Issues
選擇版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
法护-Dhammapāla
中文
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

20. Vīsatimavaggo

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၈၅၇-၈၆၂၊
ဣဒါနိ အသဉ္စိစ္စကထာ နာမ ဟောတိ၊
တတ္ထ၊ ထို အသဉ္စိစ္စကထာ၌။ အာနန္တရိယဝတ္ထုနိ နာမ၊ အာနန္တရိယဝတ္ထုတို့မည်သည်။ (အာနန္တရိယကံ၏ တည်ရာဖြစ်သော အမိ အစရှိသော ဝတ္ထုတို့မည်သည်။) ဂရူနိ၊ အလေးပြုအပ်ကုန်သည်။ ဘာရိယာနိ၊ ဝန်လေးကုန်သည်။ (ထမ်း ဆောင်အပ်သော တာဝန်တို့သည်။) (ဟောန္တိ၊ ) တသ္မာ၊ အသဉ္စိစ္စာပိ၊ သညာနှင့်တကွ စေတနာဖြင့် မစေ့ဆော်မူ၍လည်း။ တေသု ဝတ္ထူသု၊ ထို အာနန္တရိယ ဝတ္ထုတို့ကို။ ဝိကောပိတေသု၊ ဖျက်ဆီး အပ်ကုန်လသော်။ အာနန္တရိကော၊ အာနန္တရိယကံရှိသူသည်။ ဟောတိ၊ ဣတိ ယေသံ၊
ပေ၊ ဣတရဿ၊
အထ၊ ၌။ နံ၊ ကို။ ယသ္မာ၊ အာနန္တရိယကမ္မံ နာမ၊ မည်သည်။ ကမ္မ ပထပ္ပတ္တံ၊ ကမ္ပပထသို့ ရောက်သော ကံတည်း။
စ၊ ဆက်။ အသဉ္စိစ္စ၊ ၍။ (ကရောန္တဿ၊ ပြုသော ပုဂ္ဂိုလ်၏။ စပ်ပုဒိ မရှိသောကြောင့် ထည့်သည်။) ကမ္မပထဘေဒေါ၊ ကမ္မပထ အထူးအပြားသည်။ ယဒိ သိယာ၊ အကယ်၍ဖြစ်အံ့။ (ဧဝံ သတိ၊ ) အဝသေသာ၊ အာနန္တရိယကံမှ ကြွင်းကုန်သော။ ပါဏာတိ ပါတာဒယောပိ၊ ပါဏာတိပါတ အစရှိသည်တို့သည်လည်း။ အသဉ္စိစ္စ၊ ၍။ ဘဝေယျုံ၊ ဖြစ်ကုန်ရာသလော။ ဣတိ စောဒနတ္ထံ၊ **အသဉ္စိစ္စပါဏံ ဟန္တွာ**တိအာဒိံ အာဟ၊
ဣတရော၊ သည်။ တထာရူပါယ၊ ထိုသို့ သဘောရှိသော။ လဒ္ဓိယာ၊ ၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ ပဋိက္ခိပတိ၊
သေသံ ယထာပါဠိမေဝ နိယျာတိ၊
**န ဝတ္တဗ္ဗံ မာတုဃာတကော**တိ ပုစ္ဆာ ပရဝါဒိဿ၊ ရောဂပဋိကာရာဒိ ကာလေ၊ ရောဂါကို ကုစားရာ အစရှိသောအခါ၌။ အသဉ္စိစ္စ၊ ၍။ ဃာတံ၊ အမိကို သတ်မိခြင်းကို။ (မတော်တဆ သေစေမိခြင်းကို။) သန္ဓာယ ပဋိညာ သကဝါဒိဿ၊
**နနု မာတာ**၊ **ပေ**၊ **ဝေါရော ပိတာ**တိ ပဉှေပိ၊ ဟူသော ပြဿနာ၌လည်း။ အသဉ္စိစ္စ၊ ၍။ ဝေါရောပိတံ၊ ခွင်းခြင်းကို။ သန္တာယ၊ ပေ၊ သကဝါဒိဿေဝ၊
ပန၊ ဆက်။ ဧဝံ၊ သို့။ အဓိပ္ပါယံ၊ သကဝါဒိ၏အလိုကို။ အဂ္ဂဟေတွာ၊ ၍။ ဟဉ္စိတိ၊ ဟူ၍။ လဒ္ဓိဝတိဋ္ဌာနံ၊ မိမိအယူကို တည်စေခြင်း သည်။ ဣတရဿ၊ သကဝါဒီမှ တပါးသော ပရဝါဒီ၏ အယူကို တည်စေ ခြင်းတည်း။
တံ၊ ထိုအယူကို တည်စေခြင်းသည်။ အယောနိသော၊ အားဖြင့်။ ပတိဋ္ဌာပိတတ္တာ၊ ကြောင့်။ အပ္ပတိဋ္ဌိတမေဝ၊ ထည်စေအပ်သည် မမည် သည်သာ။
ပိတုဃာတကာဒီသုပိ၊ ပိတုဃာတက အစရှိသော ပြဿနာတို့၌ လည်း။ ဧသေဝ နယော၊
ပန၊ ကား။ သံဃဘေဒကေ၊ သံဃာကို သင်းခွဲခြင်း၌။ ဓမ္မသညိံ၊ ဓမ္မဟု အမှတ်ရှိသော ပုဂ္ဂိုလ်ကို။ သန္ဓာယ **သံဃဘေဒေါ**၊ ပေ၊ သကဝါဒိဿ၊ သမဂ္ဂံ၊ ညီညွတ်သော။ သံဃံ၊ ကို။ ဘေတွာန၊ ခွဲပြီး၍။ ကပ္ပံ၊ အာယုကပ် ပတ်လုံး။ နိရယမှိ၊ ငရဲ၌။ ပစ္စတိ၊ ကျက်ရု၏။ ဣတိ ဝစနံ၊ ဤသို့သော စကားတော်ကို။ အယောနိသော ဂဟေတွာ ပဋိညာ ပရဝါဒိဿ၊
ပုန၊ တဖန်။ **သဗ္ဗေ**တိ၊ သဗ္ဗေ ဟူ၍။ (သဗ္ဗေ သံဃဘေဒကာ အာနန္တရိကာဟူ၍။) ပုဋ္ဌော(သမာနော)၊ သကပက္ခေ၊ မိမိဟူသော သကဝါဒီ၏ အဖို့၌။ ဓမ္မသညိံ၊ ကို။ သန္ဓာယ ပဋိက္ခိပတိ၊ ပရပက္ခေ၊ တပါးသော ပရဝါဒီ၏ အဖို့၌။ ဓမ္မသညိံသန္ဓာယ ပဋိဇာနာတိ၊
**ဓမ္မသညီ**တိ ပဉှဒွယေပိ၊ ဓမ္မသညီ အစရှိသော ပြဿနာ ၂-ပါးအပေါင်း၌လည်း။ ဧသေဝ နယော၊

**နနု ဝုတ္တံ ဘဂဝတာ**တိ၊ အစရှိသော။ သုတ္တံ၊ ပါဠိတော်သုတ်ကို။ ဧကန္တေနေဝ၊ စင်စစ်အားဖြင့်သာ။ ဓမ္မဝါဒိသာ၊ ဓမ္မဝါဒီ ပုဂ္ဂိုလ်၏။ အာနန္တရိကာဘာဝဒဿနတ္ထံ၊ အာနန္တရိကကံ မထိုက်သူ၏ အဖြစ်ကို ပြခြင်း အကျိုးငှါ။ (သကဝါဒိနာ)ဝုတ္တံ၊

[ရှေးနိဿယ၌ “ဓမ္မဝါဒိသာ၊ ဓမ္မဝါဒီ ဖြစ်သော ရဟန္တာ၏။ အာနန္တရိကာဘာဝဒဿနတ္ထံ၊ (အာနန္တရိက+အဘာဝ ဒဿနတ္ထံ၊) အာနန္တရိကကံ ထိုက်သည်၏ အဖြစ်၏ မရှိခြင်းကို ပြခြင်းငှါ”ဟု ပါဌ်မှန် ရှိသည်။]

**အာပါယိကော နေရယိကော**တိဂါထာယပိ၊ အစရှိသော ဂါထာ၌လည်း။ အဓမ္မဝါဒီယေဝ၊ အဓမ္မဝါဒီပုဂ္ဂိုလ်ကိုသာ။ အဓိပ္ပေတော၊
ပန၊ ထိုသို့ပင် အဓမ္မဝါဒီကို အလိုရှိအပ်ပါသော်လည်း။ ဣတရော၊ ဘကဝါဒီမှ တပါးသော ပရဝါဒီသည်။ အဓိပ္ပါယံ၊ ဂါထာ၏ အဓိပ္ပါယ်ကို။ အဂ္ဂဟေတွာ၊ (မယူ နိုင်ပဲ။) လဒ္ဓိ၊ မိမိအယူကို။ ပတိဋ္ဌာပေတိ၊
သာ၊ ထို တည်စေအပ်သော အယူသည်။ အယောနိယော ပတိဋ္ဌာပိတတ္ထာ အပတိဋ္ဌိတာယေဝ၊ ဣတိ၊ အပြီးတည်း။
အသဉ္စိစ္စကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ ) ၁။ နနု ဝုတ္တံ ဘဂဝတာ။ ။အတ္ထိ ဥပါလိ စသော သာဓက၌ အာပါယိက သံဃဘေဒက, န အာပါယိကသံဃဘေဒက ဟု ၂-မျိုးရှိ၏။ ထိုတွင် သကဝါဒီက “ဓမ္မဝါဒီ သံဃဘေဒကကို အာနန္တရိယဟု ပရဝါဒီက ဖြေသည်ကို မနှစ်သက်၍ ထုတ်ပြသောကြောင့် န အာပါယိကသံဃဘေဒကကိုသာ သကဝါဒီယူလို၏။ ဓမ္မ ဝါဒိဿ အာနန္တရိကာဘာဝ(အနန္တရိက+အဘာဝ) ဒဿနတ္ထံ”ဟု ရှိမှ မှန်မည်။
၈၆၃-၈၆၅၊
ဣဒါနိ ဉာဏကထာ နာမ ဟောတိ၊
တတ္ထ၊ ၌။ ဉာဏံ၊ ဉာဏ်သည်။ လောကိယဉ္စ၊ လောကီဉာဏ်၎င်း။ လောကုတ္တရဉ္စ၊ လောကုတ္တရာ ဉာဏ်၎င်း။ (ဣတိ၊ သို့။) ဒုဝိဓံ၊ ၂-ပါး အပြားရှိ၏။
လောကိယံ၊ လောကီ ဉာဏ်သည်။ သမာပတ္တိဉာဏမ္ပိ၊ သမာပတ်၌ဖြစ်သော ဉာဏ်သည်လည်း။ ဟောတိ၊ ရှိ၏။ ဒါနာဒိဝသေန၊ ဒါန အစရှိသည်တို့၏ အစွမ်းဖြင့်။ ပဝတ္တံ၊ သော။ ကမ္မဿကတာဉာဏမ္ပိ၊ ကမ္မာဿကတာဉာဏ်သည်လည်း။ (ဟောတိ၊ )
လောကုတ္တရံ၊ လောကုတ္တရာဉာဏ်သည်။ သစ္စပရိစ္ဆေဒကံ၊ သစ္စာ ၄-ပါးကို ပိုင်းခြားတတ်သော။ မဂ္ဂဉာဏမ္ပိ၊ မဂ်ဉာဏ်သည်၎င်း။ ဖသဉာဏမ္ပိ၊ ဖိုလ်ဉာဏ် သည်၎င်း။ (ဟောတိ၊ ရှိ၏။)
ပန၊ ထိုသို့ပင် ရှိပါသော်လည်း။ ဣမံ ဝိဘာဂံ၊ ဤ ခွဲခြားဝေဖန်မှုကို။ အကတွာ၊ သစ္စပရိစ္ဆေဒကမေ၀၊ သစ္စာ ၄ပါးကို ပိုင်းခြားတတ်သော ဉာဏ်သည်သာ။ ဉာဏံ၊ ဉာဏ်သည်။ ဣတရံ၊ ဤ သစ္စပရိစ္ဆေဒကဉာဏ်မှ တပါးသော ဉာဏ်သည်။ န(ဉာဏံ)၊ ဉာဏ်မဟုတ်။ တသ္မာ၊ ပုထုဇ္ဇနဿ၊ ပုထုဇဉ်ပုဂ္ဂိုလ်သန္တာန်၌။ ဉာဏံ၊ ဉာဏ်သည်။ နတ္ထိ၊ မရှိ။ ဣတိ ယေသံ လဒ္ဓိ၊ ပေ၊ ဣတရဿ၊
**ပညာ**တိအာဒိ၊ အစရှိသော စကားကို။ ဉာဏဝေဝစနဒဿနတ္ထံ၊ ဉာဏ်၏ ဝေဝှစ်ပရိယာယ် စကားလှယ်ကို ပြခြင်းအကျိုးငှာ။ (သကဝါဒိနာ၊ ) ဝုတ္တံ၊
တေန၊ ထို ပညာ အစရှိသော စကားဖြင့်။ ဧတံ၊ ဤအနက် အဓိပ္ပါယ်ကို။ ဒီပေတိ၊ (ကိံ ဒီပေတိ၊ ) တဿ၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်၏သန္တာန်၌။ ဉာဏံ၊ သည်။ ယဒိ နတ္ထိ၊ (ဧဝံ သတိ၊ )
ပညာဒယော ပိ၊ ပညာအစရှိသည်တို့သည် လည်း။ နတ္ထိ၊ မရှိကုန်။ အထ၊ သို့မဟုတ်။ ပညာဒယော၊ (ယဒိ) အတ္ထိ၊ အံ့။ (ဧဝံ သတိ၊ ) ဉာဏမ္ပိ၊ အတ္ထိ၊ ရှိ၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။
ပညာ ဒီနံ၊ ပညာအစရှိသည်တို့၏။ [အာဒိဖြင့် ပါဠိတော်၌လာသော ပဇာနနာ, ဝိစယော စသည်ကို ယူပါ။] ဉာဏတော၊ ဉာဏ်မှ။ အနညတ္တာ၊ တမျိုးတခြား မဟုတ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ ဤအနက် အဓိပ္ပါယ်ကို။ (ဒီပေတိ၊ )
**ပဌမံ ဈာနန္တိ**အာဒိ၊ ကို။ သမာပတ္တိဉာဏဿ၊ သမာပတ်၌ ဖြစ်သောဉာဏ်ကို။ ဒဿနတ္ထံ (သကဝါဒိနာ၊ ) ဝုတ္တံ၊
**ဒါနံ ဒဒေယျာ**တိ အာဒိ၊ ကို။ ကမ္မဿကတာဉာဏဿ၊ ကို။ (ဒဿနံဝုတ္တံ၊ )
**ဒုက္ခံ ပရိဇာ နာတီ**တိ၊ ဟူသောစကားသည်။ လောကုတ္တရမဂ္ဂဉာဏမေဝ၊ လောကုတ္တရာ ဖြစ်သော မဂ်ဉာဏ်ကိုသာ။ ဒီပေတိ၊ လောကုတ္တရမေဝ၊ လောကုတ္တရာဉာဏ် သည်သာ။ ဉာဏံ၊ ဉာဏ်တည်း။ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ န (ဒီပေတိ)၊ ပြသည်မဟုတ်။ [ထို့ကြောင့် သာဓကမမြောက် ဟူလို။] (ဣတိ၊ အပြီးတည်း။)
ဉာဏကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ )
၈၆၆။ ဣဒါနိ နိရယပါလကထာနာမ ဟောတိ၊

တတ္ထ၊ ထိုနိရယပါလ ကထာ၌။ နိရယေ၊ ငရဲ၌။ နေရယိကကမ္မာနေဝ၊ ငရဲသူ ငရဲသားတို့၏ အကုသိုလ်ကံတို့သည်သာ။ နိရယပါလရူပဝသေန၊ ငရဲထိန်းတို့၏အသွင်သဏ္ဌာန်၏ အစွမ်းဖြင့်။ ဝဓေန္တိ၊ ညှဉ်းဆဲကြကုန်၏။ နိရယပါလ နာမ၊ ငရဲကို စောင့်ရှောက်သောငရဲထိန်းတို့ မည်သော။

၁။ နိရယပါယာ။ ။နေရယိကေ နိရယေ ပါလေန္တိ၊တတော နိဂ္ဂန္ထုံ အပ္ပံ ဒါနဝသေန ရက္ခန္တီတိ နိရယပါလာ(ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့ကို ထိုငရဲမှ ထွက်သွားခွင့်ကို မပေးခြင်း၏ အစွမ်းဖြင့် စောင့်ရှောက်တတ်ကုန်၏။ ထို့ကြောင့် နိရယပါလတို့ မည်၏။) နိရယပါလတာယ ဝါ နေရယိကာနံ နရကဒုက္ခေန ပရိယောနဒ္ဓါယ အလံ သမတ္ထာတိ နိရယပါလာ (တနည်း ငရဲ၌ စောင့်ရှောက်တတ် သည်၏ အဖြစ်ကြောင့် ငရဲသို့ ရောက်လာကုန်သော သတ္တဝါတို့အား ငရဲဒုက္ခဖြင့် ထက်ဝန်းကျင် မြှေးယှက်ခြင်းငှါ စွမ်းနိုင်ကုန်၏။ ထို့ကြောင့် နိရယပါလတို့ မည်၏။)
မေးဖွယ်။ ။ဤ နိရယပါလတို့ဟူသည် ငရဲသားတွေလော၊ သို့မဟုတ် ငရဲသား မဟုတ်ကြသလော၊ ဤသို့ မေးဖွယ် ရှိ၏။ အကယ်၍ ငရဲသားတွေ ဖြစ်အံ့။ ငရဲ၌ ဖြစ်စေနိုင်သော ကံကြောင့် ဖြစ်ကြရကား မိမိတို့ကိုယ်တိုင်လည်း ငရဲဒုက္ခကို ခံစား ကုန်ရာ၏။ ထိုသို့ ငရဲဒုက္ခကို ခံစားရသည်ရှိသော် အခြား ငရဲသားတို့ကို ညှဉ်းဆဲ နှိပ်စက်ခြင်းငှါ မစွမ်းနိုင်ကုန်ရာ။ “ဤသူတို့ကား ငရဲသားတို့တည်း။ ဤသူတို့ကား ငရဲထိန်းတို့တည်း”ဟု ခွဲခြားခြင်းလည်း မဖြစ်တော့ရာ။
သည်သာမကသေး၊အကြင် အကြင် သူတို့သည် ငရဲသားတို့ကို နှိပ်စက်ကြကုန်၏။ အနှိပ်စက်ခံရသူတို့နှင့် တူမျှသော ရုပ်အဆင်း အားခွန်ဗလ အရွယ်အရပ် ပမာဏရှိကြကုန်သော ထိုထို ငရဲထိန်းတို့မှ အခြားသော ငရဲသူ ငရဲသားတို့၏ ကြောက်ရွံ့ ထိတ်လန့်ခြင်းတို့လည်းမဖြစ်ကုန်တော့ရာ၊ သို့မဟုတ် ငရဲထိန်းတို့ဟူသည် ငရဲသားများ မဟုတ်ကြလျှင် အဘယ်နည်းဖြင့် ထိုငရဲ၌ ဖြစ်သင့်ပါအံ့နည်း။ ဤသို့ မေးဖွယ်ရှိ၏။ အဖြေကား။ ။“ငရဲထိန်းတို့” ဟူသည် နိရယဂတိ၌ ဖြစ်စေတတ်သောကံကြောင့် ဖြစ်ရသူများ မဟုတ်ကြသောကြောင့် ငရဲသူ ငရဲသားတွင် မပါဝင်ကြ။ မှန်၏-နိရယဂဘိ၌ ဖြစ်စေတတ်သော ကံမှ အခြားသော ကံကြောင့်သာ ထိုငရဲထိန်း တို့သည် ရက္ခိုသ်အမျိုးအနွယ်များ ဖြစ်သောကြောင့် ငရဲ၌ ငရဲထိန်းဖြစ်၍ နေကြ ရသည်။ ထို့ ကြောင့်ပင် ရှေးဆရာတို့ ဆိုကြသည်ကား-
ကောဓနာ ကုရူရူကမ္မန္တာ၊ ပါပါဘိရုစိနော တထာ။ ဒုက္ခိတေသု စ နန္ဒန္တိ၊ ဇာယန္တိ ယမရက္ခသာ။ ဤသို့ ဆိုကြသည်။
[ဒေါသလည်း အလွန်ကြီးကုန်သော ကြမ်းသော အလုပ်ရှိကြကုန်သော မကောင်း မှုကို အလွန်နှစ်သက်ကြကုန်သော ဒုက္ခရောက်သူတို့အပေါ်၌ နှစ်သက်ကြကုန်သော ယမမင်း၏ ရက္ခိုသ်တို့သည် ငရဲ၌ ဖြစ်လာကြကုန်၏။] ဤသို့ စသည်ဖြင့် အနူဋီကာ၌ ငရဲသား မဟုတ်သော ငရဲထိန်းများ၏ အကြောင်းကို များစွာ ဖွင့်ထားလေသည်။
သတ္တာ၊ တို့သည်။ နတ္ထိ၊ မရှိကုန်။ ဣတိ ယေသံ၊

ပေ၊ ဣတရဿ၊
အထ၊ ၌။ နံ၊ ကို။ တတ္ထ၊ ထိုငရဲ၌။ နိရယပါလာ၊ တို့သည်။ ယဒိ န သိယုံ၊ အကယ်၍ မရှိကုန်အံ့။ (ဧဝံ သတိ၊ ) ကမ္မကာရဏာပိ၊ ညှဉ်းဆဲနှိပ်စက်မှုတို့သည်လည်း။ န ဘဝေယျုံ၊ မရှိကုန်ရာ။
ဟိ၊ မှန်။ ကာရဏိကေသု၊ ညှဉ်းဆဲနှိပ်စက်မှုကို ပြုတတ်သော ငရဲထိန်းတို့သည်။ သတိ၊ ရှိကုန်လသော်။ ၀ါ၊ ရှိမှ။ ကာရဏာ၊ ညှဉ်းဆဲနှိပ်စက်ခြင်း သည်။ (ဟောတိ၊ ) ဣတိ စောဒေတုံ **နတ္ထိ နိရယေသူ**တိ အာဒိံ အာဟ၊ [ကာရော၊ နှောင်အိမ် စသည်ဖြင့် သွာဒိကရဓာတ်သည် ညှဉ်းပန်းနှိပ်စက်ခြင်း အနက်ကို ဟော၏။]
၈၆၇-၈၆၈၊
**အတ္ထိ မနုသောသူ**တိ၊ ဟူသောစကားကို။ ပစ္စက္ခေန၊ မျက် မှောက်အားဖြင့်။ (လက်တွေ့ မျက်မြင်အားဖြင့်။) ဉာပနတ္ထံ၊ ညှဉ်းဆဲပုံကို သိစေခြင်းအကျိုးငှါ။ (သကဝါဒိနာ၊) ဝုတ္တံ၊
ဟိ၊ ချဲ့။ မနုဿေသု၊ လူတို့၌။ ကာရဏိကေသု၊ ညှဉ်းဆဲမှုကို ပြုတတ်သော သူတို့သည်။ သတိ၊ ရှိကုန်လသော်။ ဝါ၊ ရှိမှ။ ကာရဏာ၊ ညှဉ်းဆဲခြင်းသည်။ (ဟောတိ) ယထာ၊ သို့။ ဧဝံ၊ တူ။ ထတ္ထာပိ၊ ထိုငရဲ၌လည်း။ (ကာရဏိကေသု သတိ ကာရုဏာ ဟောတိ၊ ) ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤ အတ္ထိ မနုဿေသု အစရှိသော စကားရပ်၌။ အဓိပ္ပါယော၊ သကဝါဒီ၏ အလိုတည်း။
**အတ္ထိ နိရယေသူ**တိ၊ အစရှိသော။ ပုစ္ဆာ ပရဝါဒိဿ၊ ပဋိညာ ဣတရဿ၊
**န ဝေဿ ဘူနောပိ စ ပေတ္တိရာဇာ**တိ၊ အစရှိသော သုတ်ကို။ ပရဝါဒိနာ၊ သည်။ သကသမယတော၊ မိမိတို့၏အယူမှ။ အာဘတံ၊ ဆောင်ယူအပ်သော။ သုတ္တံ၊ သုတ်တည်း။
ပန၊ ထိုသို့ပရဝါဒီ၏ အယူမှ ဆောင်ယူအပ်သောသုတ်ဖြစ်ပါသော်လည်။ တံ၊ ထို န ဝေဿဘူ အစရှိသော သုတ်သည်။ သာသနာ ဝစရိကံ၊ သာသနာတော်၌သက်ဝင်၏။ ဣတိ၊ ထို့ကြောင့်။ သကဝါဒိနာ၊ သည်။ အနုညာတံ၊ ခွင့်ပြုအပ်ပြီ။
တတ္ထ၊ ထို န ဝေဿဘူ အစရှိသော ဂါထာ၌။ **ဝေဿဘူ**တိ၊ ဝေဿဘူဟူသည်ကား။ ဧကော၊ တယောက်သော။ ဒေဝေါ၊ နတ်တည်း။
**ပေတ္တိရာဇာ**တိ၊ ကား။ ပေတ္တိဝိသယေ၊ ပြိတ္တာတို့၏ နယ်မြေ၌။ ပေတမဟိဒ္ဓိကော၊ ကြီးသော တန်ခိုးရှိသော ပြိတ္တာတည်း။
**သောမာ**ဒယော၊ သောမအစရှိသောနတ်တို့သည်။ ပါကဋာ ဝေ၊ ထင်ရှား ကုန်သည်သာ။
ဣဒံ၊ ဤအနက်အဓိပ္ပါယ်သည်။ ဝါ၊ ကို။ ပုတ္တံ ဟောတိ၊ (ကိံ ဝုတ္တံ ဟောတိ၊ ) အတ္တနော၊ မိမိ၏။ ကမ္မေဟိ၊ ကံတို့ကြောင့်။ ဣတော၊ ဤဘဝမှ။ ပဏုန္နံ၊ ပစ်ချအပ်သည်။ (ဟုတွာ၊ ) ပရလောကံ၊ တပါးသောလောကသို့။ ပတ္တံ၊ ရောက်သော။ ပုရိသံ၊ ကို။ ဧတေ ဝဿေဘူအာဒယော၊ ဤဝေဿတူ အစရှိသောနတ်တို့သည်။ နဟနန္တိ၊ သတ်ကုန်သည်မဟုတ်။
ပန၊ အဟုတ်ကား။ သော၊ ထို ဤဘဝ မှ စုတေသော သတ္တဝါကို။ ယေဟိ ကမ္မေဟိ၊ အကြင်ကံတို့သည်။ တတ္ထ၊ ငရဲဘုံသို့။ ပဏုန္နော၊ ပစ်ချအပ်ပြီ။ သကာနိ၊ မိမိဥစ္စာ ဖြစ်ကုန်သော။ တာနိ ကမ္မာနိယေဝ၊ ထိုကံတို့သည်သာ။ နံ၊ ထိုသတ္တဝါကို။ တတ္ထ၊ ထိုငရဲ ဘုံ၌။ ဟနန္တိ၊ သတ်ကုန်၏။ ဣတိ၊ သို့။ ကမ္မဿကတံ၊ ကံဟူသော မိမိဥစ္စာ ရှိသည်၏ အဖြစ်ကို။ (ဘဂဝါ၊ ) ဒီပေတိ၊ နိရယပါလာနံ၊ တို့၏။ အဘာဝံ၊ မရှိခြင်းကို။ န (ဒီပေတိ)၊ ပြတော်မူသည်မဟုတ်။
ပန၊ ကား။ သကဝါဒိနာ၊ သည်။ **တမေနံ ဘိက္ခဝေ**၊ တမေနံ ဘိက္ခဝေ အစရှိကုန်သော။ အာဟ တာနိ၊ ဆောင်အပ်ကုန်သော။ သုတ္တပဒါနိ၊ သုတ်ပုဒ်တို့သည်။ နီတတ္ထစ နေဝ၊ ထုတ်ဆောင်အပ်သော အနက်ရှိကုန်သည်သာ။ ဣတိ၊ အပြီးတည်း။
နိရယပါလကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ )
၈၆၉-၈၇၁၊
ဣဒါနိ တိရစ္ဆာနကထာ နာမ ဟောတိ၊
တတ္တ၊ ထို တိရစ္ဆာန ကထာ၌။ ဒေဝေသု၊ နတ်တို့၌။ ဧရာဝဏာဒယော၊ ဧရာဝဏ်အစ ရှိကုန်သော။ ဒေ၀ပုတ္တာ၊ နတ်သားတို့သည်။ ဟတ္ထိဝဏ္ဏံ၊ ဆင်၏ အသွင်ကို ၎င်း။ အဿဝဏ္ဏံ၊ မြင်း၏အသွင်ကို၎င်း။ ဝိကုဗ္ဗန္တိ၊ အထူးထူးအပြားပြားပြုကြ ကုန်၏။ ဝါ၊ ဖန်ဆင်းကြကုန်၏။ တတ္ထ၊ ထိုနတ်တို့၌။ တိရစ္ဆာနဂတာ၊ တိရစ္ဆာန်တို့သည်။ နတ္ထိ၊ မရှိကုန်။
ပန၊ ထိုသို့မရှိပါကုန်သော်လည်း။ ယေသံ၊ အကြင်ပရဝါဒီတို့၏။ (တိရစ္ဆာနဝဏ္ဏိနော၊ တိရစ္ဆာန် အသွင် ရှိကုန်သော။ ဒေဝပုတ္တေ၊ တို့ကို။ ဒိသွာ၊ မြင်၍။ ဒေဝေသု၊ တို့၌။ တိရစ္ဆာနဂတာ၊ တို့သည်။ အတ္ထိ၊ ရှိကုန်၏။ ဣတိ၊
ပေ၊ ဣတရဿ၊
အထ၊ ၌။ နံ၊ ကို။ ဒေဝယောနိယံ၊ နတ်တို့၏ ပေါင်းဆုံရာအမျိုး၌။ တိရစ္ဆာနဂတာ၊ တို့သည်။ ယဒိ သိယုံ၊ အကယ်၍ ရှိကုန်အံ့။ (ဧဝံ သတိ၊ ) တိရစ္ဆာနယောနိယမ္ပိ၊ တိရစ္ဆာန်တို့၏ ပေါင်းဆုံရာအမျိုး၌လည်း။ ဒေဝါ၊ တို့သည်။ သိယုံ၊ ရှိကုန် ရာ၏။ ဣတိ စောဒေတုံ **အတ္ထိ တိရစ္ဆာနဂတေသူ**တိ အာဒိံ အာဟ၊
**ကီဋာ**တိအာဒိ၊ ကို။ (ဝုတ္တံ၊ ၌စပ်။) သော၊ ထိုပရဝါဒီသည်။ ယေသံ၊ အကြင် ပေါက်ဖတ်အစရှိသည်တို၏။ အ ဘာဝံ၊ မရှိခြင်းကို။ ဣစ္ဆတိ၊ တေ၊ ပေါက်ဖတ် အစရှိသည်တို့ကို။ ဒဿေတုံ (သကဝါဒိနာ၊ ) ဝုတ္တံ၊
**ဧရာဝဏော**တိပဉှေ၊ အစရှိသော ပြဿနာ၌။ ၁။ ပဏုန္နော။ ။ပပုဗ္ဗ,နူဒ(ခေပေ)ဟူသော ဓာတ်+တ-ပစ္စည်း။ တ-ကို အန္န-ပြု။ ပနူဒီယိတ္ထာတိ-ပဏန္နော-ပစ်ချအပ်ပြီးသောသူ။ပ-ဥပသာရကြောင့် န-ကို ဏ-ပြန်။ ဝဏောတိပဉှေ၊ အစရှိသော ပြဿနာ၌။ တဿ၊ ထိုဧရာဝဏ်ဆင်၏၎င်း။ တဿ၊ ထိုဒိဗ္ဗယာန၏၎င်း။ အတ္ထိတာယ၊ ရှိသည်၏ အဖြစ်ကြောင့်။ ပဋိ ညာ သကဝါဒိဿ၊ တိရစ္ဆာနဂတဿ၊ တိရစ္ဆာန်ဆင်, တိရစ္ဆာန်မြင်း၏။ အတ္ထိတာယ၊ ကြောင့်။ ပဋိညာ၊ ဝန်ခံခြင်းသည်။ န၊ မဟုတ်။
**ဟတ္ထိဗန္ဓာ**တိ အာဒိ၊ ကို။ တတ္ထ၊ ထိုနတ်တို့၌။ ဟတ္ထိ အာဒယော၊ ဆင်အစရှိသည်တို့သည်။ ယဒိ သိယုံ၊ (ဧဝံ သတိ၊ ) ဟတ္ထိဗန္ဓာဒယောပိ၊ ဆင်ထိန်း အစရှိသည်တို့ သည်လည်း။ သိယုံ၊ ရှိကုန်ရာ၏။ ဣတိ စောဒနတ္ထံ (သကဝါဒိနာ၊ ) ဝုတ္တံ၊
တတ္ထ၊ ထိုဟတ္ထိဗန္ဓာ အစရှိသော စကားရပ်၌။ ယဝဿ၊ မုယောကို။ ဒါယကာ၊ ပေးတတ်သူတို့သည်။ (အတ္ထိ၊ ရှိကုန်သလော။)
**ကာရဏိကာ**တိ၊ ကား။ ယေဟိ၊ အကြင် ဆင်ဆရာ အစရှိသူတို့သည်။ တေ၊ ထိုဆင်အစရှိသည် တို့ကို။ နာနာဝိဓံ၊ အထူးထူးသော အပြားရှိသော။ ကာရဏံ၊ ညှဉ်းဆဲနှိပ်စက် မှုကို။ ကရေယျုံ၊ ကုန်ရာ၏။ (တေ၊ ထို ပုဂ္ဂိုလ်တို့သည်။)
ဟတ္ထာစရိယာ ဒယော၊ ဟတ္ထာစရိယ အစရှိသည်တို့မည်၏။ **ဘတ္တကာရကာ**တိ၊ ကား။ ဟတ္ထိအာဒီနံ၊ ဆင် အစရှိသည်တို့၏။ ဘတ္တရန္ဓကာ၊ ထမင်းချက်မှုတို့တည်း။
**န ဟေ၀န္တိ**၊ ပါဌ်ဖြင့်။ တထာ၊ တိုဟတ္ထိဗန္ဓာ အစရှိသော အခြင်းအရာ အားဖြင့်။ အနိစ္ဆန္တော(ဟုတွာ) ပဋိက္ခိပတိ၊ ဣတိ၊ အပြီးတည်း။
တိရစ္ဆာနကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ )
၈၇၂-၈၇၅၊
ဣဒါနိမဂ္ဂကထာ နာမ ဟောတိ၊
တတ္ထ၊ ထို မဂ္ဂကထာ၌။ ယေသံ၊ ပရဝါဒီတို့၏။ (လဒ္ဓိ၊ ၌စပ်။) ပုဗ္ဗေဝ၊ မဂ်မရမီ ဝတ္ထုအဖို့၌ပင်။ အဿ၊ ထိုပုဂ္ဂိုလ်၏။ ကာယကမ္မံ၊ သည်၎င်း။ ဝစိကမ္မံ၊ သည်၎င်း။ အာဇီဝေါ၊ အသက်မွေးဝမ်းကျောင်းသည်၎င်း။ သူပရိသုဒွေါ၊ အလွန် ထက်ဝန်းကျင် စင်ကြယ်သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့သော။ ဣဒံ သုတ္တဉ္စေဝ၊ ဤသုတ်ကို၎င်း။ သမ္မာဝါစာကမ္မန္တာဇီဝါနံ၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့၏။ စိတ္တ၀ိပ္ပယုတ္တတံစ၊ စိတ်နှင့် မယှဉ်ကုန် သည်၏ အဖြစ်ကို၎င်း။ နိဿာယ၊ ၍။ [သမ္မာဝါစာ စသည်တို့ကို ရုပ်ဟု အယူရှိသောကြောင့် စိတ်နှင့် မယှဉ်ဟု ပရဝါဒီတို့က အယူရှိသည်။] နိပ္ပရိယာယေန၊ ပရိယာယ်မဟုတ် မုချအားဖြင့်။ မဂ္ဂေါ၊ လောကုတ္တရာ မဂ်သည်။ **ပဉ္စင်္ဂိကော**ဝ၊ ငါးပါးသော အင်္ဂါရှိသည်သာ။ ဣတိ လဒ္ဓိ၊ ပေ၊ ဣတရဿ၊
**သမ္မာဝါစာ**၊ **ပေ**၊ **န မဂ္ဂေါ**တိအာဒိ၊ ကို။ ပရသမယဝသေန၊ တပါးသော ပရဝါဒီတို့၏ အယူ၏ အစွမ်းဖြင့်။ ဝုတ္တံ၊
ဟိ၊ မှန်။ ပရသမယသ္မိံ၊ ၌။ သမ္မာဝါစာဒယော၊ သမ္မာဝါစာ အစရှိသော တရားတို့သည်။ မဂ္ဂင်္ဂံ၊ မဂ္ဂင်တည်း။ ဣတိ၊ သို့။ အာဂတာ၊ လာကုန်ပြီ။
ပန၊ ထိုသို့ လာပါကုန်သော်လည်း။ ရူပတ္တာ၊ ရုပ်၏ အဖြစ်ကြောင့်။ (ပရဝါဒီ တို့၏ အလိုအားဖြင့် ရုပ်၏ အဖြစ်ကြောင့်။) မဂ္ဂေါ၊ အရိယမဂ်သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ ဝဏ္ဏိတာ၊ ဖွင့်ဆိုအပ်ကုန်ပြီ။ (ပရဝါဒီတို့ ဖွင့်ဆိုအပ်ကုန်ပြီ။)
**သမ္မာဒိဋ္ဌိမဂ္ဂင်္ဂံ**တိအာဒိ၊ ကို။ မဂ္ဂင်္ဂဿ၊ မဂ္ဂင်၏။ အမဂ္ဂတာ နာမ၊ မဂ် မယုတ်သည်၏ အဖြစ်မည်သည်။ နတ္ထိ၊ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ ဒဿနတ္ထံ(သကဝါဒိနာ)၊ ဝုတ္တံ၊
**ပုဗ္ဗေဝ ခေါ ပနဿာ**တိ၊ အစရှိသော။ သုတ္တေ၊ သုတ်၌။ ပရိသုဒ္ဓသီလဿ၊ ထက်ဝန်းကျင် စင်ကြယ်ပြီးသော သီလ ရှိသော ပုဂ္ဂိုလ်၏ (သန္တာန်၌)။ မဂ္ဂဘာဝနာ နာမ၊ မဂ်ကို ဖြစ်စေခြင်း မည်သည်။ ဟောတိ၊ ဖြစ်နိုင်၏။ ဣတရဿ၊ ပရိသုဒ္ဓသီလပုဂ္ဂိုလ်မှ တပါး သော ပုဂ္ဂိုလ်၏ (သန္တာန်၌)။ (မဂ္ဂဘာဝနာ နာမ၊ ) န(ဟောတိ)၊ မဖြစ်နိုင်။ ဣတိ၊ သို့။ အာဂမနိယပဋိပဒါယ၊ မဂ်သို့ ရောက်ကြောင်းအကျင့်၏။ ဝိသုဒ္ဓဘာဝဒဿနတ္ထံ၊ စင်ကြယ်သည်၏ အဖြစ်ကို ပြခြင်းအကျိုးငှါ။ ကာယကမ္မံ၊ ပေ၊ ဟောတီတိ၊ ဟူ၍။ (ဘဂဝတာ၊ ) ဝုတ္ထံ၊ ဣမေဟိ၊ ဤကာယကမ္မ, ဝစီကမ္မ, အာဇီဝတို့နှင့်။ ဝိနာ၊ ကင်း၍။ ပဉ္စင်္ဂိကဘာဝဒဿနတ္ထံ၊ ၅-ပါးသော အင်္ဂါရှိကုန်သည်၏ အဖြစ်ကို ပြခြင်းအကျိုးငှါ။ န(ဝုတ္တံ)၊ ဟောတော်မူ အပ်သည် မဟုတ်။
တေနေဝ၊ ထို့ကြောင့်ပင်။ ဧဝမဿာယံ၊ ပေ၊ ဂစ္ဆတီတိ၊ ဟူ၍။ (ဘဂ၀ါ) အာဟ၊ (ပါဠိတော်၌ ဟောတော်မူပြီ။)
သကဝါဒိနာ၊ သည်။ အာဘတသုတ္တံ၊ ဆောင်အပ်သော သုတ်သည်။ (ယသ္မိံ ခေါသုဘဒ္ဒ ဓမ္မဝိနယေ စသည်ဖြင့် ဆောင်အပ်သော သုတ်သည်။) နီထတ္ထမေဝ၊ ဆောင်အပ်ပြီးသော အနက်ရှိသည်သာ။ (တိုက်ရိုက် သိအပ်သော အနက် ရှိသည်သာ။) ဣတိ၊ အပြီးတည်း။
မဂ္ဂကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ )
၈၇၆-၈၇၇၊
ဣဒါနိ ဉာဏကထာ နာမ ဟောတိ၊
တတ္ထ၊ ထို ဉာဏ ကထာ၌။ ဓမ္မစက္ကပဝတ္တနေ၊ ဓမ္မစက္ကပဝတ္တနသုတ်တော်၌။ ဒွါဒသာကာရဉာဏံ၊ တဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဉာဏ်ကို။ ၁။ သစ္စာဥာဏ်။ ။“တဏှာကြဉ်အပ်သော တေဘူမက (စိတ် စေတသိက် ရှပ်)တရားသည် ဒုက္ခသစ္စာတည်း”ဟု ဒုက္ခသစ္စာကို(အခြားသစ္စာတို့နှင့် မရောအောင် ပိုင်းခြား၍)သိတတ်သော ဉာဏ်သည် သစ္စဉာဏ် မည်၏။ ဤ သစ္စဉာဏ်သည် လောကီ အခိုက်၌လည်း ဖြစ်နိုင်၏။ မဂ်ခဏ၌လည်း (မဂ်ကိစ္စ ၄-ချက်တွင် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းဟူသော) ပရိဇာနနကိစ္စအားဖြင့်လည်း သိနိုင်သည်။ သန္ဓာယ၊ ရည်ရွယ်၍။ ဒွါဒသဝတ္ထုကံ၊ တဆယ့်နှစ်ပါးသော တည်ရာဝတ္ထုရှိသော။ ဉာဏံ၊ သည်။ လောကုတ္တရံ၊ လောကုတ္တရာဉာဏ်တည်း။ ဣတိ ယေသံ လဒ္ဓိ၊ ပေ၊ ဣတရာ၊
အထနံ၊ ဒွါဒသဝတ္ထုကံ၊ သော။ တံ၊ ထိုဉာဏ်သည်။ (လောကုတ္တရံ၊ လောကုတ္တရာသည်။) သစေ(ဟောတိ)၊ အံ့။ (တနည်း) တံ၊ ထို လောကုတ္တရာဉာဏ်သည်။ ဒွါဒသဝတ္ထုကံ၊ သည်။ သစေ(ဟောတိ၊ [ဤသို့ ၂-နည်းပေးဖို့ရန် ဋီကာ၌ ဖွင့်ထားသည်။] ဧဝံ သတိ၊ ) ဒွါဒသဟိ၊ ကုန်သော။ မဂ္ဂဉာဏေဟိ၊ မဂ်ဉာဏ်တို့သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ ဣတိ စောဒေတုံ၊ **ဒွါဒသာ**တိအာဒိံ အာဟ၊
ဣတရော၊ သကဝါဒီမှ တပါးသော ပရဝါဒီ သည်။ မ မဂ္ဂဿ၊ မဂ်၏။ ဧကတ္တံ၊ တပါးတည်း၏ အဖြစ်ကို။ သန္ဓာယ ပဋိက္ခိပတိ၊ ဧကေကသ္မိံ၊ တပါးတပါးသော။ သစ္စေ၊ သစ္စာ၌။ [ဒုက္ခ စသော သစ္စာ၄-ပါးကိုဆိုသည်။]ဤနည်းအတိုင်း “တဏှာလောဘသည် ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယသစ္စာ တည်း”ဟု၎င်း, “နိဗ္ဗာန်သည် နိရောဓသစ္စာတည်း”ဟု၎င်း, “မဂ်စိတ်၌ယှဉ်သော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာတည်း”ဟု၎င်း သိစေသော ဉာဏ်သည် သစ္စဉာဏ်တည်း။ ဤဉာဏ်တို့၏ လောကီစိတ်၌လည်း ဖြစ်နိုင်ပုံ, မင်္ဂခဏ၌လည်း သမုဒယသစ္စာကို ပဟာနကိစ္စအားဖြင့်, နိရောဓသစ္စာကို သစ္ဆိကရဏကိစ္စအားဖြင့်, မဂ္ဂသစ္စာကို ဘာဝနာကိစ္စအးဖြင့် သိနိုင်ပုံကို၎င်း သိပါ။
ကိစ္စဉာဏ်။ ။ဒုက္ခသစ္စာသည် ပိုင်းခြား၍ သိထိုက်သော ပရိညေယျကိစ္စ ရှိ၏။ [ပရိ-ပိုင်းခြား၍+ဉေယျ-သိထိုက်သောကိစ္စ။] သမုဒယသစ္စာသည် ပယ်ထိုက်သော ပဟာတဗ္ဗကိစ္စရှိ၏။ နိရောဓသစ္စာသည် မျက်မှောက်ပြုထိုက် (မျက်စိအောက်၌ရောက်စနသကဲ့သို့ မြင်လာအောင် အာရုံပြုထိုက်)သော သစ္ဆိကာတဗ္ဗကိစ္စ ရှိ၏။[သစ္ဆိ- မျက်မှောက်+ကာတဗ္ဗ-ပြုထိုက်သော ကိစ္စ။] မဂ္ဂသစ္စာသည် မိမိစိတ်အစဉ်၌ဖြစ်စေထိုက် [ဖြစ်အောင်ပြုထိုက်]သော ဘာဝေတဗ္ဗကိစ္စရှိ၏။ [ဘာဝေတဗ္ဗ၊ ဖြစ်စေ ထိုက်သော ကိစ္စ။] ဤသို့ သိသောဉာဏ်သည် ကိစ္စဉာဏ်တည်။
ကတဉာဏ်။ ။သဒ္ဒါထုံးစံအားဖြင့် ကတ၌ တ-ပစ္စည်းသည် "ပြုအပ်ပြီ"-ပြု၍ ပြီးပြီ”ဟူသော ပြီးစီးခြင်း အတိတ်အနက်ကို ဟော၏။ ထို့ကြောင့် မဂ်ဖိုလ်ရပြီးသော အခါ “ငါသည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိအပ်ပြီဟု၎င်း, သမုဒယသစ္စာတဏှာ လောတကို ပယ်အပ်ပြီ(ပယ်၍ပြီးပြီ)ဟု၎င်း, နိရောဓသစ္စာကို မျက်မှောက်ပြုအပ်ပြီ (မျက်မှောက်ပြုပြီးပြီ)ဟု၎င်း, မဂ္ဂသစ္စာကို မိမိစိတ်၌ ဖြစ်စေအပ်ပြီ(ဖြစ်စေပြီးပြီ)ဟု ၎င်း"သိသော ဉာဏ်ကို ကတဉာဏ်ဟု ခေါ်သည်။ [ဤဉာဏ် ၃-ပါးကို ဓမ္မစက္ကပဝတ္ထုပဝတ္တနသုတ် ပါဠိတော်နှင့်တွဲ၍ သိပါ။]
ဒွါဒသဝတ္ထုက။ ။သစ္စာ ၄-ပါးတွင် တပါးတပါး၌ ဤသို့ သစ္စဉာဏ်,ကိစ္စဉာဏ်, ကတဉာဏ် ဟု ဉာဏ် ၃-ပါးစီ ရှိသောကြောင့် “ဒွါဒသဝတ္ထုကံ ဉာဏံ”ဟု ဆိုသည်။ ဤဉာဏ်တို့၏ ရှေ့နောက်ဖြစ်ပုံမဂ်ခဏ၌ ဖြစ်နိုင်ပုံကို ဋီကာ၌ ပြထားသည်။
သစ္စညာဏကိစ္စညာဏကတညာဏာနံ၊ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်တို့၏။ ဝသေန၊ အပြားအားဖြင့်။ ဉာဏနာနတ္တံ၊ ဉာဏ်တို့၏ ထူးကုန်သည်၏ အဖြစ်ကို။ သန္ဓာယ(ပရဝါဒီ)၊ ပဋိဇာနာတိ၊
**ဒွါဒသသောတာပတ္တိမဂ္ဂါ**တိအာဒီသုပိ၊ အစရှိသော ပြဿနာတို့၌လည်း။ ဧသေဝ နယော၊ တည်း။
**နနု ဝုတ္တံ ဘဂဝတာ**တိ၊ အစရှိသော။ သုတ္တံ၊ သုတ်သည်။ ပုဗ္ဗဘာဂပရဘာဂေဟိ၊ ရွှေအဖို့၌ ဖြစ်သောဉာဏ်, နောက်အဖို့၌ ဖြစ်သော ဉာဏ်တို့နှင့်။ သဒ္ဓိံ၊ တတွ။ ဉာဏနာနတ္တံ၊ ဉာဏ်တို့၏ ထူးကုန်သည်၏အဖြစ်ကို။ ဒီပေတိ၊ အရိယမဂ္ဂဿ၊ အရိယမဂ်၏။ ဒွါဒသဉာဏတံ၊ တဆယ့်နှစ်ပါးသော ဉာဏ်ရှိသည်၏ အဖြစ်ကို။ န(ဒီပေတိ)၊ မဟုတ်။
တသ္မာအသာဓကံ၊ ဣတိ၊ အပြီးတည်း။
ဉာဏကထာဝဏ္ဏနာ၊ သည်။ (နိဋ္ဌိတာ၊ )
ဝီသတိမော၊ သော။ ဝဂ္ဂေါ၊ သည်။ (နိဋ္ဌိတော၊ )
စတုတ္ထပဏ္ဏာသကော၊ သည်။ သမတ္တော၊ ပြီ။ ဝီသတိမဝဂ်ပြီးပြီ။ စတုတ္ထပဏ္ဏာသကပြီးပြီ။