၇၈၄။ **ကမ္မဝိပါကတော**တိ၊ အစရှိသော ပါဌ်ဖြင့်။ (ပုစ္ဆတိ၊ ၌ စပ်။) သဗ္ဗံ၊ သော။ ဣဒံ၊ ဤကမ္မဝဋ်, ဝိပါကဝဋ်, ကိလေသဝဋ်သည်။ ကမ္မတော၊ ကံကြောင့်။ ယဒိ(ဟောတိ၊ ဧဝံ သတိ)၊ အတီတဘဝေ၊ အတိတ်ဘဝ၌။ ပဝတ္တဿ၊ ဖြစ်သော အကျိုး၏။ ဟေတုဘူတံ၊ အကြောင်း ဖြစ်၍ ဖြစ်သော။ ယံ ကမ္မံ၊ (အတ္တိ၊ ) တမ္ပိ၊ ထို အကြောင်းဖြစ်သော ကံသည်လည်း။ ပုရိမတရေ၊ သာ၍ ရှေးဖြစ်သော။ ဘဝေ၊ ဘဝ၌။ ကမ္မတော၊ ကံကြောင့်။ (ဟောတိ၊ ဖြစ်ရ၏။) ဣတိ၊ ထို့ကြောင့်။ ကမ္မဝိပါကော၊ ကံ၏ အကျိုး ဝိပါက်သည်။ သမ္မဇ္ဇတိ၊ ဖြစ်၏။ တေန၊ ထို့ကြောင့်။ တေ၊ အသင် ပရဝါဒီ၏ အလိုအားဖြင့်။ သဗ္ဗံ၊ သော။ ဣဒံ၊ သည်။ ကမ္မဝိပါကတော၊ ကံ၏အကျိုး၏ အဖြစ်ဖြင့်။
(ရှေးကံ၏လည်း သာ၍ ရှေးကျသော ဘဝတုန်းက ကံကြောင့် ဖြစ်ရသော ကံ၏ အကျိုး၏ အဖြစ်ဖြင့်။)
အာပဇ္ဇတိ၊ ဖြစ်သလော။
ဣတိ၊
စောဒေတုံ ပုစ္ဆာတိ၊ ၁။ ပုဗ္ဗေကတဟတုဝါ။ ။ မည်သည့်အရာ မဆို ရှေး၌ ပြုအပ်သော ကံကြောင့်သာ ယခုဘဝ၌ ဖြစ်ရ၏”ဟု အယူမှားသော ဒိဋ္ဌိတမျိုး ရှိ၏။ ထိုဝိဋ္ဌိကို “ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ဟု ခေါ်သည်။ သန္တိ ဘိက္ခဝေ ဧကေ သမဏဗြာဟ္မဏာ ဧဝံ ဝါဒိနော ဧဝံ ဒိဋ္ဌိနော ယံကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗတံ ပုဗ္ဗေကတဟေတု။-အင်္ဂုတ္တိုရ်,တိကနိပါတ် မဟာဝဂ် တိတ္ထာယတနသုတ်၊ထို ပုဗ္ဗေကတဟေတုအယူရှိသူတို့သည် “ဤဘဝ၌ ဉာဏ် ဝီရိယကို အသုံးပြုဖွယ် မလို။ ကံကြောင့်သာ ဖြစ်ရ၏”ဟု ယူလိုကြ၏။ ဥပမာ-ဉာဏ် မရှိသောကြောင့် မတဲ့တာတွေကို စာနေသည့်အတွက် ရောဂါဖြစ်လျှင် “မိမိ၏ဉာဏ် မရှိသောကြောင့်”ဟု အယူမရှိ။ ရှေးကံကြောင့်သာ ရောဂါဖြစ်ရ၏”ဟု အယူ ရှိသည်။
အနေအထိုင် မတတ်သောကြောင့်, မိမိ၏ဉာဏ် မရှိ လုံ့လဝီရိယ မရှိသောကြောင့် ပညာမတတ်လျှင်၎င်း, စီးပွါးဥစ္စာ မဖြစ်လျှင်၎င်းရှေးကံကြောင့်သာဟု ယူသည်။ ကျန်းမာရေး မလိုက်စားတက်ခြင်းကြောင့် ညောင်းညာကိုက်ခဲမှု စသော ရောဂါ ဖြစ်လျှင် ရှေးကံ မကောင်းသောကြောင့်ဟု အယူရှိ၏။ ဉာဏ် မရှိခြင်း, လုံ့လဝီရိယ မရှိခြင်းကို အကြောင်းဟု မယူဆ။ ဆရာသမား မိဘတို့က စာသင်မလွှတ်ခြင်းကြောင့် စာတတ်နှောင်းနေလျှင် ဆရာမိဘတို့ကို အကြောင်းမရှာတတ်။“ရှေးကံ မကောင်း သောကြောင့်သာ စာမတတ်”ဟု အယူရှိသည်။ သို့ရာဝယ် အမြော်အမြင်မကျယ် သော ဆရာ မိဘတို့နှင့် တွေ့ရခြင်းသည် ရှေးကံကြောင့်သာ ဖြစ်ရပေသည်။ ဤသို့ စသည်ဖြင့် “လူတန် ကံချ”ဟု ပြောရိုးအတိုင်း ကံကိုသာ ချလေ့ရှိသော ရဟန်း ရှင်လူတို့၌ ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်လျက် ရှိသည်ကို မသိရှာကြချေ။
ဣတရော၊ ဗီဇတော၊ မျိုးစေ့ကြောင့်။ အင်္ကုရဿ၊ အညွှန့်၏။ (နိဗ္ဗတ္တိ)ဣဝ၊ ဖြစ်ခြင်းကဲ့သို့။ (တထာ၊ တူ။) ပစ္စုပ္ပန္နပဝတ္တသာ၊ အဆက်မပြတ်ဖြစ်သော ပစ္စုပ္ပန်အကျိုးတရား၏။ ကမ္မတော၊ ကြောင့်။ နိဗ္ဗတ္တိံ၊ ဖြစ်ခြင်းကို။ သန္ဓယ ပဋိက္ခိပတိ၊
[အလုံးစုံသော ကံ၏ အကျိုး၏ အဖြစ်ဖြင့် ဖြစ်သလောဟု မေးရာဝယ် န ဟေဝံ ဝတ္ထဗ္ဗေ-ဟု ပယ်သည်။]
ပန၊ ကား။ ယသ္မာ၊ တိဏကဋ္ဌာဒိ နိရောဓော ဝါ၊ မြက် ထင်း အစရှိသည်တို့၏ ချုပ်ခြင်းသည်၎င်း။ ဥတုဗီဇာဒိနိရောဓော ဝါ၊ ဥတု မျိုးစေ့ အစရှိသည်တို့၏ ချုပ်ခြင်းသည်၎င်း။ ဒုက္ခနိရောဓအရိယသစ္စံ နာမ၊ ဒုက္ခနိရောဓအရိယသစ္စာမည်သည်။ န ဟောတိ၊ [ရှေးနိဿယ၌ ဒုက္ခနိရောဓအရိယသစ္စံ နာမ ဟု သမာသ်ရှိ၏။ ကောင်းသည်။ ဒုက္ခနိရောဓံ-ဟု နပုလ္လိင်ဖြင့် ဝါကျရှိသော ပါဌ်သည် မကောင်း။] တသ္မာ၊ ဣန္ဒြိယဗဒ္ဓံ၊ ဣန္ဒြိယဗုဒ္ဓရုပ်နာမ်သည်။ ဒုက္ခဉ္စေဝ၊ ဒုက္ခလည်း ဟုတ်၏။ အရိယသစ္စဉ္စ၊ အရိယသစ္စာလည်း ဟုတ်၏။ ဣတရံ ပန၊ ဣန္ဒြိယဗဒ္ဓမှ တပါး သော အနိန္ဒြိယဗုဒ္ဓသည်ကား။ ဒုက္ခမေဝ၊ သာတည်း။ ဣတိ၊ သို့။ ဣဒံ နာနတ္ထံ၊ ဤထူးသည်၏ အဖြစ်ကို။ ဒဿတုံ ပဋိဇာနာတိ၊ သကဝါဒီဝန်ခံ၏။
[အရိယာမဂ်က သိဖို့ မလိုသောကြောင့် ဗဟိဒ္ဓရုပ်တရားတို့၏ အကြောင်း အရာကို ရဟန္တာဖြစ်ပြီးပုဂ္ဂိုလ်တို့သော်မှ ပိုင်ပိုင်နိုင်နိုင် အကုန် မသိနိုင်ကြ။]
ထို့နောက် “ယထာ ဣန္ဒြိယ ဗဒ္ဓံ ဒုက္ခံ ပရိညာတံ န ပုန ဥပ္ပဇ္ဇတိ၊ဧဝမေဝံ ။ပေ။ န ပုန ဥပ္ပဇ္ဇတိ”ဟု ပရဝါဒီ မေးရာ၌လည်း “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပရဝါဒီ ပယ်၏။ ဤသို့ ပယ်ခြင်းကို ရည်ရွယ်၍ "ပရိညာ တဿ ပုန အနုပ္ပတ္တိံ ဒီပေတိ"ဟု ဆိုသည်။ ဤသို့ ပြဿနာ ၂-ရပ်ကို ၂-ကြိမ်ပယ်သောကြောင့် “ယထာဣန္ဒြိယဗဒ္ဓဿာတိအာဒိ ဝစနံ”ဟု အာဒိ-အရ ဒုတိယပြဿနာကို ပယ်ခြင်းတိုင်ထောင် ယူပါ။
**တီဏေဝါတိ**ပဉှေသု၊ အစရှိသောပြဿနာတို့၌။
၁။ ၀စနေန ပန။ ။ဤသို့ ပယ်သော်လည်း "ယဒနိစ္စံ တံ ဒုက္ခံ-အနိစ္စတရား ဟူသမျှသည်ဒုက္ခချည်း"ဟု ဟောတော်မူသောကြောင့် အနိန္ဒြိယဗဒ္ဓရုပ်တရားကို"ဒုက္ခမဟုတ်ဟုကား “ယထာ ဣန္ဒြိယဗဒ္ဓဿ”စသော ထိုစကားက မပြနိုင်ပါ။ ထို့ကြောင့် “ယထာ ဣန္ဒြိယဗဒ္ဓဿ”စသော စကားသည် အနိန္ဒြိယဗဒ္ဓရုပ်ကို ဒုက္ခဟု မဆိုလိုသော ပရ ဝါဒီဘက်က သာဓက မဖြစ်နိူင်ပါ။ သုတ္တဝိရောဓဘေယေန၊ ကြောင့်။
(စတ္တာရိ အရိယသစ္စာနိ အစရှိသော ပါဠိတော် သုတ်နှင့် ဆန့်ကျင်မည်မှ ကြောက်ခြင်းကြောင့်။) ပဋိက္ခိပတိ၊ လဒ္ဓိဝသေန၊ မိမိအယူ၏ အစွမ်းဖြင့်။ ပဋိဇာနာတိ၊ [ထပ်၍ မေးသောအခါ “အာမန္တာ”ဟု ဝန်ခံသည်။]
**အာယုတိံ ဇာတဝေဒေါ ဝါ**တိသုတ္တံ၊ ဟူသောသုတ်သည်။ ပရသမယ တော၊ တပါးသူတို့၏ အယူမှ။ အာဂတံ၊ လာသောကုတ်တည်း။
[ရှေး နိဿယ၌ကား “အာဘတံ၊ ဆောင်ယူအပ်သော”ဟု ရှိ၏။ သကဝါဒိနာဟုလည်း ကတ္တားထည့်သည်။]
ဒက္ခိဏာဝိသုဒ္ဓိကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ ) သတ္တရသမော၊ သော။ ဝဂ္ဂေါ၊ သည်။ (နိဋ္ဌိတော၊ )
သတ္တရသမဝဂ် ပြီးပြီ။ ၁။ တသ္မာ အစောဒနာ။ ။ ပါဠိတော်၌ ပရဝါဒီက “ပဋိဂ္ဂါဟကတော ဒါနံ ဝိသုဇ္ဈတိ(အလှူခံပုဂ္ဂိုလ်ကြောင့် ဒါနသည် အကျိုးများဖွယ် စင်ကြယ်သလော)" ဟု မေး၏။” “ထို အမေးကို မမေးထိုက်"ဟု ဆိုသည်။ ဘာကြောင့်နည်း။ အလှူ့ ရှင်၏ ဒါနစေတနာ စင်ကြယ်မှုသည် အလှူခံပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဖြစ်သောကြောင့် တည်း။