တေဟိ၊ ထို တေဘူမကတရားတို့နှင့်။
သမန္နာဂတောပိ၊ ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း။
အနိယတောယေဝ၊ အနိယတပုဂ္ဂိုလ်သာတည်း။၁။ (အ)နိယတာဏတ္တိဝသေန။ ။စာအုပ်တို့၌"(အ)နိယတာဏတ္တိဝသေန" ဟု တွေ့ရသော်လည်း အထက်၌ ပရဝါဒီက “ပုရိမာဏတ္တိယာယေဝ နိယတဘာဝံ မညမာနာ ပရဝါဒီ"ဟု ဆိုခဲ့၏။ထို့ကြောင့် ပရဝါဒီသည် ရှေ့၌ စေခိုင်းအပ်မှုကိုပင် "နိယတအာဏတ္တိ" ဟု အယူရှိသောကြောင့် မိမိအယူကို တည်စေနိုင် ရကား "နိုယတာဏတ္တိဝသေန"ဟု ရှိမှ အဓိပ္ပါယ်လည်းရ “ပုရိမာဏတ္တိယာယေဝ နိယတ ဘာဝံ” ဟူသော ရှေ့စကားနှင့်လည်း လိုက်လျောသည်။ ထို့ကြောင့် (အ) မပါပဲ “နိယတာဏတ္တိဝသေန”ဟု ပါဌ်မှန်ရှိပါစေ။
၂။သဗ္ဗေပိ တိ။ပေ။ အနိယတောယေဝ။ ။ အာနန္တရိယကံ, အရိယမဂ် တို့ကို သေသ၏ အပါဒါန် ခံပါ။ ထိုတရားတို့မှ ကြွင်းသမျှ တေဘူမကတရားတို့ကို"အနိယတ"ဟု ဆိုရာ၌ သမ္ပတ္တနိယာမ မိစ္ဆတ္တနိယာမသို့ မရောက်သော ပုဂ္ဂိုလ်တို့ သန္တာန်၌ဖြစ်သော တရားတို့ကိုသာ ရည်ရွယ်သည်။ ထို နိယာမ ၂-မျိုးတွင် တမျိုး မျိုးသို့ ရောက်သော ပုဂ္ဂိုလ်တို့သန္တာန်၌ဖြစ်မူထိုတေဘူမကတရားတို့လည်း နိယတတို့ သာတည်း။ ထို နိယာမသို့ မရောက်သော ပုဂ္ဂိုလ်တို့သန္တာန်၌ဖြစ်သော တေဘူမက တရားတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သာ အနိယတ အမည်ရသည်။ [ဧတ္ထ သမ္မတ္ထနိယာ မာနံ ။ပေ။ အနိယတောယေဝါတိ ဝုတ္တံတိ။-ဋီကာ။]
[ထို တေဘူမကတရားတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်ဟူသမျှ အနိယတချည်းဖြစ် လျှင် အဘယ့်ကြောင့် ဘုရားအလောင်းကို နိယတဟု ဗျာဒိတ်ပေးတော် မူရသနည်း ဟု မေးဖွယ်ရှိသောကြောင့် “ဗုဒ္ဓေဟိ ပန”အစရှိသည်ကို မိန့်။]
**မိစ္ဆတ္တနိယတော**တိအာဒိ၊ အစရှိသောစကားကို။ အညေန၊ တပါးသော။ နိယာမေန၊ ဖြင့်။ နိယတသာ၊ မြဲသောပုဂ္ဂိုလ်၏။ အညနိယာမာဘာ၀ဒဿနတ္ထံ၊ တပါးသောနိယာမ၏ မရှိခြင်းကို ပြခြင်းအကျိုးငှာ။
၁။ ဣတိ။ ပေ။ ဩက္ကမတီတိ။ ။"ဣတိ ဣမံ ဝေါဟာရမတ္တံ ဂဟေတွာ” အရ ဝေါဟာရမတ္တ၏ ထင်ရှားရှိခြင်းသည် “နိယတော နိယာမံ ဩက္ကမတိ”ဝယ် နိယတ ဟူသော စကား၏ အကြောင်းပြတည်း။ “တဗ္ဗော ဓမ္မံ အဘိသမေတုံ”အရ ဓမ္မံ အဘိသမေတုံ ဘဗ္ဗ၏ အဖြစ်သည် "နိယာမံ သြက္ကမတိ"ဟူသော စကား၏ အကြောင်းပြတည်း-ဟု ဋီကာ၌ အဋ္ဌကထာအလိုကို ဖွင့်ပြ၏။ ထို့နောက် မိမိအလိုကို “ဓမ္မံ အဘိသမေတုံ” ဘဗ္ဗတာသည် နိယတော ဟူသော စကား၏၎င်း, နိယာမံ ဩက္ကမတိ ဟူသော စကား၏၎င်း အကြောင်းပြဟု ယူသင့်ကြောင်းကို ဖွင့်ပြသည်။ ဝုတ္တံ၊ ပြီ။
**သတိပဋ္ဌာနန္တိ**အာဒိ၊ အစရှိသော စကားကို။ ဧကသ္မိံ၊ တပါးသော။ နိယာမေပိ၊ နိယာမ၌လည်း။ ဓမ္မပ္ပဘေဒ ဒဿနတ္ထံ၊ တရားအထူးအပြားကို ပြခြင်းအကျိုးငှါ။ (သကဝါဒိနာ၊ ) ဝုတ္တံ၊
[သောတာပတ္တိမဂ္ဂနိယာမ၌လည်း သတိပဋ္ဌာန်, သမ္မပ္ပဓာန် အစရှိသောတရား များရှိ၏။ သကဒါဂါမိမဂ္ဂနိယာမ၌လည်း ထိုတရားများရှိသည်။ ]