问题
选择版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

9. Paṭuppannañāṇakathāvaṇṇanā

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၄၄၁-၄၄၂။ ဣဒါနိ ပဋုပ္ပန္နဉာဏကထာ နာမ ဟောတိ။ [ပဋုပ္ပန္နနှင့် ပစ္စုပ္ပန္နသည် သဘောတူတည်း။ ပတိ၌တိကို စပြုလျှင် ပစ္စုပ္ပန္နဖြစ်၏။]
တတ္ထ၊ ထိုပဋုပ္ပန္နဉာဏကထာ၌။ အန္ဓကာနံ (လဒ္ဓိ ဟောတိ) သေယျထာပိ၊ ကဲ့သို့။ (ဧဝံ)။ ယေသံ၊ အကြင် ပရဝါဒီတို့၏။ သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရတို့ကို။ အနိစ္စတော၊ အားဖြင့်။ ဒိဋ္ဌေသု၊ မြင်အပ်ကုန်လသော်။ တမ္ပိ ဉာဏံ၊ ထိုမြင်တတ်သောဉာဏ်သည်လည်း။ ဝါ၊ မြင်တတ်သော ဉာဏ်ကိုလည်း။ ဒိဋ္ဌံ၊ မြင်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ သို့။ ဝစနံ၊ အတ္ထာပန္နနည်းအားဖြင့် ရောက်လာသော စကားကို။ ဝါ၊ ခွင့်ပြုကြောင်း စကားကို။ နိဿာယ၊ မှီ၍။ အဝိသေသေန၊ အထူးမမ သာမညအားဖြင့်။ သဗ္ဗသ္မိံ၊ အလုံးစုံသော။ ပစ္စုပ္ပန္နေ၊ ပစ္စုပ္ပန်၌။ (ပဝတ္တံ၊ သော။) ဉာဏံ၊ သည်။ \ အတ္ထိ၊ ရှိ၏။
ဣတိလဒ္ဓိ(ဟောတိ)၊ တေ သန္ဓာယ **ပဋုပ္ပန္နေ**တိ၊ အစရှိသော။ ပုစ္ဆာ၊ သည်။ သကပါဒိဿ။ ပဋိညာ ဣတရဿ၊ သကဝါဒီမှ တပါးသော ပရဝါဒီ၏ ဝန်ခံခြင်းတည်း။
အထ၊ ဝန်ခံရာ ထိုအခါ၌။ နံ၊ ပရဝါဒီကို။ အဝိသေသေန၊ ဖြင့်။ ပဋုပ္ပန္နေ၊ ပစ္စုပ္ပန်၌။ (ပဝတ္တံ၊ သော။) ဉာဏံ၊ သည်။ ယဒိ အတ္ထိ၊ အံ့။ (ဧဝံသတိ)။ ခဏပစ္စုပ္ပန္နေပိ၊ ခဏပစ္စုပ္ပန်၌လည်း။ တေန၊ ထို ဉာဏ်သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
ဧဝံ သန္တေ၊ ဤသို့ ဖြစ်လသေေ။ ဒွိန္နံ၊ နှစ်ပါးကုန်သော။ ဉာဏာနံ၊ တို့၏။ ဧကတော၊ တပေါင်းတည်း။ ဝါ၊ တပြိုင်နက်။ အဘာဝါ၊ မရှိခြင်းကြောင့်။ တေနေဝ ဉာဏေန၊ ထိုဉာဏ်ဖြင့်ပင်။ ဇာနိတဗ္ဗံ၊ သိနိုင်သည်။ ဟောတိ၊ ဖြစ်သလော။ ဣတိ၊ သို့။ စောဒနတ္ထံ၊ ငှါ။ **တေနာ**တိ၊ တေန အစရှိသော။ အနုယောဂေါ၊ မေး စိစစ်ခြင်းသည်။ သကဝါဒိဿ၊ သကဝါဒီ၏ မေးစိစစ်ခြင်းတည်း။ ၁။ ဝစဍ္ဎံ နိဿာယ။ ။သင်္ခါရအားလုံးကို အနိစ္စဟု မြင်အပ်သည် ရှိသော် ထိုသင်္ခါရတွင် ပါဝင်သော မြင်တတ်သော ဉာဏ်သည်လည်း အနိစ္စဟု မြင်အပ်ပြီး ဖြစ်တော့၏။ ဤသို့ အနက်အဓိပ္ပါယ်အားဖြင့် ရောက်လာသောစကားကို “ဝစနံ" - ဟု ဆိုသည်။ [အတ္ထတော အာပန္နံဝစနံ၊ ဋီကာ] တနည်း-တမ္ပိ ဉာဏံ အနိစ္စတော ဒိဋ္ဌံ ဟောတိ”ကို ထောက်၍ ထို ဉာဏ်ကိုလည်း အနိစ္စအားဖြင့် ဒိဋ္ဌဖြစ်ကြောင်းကို ခွင့်ပြုရာ ရောက်၏။ ထို့ကြောင့် “ဝစနံ” အရ ခွင့်ပြုသော စကားဟု ဋီကာ၌ ဖွင့်သည်။ [အနုဇာနနဝစနံ ဝါနိဿာယ-ဋီကာ]
တတ္ထ၊ ထိုပြဿနာတို့တွင်။ ပဌမပဉှေ၊ ၌။ တေနေဝ၊ ထိုဉာဏ်ဖြင့်ပင်။ တံ၊ ထိုဉာဏ်ကို။ ဇာနိတုံ၊ ငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ကြောင့်။ ပဋိက္ခေပေါ၊ သည်။ ဣတရဿ၊ သကဝါဒီမှ တပါးသော ပရဝါဒီ၏ ပယ်ခြင်းတည်း။
ဒုတိယပဉှေ၊ ၌။ သန္တတိံ၊ သန္တတိပစ္စုပ္ပန်ကို။ သန္ဓာယ ပဋိညာ, တဿေဝ၊ ထိုပရဝါဒီ၏ပင် ဝန်ခံခြင်းတည်း။
ပဋိပါဋိတော၊ အစဉ်အားဖြင့်။ ဘင်္ဂံ၊ ဘင်ကို။ ပဿန္တော၊ မြင်သောပုဂ္ဂိုလ်သည်။ ဘင်္ဂါနုပဿနေနေဝ၊ ဘင်္ဂါနုပဿနာဉာဏ်ဖြင့်ပင်။ ဘင်္ဂါနုပဿနာဉာဏံ၊ ကို။ ပဿတိ၊ မြင်၏။ ဣတိ (အယံ) အဓိပ္ပါယော၊ ဤသို့သော အလိုသည်။
(ဟောတိ)။ **တေန ။ ပေ ။ ဇာနာတီ**တိ အာဒီသုပိ၊ အစရှိသော ပြဿနာတို့၌လည်း။ ဧသေဝ နယော၊ တည်း။
**တေန ။ ပေ ။ ဖဿန္တိ** အာဒီနိ၊ အစရှိသော စကားရပ်တို့ကိုလည်း။ အဿ၊ ထိုပရဝါဒီ၏။ လေသောကာသနိဝါရဏတ္ထံ၊ အမြွက်ထောင်ခွင့်ကို တားမြစ်ခြင်းအကျိုးငှါ။ ဝုတ္တာနိ၊ ဆိုအပ်ကုန်ပြီ။
ပန၊ ဆက်။ ဧတေန၊ ဤ ပရဝါဒီသည်။ လဒ္ဓိပတိဋ္ဌာပနတ္ထံ၊ မိမိအယူကို တည်စေခြင်း အကျိုးငှါ။ **နနု သဗ္ဗသင်္ခါရေ**တိအာဒိ၊ အစရှိသော။ ယံ (ဝစနံ)၊ အကြင်စကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။
တတ္ထ၊ ထိုစကားရပ်၌။ နယတော၊ နည်းအားဖြင့်။ (အလုံးစုံသော သင်္ခါရတို့ အနိစ္စဖြစ်လျှင် ထိုဉာဏ်သည်လည်း အနိစ္စပင် ဖြစ်၏ ဟူသော အလားတူ နည်းအားဖြင့်။) တံ ဉာဏံ၊ သည်။ ဝါ၊ ကို။ ဒိဋ္ဌံ၊ မြင်အပ်သည်။ ဟောတိ။ အာရမ္မဏတော၊ အာရုံအားဖြင့်။ (တံ ဉာဏံ ဒိဋ္ဌိ)န။ (ဟောတိ)။ ဣတိ အဓိပ္ပါယေန၊ ဤသို့သောအလိုအားဖြင့်။ ပဋိညာ သကဝါဒိဿ၊
တသ္မာ၊ ကြောင့်။ ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းအားဖြင့်။ ပတိဋ္ဌိတာပိ၊ တည်စေအပ်သည်လည်းဖြစ်သော။ [ကာရိတ်အကြေကြံ။ ပတိဋ္ဌာပိတာပိဟု ရှိလျှင်ကောင်း၏။] အဿ၊ ထိုပရဝါဒီ၏။ လဒ္ဓိ၊ သည်။ အပ္ပတိဋ္ဌိတာဝ၊ မတည်သည်သာ။ ဟောတိ၊
ပဋုပ္ပန္နဉာဏကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ)၊