၆၉-၇၂၊
ဣဒါနိ၊ ပညတ္ထာနုယောဂကို ဟောတော်မူပြီးရာ ယခုအခါ၌။
ဂတိပရိဝတ္တန မုခေန၊ ဂတိ၏ ပြောင်းလွဲမှု အဦးပြုသဖြင့်။
စုတိ ပဋိသန္ဓိ အနုယောဂေါ၊ စုတိ ပဋိသန္ဓေကို မေးစိစစ်ခြင်းသည်။
ဟောတိ၊ ၏။
ဝါ၊ လတ္တံ့။
[ဤအဖွင့်ကို ကြည့်၍ "ဂတိယာ၊ ပြောင်းလွဲသော ဂတိအားဖြင့်။
အနုယောဂေါ၊ စုတိ ပဋိသန္ဓေကို မေးစိစစ်ခြင်းတည်း။ ဂတိအနုယောဂေါ၊ခြင်း" ဟု ဝစနတ္ထ ပြုပါ။]
တတ္ထ၊ ထိုဂတိ အနုယောဂ၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)၊
ယသ္မာ၊ ကြောင့်။
ပုဂ္ဂလဝါဒီ၊ သည်။
(ဝေါဟရတိ၊ ၌စပ်။)
သ သတ္တက္ခတ္တု ပရမံ သန္ဓာဝိတွာန ပုဂ္ဂလောတိ အာဒီန၊ အစရှိကုန်သော။
သုတ္တာနိ၊ တို့ကို။
နိဿာယ၊ အားကိုးတခု မှီငြမ်းပြု၍။
ပုဂ္ဂလော၊ သည်။
သန္ဓာဝတိ၊ တဘဝမှ တဘဝသို့ ပြေးသွား၏။
ဣတိ၊ သို့။
လဒ္ဓိံ၊ ကို။
ဂဟေတွာ၊ ယူ၍။
ဝေါဟရတိ၊ ပြောဆို၏။
[သ (သော) ပုဂ္ဂလော၊ ထိုသောတာပန် ပုဂ္ဂိုလ်သည်။
သတ္တက္ခတ္တုပရမံ၊ ခုနှစ်ကြိမ် အလွန်အတိုင်း အရှည်ရှိအောင်။
သန္ဓာဝိတွာန၊ တဘဝမှ တဘဝသို့ ပြေးသွားပြီး၍။
"ဒုက္ခဿန္တ ကရော ဟောတိ"၊ ၌စပ်။]
တသ္မာ၊ ကြောင့်။
အဿ၊ ထိုပရဝါဒီ၏။
တံလဒ္ဓိံ၊ ကို။
ဘိန္ဒိတုံ၊ ငှာ။
**သန္ဓာဝတီ**တိ၊ အစရှိသော။
ပုစ္ဆာ၊ သည်။
သကဝါဒိဿ၊ ၏ပုစ္ဆာတည်း။
တတ္ထ၊ ထိုပုစ္ဆာ၌။
**သန္ဓာဝတီ**တိ၊ ကား။
သံသရတိ၊ ဆက်၍ သွားသလော။
ဝါ၊ ကျင်လည်သလော။
ဂမနာဂမနံ၊ သွားခြင်းလာခြင်းကို။
ကရောတိ၊ ပြုသလော။
("ဣတိ အတ္ထော"ဟုရှိသင့်၏။)
အတ္တနော၊ ၏။
လဒ္ဓိဝသေန၊ အယူ၏အစွမ်းဖြင့်။
ပဋိညာ၊ သည်။
ပရဝါဒိဿ၊ ၏ ဝန်ခံခြင်းတည်း။
**သော ပုဂ္ဂလော**တိ အာဒယော၊ အစရှိကုန်သော။
အနုယောဂါပိ၊ တို့သည်လည်း။
သကဝါဒိဿ၊ ၏။
(အနုယောဂါဟောန္တိ)၊
ပဋိက္ခေပေါ၊ သည်။
ဣတရဿ၊ သကဝါဒီမှ တပါးသော ပရဝါဒီ၏ ပယ်ခြင်းတည်း။
တတ္ထ၊ ထိုသော ပုဂ္ဂလော အစရှိသော ပါဠိရပ်၌။
**သော**တိ၊ သော ဟူသော ပုဒ်၏။
သော ယေဝ၊ ထိုပုဂ္ဂိုလ်သည်ပင်။
(သန္ဓာဝတိ၊ လော, ၌စပ်။)
ဣတိအတ္ထော၊ နက်။
[ သဗ္ဗပဒံ သာဝဓာရဏံ နှင့်အညီ သောကို ဧဝ ထည့်၍ "သောယေဝ"ဟုဖွင့်သည်။]
ပန၊ ကား။
ဧဝံ၊ သို့။
(ဤ ဆိုအပ်ပြီးသောနည်းဖြင့်။)
အနုယုတ္တော၊ စစ်ဆေး မေးမြန်းအပ်သော ပရဝါဒီသည်။
သဿတဒိဋ္ဌိဘယေန၊ သဿတိဒိဋ္ဌိမှကြောက်ခြင်းကြောင့်။
ပဋိက္ခိပတိ၊ ၏။
**အညော**တိ၊ အစရှိသည်ဟူ၍။
ပုဋ္ဌော၊ မေးအပ်သော ပရဝါဒီသည်။
ဥစ္ဆေဒဒိဋ္ဌိဘယေန၊ ဥစ္ဆေဒ ဒိဋ္ဌိမှ ကြောက်ခြင်းကြောင့်။
(ပဋိက္ခိပတိ)၊
**သော စ အညော စာ**တိ၊ အစရှိသည်ဟူ၍။
ပုဋ္ဌော၊ မေးအပ်သော ပရဝါဒီသည်။
ဧကစ္စသဿတဒိဋ္ဌိဘယေန၊ ကြောင့်။
(ပဋိက္ခိပတိ)၊
**နေဝ သော န အညော**တိ၊ အစရှိသည် ဟူ၍။
ပုဋ္ဌော၊ သည်။
အမရာဝိက္ခေပ ဒိဋ္ဌိဘယေန၊ အမရာဝိက္ခေပဒိဋ္ဌိမှ ကြောက်ခြင်းကြောင့်။
(ပဋိက္ခိပတိ)၊
ပုန၊ တဖန်။
စတ္တာရောပိ၊ လည်းဖြစ်ကုန်သော။
ပဉှေ၊ တို့ကို။
ဧကတော၊ တပေါင်းတည်း။
(ကတွာ)၊
ပုဋ္ဌော၊ မေးအပ်သော ပရဝါဒီသည်။
(ပဋိက္ခိပိတွာ အာဟ၊ တို့၌စပ်။)
စတုန္နမ္ပိ၊ လည်းဖြစ်ကုန်သော။
ဒိဋ္ဌီနံ၊ တို့၏။
ဝါ၊ တို့မှ။
ဘယေန၊ ကြောက်ခြင်းကြောင့်။
ပဋိက္ခိပိတွာ၊ ၍။
ပုန အဿ၊ ထို ပရဝါဒီ၏။
(လဒ္ဓိ၊ ၌စပ်။)
ယာနိ သုတ္တာနိ၊ တို့ကို။
နိဿာယ၊ ၍။
လဒ္ဓိ၊ သည်။
ဥပ္ပန္နာ၊ ဖြစ်ပြီ။
တာနိ (သုတ္တာနိ)၊ တို့ကို။
ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။
**တေန ဟိ ပုဂ္ဂလော သန္ဓာဝတီ**တိ အာဒိံ၊ ကို။
အာဟ၊ ပြီ။
["ဒဿေန္တော။ ပေ။ အာဟ" ကို ဋီကာ၌ အပြစ် ပြထားသည်။]
တတ္ထ၊ ထိုမနုဿော ဟုတွာ အစရှိသော ပါဠိရပ်၌။
**ဟေဝံ မရဏံ နဟေဟိတီ**တိ၊ ဟူသောပါဌ်၌။
ဧဝံ သန္တေ၊ လသော်။
မရဏံ၊ သေခြင်းသည်။
န ဘဝိဿတိ၊ မဖြစ်တော့လတ္တံ့။
ဣတိ အတ္ထော၊
ဣတော၊ ဤ မိစ္ဆာဟု ပြပြီးရာ အခါမှ။
ပရံ၊ ၌။
ယက္ခော ပေတောတိ၊ အစရှိသော ပါဌ်ဖြင့်။
အတ္တဘာဝ နာနတ္တဝသေန၊ အတ္တဘော၏ ထူးသည်၏ အဖြစ်နှင့် စပ်သဖြင့်။
အနုယောဂ နာနတ္တံ့၊ မေးစိစစ်ခြင်း၏ ထူးသည်၏ အဖြစ်ကို။
ဝေဒိတဗ္ဗံ၊
ပုန၊
ဒေဝလောကေ၊ နတ်ပြည်၌။
ဥပပန္နဿ၊ ဖြစ်သော ပုဂ္ဂိုလ်၏။
မနုဿတ္တာဘာဝဒဿနေန၊ လူ၏ အဖြစ်၏ မရှိခြင်းကို ပြခြင်းအားဖြင့်။
အနုယောဂေါ၊ သည်။
သကဝါဒိဿ၊ ၏ မေးစိစစ်ခြင်းတည်း။
၈၉-၉၀။ တတော၊ ထိုသို့ မေးစိစစ်ရာ အခါမှ။
ပရံ၊ ၌။
**အနညော အဝိဂတော**တိ ဧတ္ထ၊ ဤ ပါဌ်၌။
(အတ္ထော၊ ၌စပ်။)
**အနညော**တိ၊ ကား။
သဗ္ဗာကာရေန၊ အလုံးစုံသော အခြင်းအရာအားဖြင့်။
ဧကသဒိသော၊ တထပ်တည်း တူသည်။
(ဟုတွာ သန္ဓာဝတိ၊ ၌စပ်။)
**အဝိဂတော**တိ၊ ကား။
ဧကေနာပိ၊ တခုလည်း ဖြစ်သော။
အာကာရေန၊ အခြင်းအရာအားဖြင့်။
အဝိဂတော၊ မကင်းသည်။
(ဟုတွာ သန္ဓာဝတိ၊ ၌စပ်။)
ဣတိ အတ္ထော၊ နက်။
**န ဟေဝန္တိ**၊ န ဟေဝံ ဝတ္တဗ္ဗေဟူသောစကားကို။
ဒေဝလောကေ၊ ၌။
ဥပပန္နဿ၊ ဖြစ်ပြီး ပုဂ္ဂိုလ်၏။
မနုဿဘာဝါဘာဝတော၊ လူ့အဖြစ်၏မရှိခြင်းကြောင့်။
ဧဝံ၊ ဤသို့ န ဟေဝံ ဝတ္တဗ္ဗေ ဟူ၍။
(ပရဝါဒီ၊ သည်။)
အာဟ၊ ပြီ။
ပုန၊
ဒဠှံ၊ ကို။
ကတွာ၊ ၍။
အနုယုတ္တော၊ မေးစိစစ်အပ်သောပရဝါဒီသည်။
သွေဝ ပုဂ္ဂလော သန္ဓာဝတီတိ၊ ဟူသော။
လဒ္ဓိယာ၊ မိမိအယူအားဖြင့်။
အနုဇာနာတိ၊ အာမန္တာ ဟု ခွင့်ပြု၏။၁။ န သောတာပန္နဿ။ ။တဿေဝ။ ။"ထိုပုဂ္ဂိုလ် တယောက်တည်း သည်ပင် တဘဝမှ တဘဝသို့ ပြေးသွား၏ဟု မဆိုထိုက်သလော”ဟု မေးရာ၌ “အာမန္တာ၊ အိမ်း မဆိုထိုက်”ဟူသော အဖြေကို မကျေနပ်သောကြောင့် “လူ့ဘဝက သောတာပန်သည် နောက်ဘဝသို့ ရောက်လျှင်လည်း သောတာပန်ပင် ဖြစ်သည်မဟုတ် လော”ဟု ပရဝါဒီက စစ်ဆေးသောအခါ “အာမန္တာ”ဟု သကဝါဒီ ဝန်ခံသည်။
၂။ အနညော အဝိဂတော။ ။ပါဠိတော်ဝယ် ရှေ့ပြဿနာမှ“သွေဝ ပုဂ္ဂလော”ကို လိုက်စေ၍ ထိုပုဂ္ဂိုလ်သည်ပင် “အနညော-အခြားသူ မဟုတ်သည်” ဟူရာ၌ အလုံးစုံအခြင်းအရာအားဖြင့် တထပ်တည်းတူသည်”ဟု ဆိုလို၏။“အဝိဂတော၊ မကင်းသည်” ဟူရာ၌လည်း"နဂိုရှိနေသောအခြင်းအရာတို့တွင် တစုံတခုသော အခြင်း အရာအားဖြင့် မကင်း"ဟု ဆိုလိုသည်။
၃။ ပုန ခဠှံ ကတွာ။ ၈၉-၌ မေးအပ်ပြီးသော ဒုတိယပြဿနာကိုပင် ထပ်၍ မေးသောကြောင့် “ပုန ဒဠှံ ကတွာ”ဟု ဆိုသည်။ ထိုသို့ ထပ်၍ မေး သောအခါ “သွေဝ ပုဂ္ဂလော သန္ဓာဝတိ”ဟူသော သူ့အယူနှင့် လျော်သည်ကို စဉ်း စားမိ၍ ၈၉-၌ ပယ်အပ်ပြီးကိုပင် “အာမန္တာ”ဟု ခွင့်ပြု ပြန်သည်။
**ဟတ္ထစ္ဆိန္နော**တိအာဒိ၊ အစရှိသော စကားရပ်ကို။
(ဝုတ္တံ၊ ၌ လှမ်း၍။)
အာကာရာဝိဂမနဒဿနေန၊ အခြင်းအရာနှင့် မကင်းခြင်းကို ပြခြင်းအားဖြင့်။
အဝိဂတော၊ မကင်းသည်။
(ဟုတွာ)၊
**သန္ဓာဝတီ**တိ၊ တဘဝမှ တဘဝသို့ပြေးသွား၏။
ဣတိ၊ ဤသို့သော။
လဒ္ဓိဘိန္ဒနတ္ထံ၊ အယူကို ဖျက်ဆီးခြင်းအကျိုးငှာ။
(သကဝါဒိနာ၊ သည်။)
ဝုတ္တံ၊ အပ်ပြီ။
တတ္ထ၊ ထို ဟတ္ထစ္ဆိန္နောအစရှိသော သကဝါဒီ၏ စကားရပ်၌။
ယဿ၊ အကြင်ပုဂ္ဂိုလ်၏။
အင်္ဂုဋ္ဌကာ၊ ခြေမ လက်မတို့သည်။
ဆိန္နာ၊ ပြတ်ကုန်ပြီ။
ဣတိ၊ ကြောင့်။
(သော၊ ထိုပုဂ္ဂိုလ်သည်။)
အဋ္ဌစ္ဆိန္နော၊ မည်၏။
ယဿ၊ ၏။
မဟာနှာရူ၊ အကြောကြီးတို့သည်။
ဆိန္နာ၊ ကုန်ပြီ။
ဣတိ၊ ကြောင့်။
(သော၊ ထိုပုဂ္ဂိုလ်သည်။)
**ကဏ္ဍရစ္ဆိန္နော**၊ မည်၏။
၉၁။ **သရူပေါ**တိ အာဒီသု၊ အစရှိသောပြဿနာတို့တွင်။
ပဌမေ၊ ပဌမဖြစ်သော။
ပဉှေ၊ ၌။
ဣမိနာ ရူပကာယေန၊ ဤရူပကာယနှင့်။
သဒ္ဓိံ၊ ကွ။
အဂမနံ၊ တဘဝသို့ မသွားခြင်းကို။
သန္ဓာယ၊ ၍။
ပဋိက္ခိပတိ၊ နဟေဝံဝတ္တဗ္ဗေဟု ပယ်၏။
ဒုတိယေ၊ နှစ်ခုမြောက်သော။
ပဉှေ၊ ၌။
အန္တရာ ဘဝပုဂ္ဂလံ၊ အန္တရာ ဘဝပုဂ္ဂိုလ်ကို။
ဝါ၊ အကြားဘဝ၌ ဖြစ်သော ပုဂ္ဂိုလ်ကို။
သန္ဓာယ၊ ၍။
ပဋိဇာနာတိ၊ ၏။
ဟိ၊ မှန်။
သော၊ ထို အန္တရာဘဝပုဂ္ဂိုလ်သည်။၁။ အာကာရာဝိဂမနဒဿနေန။ ။"အာမန္တာ”ဟု ခွင့်ပြု ပြီးသောအခါ "ဟတ္ထစ္ဆိန္နော ဟတ္ထစိနောဝ ဟောတိ ရှေးဘဝ၌ ဟတ္ထစ္ဆိန္န ဖြစ်သူသည် နောက်ဘဝ သို့ ဟတ္ထစ္ဆိန္နအဖြစ်ဖြင့်ပင် ပြေးသွားသလော”စသည်ဖြင့် မေးခြင်းသည်“အဝိဂတော သန္ဓာ ဝတိ”ဟူသော သူ့အယူကို ဖျက်ခြင်းအကျိုးငှါ မေးခြင်းဖြစ်၏။ ထိုသို့ မေးသော အခါ "န ဟေဂံ ဝတ္တဗ္ဗေ”ဟု ပယ်ရှားသောကြောင့် သူ့အယူပျက်လေသည်။ စာအုပ် တို့၌ “အာကာရဝိဂမနဒဿနန”ဟု ရှိသော်လည်း “အာကာရာဝိဂမန(အာဏာရ+ အဝိဂမန) (ဟတ္ထစ္ဆိန္ဒဖြစ်သူ၏ လက်ပြတ်နေခြင်းဟူသော အခြင်းအရာမကင်းပဲ နောက် ဘဝ၌ ဟတ္ထစ္ဆိန္န အဖြစ်ဖြင့် ဖြစ်ပုံကို) ဒဿနေန”ဟု ရှိမှ အဓိပ္ပါယ် မှန်သည်။
၂။ သရူပေါတိ အာဒီသု။ ။သရူပေါ”ကို ဣမိနာ ရူပကာယေန သဒ္ဓိ" ဟု ဖွင့်သည်။ သွေ ပုဂ္ဂလောကို လိုက်စေ၍ “ထို ပုဂ္ဂိုလ်သည်ပင် ဤရူပကာယနှင့်တကွ (ဤရူပကာယ အတိုင်း) တဘဝမှ တဘဝသို့ ပြေးသွားသလော ဟု ပဌမ မေးရာ၌ “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်သည်။
၃။ ဒုတိယ ။ ပေ။ ပဋိဇာနာတိ။ ။ထိုပြဿနာကိုပင် ဒုတိယထပ်၍ မေးရာ ၌ကား ဝန်ခံ၏။ ဘာ့ကြောင့်နည်း ပရဝါဒီသည် ဤ ဘဝနှင့် နောက်ဘဝ၏အကြား၌ "ကြားဘဝ တမျိုး ရှိသေး၏ဟု အယူ ရှိနေသောကြောင့်တည်း။ ဆက်ဦးအံ့၊ "အချို့ပုဂ္ဂိုလ်သည် သေပြီးနောက် အမိလောင်း၏ သန္ဓေယူနိုင်လောက်ရာ ကာလကို စောင့်ဆိုင်း၍ ကြားဘဝ၌ နေရသေး၏။ အဓိက သန္ဓေယူနိုင်လောက်အောင် အကြောင်းစုံသောအခါ ထို ကြားဘဝ၌ ဖြစ်သော ရုပ်အတိုင်းပင် အမိဝမ်းထဲသို့ ဝင်ရောက်၏။ ဝင်ရောက်ပြီးမှ ထို ရုပ်ပျက်သည်" ဟု အယူရှိသတဲ့။ တဿ၊ ထိုပရဝါဒီ၏။
လဒ္ဓိယာ၊ အားဖြင့်။
သရူပေါဝ၊ မိမိ၏ ရုပ်နှင့်တကွသာလျှင်။
ဝါ၊ မိမိရူပကာယအတိုင်းသာလျှင်။
(ဟုတွာ)၊
ဂန္တွာ၊ သွား၍။
မာတုကုစ္ဆိံ၊ အမိဝမ်းသို့။၏
ပဝိသတိ၊ ဝင်၏။
အထ၊ အမိဝမ်းသို့ ဝင်ပြီးရာ ထိုအခါ၌။
အဿ၊ ထို အန္တရာဘဝပုဂ္ဂိုလ်၏။
တံရူပံ၊ ထို ဘဝဟောင်းက ပါလာသော ရုပ်သည်။
ဘိဇ္ဇတိ၊ ပျက်၏။
**တံ ဇီဝန္တိ**၊ ဟူသောပါဌ်ဖြင့်။
(ပုစ္ဆိတိ၊ ၌စပ်။)
ရူပသင်္ခါတေန၊ ရုပ်ဟု ဆိုအပ်သော။
ယေန သရီရေန၊ အကြင်ကိုယ်နှင့်။
သဒ္ဓိံ၊ ကွ။
ဂစ္ဆတိ၊ တဘဝမှတဘဝသို့သွား၏။
ကိံ၊ အသို့နည်း။
အဿ၊ ထို အန္တရာဘဝပုဂ္ဂိုလ်၏။
တဒေဝ၊ ထိုရုပ်ဟူသော ကိုယ်သည်ပင်။
ဇီဝံ၊ ဇီဝလော။
တံ၊ ထိုဇီဝသည်။
သရီရံ၊ သရီရလော။
ဣတိ၊ သို့။
(သကဝါဒီ၊ သည်။)
ပုစ္ဆိတိ၊ မေး၏။
ပရဝါဒီ၊ သည်။
ဣဓ၊ ဤဘဝ၌။
သရီရနိက္ခေပေါ၊ ရုပ်ဟူသော ကိုယ်ကို ပစ်ချရခြင်းကြောင့်၎င်း။
သုတ္တဝိရောဓာစ၊ သုတ်ပါဠိတော်နှင့် ဆန့်ကျင်ခြင်းကြောင့်၎င်း။
ပဋိက္ခိပတိ၊ ၏။
**သဝေဒနော**တိအာဒီသု၊ အစရှိသော ပြဿနာတို့၌။
အသညူပပတ္တိံ၊ အသညသတ်ဘုံ၌ ပဋိသန္ဓေနေခြင်းကို။
သန္ဓာယ၊ ၍။
(ပရဝါဒီ၊ သည်။)၁။ တံ ဇီဝံ တံ သရီရံ။ ။ “ယေန ရူပသင်္ခါတေန သရီရေန”ဟု သရီရ အတွက် အနိယမ ထည့်၍ ဆိုသောကြောင့် တံ ဇီဝံ ၌ တံ ဖြင့် ထိုရုပ်ခန္ဓာ ဟူသော သရီရကို စွဲရသည်။ ထို ရုပ်ခန္ဓာဟူသော သရဲရသည် ဇီဝ (အသက်ကောင်)လော။ "ထို ဇီဝ(အသက်ကောင်) သည် သရီရ လော”ဟု သကဝါဒီ မေးသည်။[ရူပသင်္ခါတေန”ဟူသော ဝိသေသနဖြင့် သတ္တ-အတ္တ ဟု ခေါ်ဆိုအပ်သော သရီရကို တား မြစ်သည်။ ]
၂။ သရီရ နိက္ခေပါ သုတ္တဝိရောဓာ။ ။ “ရုပ် “ရုပ်ခန္ဓာဟူသော သရီရသည် ဇီဝ လော”ဟု မေးသောအခါဇီဝသည် သဿတ(မြဲ)၏။ ရုပ်ခန္ဓာ ဟူသော သရီရကား ဤ ဘဝ၌ ပစ်ချခဲ့ရ၍ မမြဲ။ ထို့ကြောင့်၎င်း “တံဇီဝံ တံသရီရန္တိ အဗျာကတမေတံ မယာ”ဟူသော သုတ်နှင့် ဆန့်ကျင်သောကြောင့်၎င်း ပယ်သည်။
၃။ သဝေဒနာတိ အာဒီသု။ ။ပါဠိတော်၌ “သွေဝ ပုဂ္ဂလော”ကို လိုက် စေ၍ “သရူပေါ”နေရာဝယ် “သဝေဒနော သန္ဓာဝတိ အသ္မာလောကာ"စသည်ဖြင့် ရှိ၏။ ထိုသို့ မေးရာဝယ် “အသညသတ်ဘုံ၌ ဖြစ်ခြင်းကို ရည်ရွယ်၍ “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပရဝါဒီ ပယ်၏။ ထိုသို့ ပယ်ပြီးနောက် “သွေဝ ပုဂ္ဂလော သဝေဒနော” သန္ဓာဝတိ” ဟု ထပ်၍ မေးသောအခါ အသညသတ်ဘုံမှ တပါးသောဘုံ၌ ဖြစ်ခြင်းကို ရည်ရွယ်၍ “အာမန္တာ”ဝန်ခံသည်။ ထို့နောက် တံ၊ ထို ဝေဒနာနှင့်တကွ ဖြစ်သောဇီဝံ၊ လော။ တံ၊ ထို ဇီဝသည်။ သရီရံ၊ လော”ဟု မေးသောအခါ သုတ္တ ဝိရောဓဖြစ်သောကြောင့် ပယ်သည်။ဤသို့ သညာ သင်္ခါရ ဝိညာဏက္ခန္ဓာတို့ကို အပြည့် အစုံ မေး၍ အပြည့်အစုံ ဖြေသည်။ ပါဠိတော်၌ကား ပေယျာလ မြှုပ်ထားသည်။ ပဋိက္ခိပတိ၊ ၏။
တဒညံ၊ ထို အသညသတ် ပဋိသန္ဓေမှ တပါးသော။
ဥပပတ္တိံ၊ စတုဝေါကာရ, ပဉ္စဝေါကာရ ပဋိသန္ဓေကို။
သန္ဓာယ၊ ၍။
(ပရဝါဒီ)၊
ပဋိဇာနာတိ၊ ၏။
**တံဇီဝန္တိ**၊ ကား။
ဝေဒနာဒိ သင်္ခါတေန၊ ဝေဒနာ အစရှိသည်ဟု ဆိုအပ်သော။
ယေန သရီရေန၊ အကြင် သရီရနှင့်။
သဒ္ဓိံ၊ ကွ။
ဂစ္ဆတိ၊ တဘဝမှ တဘဝသို့ သွား၏။
ကိံ၊ နည်း။
အဿ၊ ထိုပုဂ္ဂိုလ်၏။
တဒေဝ၊ ထိုဝေဒနာ ဟူသော သရီရသည်ပင်။
ဇီဝံ၊ ဇီဝသော။
တံ၊ ထိုဇီဝသည်။
သရီရံ၊ သရီရလော။
ဣတိ၊ သို့။
(သကဝါဒီ)၊
ပုစ္ဆတိ၊ ၏။
ဟိ၊ မှန်။
တံ၊ ထိုသရီရသည်။
ဇီဝံ၊ တည်း။
တံ၊ ထိုဇီဝသည်။
သရီရံ၊ တည်း။
ဇီဝံ၊ သည်။
အညံ၊ သရီရမှ တမျိုးတခြားတည်း။
သရီရံ၊ သည်။
အညံ၊ ဇီဝမှ တမျိုးတခြားတည်း။
ဣတိ၊ သို့။
ဧတိဿာ လဒ္ဓိယာ၊ ၌။
ပဉ္စပိ၊ လည်း ဖြစ်ကုန်သော။
ခန္ဓာ၊ ခန္ဓာတို့ကို။
သရီရန္တိ၊ ဟူ၍။
အဓိပ္ပေတာ၊ ပရဝါဒီသည် အလိုရှိအပ်ကုန်ပြီ။
ပရဝါဒီ၊ သည်။
သုတ္တဝိရောဓာ၊ ကြောင့်။
ပဋိက္ခိပတိ၊ ၏။
၉၂။ **အရူပေါ**တိအာဒီသု၊ အစရှိသော ပြဿနာတို့တွင်။
ပဌမေ၊ သော။
ပဉှေ၊ ၌။
အန္တရာဘဝံ၊ ကြားဘဝကို။
သန္ဓာယ၊ ၍။
(ပရဝါဒီ)၊
ပဋိက္ခိပတိ၊ ၏။
ဒုတိယေ၊ သော။
ပဉှေ၊ ၌။
အရူပါ၊ အရူပဘုံမှ။
(စဝိတွာ၊ စုတေ၍။)
ရူပံ၊ ရုပ်ရှိသောဘုံ၌။
ဥပပဇ္ဇမာနံ၊ ဖြစ်သော ပုဂ္ဂိုလ်ကို။
သန္ဓာယ၊ ၍။
(ပရဝါဒီ)၊
ပဋိဇာနာတိ၊ ၏။
**အညံဇီဝန္တိ**၊ ကား။
ရူပသင်္ခါတံ၊ ရုပ်ဟုဆိုအပ်သော။
ယံ သရီရံ၊ အကြင်ကိုယ်ကို။
ပဟာယ၊ ပယ်စွန့်၍။
အရူပေါ၊ ရုပ််မရှိသည်။
(ဟုတွာ)၊
သန္ဓာဝတိ၊ ၏။
ကိံ၊ နည်း။
တေ၊ အသင် ပရဝါဒီ၏။
တံ သရီရံ၊ ထို ရုပ်ဟု ဆိုအပ်သော သရီရသည်။
အညံ၊ ဇီဝမှ တမျိုးတခြားလော။
ဇီဝံ၊ သည်။
အညံ၊ ရုပ်ဟုဆိုအပ်သော သရီရမမှ တမျိုးတခြားသော။
ဣတိ၊ သို့။
(သကဝါဒီ)၊
ပုစ္ဆတိ၊ ၏။
ဣတရော၊ သကဝါဒီမှ တပါးသော ပရဝါဒီသည်။
သုတ္တဝိရောဓာ၊ ကြောင့်။
ပဋိက္ခိပတိ၊
**အဝေဒနော**တိ အာဒီသု၊ အစရှိသော ပြဿနာတို့၌။
သညီဘဝံ၊ သညာရှိသော ဘဝကို။
သန္ဓာယ၊
(ပရဝါဒီ)၊
ပဋိက္ခိပတိ၊
တဒညံ၊ ထို သညီဘဝမှ အခြားသော။
ဥပပတ္တိံ၊ အသညသတ်ဘုံ, နေဝသညာနာသညာယတနဘုံ၌ ပဋိသန္ဓေ နေခြင်းကို။
သန္ဓာယ၊ ၍။
(ပရဝါဒီ)၊
ပဋိဇာနာတိ၊ ၏။
**အညံ ဇီဝန္တိ**၊ ကား။
ဝေဒနာဒိ သင်္ခါတံ၊ ဝေဒနာ အစရှိသည်ဟု ဆိုအပ်သော။
၁။ အရူပေါတိ အာဒီသု။ ။ ဤပြဿနာတို့ဝယ် နောက်ဆုံးဖြစ်သော "အညံ ဇီဝံ, အညံသရီရံ" ဟူသော ပြဿနာ၌ "အရူပေါ"ဟု စတည်လျှင် "အညံ-ရုပ်မှတပါးဝေဒနာ စသည်ကို သရီရ"ဟုယူပါ။ "အဝေဒနော"ဟု စတည်လျှင် "အညံ၊ ဝေဒနာမှ တပါး ရုပ်စသည်ကို သရီရ"ဟုယူပါ။
ယံ ၊သရီရံ၊ ကို။
ပဟာယ၊ ၍။
အဝေဒနော၊ ဝေဒနာမရှိသည်။
(ဟုတွာ)၊
သန္ဓာဝတိ၊ ၏။
အဝိညာဏော၊ ဝိညာဉ်မရှိသည်။
(ဟုတွာ)၊
သန္ဓာဝတိ၊ ၏။
ကိံ၊ နည်း။
တေ၊ အသင် ပရဝါဒီ၏။
တံသရီရံ၊ ထို ဝေဒနာ အစရှိသည်ဟု ဆိုအပ်သော သရီရသည်။
အညံ၊ ဇီဝမှ တမျိုးတခြားသော။
ဇီဝံ၊ သည်။
အညံ၊ ဝေဒနာအစရှိသော သရီရမှ တမျိုးတခြားလော။
ဣတိ၊
(သကဝါဒီ)၊
ပုစ္ဆတိ၊ ၏။
ဣတရော၊ သကဝါဒီမှ တပါးသော ပရဝါဒီ သည်။
သုတ္တဝိရောဓာ၊ ကြောင့်။
ပဋိက္ခိပတိ၊ ၏။
[ပါဠိတော်နှင့် တိုက်၍ ကြည့်ပါ။ အဓိပ္ပါယ် မခက်တော့။]
၉၃။ **ရူပံ သန္ဓာဝတီ**တိအာဒီသု၊ အစရှိသော ပြဿနာတို့၌။
ရူပါဒယော၊ ရုပ်အစရှိကုန်သော။
ယေ ခန္ဓေ၊ တို့ကို။
ဥပါဒါယ၊ ဉာဏ်ဖြင့်ယူ၍။
ဝါ၊ စွဲဲ၍။
ပုဂ္ဂလံ၊ ကို။
(ပရဝါဒီ)၊
ပညပေတိ၊ ပညတ်၏။
ကိံ၊ နည်း။
တေ၊ အသင် ပရဝါဒီ၏။
တသ္မိံ ပုဂ္ဂလေ၊ ထိုပုဂ္ဂိုလ်သည်။
သန္ဓာဝန္တေ၊ တဘဝမှ တဘဝသို့ ပြေးသွားလသော်။
တမ္ပိရူပံ၊ ထိုရုပ်သည်လည်း။
သန္ဓာဝတိ၊ တဘဝမှ တဘဝသို့ ပြေးသွားသလော။
ဣတိ၊ သို့။
(သကဝါဒီ)၊
ပုစ္ဆတိ၊ ၏။
ပရဝါဒီ၊ သည်။
(ပဋိက္ခိပတိ၊ ၌စပ်။)
အဝိဇ္ဇာနီဝရဏာနံ၊ အဝိဇ္ဇာဟူသော နီဝရဏရှိကုန်သော။
တဏှာ သံယောဇနာနံ၊ တဏှာဟူသော သံယောဇဉ်ရှိကုန်သော။
သန္ဓာဝတံ၊ တဘဝမှ တဘဝသို့ ပြေးသွားကြကုန်သော။
သံသရတံ၊ ကျင်လည်ကြကုန်သော။
သတ္တာနံ၊ သတ္တဝါတို့၏။
(ပုဗ္ဗကောဋိ၊ ရှေ့အစွန်းသည်။
န ပညာယတိ၊ မထင်ရှား။)
ဣတိ၊ သို့။
သတ္တဿေဝ၊ သတ္တဝါ၏သာလျှင်။
သန္ဓာဝန ဝစနတော၊ တဘဝမှ တဘဝသို့ ပြေးသွားခြင်းကို ဟောတော်မူခြင်းကြောင့်။
ပဋိက္ခိပတိ၊ ၏။
ပုန၊
ပုဋ္ဌော၊ မေးအပ်သော ပရဝါဒီသည်။
ယသ္မာ၊ ကြောင့်။
ရူပါိဒိဓမ္မေ၊ ရုပ်အစရှိသောတရားတို့ကို။
ဝိနာ၊ ကြဉ်၍။
ပုဂ္ဂလော၊ သည်။
နတ္ထိ၊ မရှိ။
တသ္မာ၊ ကြောင့်။
တသ္မိံ၊ ထိုပုဂ္ဂိုလ်သည်။
သန္ဓာဝန္တေ၊ လသော်။
တေန ရူပေနပိ၊ ထိုရုပ်သည်လည်း။
သန္ဓာဝိတဗ္ဗံ၊ တဘဝမှ တဘဝသို့ ပြေးသွားထိုက်၏။
ဣတိ သညာယ၊ ဤသို့သော အမှတ်ဖြင့်။
ပဋိဇာနာတိ၊ ၏။
ဝေဒနာဒီသုပိ၊ ဝေဒနာ အစရှိသော ပြဿနာတို့၌လည်း။
ဧသေဝ နယော၊ ပင်တည်း။
၁။ ရူပံ သန္ဓာဝတိ။ ။ သကဝါဒီက "ရုပ်သည် ပြေးသွား သလော" ဟု မေးရာ၌ ပရဝါဒီသည် "အဝိဇ္ဇာနီ ဝရဏာနံ သတ္တာနံ သန္ဓာဝတံ" စသော ပါဠိတော်ဝယ်" ပုဂ္ဂိုလ် သတ္တဝါသည် ပြေးသွား၏" ဟူသော စကားတော်ကို ထောက်၍ "ရုပ်သည် ပြေးသွား၏"ဟုမဆိုထိုက်ဟု ပယ်ပြီးလျှင် ထပ်၍ မေးသောအခါ ရုပ်စသည်ကို ကြဉ်၍ ပုဂ္ဂိုလ်ဟု သီးခြားမရှိသောကြောင့် "အာမန္တာ"ဟုဝန်ခံသည်။
၉၄။ **ရူပံ န သန္ဓာဝတီ**တိ အာဒိသု၊ အစရှိသော ပြဿနာတို့၌။
ယသ္မာ၊ ကြောင့်။
တေ၊ အသင် ပရဝါဒီ၏။
ရူပံ၊ သည်။
ပုဂ္ဂလော၊ သည်။
နဟောတိ၊ မဟုတ်။
စ၊ ထိုသို့ပင် ရုပ်သည် ပုဂ္ဂိုလ်မဟုတ်ပါသော်လည်း။
သွေဝ၊ ထိုပုဂ္ဂိုလ်သည်ပင်။
သန္ဓာဝတိ၊ ၏။
ဣတိ၊ သို့။
(တွံ၊ အသင်ပရဝါဒီသည်။)
ဝဒေသိ၊ ဆို၏။
တသ္မာ၊ ကြောင့်။
တံ၊ အသင် ပရဝါဒီကို။
ပုစ္ဆာမိ၊ ၏။
ကိံ၊ နည်း။
တေ၊ အသင် ပရဝါဒီ၏။
ရူပံ၊ သည်။
န သန္ဓာဝတိ၊ တဘဝမှ တဘဝသို့ မပြေးသွားသလော။
ဣတိ အတ္ထော၊ နက်။
ဣတရော၊ သကဝါဒီမှ တပါးသော ပရဝါဒီသည်။
(ပဋိက္ခိပတိ၊ ၌စပ်။)
သန္ဓာဝန္တေန၊ သော။
ပုဂ္ဂလေန၊ ပုဂ္ဂိုလ်အားဖြင့်။
တဿ၊ ထိုပုဂ္ဂိုလ်၏။
ဥပါဒါနဘူတေန၊ စွဲမှီရာဖြစ်၍ ဖြစ်သော။
ရူပေန၊ သည်။
သန္ဓာဝိတုံ၊ ငှာ။
သက္ကာ၊ တတ်ကောင်း၏။
ဣတိသညာယ၊ ဤသို့ သောအမှတ်ဖြင့်။
ပဋိက္ခိပတိ၊ ၏။
[" ပုဂ္ဂလေ၊ သည်။
သန္ဓာဝန္တေ၊ သော်။
တဿ၊ ထိုပုဂ္ဂိုလ်၏။
ဥပါဒါနဘူတေန၊ သော။
ရူပေန၊ သည်။
သန္ဓာဝိတုံ၊ ငှာ။
န သက္ကာ၊ မတတ်ကောင်းသည်။
န၊ မဟုတ်။
"ဣတိ သညာယ ပဋိက္ခိပတိ" ဟု ရှေးမူအတိုင်း အနက်ပေးလျှင်လည်း အဓိပ္ပါယ်မှန်ရသည်။]
ပုန၊ တဖန်။
ပုဋ္ဌော၊ မေးအပ်သော ပရဝါဒီသည်။
သတ္တာနညေဝ၊ တို့၏သာလျှင်။
သန္ဓာဝန ဝစနတော၊ ကြောင့်။
ပဋိဇာနာတိ၊ ၏။
ဧတ္ထ၊ ဤ ဂတိအနုယောဂ၌။
သေသံ၊ ကြွင်းသော အစီအရင်သည်။
ဥတ္တာနမေဝ၊ သည်သာ။
ပန၊ ဆက်။
အယံ၊ ဤဆိုအပ်လတ္တံ့ကား။
ဂါထာနံ၊ ဂါထာတို့၏။
အတ္ထော၊ အနက်တည်း။
အာယသ္မတော၊ ငါ့ရှင် ပရဝါဒီ၏။
မတေန၊ အလိုအားဖြင့်။၁။ ရူပံန သန္ဓာဝတိ။ ။ ဤပြဿနာသည် သကဝါဒီ၏ ပြဿနာပင်တည်း။ “ရုပ်သည် မပြေးသွားသလော”ဟု မေးရာ၌ “န ဟေဝံ ဝတ္တဗ္ဗေ၊ မပြေးသွားဟု မဆိုလို”ဟု ပယ်၏။ ထိုသို့ ပယ်ခြင်းနှင့် လျော်အောင် အဋ္ဌကထာဝယ် "ဣတရော ပုဂ္ဂလေန သန္ဓာဝန္တေန(ပြေးသွားသော ပုဂ္ဂိုလ်အားဖြင့် -ပုဂ္ဂိုလ်နှင့်အတူ) သက္ကာတဿ ဥပါဒါနဘူတေန ရူပေန သန္ဓာဝိတုံတိ သညာယ ပဋိက္ခိပတိ”ဟု သီဟိုဠ်မူ အတိုင်း စာရှိမှ အဓိပ္ပါယ်မှန် ရနိူင်ပါသည်။ “န သက္ကာ”ဟု ရှိသော ပါဌ်မှာ အဖြေ နှင့် မလျော်ပါ။ [ပုဂ္ဂလေ သန္ဓာဝန္တေန န သက္ကာ ။ ပေ ။ သန္ဓာဝိတုံတိ”ဟု ပဋိသေဓ ၂-ချက်ရှိသော ရှေးမူအတိုင်းလည်း အဓိပ္ပါယ်မှန် ရနိူင်ပါသည်။]
၂။ ပုန ပုဋ္ဌော။ ပေ ။ပဋိဇာနာတိ။ “ရူပံ နသန္ဓာဝတိ”ဟူသော ပြဿနာ ကို နိဂ္ဂဟ စသည် ပြုပြီးနောက် ထပ်၍ မေးသောအခါ "အာမန္တာ၊ အိမ်း ရုပ်သည် မပြေးသွားပါ”ဟု ဝန်ခံ၏။ ထိုသို့ ဝန်ခံရာ၌ “သတ္တာနံ သန္ဓာဝတံ”ဟူသော ပါဠိ တော်ဝယ် “သတ္တဝါတို့ ပြေးသွားကုန်လသော်”ဟူသော စတားတော်ကိုထောက်လေ သည်။ “သတ္တဝါ ဟူသော ပုဂ္ဂိုလ်တို့ ပြေးသွားကုန်လသော်”ဟု ဟောတော်မူသဖြင့် ရုပ်ဝေဒနာ စသည်တို့က မပြေးသွား”ဟု အဓိပ္ပါယ်ရသည်ဟု ပရဝါဒီ ယူသည်။ ရုက္ခံ၊ သစ်ပင်ကို။
ဥပါဒါယ၊ ကပ်ယူ၍။
ဝါ၊ စွဲမှီ၍။
ဆာယာ၊ အရိပ်သည်။
(ဟောတိ)ဝိယ၊ ကဲ့သို့၎င်း။
ဣန္ဓနံ၊ ထင်းစသော လောင်စာကို။
ဥပါဒါယ၊ ၍။
ဝါ၊ ၍။
အဂ္ဂိ၊ မီးသည်။
(ဟောတိ)ဝိယ စ၊ ကဲ့သို့၎င်း။
(တထာ၊ တူ။)
ယေခန္ဓေ၊ တို့ကို။
ဥပါဒါယ၊ ၍။
ဝါ၊ ၍။
ပုဂ္ဂလော၊ သည်။
(ဟောတိ)၊
ရူပါဒီနံ၊ ရုပ်အစရှိသည်တို့၏။
သန္ဓာဝန္တေ၊ တဘဝမှ တဘဝသို့ ပြေးသွားခြင်းသည်။
အ သတိ၊ မဖြစ်လတော်။
တေသု ခန္ဓေသု၊ ထိုခန္ဓာတို့သည်။
ဘိဇ္ဇမာနေသု၊ ပျက်ကုန်လသော်။
တဝ၊ အသင်ပရဝါဒီ၏။
သော ပုဂ္ဂလော၊ သည်။
စေ ဘိဇ္ဇတိ၊ အကယ်၍ ပျက်အံ့။
ဧဝံသန္တေ၊ ဤသို့ ပျက်လသော်။
ဥစ္ဆေဒါ၊ ဥစ္ဆေဒ မည်သော။
ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။
ဘဝတိ၊ ဖြစ်၏။
တေ၊ အသင်ပရဝါဒိ၏။
ဥစ္ဆေဒဒိဋ္ဌိ၊ သည်။
အာပဇ္ဇတိ၊ ဖြစ်၏။
ကတရာ၊ အဘယ်သို့သော။
(ဥစ္ဆေဒ ဒိဋ္ဌိ၊ သည်။
အာပဇ္ဇတိ၊ ဖြစ်သနည်း။)
ပုဒ္ဓေန၊ သည်။
ဝိဝဇ္ဇိတာ၊ ရှောင်ကြဉ်တော် မူအပ်သော။
ယာ အကုသလဒိဋ္ဌိ၊ အကြင်အကုသိုလ်ဖြစ်သော ဒိဋ္ဌိသည်။
(အတ္ထိ၊
သာ၊ ထို အကုသိုလ် ဖြစ်သောဥစ္ဆေဒ ဒိဋ္ဌိသည်။
အာပဇ္ဇတိ၊ ၏။)
ပန၊ ကား။
ဥစ္ဆေဒဝါဒီ သမဏော ဂေါတမောတိ၊ ဟူ၍။
(ဘဂဝတာ၊ သည်။)
ပရိယာယဘာသိတာ၊ ပရိယာယ်အားဖြင့် ဟောတော်မူအပ်သော။
ယာ၊ အကြင် ဥစ္ဆေဒသည်။
(အတ္ထိ)၊
တံ၊ ထိုဥစ္ဆေဒကို။
နဝဒါမ၊ မဆိုလိုပါကုန်။
ဣတိ၊ ဤ အနက်အဓိပ္ပါယ်ကို။
ဒဿေတိ၊ ပြ၏။
တေသု ခန္ဓေသု၊ တို့သည်။
ဘိဇ္ဇမာနေသု၊ ပျက်ကုန်လသော်။
သောပုဂ္ဂလော၊ သည်။
အထာပိ န ဘိဇ္ဇတိ၊ အကယ်၍မူလည်းမပျက်အံ့။
ဧဝံသန္တေ၊ သော်။
ပုဂ္ဂလော၊ သည်။
သဿတော၊ အခါခပ်သိမ်း ထင်ရှားရှိသည်။
ဝါ၊ မြဲသည်။
ဟောတိ၊ ၏။
ဝါ၊ ဖြစ်ရာရောက်၏။
တတော၊ ထိုသို့ ပုဂ္ဂိုလ်၏ မြဲခြင်းကြောင့်။
သော၊ ထို ပုဂ္ဂိုလ်သည်။
နိဗ္ဗာနေန၊ နိဗ္ဗာန်နှင့်။
သမသမော၊ အလွန်တူသည်။
ဝါ၊ တူသည်၏ အဖြစ်ဖြင့် တူသည်။
အာပဇ္ဇတိ၊ ဖြစ်၏။
ဝါ၊ ဖြစ်ရာရောက်သည်။
**သမ သမော**တိ၊ ကား။
အတိဝိယ၊ အလွန်အကဲသာလျှင်။
သမော၊ တူသည်။
(အာပဇ္ဇတိ)၊
[သဒ္ဒါတူ ၂-ချက်ဖြစ်၍ အတိသယ အနက်ကိုဖွင့်သည်။]
ဝါ၊ တနည််း။
သမေန၊ တူသည်၏အဖြစ်ဖြင့်။
သမော၊ တူသည်။
(အာပဇ္ဇတိ)၊
သမ ဘာဝေနေဝ၊ တူသည်၏ အဖြစ်ဖြင့်သာ။
သမော၊ တူသည်။
(အာပဇ္ဇတိ)၊
[သမေနကို သမဘာဝေနေဝ-ဟု ထပ်ဖွင့်သောကြောင့် သမေနှင့် ဘာဝပ္ပဓာန ကြံပါ။]
နိဗ္ဗာနံ၊ သည်။
နုပ္ပဇ္ဇတိ ယထေဝ၊ မဖြစ်သကဲ့သို့ သာလျှင်၎င်း။
န ဘိဇ္ဇတိ ယထေဝ၊ မပျက်သကဲ့သို့သာလျှင်၎င်း။
ဧဝံ၊ တူ။
တေ၊ အသင် ပရဝါဒီ၏။
ပုဂ္ဂလောပိ၊ သည်လည်း။
တေန၊ ထိုနိဗ္ဗာန်နှင့်။
သမသမော၊ သည်။
ဝါ၊ သည်။
(အာပဇ္ဇတိ၊ ၏။
ဝါ၊ ဖြစ်ရာရောက်၏။)
ဣတိအယံ၊ ကား။
(ဂါထာနံ၊ တို့၏။
အတ္ထော၊ တည်း။)