တတ္ထ၊ ထိုနိရယပါလ ကထာ၌။ နိရယေ၊ ငရဲ၌။ နေရယိကကမ္မာနေဝ၊ ငရဲသူ ငရဲသားတို့၏ အကုသိုလ်ကံတို့သည်သာ။ နိရယပါလရူပဝသေန၊ ငရဲထိန်းတို့၏အသွင်သဏ္ဌာန်၏ အစွမ်းဖြင့်။ ဝဓေန္တိ၊ ညှဉ်းဆဲကြကုန်၏။ နိရယပါလ နာမ၊ ငရဲကို စောင့်ရှောက်သောငရဲထိန်းတို့ မည်သော။
၁။ နိရယပါယာ။ ။နေရယိကေ နိရယေ ပါလေန္တိ၊တတော နိဂ္ဂန္ထုံ အပ္ပံ ဒါနဝသေန ရက္ခန္တီတိ နိရယပါလာ(ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့ကို ထိုငရဲမှ ထွက်သွားခွင့်ကို မပေးခြင်း၏ အစွမ်းဖြင့် စောင့်ရှောက်တတ်ကုန်၏။ ထို့ကြောင့် နိရယပါလတို့ မည်၏။) နိရယပါလတာယ ဝါ နေရယိကာနံ နရကဒုက္ခေန ပရိယောနဒ္ဓါယ အလံ သမတ္ထာတိ နိရယပါလာ (တနည်း ငရဲ၌ စောင့်ရှောက်တတ် သည်၏ အဖြစ်ကြောင့် ငရဲသို့ ရောက်လာကုန်သော သတ္တဝါတို့အား ငရဲဒုက္ခဖြင့် ထက်ဝန်းကျင် မြှေးယှက်ခြင်းငှါ စွမ်းနိုင်ကုန်၏။ ထို့ကြောင့် နိရယပါလတို့ မည်၏။)
မေးဖွယ်။ ။ဤ နိရယပါလတို့ဟူသည် ငရဲသားတွေလော၊ သို့မဟုတ် ငရဲသား မဟုတ်ကြသလော၊ ဤသို့ မေးဖွယ် ရှိ၏။ အကယ်၍ ငရဲသားတွေ ဖြစ်အံ့။ ငရဲ၌ ဖြစ်စေနိုင်သော ကံကြောင့် ဖြစ်ကြရကား မိမိတို့ကိုယ်တိုင်လည်း ငရဲဒုက္ခကို ခံစား ကုန်ရာ၏။ ထိုသို့ ငရဲဒုက္ခကို ခံစားရသည်ရှိသော် အခြား ငရဲသားတို့ကို ညှဉ်းဆဲ နှိပ်စက်ခြင်းငှါ မစွမ်းနိုင်ကုန်ရာ။ “ဤသူတို့ကား ငရဲသားတို့တည်း။ ဤသူတို့ကား ငရဲထိန်းတို့တည်း”ဟု ခွဲခြားခြင်းလည်း မဖြစ်တော့ရာ။
သည်သာမကသေး၊အကြင် အကြင် သူတို့သည် ငရဲသားတို့ကို နှိပ်စက်ကြကုန်၏။ အနှိပ်စက်ခံရသူတို့နှင့် တူမျှသော ရုပ်အဆင်း အားခွန်ဗလ အရွယ်အရပ် ပမာဏရှိကြကုန်သော ထိုထို ငရဲထိန်းတို့မှ အခြားသော ငရဲသူ ငရဲသားတို့၏ ကြောက်ရွံ့
ထိတ်လန့်ခြင်းတို့လည်းမဖြစ်ကုန်တော့ရာ၊ သို့မဟုတ် ငရဲထိန်းတို့ဟူသည် ငရဲသားများ
မဟုတ်ကြလျှင် အဘယ်နည်းဖြင့် ထိုငရဲ၌ ဖြစ်သင့်ပါအံ့နည်း။ ဤသို့ မေးဖွယ်ရှိ၏။
အဖြေကား။ ။“ငရဲထိန်းတို့” ဟူသည် နိရယဂတိ၌ ဖြစ်စေတတ်သောကံကြောင့် ဖြစ်ရသူများ မဟုတ်ကြသောကြောင့် ငရဲသူ ငရဲသားတွင် မပါဝင်ကြ။
မှန်၏-နိရယဂဘိ၌ ဖြစ်စေတတ်သော ကံမှ အခြားသော ကံကြောင့်သာ ထိုငရဲထိန်း တို့သည် ရက္ခိုသ်အမျိုးအနွယ်များ ဖြစ်သောကြောင့် ငရဲ၌ ငရဲထိန်းဖြစ်၍ နေကြ ရသည်။ ထို့ ကြောင့်ပင် ရှေးဆရာတို့ ဆိုကြသည်ကား-
ကောဓနာ ကုရူရူကမ္မန္တာ၊ ပါပါဘိရုစိနော တထာ။
ဒုက္ခိတေသု စ နန္ဒန္တိ၊ ဇာယန္တိ ယမရက္ခသာ။
ဤသို့ ဆိုကြသည်။
[ဒေါသလည်း အလွန်ကြီးကုန်သော ကြမ်းသော အလုပ်ရှိကြကုန်သော မကောင်း မှုကို အလွန်နှစ်သက်ကြကုန်သော ဒုက္ခရောက်သူတို့အပေါ်၌ နှစ်သက်ကြကုန်သော ယမမင်း၏ ရက္ခိုသ်တို့သည် ငရဲ၌ ဖြစ်လာကြကုန်၏။] ဤသို့ စသည်ဖြင့် အနူဋီကာ၌ ငရဲသား မဟုတ်သော ငရဲထိန်းများ၏ အကြောင်းကို များစွာ ဖွင့်ထားလေသည်။ သတ္တာ၊ တို့သည်။
နတ္ထိ၊ မရှိကုန်။
ဣတိ ယေသံ၊