အနုဋီကာ။ ။တတ္ထ ဥပပတ္တိဘဝတာဝေန ဧသိယာ ဣစ္ဆိတဗ္ဗာတိ ဥပပတ္တေ သိယာ၊ (ဝိပါကက္ခန္ဓာ) [ဤအဖွင့်ကြည့်၍ “ဧသိယ”၌ ဧသဓာတ် မဟုတ်။ ဣသုဓာတ် ဟု သိပါ။ ဏျပစ္စည်း ဣအာဂုံ] တေ စ ယေဘုယျေန ဘဝင်္ဂပရိယာယကာ (ဘဝင်သာ အလှည့်အကြိမ်များကုန်၏။) ဣတိ အဋ္ဌကထာယံ ဝုတ္တံ ဥပပတ္တေသိယန္တိ သင်္ခံဂတဿ ဘဝင်္ဂစိတ္တဿာတိ။ အာဒိ ပရိယောသာနမတ္တံ ဟိ တဿ (ထိုဘဝင်၏) ပဋိသဒ္ဓိ စုတိစိတ္တံတဒါရမ္မဏံ (တဒါရုံကို) ဘဝင်္ဂံတွေဝ ဝုစ္စတီတိ။
၂။ ကိရိယာတိ သင်္ခံ ဂတာ။ ။ကိုယ်အမူအရာ နှုတ်အမူအရာကို ဖြစ်တတ် သောကြောင့် ကုသိုလ် အကုသိုလ် နာမ်ခန္ဓာ ၄-ပါးကို “ကိရိယာ”ဟု ခေါ်၏။ ထို နာမ်ခန္ဓာ ၄-ပါးကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကိုလည်း“ကိရိယာ”ဟု ခေါ်၏။ ထို့ကြောင့် “ကိရိယန္တိ သင်္ခံ ဂတာ။ပေ။ ပဉ္စက္ခန္ဓာ ဥပ္ပဇ္ဇန္တိ”ဟု ဆိုသည်။ (ဧဝံ) ယေသံ၊ အကြင်ပရဝါဒီတို့၏။ (လဒ္ဓိ ဟောတိ၊ )
မှတ်ချက်။ ။စာအုပ်တို့၌ “ခန္ဓာလက္ခဏဝသေန ကိရိယဝသေန စ”ဟု တွေ့ရ သော်လည်း ကိရိယ၏အပြားအားဖြင့် ငါးပါးဖြစ်လျှင် ဥပပတ္တေသိယ၏ အပြား အားဖြင့် ငါးပါး ရှိရဦးမည် ဖြစ်သောကြောင့် "ပဉ္စေဝ နာမ တေ ခန္ဓာ"နှင့် မလျော်ရကား "ကိရိယဝသေန"ကို ရှေးဋီကာနိဿယ မနှစ်သက်။ ပါဌ်ပိုဟုဆိုလိုသည်။
၂။ ဒုတိယပဉှေ။ပေ။ပဋိဇာနာတိ။ ဒုတိယပြဿနာဟူသည် ပဌမပြဿနာ အတိုင်း ထပ်၍ မေးအပ်သော ပြဿနာတည်း။ ထိုပြဿနာ၌ကား ဥပပတ္ထေသိယ ဘဝင်စိတ်မချုပ်ပဲ ကိရိယဟု ခေါ်အပ်သော ကုသိုလ်, သို့မဟုတ် အကုသိုလ်စိတ်တို့ ဖြစ်ရသောကြောင့် ဘင်ခဏ၌ ပေါင်းမိရကား ရှေ့ခန္ဓာ နောက်ခန္ဓာ (၁၀) ပါး တို့၏ သမာဓာနဖြစ်ပုံကို ဝန်ခံသည်။ (တနည်း) ပုရိမ ပစ္ဆိမဝသေန၊ ရှေ့၌ဖြစ်သော ကိရိယခန္ဓာနောက်၌ ဖြစ်သော ဥပပတ္တေသိယခန္ဓာတို့၏ အပြားအားဖြင့်၎င်း။ ဥပပတ္တေသိယ ကိရိယဝသေန စ၊ ဥပပတ္တေသိယ, ကိရိယတို့၏ အပြားအားဖြင့်၎င်း။ နာနတ္တံ၊ ထူးကုန်သည်၏အဖြစ်ကို။ သန္တာယ ပဋိဇာနာတိ၊
**ကိရိယာဉာဏန္တိ**၊ ကား။ ပရဝါဒိနာ၊ သည်။ စက္ခုဝိညာဏသမင်္ဂိက္ခဏေ၊ စက္ခုဝိညာဉ်နှင့် ပြည့်စုံခြင်းရှိရာခဏ၌။ အရဟတော၊ ရဟန္တာပုဂ္ဂိုလ်၏အတွက်။ အနုညာတံ၊ ခွင့်ပြုအပ်သော။ အနာရမ္မဏညာဏံ၊ အာရုံမရှိသော မဂ်ဉာဏ်သည်။ (ဥပ္ပဇ္ဇတိ၊ )
[စက္ခုဝိညာဉ်က ရူပါရုံကို အာရုံပြု၍ ဉာဏ်က ထိုရူပါရုံကို အာရုံမပြု။ ရဟန္တာ ပုဂ္ဂိုလ်၏သန္တာန်၌လည်း ထိုမဂ်ဉာဏ်ဖြစ်နေသည်ဟု ပရဝါဒီ ယူ၏။ ထို့ကြောင့် “အနာရမ္မဏညာဏံ”ဟု ဆိုသည်။]
အထ၊ ဝန်ခံရာ ထိုအခါ၌။ နံ၊ ထိုပရဝါဒီကို။ တဿ၊ ထို ပဉ္စဝိညာဏသမင်္ဂီပုဂ္ဂိုလ်၏။ မဂ္ဂဘာဝနာ၊ သည်။ သစေ အတ္ထိ၊ အကယ်၍ ရှိအံ့။ (ဧဝံ သတိ၊) ပဉ္စဝိညာဏဂတိကေန၊ ပဉ္စဝိညာဉ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသော။ မဂ္ဂေန ဝါ၊ မဂ်သည်သော်၎င်း။ မဂ္ဂဂတိကေဟိ၊ မဂ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိကုန်သော။ ပဉ္စဝိညာဏေဟိ ဝါ၊ ပဉ္စဝိညာဉ် တို့သည်သော်၎င်း။ ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။ စ၊ ထိုသို့ ဖြစ်ထိုက်ပါသော်လည်း။ ၁။ နနိမိတ္တဂ္ဂါဟီ။ ။စက္ခု ဖြင့် နိမိတ္တကို မယူ”ဟု ဟောတော်မူသောကြောင့် အနိမိတ္တကို ယူရာရောက်၏။အနိမိတ္တဟူသည်လည်း သုည, အပ္ပဏိဟိတတို့ကဲ့သို့ နိဗ္ဗာန်၏အမည်တည်း။ ထို့ကြောင့် ပဉ္စဝိညာဉ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ (ပဉ္စဝိညာဉ် အခိုက်၌) န နိမိတ္တဂ္ဂါဟီ မဟုတ်လျှင် အနိမိတ္တဂ္ဂါဟိနိဗ္ဗာန်ကို ယူရာရောက်သည်။ အနိမိတ္တဂ္ဂါဟီနိဗ္ဗာန်ကိုယူလျှင် မဂ္ဂဘာဝနာဖြစ်၏။ (ပဉ္စဝိညာဉ်ဖြစ်ခိုက်၌ မဂ်တရား ဖြစ်နိူင်၏)-ဟု ပရဝါဒီ ယူလေသည်။ တာနိ၊ ထိုပဉ္စဝိညာဉ်တို့သည်။ မဂ္ဂဂတိကာနိ၊ မဂ်၏ဖြစ်ခြင်းနှင့် တူသော ဖြစ်ခြင်းရှိကုန်သည်။ န(ဟောန္တိ)၊ မဖြစ်ကုန်။ (ကသ္မာ၊ နည်း။ တေသံ၊ ထိုပဉ္စဝိညာဉ်တို့၏။) အနိဗ္ဗာနာရမ္မဏတ္ထာ၊ နိဗ္ဗာနိဟူသော အာရုံ မရှိကုန်သည်၏ အဖြစ်ကြောင့်၎င်း။ အလောကုတ္တရတ္တာ စ၊ လောကုတ္တရာ မဟုတ်ကုန်သည်၏ အဖြစ်ကြောင့်၎င်းတည်း။ မဂ္ဂေါ၊ သည်။ ပဉ္စဝိညာဏ ဂတိကော၊ ပဉ္စဝိညာဉ်၏ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည်။ န၊ မဟုတ်။ (ကသ္မာ၊ ) တေသံ၊ ထို ပဉ္စဝိညာဉ်တို့၏။ လက္ခဏေန၊ လက္ခဏာဖြင့်။ အသင်္ဂဟိတတ္တာ၊ မသိမ်းယူအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။ ဣတိ စောဒေတုံ၊ ငှါ။ **နနု ပဉ္စဝိညာဏာ ဥပ္ပဝတ္ထုကာ**တိအာဒိံ အာဟ၊
[ဥပ္ပန္နဝတ္ထုကာ ဥပ္ပန္နာရမ္မဏာ ပုရေဇာတဝတ္ထုကာ စသော သဘောတို့သည် ပဉ္စဝိညာဉ်တို့၏ အသီးအခြားဖြစ်သော အမှတ်အသားတို့တည်း။ ထို့ကြောင့် ဥပ္ပန္နဝတ္ထုကာ၏အဖြစ် စသည်ကို “လက္ခဏာ”ဟု ခေါ်သည်။]
တတြ၊ ထို နနု ပဉ္စဝိညာဏာ ဥပ္ပန္နဝတ္ထုကာ အစရှိသော စကားရပ်၌။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ အဓိပ္ပါယော၊ သကဝါဒီ၏ အလိုတည်း။ ပဉ္စဝိညာဏသမင်္ဂိဿ၊ ၏။ မဂ္ဂဘာဝနာ၊ သည်။ ယဒိ သိယာ၊ အံ့။ (ဧဝံ သတိ၊ ) ယေန မနောဝိညာဏေန၊ အကြင် မနာဝိညာဉ်နှင့်။ မဂ္ဂေါ၊ သည်။ သမ္ပယုတ္တော၊ အညီအမျှ ဧကုပ္ပါဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်၏။ တမ္ပိ၊ ထို မနောဝိညာဉ်သည်လည်း။ ပဉ္စဝိညာဏသမင်္ဂိဿ၊ ပဉ္စဝိညာဉ်နှင့် ပြည့်စုံခြင်းရှိသောပုဂ္ဂိုလ်၏ (သန္တာန်၌)။ သိယာ၊ ၏။
[မဂ်က မနောဝိညာဉ်နှင့် ယှဉ်သောကြောင့် မင်္ဂဖြစ်လျှင် မနောဝိညာဉ်လည်း ဖြစ်ရကား ပဉ္စဝိညာဉ်နှင့် ပြည့်စုံခိုက် မနောဝိညာဉ်လည်း ဖြစ်စရာရှိသည် ဟူလို။]
စ၊ ဆက်။ ဧတ္ထ၊ ဤနနုပဉ္စဝိညာဏာ ဥပ္ပန္ရဝတ္ထုကာ အစရှိသော စကားရပ်၌။ ယသ္မာ၊ ကြောင့်။ အယံ၊ ဤဆိုအပ်ပြီးသော။ အဓိပ္ပါယော၊ သည်။ (ဟောတိ၊ ) တသ္မာ သကဝါဒီ၊ သည်။ တံ လက္ခဏံ၊ ထို ဆိုအပ်ပြီးသော လက္ခဏာကို။ (ဥပ္ပန္န ဝတ္ထုကာ၏အဖြစ် စသော လက္ခဏာ ကို။) ပရဝါဒိံ၊ ကို။ သမ္မဋိစ္ဆာပေတွာ၊ လက်ခံစေ၍။ **နောစဝတ**၊ **ပေ**၊ **မဂ္ဂဘာဝနာ**တိ၊ ဟူ၍။ အာဟ၊
[ ဤ အပရော နယော ၈သောနည်းဖြင့် ပါဠိတော်၌လာသော – ဥပ္ပန္န ဝတ္ထုကာ, ဥပ္ပန္နောရမ္မဏာ”စသည်သို့ကို ဆန့်ကျင်ဘက်ဖြစ်သော “အဝတ္ထုက န ဝတ္တဗ္ဗာရမ္မဏ” စသည်တို့နှင့် တွဲ၍ပြလိမ့်မည်။ ထို့ကြောင့် ပါဠိတော် စဉ်အတိုင်း စဉ်ထားပုံကို သိပါ။]
ဒုတိယံ ပုဋ္ဌော (သမာနော) န နိမိတ္တဂ္ဂါဟီတိဝစနတော၊ ဟုဟောတော်မူခြင်းကြောင့်။ တတ္ထ၊ ထိုစက္ခု ဝိညာဉ်နှင့် ပြည့်စုံခြင်းရှိရာခဏ၌။ ယံ အနိမိတ္တံ၊ နိမိတ်မဟုတ်သော အာရုံ သည်။ (အတ္ထိ၊ ) တဒေဝ၊ ထိုနိမိတ်မဟုတ်သော အာရုံသည်ပင်။ သုညတံ၊ သုညတတည်း။ ဣတိ၊ ဤအနက်ကို။ သန္ဓာယ ပဋိဇာနာတိ၊
[ နိမိတ္တကို မယူလျှင် အနိမိတ္တကို ယူရာရောက်၏။ ထိုအနိမိတ္တဟူသည် သုညဘနိဗ္ဗာန်နှင့် ပရိယာယ်တူ၏။ ထို့ကြောင့် “စက္ခုဝိညာဏံ သုညတံ အာရဗ္ဘ ဥပ္ပဇ္ဇတိ”ဟု မေးရာ၌ “အာမန္တာ”ဟု ဝန်ခံသည်။]
၂။ ဟောတိ-နမီ။ ။ကုသလာကုသလဝသေန၏ နောက်၌ အဋ္ဌကထာ စာအုပ် ဝယ် “ဟောတိ”ဟုရှိ၍ ဋီကာသံဝဏ္ဏေ တဗ္ဗ၌ “နမဣီ”ဟုရှိ၏။ ဋီကာ၌ “နမိတွာ ပဝတ္တီတိ ဝုတ္တံ ဟောတိ”ဟု အဓိပ္ပါယ်ဖွင့်၏။ ထို နမိတွာ ပဝတ္တိကိုလည်း “သာ ပန အာရမ္မဏပ္ပကာရ ဂဟဏံ-အာရုံ၏ အမျိုးအစား အပြားကိုယူခြင်း”ဟု သရုပ်ဖော်၏။ ထို့ကြောင့်"ဟောတီဘိ"သည် ပါဌ်ပျက်။ “နမီသာ ပါဌ်မှန်တည်း။ ["နမနံ နမော၊ နမော ယဿ အတ္ထီတိ နမီ-အာရုံ၏ အပြား၌ ညွတ်ခြင်းရှိသော အာဘောဂ"ဟုသဒ္ဒတ္ထ၊ “နမိတွာ ပဝတ္တိ ညွှတ်၍ဖြစ်ခြင်း”ဟု အဓိပ္ပါယတ္ထ မှတ်ပါ။] ဝုတ္တံ၊ ပြီ။ တံ၊ ထိုစကားတော်ကို။ အယောနိသော၊ သင့်သော အကြောင်း မဟုတ်သောအားဖြင့်။ ဂဟေတွာ၊ ယူ၍။ ပဉ္စဝိညာဏာ သာဘောဂါတိ၊ ဟူ၍။ မဟာသံဃိကာနံ၊ တို့၏။ လဒ္ဓိ၊ (ဟောတိ၊ ) သေယျထာပိ(ဧဝံ၊ ) ယေသံ၊ အကြင်ပရဝါဒီတို့၏။ (လဒ္ဓိဟောတိ၊ ) တေ သန္တာယ ပုစ္ဆာ သကဝါဒိဿ၊ ပဋိညာဣတရဿ၊
တတ္ထ၊ ထို ဝိညတ္တိသီလန္တိကထာ၌။ ကာယဝိညတ္တိ၊ ကာယဝိညတ်ဟူသည်။ ကာယကမ္မံ၊ ကာယကံတည်း။ ဝစီဝိညတ္တိ၊ ဝစီဝိညတ်ဟူသည်။ ဝစီကမ္မံ၊ ဝစီကံတည်း။ ဣတိ၊ သို့။ ဂဟိတတ္တာ၊ ယူအပ်သည်၏အဖြစ်ကြောင့်။
[ကာယဝိညတ်ဟူသည် လက်စသည် လှုပ်ရှားခြင်း၏ ထူးခြားသော အမူအရာတည်း။ သို့သော် ပရ ဝါဒီက ထိုအမူအရာကို ကာယကံဟု ယူသည်။ ဝစီကံ၌လည်း နည်းတူ။] ဝိညတ္တိ၊ ဝိညတ်သည်။ သီလံ၊ တည်း။ ဣတိ၊ သို့။ မဟာသံဃိကနဉ္စေဝသမ္မိ တိယာနဉ္စ လဒ္ဓိ (ဟောတိ) သေယျထာပိ၊ (ဧဝံ၊ ) ယေသံ၊ အကြင်ပရဝါဒီ တို့၏။ (လဒ္ဓိ ဟောတိ၊ )
ပန၊ ဆက်။ အဿ၊ ထိုပရဝါဒီ၏။ လဒ္ဓိ၊ သည်။ ဆလေန၊ စဉ်းလဲ ကောက်ကျစ်သဖြင့်။ ပတိဋ္ဌာပိတတ္တာ၊ တည်စေအပ်သည်၏ အဖြစ်ကြောင့်။
[ စာအုပ်တို့၌ “ ပတိဋ္ဌိတတ္တာ”ဟုရှိ၏။ ရှေးနိဿယ၌ “တည်စေအပ်သည်၏ အဖြစ်ကြောင့်”ဟု ကာရိတ် အကြေကြံ၍ အနက်ပေးသည်။] အပ္ပတိဋ္ဌိတာ ယေဝ၊ မတည်သည်သာ။ (ဟောတိ) ဣတိ၊ အပြီးတည်း။