၂။ နိယတာယ။ပေ။ နိယတော။ ။မိမိ၏စေခိုင်းမှုကို မပြုနှင့်တော့ဟု ရုပ်သိမ်းအပ်သောကြောင့် “အနိယတအာဏတ္တိ”ဟု ဆိုသည် ထိုသို့ရုပ်သိမ်းပါလျက်အာဏတ္တပုဂ္ဂိုလ်က ပြုသော်လည်း စေခိုင်းသူမှာ မိစ္ဆတ္တနိယတမဖြစ်။ နိယာမံ၊ သို့။ ဩက္ကမိတုံ၊ ငှါ။ ဘဗ္ဗော၊ ထိုက်သေး၏။ ဣတိ ဣဒံ၊ ဤဆုံးဖြတ်ခြင်းသည်။ သကသမယေ၊ ၌။ သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ခြင်းတည်း။
ဣတရော၊ သည်။ တေသံ ဝတ္ထု နံ၊ ထို မာတုဃာတ စသော ဝတ္ထုတို့၏။ အရောဂတာယ၊ စေခိုင်းအပ်သောရောဂါ၏အထမမြောက်သည်၏ အဖြစ်ကြောင့်။ တထာရူပံ၊ ထိုသို့ မာတုဃာတ အစရှိသော သဘောရှိသော။ ကိရိယံ၊ ဝေါရောပန စသော အမူအရာကို။ အပဿန္တော န ဟေ၀န္တိ ပဋိက္ခိတီ၊
[ဇီဝိတာ ဝေါရောပိတာ စသည်၌ အသက်ကို သတ်မိလျှင် စေခိုင်းခြင်း အထမြောက်သည့်အတွက် ရောဂါ ဖြစ်၏။ ယခုသော် စေခိုင်းသည့်အတိုင်း မလုပ်ရသေးသောကြောင့် “ရောဂါ မဖြစ်သေး”ဟု ဆိုလိုဟန် တူသည်။]
၂။ လဒ္ဓိံ ပတိဋ္ဌာပေန္တော။ ။အတ္တနော လဒ္ဓိံ မိမိ၏အယူဟူသည် မိမိ၏ စေခိုင်းမှုကို ရုပ်သိမ်းပြီးသောအခါ “သမ္မတ္တနိယာမသို့ သက်ရောက်ခြင်းငှါ ထိုက်၏” ဟူသော အယူတည်း။ ထိုအယူကို တည်စေလိုသောကြောင့် ဟဉ္စိ အစရှိသောစကားကို သကဝါဒီ မိန့်သည်။ ပရဝါဒီက "သမ္မတ္ထနိယာမသို့ သက်ရောက်ခြင်းငှါ မထိုက်" ဟူသော စကားကို “နော စဝတ ရေ”ဟု ပယ်ခြင်းသည်ပင် ထိုက်၏ဟူသော မိမိ အယူကို တည်စေရာရောက်သည်။ ["လဒ္ဓိ ပတိဋ္ဌာပေတွာ"ဟု စာအုပ်တို့၌ရှိသော ပါဌ်သည် မကောင်း။ ရှေးနိဿယအတိုင်း “လဒ္ဓိ” ပတိဋ္ဌာပေန္တော"ဟု ရှိသောပါဌ်သာ ကောင်းသည်။]
၃။ ပယုတ္တပုဗ္ဗတာမတ္တံ။ ။ရှေးဦးစွာ စေခိုင်းအပ်သည်၏ အဖြစ်မျှကို ယူခြင်း ဟူသည် ပါဠိတော်၌ “နနု တံ ကမ္မံ ပယုတ္တာ အာသိ”ဟု ယူခြင်းတည်း။ ဂဟေတွာ၊ ယူ၍။ နိယတာဏတ္တိ ဝသေန၊ မြဲသော စေခိုင်းခြင်း၏ အစွမ်းဖြင့်။ ဟဉ္စီတိ၊ ဟဉ္စိ အစရှိသည်ဖြင့်။ လဒ္ဓိပတိဋ္ဌာပနံ,ပရဝါဒိဿ၊
ပန၊ ဆက်။ အယံ လဒ္ဓိ၊ ဤ အယူသည်။ အယောနိသော၊ အားဖြင့်။ ပတိဋ္ဌာပိတတ္တာ၊ တည်စေအပ်သည်၏ အဖြစ် ကြောင့်။ အပ္ပတိဋ္ဌိတာဝ ဟောတိ၊
[“ပတိဋ္ဌိတတ္တာ”နေရာဝယ် “ပတိဋ္ဌာပိ တတ္ထာ”ဟု ပါဌ်မှန် ရှိပါစေ။ ရှေးနိဿယ၌ “ပတိဋ္ဌိတတ္တာ၊တည်စေအပ် သည်၏ အဖြစ်ကြောင့်”ဟု ကာရိတ် အကျေကြံ၍ အနက်ပေးထားသည်။] ဣတိ၊ အပြီးတည်း။
တေဟိ၊ ထို တေဘူမကတရားတို့နှင့်။
သမန္နာဂတောပိ၊ ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း။
အနိယတောယေဝ၊ အနိယတပုဂ္ဂိုလ်သာတည်း။၁။ (အ)နိယတာဏတ္တိဝသေန။ ။စာအုပ်တို့၌"(အ)နိယတာဏတ္တိဝသေန" ဟု တွေ့ရသော်လည်း အထက်၌ ပရဝါဒီက “ပုရိမာဏတ္တိယာယေဝ နိယတဘာဝံ မညမာနာ ပရဝါဒီ"ဟု ဆိုခဲ့၏။ထို့ကြောင့် ပရဝါဒီသည် ရှေ့၌ စေခိုင်းအပ်မှုကိုပင် "နိယတအာဏတ္တိ" ဟု အယူရှိသောကြောင့် မိမိအယူကို တည်စေနိုင် ရကား "နိုယတာဏတ္တိဝသေန"ဟု ရှိမှ အဓိပ္ပါယ်လည်းရ “ပုရိမာဏတ္တိယာယေဝ နိယတ ဘာဝံ” ဟူသော ရှေ့စကားနှင့်လည်း လိုက်လျောသည်။ ထို့ကြောင့် (အ) မပါပဲ “နိယတာဏတ္တိဝသေန”ဟု ပါဌ်မှန်ရှိပါစေ။
၂။သဗ္ဗေပိ တိ။ပေ။ အနိယတောယေဝ။ ။ အာနန္တရိယကံ, အရိယမဂ် တို့ကို သေသ၏ အပါဒါန် ခံပါ။ ထိုတရားတို့မှ ကြွင်းသမျှ တေဘူမကတရားတို့ကို"အနိယတ"ဟု ဆိုရာ၌ သမ္ပတ္တနိယာမ မိစ္ဆတ္တနိယာမသို့ မရောက်သော ပုဂ္ဂိုလ်တို့ သန္တာန်၌ဖြစ်သော တရားတို့ကိုသာ ရည်ရွယ်သည်။ ထို နိယာမ ၂-မျိုးတွင် တမျိုး မျိုးသို့ ရောက်သော ပုဂ္ဂိုလ်တို့သန္တာန်၌ဖြစ်မူထိုတေဘူမကတရားတို့လည်း နိယတတို့ သာတည်း။ ထို နိယာမသို့ မရောက်သော ပုဂ္ဂိုလ်တို့သန္တာန်၌ဖြစ်သော တေဘူမက တရားတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သာ အနိယတ အမည်ရသည်။ [ဧတ္ထ သမ္မတ္ထနိယာ မာနံ ။ပေ။ အနိယတောယေဝါတိ ဝုတ္တံတိ။-ဋီကာ။]
[ထို တေဘူမကတရားတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်ဟူသမျှ အနိယတချည်းဖြစ် လျှင် အဘယ့်ကြောင့် ဘုရားအလောင်းကို နိယတဟု ဗျာဒိတ်ပေးတော် မူရသနည်း ဟု မေးဖွယ်ရှိသောကြောင့် “ဗုဒ္ဓေဟိ ပန”အစရှိသည်ကို မိန့်။]
**မိစ္ဆတ္တနိယတော**တိအာဒိ၊ အစရှိသောစကားကို။ အညေန၊ တပါးသော။ နိယာမေန၊ ဖြင့်။ နိယတသာ၊ မြဲသောပုဂ္ဂိုလ်၏။ အညနိယာမာဘာ၀ဒဿနတ္ထံ၊ တပါးသောနိယာမ၏ မရှိခြင်းကို ပြခြင်းအကျိုးငှာ။
၁။ ဣတိ။ ပေ။ ဩက္ကမတီတိ။ ။"ဣတိ ဣမံ ဝေါဟာရမတ္တံ ဂဟေတွာ” အရ ဝေါဟာရမတ္တ၏ ထင်ရှားရှိခြင်းသည် “နိယတော နိယာမံ ဩက္ကမတိ”ဝယ် နိယတ ဟူသော စကား၏ အကြောင်းပြတည်း။ “တဗ္ဗော ဓမ္မံ အဘိသမေတုံ”အရ ဓမ္မံ အဘိသမေတုံ ဘဗ္ဗ၏ အဖြစ်သည် "နိယာမံ သြက္ကမတိ"ဟူသော စကား၏ အကြောင်းပြတည်း-ဟု ဋီကာ၌ အဋ္ဌကထာအလိုကို ဖွင့်ပြ၏။ ထို့နောက် မိမိအလိုကို “ဓမ္မံ အဘိသမေတုံ” ဘဗ္ဗတာသည် နိယတော ဟူသော စကား၏၎င်း, နိယာမံ ဩက္ကမတိ ဟူသော စကား၏၎င်း အကြောင်းပြဟု ယူသင့်ကြောင်းကို ဖွင့်ပြသည်။ ဝုတ္တံ၊ ပြီ။
**သတိပဋ္ဌာနန္တိ**အာဒိ၊ အစရှိသော စကားကို။ ဧကသ္မိံ၊ တပါးသော။ နိယာမေပိ၊ နိယာမ၌လည်း။ ဓမ္မပ္ပဘေဒ ဒဿနတ္ထံ၊ တရားအထူးအပြားကို ပြခြင်းအကျိုးငှါ။ (သကဝါဒိနာ၊ ) ဝုတ္တံ၊
[သောတာပတ္တိမဂ္ဂနိယာမ၌လည်း သတိပဋ္ဌာန်, သမ္မပ္ပဓာန် အစရှိသောတရား များရှိ၏။ သကဒါဂါမိမဂ္ဂနိယာမ၌လည်း ထိုတရားများရှိသည်။ ]
သေသပဉှာနံ၊ ကြွင်းသော ပြဿနာတို့၏။ အတ္ထော၊ အနက်အဓိပ္ပါယ်သည်။ ပါဠိယာ၊ ပါဠိတော်အားဖြင့်။ (ပါဠိတော်အတိုင်း။) နိယျာတိ၊ ထွက်မြောက် နိုင်၏။
[ရှေးနိဿယ၌ကား “နိယျာတိ၊ ဆောင်အပ်၏။ ဝါ၊ သိအပ်၏”ဟု ပေး၏။ နိဓာတ် မဟုတ်သောကြောင့် စဉ်းစားပါ။ နိပုဗ္ဗ-ယာဓာတ်တည်း။]
န ဘဝိဿတိ၊ မဖြစ်တော့လတ္တံ့။ ဣတိ, ဥစ္ဆေဒဒိဋ္ဌိ သဟဂတာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော။ တဏှာ, ဝိဘဝဏှာ၊ ဣတိ၊ ဤသို့ မှုတ်အပ်၏။
[ဝိဘဝ၌ ဝိသဒ္ဒါသည် ပဋိသေဓ အနက်ဟောတည်း၊ ထို့ကြောင့် န ဘဝိဿတိ ဟု ဖွင့်သည်။]