၂။ ၀စနသောဓနံ။ ။ပုဂ္ဂလော ဟူသော သဒ္ဒါ ဥပလဗ္ဘတိ ဟူသော သဒ္ဒါ ၂-ခု တို့၏ အနက်အရ တူ-မတူကို စိစစ်၍ သဒ္ဒါကို သုတ်သင်ကြောင်း ပါဠိတော်စကားရပ် ကို"ဝစနသောဓန”ဟု ခေါ်သည်။ သောဓေတုံ၊ သုတ်သင်ခြင်းငှာ။ **ပုဂ္ဂလော ဥပလဗ္ဘတိ, ဥပလဗ္ဘတိ ပုဂ္ဂလော**တိ၊ ဟူသော။
၂။ ပုဂ္ဂလောပိ။ပေ။ န ပုဂ္ဂလော။ ။ပုဂ္ဂိုလ်ဟူသောအနက်ကို ရုပ်ဝေဒနာ အစရှိသည်တို့တွင် အမှတ်မထား တပါးပါးသော အနက်ဖြစ်၍ ရအပ် ရနိူင်သည်သာ။ထို့ကြောင့် ပရဝါဒီ အလိုအားဖြင့် “ပုဂ္ဂလော ဥပလဗ္ဘတိ ဧဝ"ဟု အဝဓာရဏ အနက်ကို ရနိုင်၏။ ဥပလဗ္ဘတိ ပုဂ္ဂလော၌ကား ဥပလဗ္ဘတိ အနက် ဟူသမျှသည် "ပုဂ္ဂလော ဧဝ”ဟု အဝဓာရဏ အနက် မရနိုင်။ ထို့ကြောင့် “ကေဟိစိ ပုဂ္ဂလော ကေဟိစိ ခုံ ပုဂ္ဂလော” ဟု ဖြေရသည်-ဟူလို။
၂။ ယသ္မာ။ပေ။ အာပဇ္ဇတိ ။"ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌ ပရမတ္ထေန "ဟု ပုဂ္ဂလ ကထာ အစတုန်းက မေးအပ်သော ပြဿနာကို "အာမန္တာ”ဟု ပရဝါဒီက ဝန်ခံခဲ့၏။ထိုသို့ ဝန်ခံခဲ့သည်ကို ရည်ရွယ်၍ "အယံ ပုဂ္ဂလဝါဒိနော ပဋိညာ”ဟု ဆိုသည်။
၃။ တသ္မာ။ပေ။ အာပဇ္ဇတိ။ ။ထိုသို့ ဝန်ခံခဲ့သောကြောင့် "ပုဂ္ဂိုလ်ကို ရအပ်၏” ဟူသော အယူသည် ပရဝါဒီအတွက် ခိုင်မြဲသော အယူဖြစ်သကဲ့သို့ "သစ္စိကဋ္ဌ ပရမတ္ထေန”ဟု ဝန်ခံခဲ့သောကြောင့် ပုဂ္ဂိုလ်၏သစ္စကဋ္ဌ အဖြစ်ဟူသောအယူ သည်လည်း ပရဝါဒီအတွက် ခိုင်မြဲသော အယူပင်ဖြစ်၏ဟု အနက် အဓိပ္ပါယ် ရောက် သည်။ ဤ စကားရပ်ဖြင့် ဤ ဝစနသောဓန အခဏ်း၌လာသော ပုဂ္ဂလော ဥပလဗ္ဘတိ စသော စကား, ပုဂ္ဂလော သစ္ဆိကဋ္ဌောစသော စကား၏ ဝစနသောဓန ဖြစ်ပုံကိုပြသည်။
၄။ ယာ ပနဿ။ ပေ ။ လဒ္ဓီ။ ။ အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော” ဟူသောပါဠိတော်ကို သာဓကပြု၍ "ပုဂ္ဂိုလ်ရှိ၏” ဟူသော အယူသည်လည်း ထို ပရဝါဒီ၏ ခိုင်မြဲသော အယူပင် ဖြစ်၏။ တဿာ ဝိဇ္ဇမာနောတိ ဝေဝစနမေဝ-ဝိဇ္ဇမာနော ဟူသော စကားသည် ထို အတ္ထိ၏ ဝေဝုစ်ပရိယာယ် စကားလှယ်ဖြစ်၏။ ဤ စကားရပ်ဖြင့် ဤ ဝစနသောဓန အခဏ်း၌လာသော “ပုဂ္ဂလော အတ္ထိ” စသော စကား“ပုဂ္ဂလော ဝိဇ္ဇမာနော”ဟူသော စကား၏ ဝေဝစန ဖြစ်ပုံကို ပြသည်။ ဝိဇ္ဇမာနောတိ၊ ဟူသော ပုဒ်သည်။ ဝေဝစနမေဝ၊ သည်သာတည်း။ (တနည်း) တဿာ၊ ကို။ (ဒီပကံ၊ ပြတတ်သော။ အတ္ထီတိဝစနံ၊ အတ္ထိ ဟူသော သဒ္ဒါသည််။) ဝိဇ္ဇမာနောတိ၊ ဟူသောပုဒ််၏။ ဝေဝစနမေဝ၊ သည်သာတည်း။ တသ္မာ၊ ကြောင့်။ သဗ္ဗာနိ၊ လည်းဖြစ်ကုန်သော။ ဧတာနိဝစနာနိ၊ ဤ ဥပလဗ္ဘတိ, သစ္စိကဋ္ဌော, ဝိဇ္ဇာမာနော, အတ္ထိ ဟူသော ဤသဒ္ဒါတို့ကို။ သောဓိတာနိ၊ သုတ်သင်အပ်ကုန်ပြီ။
၆၀။ တတ္ထ၊ ထိုဝစနသောဓန အခဏ်း၌။ အဝသာနေ၊ အဆုံး၌။ **ပုဂ္ဂလော အတ္ထိ န သဗ္ဗော ပုဂ္ဂလော**တိအာဒိ၊ အစရှိသော။ ယံ၊ အကြင်စကားရပ်ကို။
(သကဝါဒိနာ၊ သည်။
တနည်း
အာယသ္မတာ မောဂ္ဂလိပုတ္တတိဿတ္ထေရေန၊ သည်။)
ဝုတ္တံ၊ အပ်ပြီ။
တတြ၊ ထိုစကားရပ်၌။
အယံ၊ ကား။
အဓိပ္ပါယော၊ သကဝါဒီ၏ အလိုတည်း။
ဟိ၊ ချဲ့။
ပရဝါဒိနာ၊ သည်။
ပုဂ္ဂလော အတ္ထိ။ပေ။ပုဂ္ဂလောတိ၊ ဟူသော။
ယံ ဧတံ (ဝစနံ)၊ အကြင်စကားကို။
ဝုတ္တံ၊ အပ်ပြီ။
တံ၊ ထိုစကားသည်။
ယသ္မာ၊ ကြောင့်။
အတ္ထတော၊ အားဖြင့်။
ပုဂ္ဂလော၊ သည်။
အတ္ထိ၊ ရှိ၏။
အတ္ထိ၊ ရှိသော။
သဗ္ဗော၊ အလုံးစုံသော အနက်သည်။
န ပုဂ္ဂလော၊ ပုဂ္ဂိုလ်မဟုတ်။
ဣတိဧတ္တကံ၊ ဤမျှ အတိုင်းအရှည်ရှိသော အနက် အဓိပ္ပါယ်သည်။မှတ်ချက်။ ။"တဿာ။ ပေ ။ ဝေဝစနမေဝ”ဟူသော စကားရပ်၌ တဿာဖြင့် ရှေ့ဝါကျ၌ ရှိသော "ယာ လဒ္ဓိ”ကို စွဲရသည်။ သို့သော် ထို တဿာ အတွက် စပ်ပုဒ် မရှိ။ ထို့ကြောင့် “တဿာ၊ထို အယူကို။ ဒီပကံ၊ ပြတတ်သော။ အတ္တီတိဝစနံ၊ အတ္ထိ ဟူသော သဒ္ဒါသည်”ဟု ထည့်၍ အနက်ပေးမှ "ဝိဇ္ဇာနောတိ ဝေဝစနမေနှင့် ဝ"အဓိပ္ပါယ် စပ်မိသည်။ စာကျနေဟန်တူသည်။
၁။ တသ္မာ။ ပေ ။ သောဓိတာနိ။ ။တသ္မာဖြင့် “ယသ္မာ။ ပေ ။ အာပဇ္ဇတိ၊ ယာ ပနဿ။ ပေ ။ ဝေဝစနမေဝ”ဟူသော စကား ၂-ရပ်ကို ပြန်၍ ညွှန်သောကြောင့် ဤ ဝါကျကို ထိုစကား ၂-ရပ်၏ နိဂုံးဝါကျဟု မှတ်ပါ၊ ထို ဆိုအပ်ခဲ့သော အကြောင်း ကြောင့် "ပုဂ္ဂလော ဥပလဗ္ဘတိ, ပုဂ္ဂလော သစ္စကဋ္ဌော, ပုဂ္ဂလော ဝိဇ္ဇမာနော, ပုဂ္ဂလော အတ္ထိ” ဟူသော ဤသဒ္ဒါတို့ကို အရှင်မောဂ္ဂလိပုတ္တထေရ်သည် ဤ ဝစနသောဓန အခဏ်း၌ အနက် အဓိပ္ပါယ်အမှန်ရအောင် သုတ်သင် ရှင်းလင်းတော်မူအပ်ပါသည် ဟူလို။ [ပါဠိတော် စာအုပ်၌ "ပုဂ္ဂလော သံဝိဇ္ဇမာနော”ဟု ရှိသေး၏။ ဝိဇ္ဇမာနောနှင့် တူသောကြောင့် အဋ္ဌကထာ၌ အထူးမပြပဲ ထားဟန်တူသည်။ သို့မဟုတ် သံဝိဇ္ဇမာနော စသော ဝါကျသည် ရှေးက ရှိဟန်မတူ။]
၂။ ယံ အဝသာနေ။ ပေ ။ ဝုတ္တံ။ ။ဤ ဝစနသောဓန အခဏ်းဝယ် အဆုံး၌ “ပုဂ္ဂလော အတ္ထိ၊ အတ္ထိန သဗ္ဗော ပုဂ္ဂလော”ဟု ဆို၏။ (ပါဠိတော်ကြည့်ပါ။) တတြာယံ ဓိပ္ပါယော- ထို စကားရပ်၌ ဆိုလိုရင်းကား - ပရဝါဒီသည် "ပုဂ္ဂလော အတ္ထိ, အတ္ထိ ပုဂ္ဂလောတိ”ဟု ရှေ့ပြဿနာကို မေးသောအခါ“ပုဂ္ဂလော အတ္တိ၊ အတ္ထိ ကေဟိ စိ ပုဂ္ဂလော, ကေဟိ စိ န ပုဂ္ဂလော”ဟု ဖြေဆို၏။ ဟောတိ၊
တသ္မာ၊ ကြောင့်။
(ဤမျှလောက်သော အနက် အဓိပ္ပါယ်ရှိသောကြောင့်။)
နံ၊ ထိုပရဝါဒီကို။
သကဝါဒီ၊ သည်။
သမ္ပဋိစ္ဆာပေတွာ၊ အာမန္တာဟု ဝန်ခံစေပြီး၍။
ဣဒါနိ၊ ၌။
နံ၊ ထိုပရဝါဒီကို။
ဧဝံ၊ ဤဆိုလတ္တံ့သော နည်းဖြင့်။
အနုယုဉ္ဇတိ၊ စစ်ဆေး၏။
(ကိံ၊ နည်း။)
၂။ တသ္မာ နံ။ပေ။ အနုယုဉ္စတိ။ ။ထိုသို့ "ပုဂ္ဂလော အတ္ထိ, အတ္ထိ န သဗ္ဗော "ဟု ဆိုလိုရင်းဖြစ်သောကြောင့် ထို အဆိုအတိုင်း နောက်ဆုံး ပြဿနာကို မေးသောအခါ “အာမန္တာ”ဟု ဝန်ခံစေပြီးလျှင် “ပုဂ္ဂလော နတ္ထိ, နတ္ထိ န သဗ္ဗော ပုဂ္ဂလောတိ"ဟု စစ်ဆေး မေးမြန်း ပြန်သောအခါ “န ဟေဝံ ဝတ္တဗ္ဗေ ”ဟု ပယ် လေသည်။
၃။ တယာ ဟိ။ ပေ ။ ဂဟိတာ။ ။အသင် ပရဝါဒီသည် "အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော" ဟူသော ပါဠိတော်တရပ်ကို အားကိုးတခု မှီငြမ်းပြု၍ “ပုဂ္ဂိုလ်ရှိ၏”ဟူသော အယူကို ယူထား၏။
၄။ ယထာစ။ ပေ ။ တသာ ဝုတ္တိ။ ။"အတ္ထိ ပုဂ္ဂလော”စသော ပါဠိတော်ကို ဘုရားဟောတော်မူအပ်သကဲ့သို့ "သုညတော လောကံ အဝေက္ခဿု-သတ္တလောက တခုလုံးကို ဘာမျှမရှိသော သုညဟု ရှုပါလော”ဟူသော ပါဠိတော်ဖြင့် "နတ္ထိ" ဟုလည်း ဟောတော်မူအပ်ပြီးဖြစ်သည်။ [သုညဟု ရှုလော- ဟု ဟောတော်မူခြင်းသည် "နတ္ထိ-ဘာမျှမရှိ။ (ပုဂ္ဂိုလ်လဲမရှိ”)ဟု ဟောတော်မူရာ ရောက်သည်။] (ဟောတိ) ယထေဝ၊ ကဲ့သို့။ တထာ၊ တူ။ ပုဂ္ဂလော၊ သည်။ နတ္ထိ၊ မရှိ။ နတ္ထိ၊ မရှိသော။ သဗ္ဗော၊ အလုံးစုံသော အနက်သည်။ န ပုဂ္ဂလော၊ ပုဂ္ဂိုလ်မဟုတ်။ ဣတိပိ၊ သို့လည်း။ (လဒ္ဓိ၊ သည်။) အာပဇ္ဇတိ၊ ဖြစ်၏။ ကိံ၊ အသို့ပါနည်း။ (ဘယ့်နှယ်ပါလဲ။) ဧတံ၊ ဤအယူကို။ သမ္ပဋိစ္ဆသိ၊ လက်ခံပါသလော။ ဣတိ၊ ဤသို့။ (အနုယုဉ္ဇတိ၊ ၏။)