အထ၊ ဝန်ခံရာ ထိုအခါ၌။ နံ၊ ထိုပရဝါဒီကို။ တဿ၊ ထို ပဉ္စဝိညာဏသမင်္ဂီပုဂ္ဂိုလ်၏။ မဂ္ဂဘာဝနာ၊ သည်။ သစေ အတ္ထိ၊ အကယ်၍ ရှိအံ့။ (ဧဝံ သတိ၊) ပဉ္စဝိညာဏဂတိကေန၊ ပဉ္စဝိညာဉ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသော။ မဂ္ဂေန ဝါ၊ မဂ်သည်သော်၎င်း။ မဂ္ဂဂတိကေဟိ၊ မဂ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိကုန်သော။ ပဉ္စဝိညာဏေဟိ ဝါ၊ ပဉ္စဝိညာဉ် တို့သည်သော်၎င်း။ ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။ စ၊ ထိုသို့ ဖြစ်ထိုက်ပါသော်လည်း။ ၁။ နနိမိတ္တဂ္ဂါဟီ။ ။စက္ခု ဖြင့် နိမိတ္တကို မယူ”ဟု ဟောတော်မူသောကြောင့် အနိမိတ္တကို ယူရာရောက်၏။အနိမိတ္တဟူသည်လည်း သုည, အပ္ပဏိဟိတတို့ကဲ့သို့ နိဗ္ဗာန်၏အမည်တည်း။ ထို့ကြောင့် ပဉ္စဝိညာဉ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ (ပဉ္စဝိညာဉ် အခိုက်၌) န နိမိတ္တဂ္ဂါဟီ မဟုတ်လျှင် အနိမိတ္တဂ္ဂါဟိနိဗ္ဗာန်ကို ယူရာရောက်သည်။ အနိမိတ္တဂ္ဂါဟီနိဗ္ဗာန်ကိုယူလျှင် မဂ္ဂဘာဝနာဖြစ်၏။ (ပဉ္စဝိညာဉ်ဖြစ်ခိုက်၌ မဂ်တရား ဖြစ်နိူင်၏)-ဟု ပရဝါဒီ ယူလေသည်။ တာနိ၊ ထိုပဉ္စဝိညာဉ်တို့သည်။ မဂ္ဂဂတိကာနိ၊ မဂ်၏ဖြစ်ခြင်းနှင့် တူသော ဖြစ်ခြင်းရှိကုန်သည်။ န(ဟောန္တိ)၊ မဖြစ်ကုန်။ (ကသ္မာ၊ နည်း။ တေသံ၊ ထိုပဉ္စဝိညာဉ်တို့၏။) အနိဗ္ဗာနာရမ္မဏတ္ထာ၊ နိဗ္ဗာနိဟူသော အာရုံ မရှိကုန်သည်၏ အဖြစ်ကြောင့်၎င်း။ အလောကုတ္တရတ္တာ စ၊ လောကုတ္တရာ မဟုတ်ကုန်သည်၏ အဖြစ်ကြောင့်၎င်းတည်း။ မဂ္ဂေါ၊ သည်။ ပဉ္စဝိညာဏ ဂတိကော၊ ပဉ္စဝိညာဉ်၏ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည်။ န၊ မဟုတ်။ (ကသ္မာ၊ ) တေသံ၊ ထို ပဉ္စဝိညာဉ်တို့၏။ လက္ခဏေန၊ လက္ခဏာဖြင့်။ အသင်္ဂဟိတတ္တာ၊ မသိမ်းယူအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။ ဣတိ စောဒေတုံ၊ ငှါ။ **နနု ပဉ္စဝိညာဏာ ဥပ္ပဝတ္ထုကာ**တိအာဒိံ အာဟ၊
[ဥပ္ပန္နဝတ္ထုကာ ဥပ္ပန္နာရမ္မဏာ ပုရေဇာတဝတ္ထုကာ စသော သဘောတို့သည် ပဉ္စဝိညာဉ်တို့၏ အသီးအခြားဖြစ်သော အမှတ်အသားတို့တည်း။ ထို့ကြောင့် ဥပ္ပန္နဝတ္ထုကာ၏အဖြစ် စသည်ကို “လက္ခဏာ”ဟု ခေါ်သည်။]
တတြ၊ ထို နနု ပဉ္စဝိညာဏာ ဥပ္ပန္နဝတ္ထုကာ အစရှိသော စကားရပ်၌။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ အဓိပ္ပါယော၊ သကဝါဒီ၏ အလိုတည်း။ ပဉ္စဝိညာဏသမင်္ဂိဿ၊ ၏။ မဂ္ဂဘာဝနာ၊ သည်။ ယဒိ သိယာ၊ အံ့။ (ဧဝံ သတိ၊ ) ယေန မနောဝိညာဏေန၊ အကြင် မနာဝိညာဉ်နှင့်။ မဂ္ဂေါ၊ သည်။ သမ္ပယုတ္တော၊ အညီအမျှ ဧကုပ္ပါဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်၏။ တမ္ပိ၊ ထို မနောဝိညာဉ်သည်လည်း။ ပဉ္စဝိညာဏသမင်္ဂိဿ၊ ပဉ္စဝိညာဉ်နှင့် ပြည့်စုံခြင်းရှိသောပုဂ္ဂိုလ်၏ (သန္တာန်၌)။ သိယာ၊ ၏။
[မဂ်က မနောဝိညာဉ်နှင့် ယှဉ်သောကြောင့် မင်္ဂဖြစ်လျှင် မနောဝိညာဉ်လည်း ဖြစ်ရကား ပဉ္စဝိညာဉ်နှင့် ပြည့်စုံခိုက် မနောဝိညာဉ်လည်း ဖြစ်စရာရှိသည် ဟူလို။]
စ၊ ဆက်။ ဧတ္ထ၊ ဤနနုပဉ္စဝိညာဏာ ဥပ္ပန္ရဝတ္ထုကာ အစရှိသော စကားရပ်၌။ ယသ္မာ၊ ကြောင့်။ အယံ၊ ဤဆိုအပ်ပြီးသော။ အဓိပ္ပါယော၊ သည်။ (ဟောတိ၊ ) တသ္မာ သကဝါဒီ၊ သည်။ တံ လက္ခဏံ၊ ထို ဆိုအပ်ပြီးသော လက္ခဏာကို။ (ဥပ္ပန္န ဝတ္ထုကာ၏အဖြစ် စသော လက္ခဏာ ကို။) ပရဝါဒိံ၊ ကို။ သမ္မဋိစ္ဆာပေတွာ၊ လက်ခံစေ၍။ **နောစဝတ**၊ **ပေ**၊ **မဂ္ဂဘာဝနာ**တိ၊ ဟူ၍။ အာဟ၊
[ ဤ အပရော နယော ၈သောနည်းဖြင့် ပါဠိတော်၌လာသော – ဥပ္ပန္န ဝတ္ထုကာ, ဥပ္ပန္နောရမ္မဏာ”စသည်သို့ကို ဆန့်ကျင်ဘက်ဖြစ်သော “အဝတ္ထုက န ဝတ္တဗ္ဗာရမ္မဏ” စသည်တို့နှင့် တွဲ၍ပြလိမ့်မည်။ ထို့ကြောင့် ပါဠိတော် စဉ်အတိုင်း စဉ်ထားပုံကို သိပါ။]
ဒုတိယံ ပုဋ္ဌော (သမာနော) န နိမိတ္တဂ္ဂါဟီတိဝစနတော၊ ဟုဟောတော်မူခြင်းကြောင့်။ တတ္ထ၊ ထိုစက္ခု ဝိညာဉ်နှင့် ပြည့်စုံခြင်းရှိရာခဏ၌။ ယံ အနိမိတ္တံ၊ နိမိတ်မဟုတ်သော အာရုံ သည်။ (အတ္ထိ၊ ) တဒေဝ၊ ထိုနိမိတ်မဟုတ်သော အာရုံသည်ပင်။ သုညတံ၊ သုညတတည်း။ ဣတိ၊ ဤအနက်ကို။ သန္ဓာယ ပဋိဇာနာတိ၊
[ နိမိတ္တကို မယူလျှင် အနိမိတ္တကို ယူရာရောက်၏။ ထိုအနိမိတ္တဟူသည် သုညဘနိဗ္ဗာန်နှင့် ပရိယာယ်တူ၏။ ထို့ကြောင့် “စက္ခုဝိညာဏံ သုညတံ အာရဗ္ဘ ဥပ္ပဇ္ဇတိ”ဟု မေးရာ၌ “အာမန္တာ”ဟု ဝန်ခံသည်။]