာမည့် “အရဟတ္တံ ပါပုဏေယျုံ ”– တဿ ကမ္မဿ အရဟတ္တသမ္ပာပုဏနေ နိယာမံ အပဿန္တော"ဟူသော အဋ္ဌကထာစကား တို့နှင့်လျော်မည်။ ယခုစာအုပ်တို့၌“န အဗ္ဘာစိက္ခိတ ပုဗ္ဗာ”ဟု“န”သဒ္ဒါပို့နေပါသည်။ တေ သဗ္ဗေ၊ ထိုအလုံးစုံသော ပုဂ္ဂိုလ်တို့သည်။ အရဟတ္ထံ၊ ရဟန္တာ၏ အဖြစ်သို့။ ပါပုဏေယျုံ၊ ရောက်ကုန်ရာသလော။ ဣတိ၊ သို့။ စောဒေတုံ၊ ငှါ။ **ယေကေစီ**တိအာဒိံ၊ အစရှိသောစကားကို။ အာဟ၊ ပြီ။
ဣတရော၊ သက ဝါဒီမှ တပါးသော ပရဝါဒီသည်။ တဿ ကမ္မဿ၊ ထိုရဟန္တာကိုစွပ်စွဲ ကြောင်းကံ၏။ အရဟတ္တသမ္ပာပုဏနေ၊ ရဟန္တာ၏အဖြစ်သို့ ရောက်စေခြင်း၌။
[“အရဟတ္တံ သမ္ပာပုဏနေ”ဟု စာအုပ်တို့၌ဝါကျရှိ၏။ ရှေးနိဿယ၌ သမာသ် ရှိသည်။ ဝါကျဆိုလျှင် ဆဋ္ဌီ ကံရှိရမည်။ ဆဋ္ဌီ မဟုတ်သောကြောင့် သမာသ် က သဒ္ဒါသွားကောင်း၏။] နိယာမံ၊ မြဲသောသဘောကို။ အပဿန္တော၊ မမြင်သည်။ (ဟုတွာ၊ ၍။ ဝါ၊ ကြောင့်။) ပဋိက္ခိပတိ၊ န ဟေဝံဝတ္ထဗ္ဗေ-ဟု ပယ်၏။