Issues
選擇版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

7. Cittaṭṭhitikathāvaṇṇanā

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၃၃၂။ ဣဒါနိ၊ ဒုက္ခာဟာရကထာကို ပြပြီးရာ ယခုအခါ၌။ စိတ္တဋ္ဌိတိကထာနာမ၊ စိတ််၏တည်ပုံကို ဆိုကြောင်း စကားမည်သည်။ ဟောတိ၊ ၁။ ဒုက္ခာဟာရ။ ။ “ဒုက္ခေ-ဒုက္ခ၌+အာဟာရော-ဉာဏ်ကိုဆောင်ခြင်းတည်း။ ဒုက္ခာဟာရော-ခြင်း” ဤသို့ ဘာဝသာဓနပြုလျှင် ဆောင်ခြင်း ကြိယာ ရ၏။ သို့သော် နောက်၌ “တံ ပနေတံ မဂ္ဂင်္ဂ”ဟု ဆိုသောကြောင့် ဉာဏ်ကိုအရကောက်မှ ရှေ့နောက်ညီမည်။ ထို့ကြောင့် “ဒုက္ခေ-၌ + အာဟာရော- ဆောင်အပ်သော ဉာဏ်တည်း။ဒုက္ခာဟာရော-ဉာဏ်”ဟု ပြုသင့်သည်။
တတ္ထ၊ ထိုစိတ္တဋ္ဌိတိကထာ၌။ ဧတရဟိ, ဟေဋ္ဌာ၊ ၌။ ဝုတ္တပ္ပဘေဒါနံ၊ ပုဗ္ဗသေလိယ, အပရသေလိယ စသောအားဖြင့် ဆိုအပ်ပြီးသော အပြားရှိကုန်သော။ အန္ဓကာနံ၊ တို့၏။ လဒ္ဓိသေယျာထာပိ၊ ကဲ့သို့။ ယေသံ၊ အကြင်ပရဝါဒီတို့၏။ သမာပတ္တိစိတ္တဉ္စေဝ၊ တနေ့လုံး သမာပတ်ဝင်စားကြောင်းစိတ်ကို၎င်း။ ဘဝင်္ဂစိတ္တဉ္စ၊ တနေ့လုံးအိပ်ပျော်ခိုက် ဘဝင်ချည်း ကျနေသောစိတ်ကို၎င်း။ ဘဝင်္ဂစိတ္တဉ္စ၊ တနေ့လုံးအိပ်ပျော်ခိုက် ဘဝင်ချည်းကျနေသောစိတ်ကို၎င်း။ အနုပ္ပဗန္ဓေန၊ အဆက်မပြတ်ဖွဲ့စပ်သော အားဖြင့်။ (အစဉ်မပြတ်သောအားဖြင့်။) ပဝတ္တမာနံ၊ ဖြစ်နေသည်ကို။ ဒိသွာ၊ မြင်၍။ ဧကမေဝ၊ တခုသာလျှင်ဖြစ်သော။ စိတ္တံ၊ သည်။ စိရံ၊ ကြာမြင့်စွာ။ တိဋ္ဌတိ၊ ၏။ ဣတိ၊ သို့။ (လဒ္ဓိ ဟောတိ)၊ တံလဒ္ဓိဝိသောဓနတ္ထံ၊ ထိုအန္ဓကဂိုဏ်းသားတို့၏ အယူကိုသုတ်သင်ခြင်းအကျိုးငှာ။ **ဧကံ စိတ္တံ ဒိဝသံ တိဋ္ဌတီ**တိ,ပုစ္ဆာ သကဝါဒိဿ၊ ပဋိညာ, ပရဝါဒိဿ၊
**ဥပဍ္ဎဒိဝသော ဥပ္ပါဒက္ခဏော**တိဧတ္ထ၊ ၌။ ဌိတိက္ခဏံ၊ ဌီခဏကို။ အနာမသိတွာ၊ မသုံးသပ်မူ၍။ အနိစ္စာဝတ၊ ပေ၊ ဓမ္မိနောတိ၊ ဟူသော။ ဒေသနာနယေန၊ ဒေသနာတော်နည်း အားဖြင့်။ ဥပ္ပါဒဝယဝသေနေဝ၊ ဥပ္ပါဒဝယကို ဟောသော ဒေသနာတော်နှင့်စပ်သဖြင့် သာလျှင်။ ပုစ္ဆာ ကထာ၊
**တေ ဓမ္မာ။ ပေ။ လဟုပရိဝတ္တာ**တိ၊ ဟူ၍။ ပုဋ္ဌော (သမာနော)၊ စိတ္တတော၊ စိတ်ထက်။ လဟုတရပရိဝတ္တိနော၊ သာ၍ လျင်မြန်သော ပြောင်းလွှဲခြင်းရှိကုန်သော။ ဓမ္မေ၊ တို့ကို။ အပဿန္တော၊ မမြင်သည်။ (ဟုတွာ)၊ ပဋိက္ခိပတိ၊
ဒုတိယံ ပုဋ္ဌော (သမာနော)၊ ယဿ စိတ္တဿ၊ အကြင်စိတ်၏။ ဒီဃဋ္ဌိတိံ၊ ရှည်မြင့်စွာ တည်ခြင်းကို။ ဣစ္ဆတိ၊ တံ၊ ထိုစိတ်ကို။ သန္ဓာယ, ပဋိဇာနာတိ၊ ၁။ ဥပဍ္ဎ ။ ပေ ။ ဥပ္ပါဒက္ခဏော။ ။ပါဠိတော်၌ “ဥပဍ္ဎဒိဝသောဥပ္ပါဒက္ခဏော-နေ့တဝက်သည် ဥပါဒ်ရာခဏလော။ ဥပဍ္ဎဒိဝသော ဝယက္ခဏော နေ့တဝက်သည် ပျက်ရာမဏလော”ဟု ဥပါဌ်နှင့် ဘင် ၂-မျိုးကိုသာ ပြထားခြင်း ကြောင့် “ဌိတိက္ခဏံ အနာမသိတွာ”ဟု ဆိုသည်။ ဤသို့ ဌီခဏကို မပြပဲ ဥပါဒ် ခဏနှင့်ဘင်ခဏကိုသာ ပြခြင်းမှာလည်း“အနိစ္စာ ဝတ သင်္ခါရာ,ဥပ္ပါဒဝယဓမ္မနော”၌ဥပ္ပါဒ, ,ဝယဓမ္မ ဟူသော ဒေသနာတော်နည်းအားဖြင့် ပုစ္ဆာထုတ်သောကြောင့်တည်း။ "ဌီ ခဏ မရှိသောကြောင့် မသုံးသပ်ခြင်းမဟုတ်ပါ” ဟူလို။
၂။ စိတ္တေန လဟုပရိဝတ္တာ။ ။စိတ္တေနကို စိတ္တတော”ဟု ဖွင့်၏။ စိတ် ထက် သာ၍ အဖြစ်အပျက်မြန်သောတရားကို မမြင်သောကြောင့် “န ဟေဝံ ဝတ္တဗ္ဗေ ဟု ပဌမပယ်၏။ ထိုပြဿနာကိုပင် ထပ်၍မေးသောအခါ ပရဝါဒီသည် တချို့စိတ်၏ ကြာမြင့်စွာတည်ခြင်းကို အလိုရှိ၏။ ထို့ကြောင့် “စိတ်မှတပါးသော တရားတို့သည် စိတ်ထက်မြန်သော ပြောင်းလွှဲခြင်းရှိကုန်၏”ဟု ဖြေသည်။ ထို “ကြာမြင့်စွာ တည် သောစိတ်” ဟူသည် ရှေ့၌ ပြအပ်ခဲ့သော သမာပတ် ဝင်စားခိုက် စိတ် ဘဝင်စိတ် တို့တည်း။
**ယာဝတာယုကံ တိဋ္ဌတီ**တိပဉှေ၊ ဟူသောပြဿနာ၌။ ယေ မရူ၊ အကြင် နေဝသညာ နာသညာယတနဗြဟ္မာတို့သည်။ စုလ္လာသီတိသဟာဿနိ၊ ရှစ်သောင်းလေးထောင် ဟူကုန်သော။ ကပ္ပါ၊ ကပ်တို့ပတ်လုံး။ တိဋ္ဌန္တိ၊ တည်ကြကုန်၏။ ဣတိ အာဒိဝစနဝသေန၊ ဤသို့အစရှိသော စကား၏စွမ်းဖြင့်။ အာရုပ္ပတော၊ အရူပဗြဟ္မာဘုံမှ။ အညတြ၊ အခြားသောဘုံ၌။ (ဧကစိတ္တဿ၊ တပါးတည်းသောစိတ်၏။ ယာဝတာယုကံ၊ အသက်ရှည်သမျှကာလပတ်လုံး။ ဌိတံ၊ တည်ခြင်းကို။) ပဋိက္ခိပတိ၊ အာရုပ္ပေ၊ အရူပဘုံ၌။ (ဧကစိတ္ထဿ, ယာဝတာယုကံ,ဌိတိံ)၊ ပဋိဇာနာတိ၊
**မုဟုတ္တံ မုဟုတ္တံ ဥပ္ပဇ္ဇတီ**တိ ပဉှေ၊ အစရှိသော ပြဿနာ၌။ ပရဝါဒီ၊ သည်။ [ယခုစာအုပ်၌ "ပရဝါဒိဿ"ဟုရှိသော်လည်း ရှေးစာအုပ်တို့၌ "ပရဝါဒီ"ဟုရှိသည်။ ရှေးနိဿယ၌လည်း ထို အတိုင်းပင်အနက်ပေးသည်။] ဥပ္ပါဒ၊ ပေ၊ ဝိရောဓဘယေန၊ ဥပ္ပါဒဝယဓမ္မိနော အစရှိသော သုတ်နှင့် ဆန့်ကျင်ခြင်းမှကြောက်ခြင်းကြောင့်။ ပဋိဇာနာတိ၊
ပန၊ ဆက်။ အဿ၊ ထို အာကာသာနဉ္စာယတနုပဂစိတ်၏။ ဌိတံ၊ အသက်ထက်ဆုံး တည်ရှိခြင်းကို။ လဒ္ဓိဝသေန၊ အယူ၏ အစွမ်းဖြင့်။ (ပရဝါဒီ၊ သည်။) ဣစ္ဆတိ၊
ဧတ္ထ၊ ဤစိတ္တဋ္ဌိတိကထာ၌။ သေသံ ဥတ္တာနတ္ထမေဝ ဣတိ၊ အပြီးတည်း။
စိတ္တဋ္ဌိတိကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ)၊ ၁။ စုလ္လာသီတိ သဟဿာနိ။ ။ထိုမျှလောက် ကြာအောင် တည်သော နတ်တို့ ဟူသည် “နေဝသညာဗြဟ္မာ”တို့တည်း။ ထို့ကြောင့် "အညတြ-ပဋိက္ခိပတိအာရုပ္ပေ ပဋိဇာနာတိ”ဟု ဆိုသည်။
၂။ မုတုတ္တံ ။ ပေ ။ ပဉှေ။ ။ဤ ပြဿနာသည် “ပရဝါဒီ ။ ပေ ။ သုတ္တဝိ ရောဓဘေယေန”ကို ထောက်၍၎င်း “ဌိတိံ ပနဿ လဒ္ဓိဝသေန ဣစ္ဆတိ”ကို ထောက်၍၎င်း သတဝါဒီက မေးအပ်သော ပြဿနာဟုပင် ထင်စရာရှိ၏။ မှန်၏။ “မုဟုတ္တံ ။ပေ ။ နိရုဇ္ဈတိ ဟူသော ပြဿနာကို “အာမန္တာ”ဟု ဝန်ခံမှ အနိစ္စာ ဝတ သင်္ခါရာ ဥပ္ပါဒဝယဓမ္မိနော”ဟူသော ပါဠိတော်၌ "ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏” နှင့် မဆန့်ကျင်ရာရောက်၏။ ဤသို့ ဆန့်ကျင်မည် စိုးသောကြောင့် အာမန္တာဟု ပရဝါဒီ ဝန်ခံရ သော်လည်း မိမိကမူ အာကာသာနဉ္စာယတနုပဂ စိတ်၏ ယာဝတာယုက (အသက်ဆုံးသည့်တိုင်အောင်)တည်ခြင်းကို အလိုရှိသည်သာ။ [ဤ အဋ္ဌကထာအဖွင့် အတိုင်းဆိုလျှင် သကဝါဒီက မေး၍ ပရဝါရီက ဖြေရာ ရောက်နေ၏။ သို့သော် အနု ဋီကာ၌ ပရဝါဒီက မေး၍ သကဝါဒီက ဖြေရာ ရောက်သော အဋ္ဌကထာပါဌ်ကို တမျိုး ပြထားသည်။]