၂။ သတ္ထာတိ။ ။ "ခန္ဓာကိုယ် တခုလုံး၌ အလုံးစုံ ရှိသလော။ ဥပမာ- ခန္ဓာ ကိုယ်၏ ဦးခေါင်းပိုင်း၌ ခြေထောက်များရှိကြသလော, ခန္ဓာကိုယ်၏ နောက်ကျော ဘက်၌ မျက်လုံးရှိသလော” စသည်တည်း။ ဤသို့ စသည်ဖြင့် “သဗ္ဗဒါ သဗ္ဗေန, သဗ္ဗေသု”တို့၏ အဓိပ္ပါယ်ကို ဋီကာ ကြည့်၍ သိပါ။ သဗ္ဗံ၊ အလုံးစုံသည်။ အတ္ထိ၊ ရှိသလော။ ဣတိ၊ သို့။ ပုစ္ဆတိ၊ မေး၏။
၁။ ယမ္ပိ နတ္ထိ, စာမ္ပတ္ထီတိ။ ပရဝါဒီသည် "သဗ္ဗံအတ္ထိ-အားလုံး ရှိ၏”ဟု ဆိုသောကြောင့် "မရှိတာမရှိ-အားလုံးအရှိချည်း”ဟု ဆိုရာ ရောက်၏။ ထို့ကြောင့် "မရှိတာလည်းရှိသလော”ဟု သကဝါဒီ မေးသည်။ ဥပမာ- ခြောက်ခုမြောက် ခန္ဓာ မည်သည် မရှိနိုင်။ အသင် ပရဝါဒီ အလိုအားဖြင့် “၆-ခုမြောက် ခန္ဓာတမျိုးရှိ သလော” ဤသို့ စသည်ဖြင့်၎င်း "ယုန့်ချိုရှိသလော” စသည်ဖြင့်၎င်း မေးလိုရင်း ဖြစ်သည်။
၂။ ဩဒါတံဝတ္ထံ။ ။အဖြူ ရောင် တခြား အဝတ် တခြားဟု မခွဲခြားပဲ “ဖြူ သောအဝတ် (အဝတ်ဖြူ)”ဟု စကားတလုံးတည်းဖြင့် သုံးစွဲ နိုင်သည်၏ အဖြစ်သို့ ရောက်စေအပ်သည်ကို "အပ္ပိယံ ကရိတွာ”ဟု ဆိုသည်။
**ဟုတွာ ဟောတိ ဟုတွာ ဟောတီ**တိ၊ ကား။
["ယဒေတံ" ကိုနောက်မှ "အနာဂတံ ဝါ, ပစ္စုပ္ပန္နံ ဝါ"တို့နှင့် တွဲမည်။]
အနာဂတံ၊ အနာဂတ်သည်။
ဟုတွာ၊ ၍။
ပစ္စုပ္ပန္နံ၊ သည်။
ဟောတိ၊
ဣတိ၊ သို့။
ဝဒတာ၊ ပြောဆိုသော.
တယာ၊ အသင် ပရဝါဒီသည်။
တညေဝ၊ ထို တရားသည်ပင်။
အနာဂတံ၊ တည်း။
တံ (ဧဝ)၊ ထို အနာဂတ်တရားသည်ပင်။
ပစ္စုပ္ပန္နံ၊ တည်း။
ဣတိလဒ္ဓိဝသေန၊ ဤသို့သောအယူ၏အစွမ်းဖြင့်။
အနာဂတံဝါ၊ အနာဂတ်မူလည်းဖြစ်သော။
ပစ္စုပ္ပန္နံဝါ၊ ပစ္စုပ္ပန်မူလည်းဖြစ်သော။
ယဒေတံ (ယံဧတံ)၊ အကြင်တရားကို။
[ဝုတ္တံ၊ ၌စပ်။]
ဝါ၊ အကြင်တရားသည်။
ဟုတွာ၊ အနာဂတ်အဖြစ်ဖြင့် ဖြစ်ပြီး၍။
ဟောတိ၊ ပစ္စုပ္ပန်အဖြစ်ဖြင့် တဖန်ဖြစ်၏။၁။ ဟုတွာ ဟောတိ။ ။ပါဠိတော်၌ ဤဝါကျသည် ၂-ထပ်ဆက်လျက်ရှိ၏။၂-ထပ်ဆက်သော်လည်း အနက်အဓိပ္ပါယ်မှာ တမျိုးတည်းမဟုတ် ပဌမ ဝါကျအတွက် "ယဒေတံ ။ ပေ ။ အနာဂတံ ဝါ ပစ္စုပ္ပန္နံ ဝါ ဟုတွာ ဟောတီတိ ဝုတ္တံ"ဟု အနိယမ အဖြစ်ဖြင့် ဖွင့်၍ ဒုတိယဝါကျအတွက် "ကိ တေ ကမ္ပိ ဟုတွာ ဟောတီတိ”ဟု နိယမ အဖြစ်ဖြင့် ဖွင့်သည်။
၂။ ယဒေကံ ။ ပေ ။ ဝုတ္တံ ။ ။ယဒေတံကို “အနာဂတံ ဝါ ပစ္စုပ္ပန္နံ ၀ါ"နှင့် တွဲ၊ ထို အတွဲကို ဋီကာ၌ "အနာဂတံ အနာဂတံဟုတွာ ။ ပေ ။ ဟောတီတိ”ဟု၎င်း၊"တထာပစ္စုပ္ပန္နံ ပစ္စုပ္ပန္နံ ဟောန္တံ ။ ပေ ။ ပစ္စုပ္ပန္နံ ဟောတီတိ”ဟု၎င်း အနာဂတံ ဝါ အတွက် တမျိုး၊ ပစ္စုပ္ပန္နံ ဝါ အတွက် တမျိုး၊ ဤသို့ ၂-မျိုးခွဲ၍ ဖွင့်၏။ထို အဖွင့်များကို ပါဠိတော်လာ ရှေ့ "ဟုတွာ ဟောတိ”၏ အဖွင့်များဟု မှတ်ပါ။
၃။ တယာ ။ပေ ။ ဝဒတာ။ ။ပါဠိတော်၌ “အနာဂတံ ဟုတွာ ပစ္စုပ္ပန္နံ ဟောတိ-လော”ဟု မေးတုန်းက “အာမန္တာ”ဟု ဝန်ခံသောကြောင့် တိုက်ရိုက် မဆို သော်လည်း ဆိုရာရောက်၏။ ထို့ကြောင့် "တယာ ဝဒတာ-ထိုသို့ ဆိုသော အသင် ပရဝါဒီ”ဟု သုံးနှုန်းသည်။
၄။ တညေဝ ။ ပေ။ လဒ္ဓိဝသေန။ ။ဤအယူလည်း တိုက်ရိုက်မပါ “တညေဝ အနာဂတံ, တံပစ္စုပ္ပန္နံတိ "ဟု မေးတုန်းက အာမန္တာ”ဟု ဝန်ခံသောကြောင့်"ထို အယူ ၏ အစွမ်းဖြင့် ဟု သုံးနှုန်းသည်ဟု မှတ်ပါ။ထို အယူအားဖြင့် “ထိုအနာဂတ် တရား သည် ထို ပစ္စုပ္ပန်တရားဖြစ်၏”ဟု အနာဂတ်တရားနှင့် ပစ္စုပ္ပန်တရားကို တပါးတည်း အဖြစ်ဖြင့် ယူသည်။
၅။ ပဌမ ဟုတွာ ဟောတိ။ ။ ဤ အဖွင့် များကို ထောက်၍ ပဌမ ဟုတွာ ဟောတိကို "ယံ၊ အကြင်အနာဂတ်တရားသည်။ ဟုတွာ၊ အနာဂတ်အဖြစ်ဖြင့် ဖြစ်၍၊ ဟောတိ၊ ပစ္စုပ္ပန် အဖြစ်ဖြင့် တဖန်ဖြစ်လာ၏။ (တနည်း) ယံ၊ အကြင် ပစ္စုပ္ပန် တရားသည်။ ဟုတွာရှေ့၌ အနာဂတ်အဖြစ်ဖြင့် ဖြစ်၍။ ဟောတိ ပစ္စုပ္ပန် အဖြစ်ဖြင့် ဖြစ်၏။ ဤသို့ အနာဂတံ ဝါ ပစ္စုပ္ပန္နံ ဂါ ကို ကြည့်၍ ပါဠိတော် ၂-နည်း အနက်ပေးပါ။
ဒုတိယံ၊ မြောက်။ ပုဋ္ဌော၊ (သမာနော၊ ) ယသ္မာ၊ ကြောင့်။ တံ၊ ထို တရားသည်။ အနာဂတံ၊ သည်။ ဟုတွာ၊ ပစ္စုပ္ပန္နံ၊ သည်။ ဟောန္တံ၊ ဖြစ်လသော်။ ဟုတွာ ဟောတီတိ၊ ဟူ၍။ သင်္ခံ၊ ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့။ ဂတံ၊ ရောက်၏။ တသ္မာ၊ ကြောင့်။ ပဋိဇာနာတိ၊ ၏။
[ဤ အဋ္ဌကထာ အဖွင့်ဖြင့် နောက် "ဟုတွာ ဟောတိ" အတွက် အဓိပ္ပါယ်မထင်ရှားသော။ ထို့ကြောင့် ဋီကာ ဖွင့်လိမ့်မည်။]၁။ ကိံတေ တမ္ပိ ဟုတွာ ဟောတိ။ ။ဤ အဖွင့်သည် ပါဠိတော်၌ လာ သော နောက် “ဟုတွာ ဟောတိ”၏ အဖွင့် ဖြစ်သော ပုစ္ဆာ စကားတည်း။ တမ္ပိ ကိုလည်း"ယဒေတံ အနာဂတံ ဝါပစ္စုပ္ပန္နံ ဝါ”နှင့်ထပ်မိအောင် ၂-နည်းစွဲပါ။ တမ္ပိ၌ ပိ-ဖြင့် “ယဒေတံ အနာဂတံ ဝါ ပစ္စုပ္ပန္နံ ဝါ ဟုတွာ ဟောတိ”ကို ပေါင်းသည်။
၂။ ဣတရေ။ ပေ ။ ပဋိက္ခိပတိ။ ။ဣတရော ပဋိက္ခိပတိ - ပရဝါဒီသည် တပါးတည်းက အနာဂတ်၌ ဖြစ်၍ ပစ္စုပ္ပန်၌ ဖြစ်ပြီးသည့်နောက်၌ “ထပ်၍ အနာဂတ် ဖြစ်၍ ပစ္စုပ္ပန် မဖြစ်နိုင်ခြင်းကြောင့် (တရား တပါးတည်းက ၂-ခါ မဖြစ်နိုင်ခြင်း ကြောင့်” )ပယ်သည်။ ဤ အလို “ပဌမ ဟုတွာ ဟောတိ”အရနှင့် ဒုတိယ ဟုတွာ " ဟောတိ အရသည် တမျိုးတည်းသာဟု မှတ်ပါ။
၃။ ဒုတိယံ ပုဋ္ဌော။ ။ပါဠိတော်ဝယ် "ဟုတွာ ဟောတိ,ဟုတွာ ဟောတိ”ဟု ပဌမမေးရာ၌ “န ဟေဝံ ဝတ္တဗ္ဗေ"ဟု ပယ်ပြီးနောက် ထိုပြဿနာ ထပ်လာပြန်၏။ ဤ ပြဿနာ၌ကား ပဌမ ဟုတွာ ဟောတိ” အရနှင့် “ဒုတိယ ဟုတွာ ဟောတိ” အရကို အနိယမ-နိယမ အားဖြင့် မခွဲတော့ပဲ အနာဂတ်၌ ဖြစ်ပြီး၍ ပစ္စုပ္ပန်၌ ဖြစ်ဆဲ တရားကို “ဟုတွာ ဟောတိ ဟုတွာ ဟောတိ”ဟု ဆိုသည်။
ဒုတိယ ဟုတွာဟောတိ။ ။ဤသို့ အနိယမ , နိယမ မခွဲပဲ တမျိုးတည်း အဖြစ်ဖြင့်သုံးနှုန်းလျှင် အဘယ့်ကြောင့် "ဟုတွာ ဟောတိ ဟုတွာ ဟောတိ”ဟု ၂-ထပ် ဆိုရပါသနည်းဟု မေးဘွယ်ရှိ၏။ မူလဋီကာ၌ “တံ ဟုတွာ ဘူတံ ပစ္စုပ္ပန္နံ ။ ပေ ။ သင်္ချံ ဂတံ၊ တသ္မာ ဒုတိယမ္ပိ ဟုတွာ ဟောတီတိ ဝစနံ အရဟတိ”ဟု ဖွင့်သည်။
၁။ အထ နံ သကဝါဒီ။ ။ဤသကဝါဒီပုဒ်သည် ပဉှံပုစ္ဆတိ၏ ကတ္တားတည်း။ “ယဒိ တေ တံ”၌ ယဒိ သည် “ပုန ဟုတွာ ဟောတိ”ဝယ် ဟောတိ-၌ စပ်ရသော ပရိကပ္ပနိပါတ်တည်း။ တံ-သည် သင်္ခံ ဂတံ နှင့် အရတူသော “ပုန ဟုတွာ ဟောတိ” ၏ ကတ္တားတည်း။ စာအုပ်တို့၌ သင်္ခံ ဂတံ နောက်ဝယ် ပိုဒ်-မရှိစေသင့်။ ယဒိ၏ စပ်ရာ ဟောတိ ကြိယာရောက်မှ ပိုဒ်ရှိပါစေ။ ဤ “ယဒိ ။ ပေ ။ ဟောတိ”ကို “ပရိကပ္ပဝါကျ”ဟု သီးခြားခွဲပါ။
၂။ ယံ အနာဂတံ ။ ပေ ။ န ဟောတိ။ ။ဤ ၂-ဝါကျကို ပရိကပ္ပဝါကျ ၏ တွဲဘက် နိစ္ဆယဝါကျဟု ခွဲပါ။ ထိုတွင် "ယံ ။ ပေ ။ သသဝိသာဏံ”သည် အနိယမ ဝါကျ "ကိံ တေ ။ ပေ ။ န ဟောတိ”သည် နိယမဝါကျတည်းဟု ခွဲပါ။ဤသို့ဝါကျ ခွဲ၍ အနက်ပေးမှ အဓိပ္ပါယ်နားလည်နိုင်ပါလိမ့်မည်။ ပုန၊ တဖန်။ နဟုတွာ၊ အနာဂတ် အဖြစ်ဖြင့် မဖြစ်မူ၍။ န ဟောတိဘာဝေါ၊ ပစ္စုပ္ပန် အဖြစ်ဖြင့် မဖြစ်သည်၏ အဖြစ်သည်။ ကုတော၊ အယ်မှာ ရှိနိုင်အံ့နည်း။ ဣတိ၊ သို့။ မညမာနော၊ မှတ်ထင်သည်။ (ဟုတွာ)၊ ပဋိက္ခိပတိ၊ ၏။
၂။ တညေ ပစ္စုပ္ပန္နံ တံ အတိတံ။ ။ပါဠိတော်ဝယ် . အနာဂ တံနှင့် ပစ္စုပ္ပန္နံ ကို တွဲ၍ တခဏ်း (တဝါရ), ပစ္စုပ္ပန်နှင့် အတိတ်တွဲ၍ တခဏ်း (တဝါရ), အနာဂတ် ပစ္စုပ္ပန် အတိက်တွဲ၍ တခဏ်း (တဝါရ) ဟု ၃-ဝါရရှိ၏။ ထိုတွင် ဒုတိယ ဝါရဝယ် “ပစ္စုပ္ပန္နံ ဟုတွာ အတီတံ ဟောတိ” ဟူသော ပဌမ ပြဿနာကို အာမန္တာ ဟု ဖြေပြီး၍ "တညေဝ ပစ္စုပ္ပန္နံ တံ အတီတံ” ဟူသော ဤ ဒုတိယ ပြဿနာကို ရှေးဦးစွာပယ်၏။ နောက်ထပ်မေးသောအခါ ဝန်ခံ၏။အားလုံး ပါဠိသွားပုံ အဓိပ္ပါယ် ယူရပုံကို အနာဂတ်နှင့် ပစ္စုပ္ပန် တွဲ၍ ပြရာ ပဌမဝါရကို နည်းမှီး၍ သိနိုင်လောက်ပြီ။ ဟုတွာ၊ ပစ္စုပ္ပန် အဖြစ်ဖြင့် ဖြစ်ပြီး၍။ ဟောတိကိံ၊ အတိတ်အဖြစ်ဖြင့် ဖြစ်သလော။ ဣတိ၊ ဤသို့ သကဝါဒီမေး၏။
၂။ အနာဂတဿ။ ပေ ။ အာဝဇ္ဇတိ။ ။ ဤသို့ အနာဂတ် တရားနှင့် ပစ္စုပ္ပန် တရားသည် အရတူ ဖြစ်နေလျှင် ဟုတွာ ဟောတိ ဟူသောပါဌ်၌ "ဟုတွာ သည် အနာဂတ်တရားအတွက်ဖြစ်၍ ဟောဟိသည် ပစ္စုပ္ပန် တရားအတွက် ဖြစ်၏”ဟု ခွဲခြားထားသော်လည် အနာဂတ်တရားနှင့် ပစ္စုပ္ပန် တရားက တခုတည်းသာ ဖြစ်နေ သောကြောင့် အနာဂတ်တရားလည်း ပစ္စုပ္ပန်၌ ဆိုအပ်သော ဟောတိ အဖြစ် ဖြစ်၍ ပစ္စုပ္ပန် တရားသည်လည်း အနာဂတ်၌ ဆိုအပ်သော ဟုတွာ အဖြစ် ဖြစ်နေ၏။
၃။ ဧဝံသန္တေ။ ပေ ။ယေဝ နာမ။ ။ဤသို့ ဖြစ်လျှင် အနာဂတ် တရား လည်း ဟုတွာ ဟောတိ အမည်ရ၍, ပစ္စုပ္ပန် တရားလည်း ဟုတွာ ဟောတိပင် အမည် ရနေသည်။
၄။ တေန တံ ပုစ္ဆာမ ။ပေ ။ ဟောတီတိ။ ။ "ဟုတွာ ဟောတိ”ဟု ဧကဝုစ်ဖြင့် ဆိုသောကြောင့် အနာဂတ်တရား ပစ္စုပ္ပန် တရား ၂-မျိုးလုံး” ဟုတွာ ဟောတိ”မဖြစ်နိုင်။ ထို ၂-မျိုးတွင် တမျိုးမျိုးသော တရားသာ "ဟုတွာ ဟောတိ ဟုတွာ ဟောတိ” ဖြစ်သလော။ ဤသို့ တံ ပုစ္ဆာမ -အသင့်ကို မေးပါကုန်၏ဟု သကဝါဒီ ဆိုသည်။ ဣတိ၊ သို့။ (ပုစ္ဆာမ)၊
၂။ ပဋိက္ခိတ္တနယေနေဝ။ ။ရှေ့နည်း၌ ပယ်ခြင်း၏အကြောင်းကို ပြရာဝယ် "ဟုတွာ ဘူတဿ(အနာဂတ်ဖြစ်ခဲ့၍ ပစ္စုပ္ပန် ဖြစ်သောတရား၏)ပုန ဟုတွာ အဘာဝ တော (ထပ်၍ ဟုတွာ ဘာဝ မဖြစ်နိုင်သောကြောင့်)ဟု ကာလကွဲခြင်းကို အကြောင်း ပြ၏။ ထို့ကြောင့် ဋီကာ၌ "ပဋိက္ခိတ္တနယေနာတိ ကာလနာနတ္တေန”ဟု ဖွင့်သည်
၃။ ပဋိညာတန ယနေဝ။ ။ ဝန်ခံခြင်း အကြောင်းကို ပြရာဝယ် “ယံ ဥပ္ပါဒတော ပုဗ္ဗေ အနာဂထံ အဟောသိ၊ တဿ ဥပ္ပန္နကာလေန ပစ္စုပ္ပန္နတ္တာ-ရှေး၌ အနာဂတ်ဖြစ်ခဲ့သော တရားသည် ခဏတ္တယသို့ ရောက်သောအခါ ပစ္စုပ္ပန် ဖြစ်သော ကြောင့်”ဟု ကာလ ကွဲသော်လည်း အနက်အရ မကွဲခြင်းကို အကြောင်း ပြ၏။ ထို့ကြောင့် ဋီကာ၌ "ပဋိညာတနယေနာတိ အတ္ထာ နာနတ္တေန” ဟု ဖွင့်သည်။
၄။ ပုရိမံ ပဋိက္ခိတ္တ ပဉှံ။ ။ပါဠိတော်၌ "ဟုတွာ ဟောတိ ဟုတွာ ဟောတိ"ဟူသော ပြဿနာသည် ၂-ထပ်ပါ၏။ ထိုတွင် ဒုတိယ ပြဿနာကို “အာမန္တာ”ဟု ဝန်ခံ၍ ပဌမ ပြဿနာကို “ န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်၏။ ထိုသို့ ပယ်အပ်သော ပဌမ ပြဿနာကို “ပုရိမံ ပဋိက္ခိတ္တ ပဉှံ"ဟု ဆိုသည်။ . ထို "ဟုတွာ ဟောတိ”ကို ပြောင်းပြန် ပြန်၍ "န ဟုတွာ န ဟောတိ”ဟု မေးသောကြောင့် “ပရိဝတ္တိတွာ ပုစ္ဆန္တော”ဟု ဆိုသည်။
တေန၊ ထိုကြောင့်။
(ထိုသို့အနာဂတ်တရား၏ ဟောတိ၏ အဖြစ်, ပစ္စုပ္ပန် တရား၏လည်း ဟုတွာ၏ အဖြစ်၏ပယ်အပ်ပြီး၏ အဖြစ်ကြောင့်။) အနာဂတံ၊ အနာဂတ်တရားသည်။ န ဟောတိ နာမ၊ နဟောတိမည်၏။ ပစ္စုပ္ပန္နံ၊ ပစ္စုပ္ပန်တရားသည်။ န ဟုတွာ နာမ၊ န ဟုတွာမည်၏။
၂။ နနု တ ယာ ။ ပေ ။ ပဋိက္ခိတ္တော။ ။ပါဠိတော်ဝယ် “တညေဝ အနာဂတံ, တံ ပစ္စုပ္ပန္နံ”ဟူသော ပြဿနာသည် ၂-ထပ်ပါ၏။ ထိုတွင် ပဌမ ပြဿနာ ကို “န ဟေဝံ ဝတ္ထဗ္ဗေ”ဟု ပယ်၏။ ထိုသို့ ပယ်သော ပရဝါဒီ သည် အနာဂတ် တရား၏ ဟောတိ အဖြစ် (ဖြစ်ဆဲအဖြစ်) ကို ပယ်၏။ ပစ္စုပ္ပန် တရား၏ ဟုတွာ အဖြစ် (ဖြစ်၍ ဟူသော အဖြစ်) ကို ပယ်သည်။ ထိုသို့ ပယ်သောကြောင့် “အနာဂတံ န ဟောတိ နာမ-အနာဂတ် တရားသည် န ဟောတိ မည်၏။"ဖြစ်ဆဲ မမည် ဟူလို။ “ပစ္စုပ္ပန္နံ န ဟုတွာနာမ၊ ပစ္စုပ္ပန် တရားသည် န ဟုတွာ မည်၏။" ဖြစ်၍ မမည် ဟူလို။
၃။ ဒုတိယပဉှေစ ။ ။ဤပြဿနာ၌ကား"တညေဝ အနာဂတံ, တံ ပစ္စုပ္ပန္နံ” ကို “အာမန္တာ”ဟု ဝန်ခံ၏။ “ဧဝံ သန္တေ+ထိုအနာဂတ်သည်ပင် ထိုပစ္စုပ္ပန်ဖြစ်လျှင်” အနာဂတ်နှင့် ပစ္စုပ္ပန် ၂-ခု ပေါင်းမိမှ "ဟုတွာ ဟောတိ ဖြစ်၏။ အနာဂတ် တခု တည်းဖြစ်လျှင် "ဟုတွာ တောတိ”မမည်။ ပစ္စုပ္ပန် တခုတည်းဖြစ်လျှင်လည်း “ဟုတွာ ဟောတိ” မမည်ဟု ကောက်ချက် ချနိုင်၏။
၂။ ဧကေတံ။ ။တခုစီ, တခုစီဟု ဆိုသောကြောင့် အနာဂတ် တရားအတွက် "န ဟုတွာ န ဟောတိ- လော”ဟု မေး၍, ပစ္စုပ္ပန် တရားအတွက် “န ဟုတွာ ဟောတိ လော-ဟု မေးသည်။ အနာဂတ်, ပစ္စုပ္ပန် တရား ၂-မျိုးပေါင်းအတွက် “န ဟုတွာ န ဟောတိ”ဟု ၂-ကြိမ် မေးသည်ဟု မမှတ်ရ။
၃။ သဗ္ဗတော။ ပေ။ နဒ္ဓေါဝိယ။ ။အရပ် ဆယ်မျက်နှာမှ အမှောင်ဖြင့် ဖွဲ့အပ် အုပ်ဖုံးအပ်သူသည် ဘာကိုမျှ မမြင်ရ သကဲ့သို့ ထို့အတူ ပရဝါဒီ သည် ထို အနာဂတ် ပစ္စုပ္ပန် တရားတို့၏ “န ဟုတွာ န ဟောတိ” ဖြစ်ပုံကို မမြင်နိုင်သော ကြောင့် “န ဟေဝံ”ဟု ပယ်သည်။ အကယ်၍ အနာဂတ်တရား တပါးတည်းက " နဟုတွာ ဟောတိ” မဖြစ်နိုင်ပုံ ပစ္စုပ္ပန် တရား တပါးတည်းက ထိုသို့ မဖြစ်နိုင်ပုံကို မြင်လျင် “အာမန္တာ”ဟု ဝန်ခံစရာ ရှိသည်-ဟူလို။ [ ဧတေန (ဤ စကားဖြင့်) အပရိယောနဒ္ဓေန (အမိုက်မှောင်သည် ဖုံးထားအပ်သကဲ့သို့ မဖြစ်သူသည်) ပဋိဇာနိ တဗ္ဗံ သိယာတိ ဒဿေတိ- ဋီကာ။]
၄။ အတိတေ ဝုတ္တော ဟောတိဘာဝေါ။ ။ဤဝါရ၌ “ပစ္စုပ္ပန္နံ ဟုတွာ အကိတံ ဟောတီတိ၊ အာမန္တာ”ဟု ဆိုသောကြောင့် "အတီတေ ဝုတ္တော ဟောတိဘာဝေါ၌ ဟောတိဘာဝ ဟူသည် ပြီးပြီးသော ဟောတိဘာဝ မဟုတ်။ “အတီတံ ဟောတိ”ဟု ဆိုအပ်သော ဟောတိဘာဝတည်း။ “ပစ္စုပ္ပန္နေ ဝုတ္တော ဟုတွာတာဝေါ လည်း နည်းတူ။ ပစ္စုပ္ပန္နေ၊ ၌။ ဝုတ္တော၊ သော။ ဟုတွာဘာဝေါစ၊ သည်၎င်း။ အာပဇ္ဇတိ၊ ဖြစ်နေ၏။ ဧဝံသန္တေ၊ သော်။ ပစ္စုပ္ပန္နမ္ပိ၊ ပစ္စုပ္ပန်တရား တပါးတည်းသည်လည်း။ ဟုတွာ ဟောတိ နာမ၊ မည်၏။ အတီတမ္ပိ၊ အတိတ်တရားတပါးလည်းသည်လည်း။ ဟုတွာ ဟောတိ ယေဝ နာမ၊ ပင်မည်၏။
တေန၊ ကြောင့်။
(ထိုသို့ ပစ္စုပ္ပန်တရား တပါးတည်း၏လည်း ဟုတွာ ဟောတိမည်သည်၏ အဖြစ်, အတိတ်တရား တပါးတည်း၏လည်း ဟုတွာ ဟောတိပင်မည်သည်၏အဖြစ်ကြောင့်။) တံ, ပုစ္ဆာမ၊
စ၊ သည်သာမကသေး။ ဒုတိယပဉှေ၊ ၌။ တေ၊ အသင်ပရဝါဒီသည်။ တညေဝ ပစ္စုပ္ပန္နံ, တံအတီတန္တိ၊ ဟူသောပြဿနာကို။ ပဋိညာတံ၊
[ရှေ့ဝါရ၌ ဤကဲ့သို့ "တေ"ဟူသော ကတ္တား မပါခဲ့။ ရှေး၌ မပါလျှင် ဤ၌လည်း မပါသင့်။ ဤ၌ပါလျှင် ရှေ့၌လည်း ပါမှ ရှေ့နောက် ညီသည်။]
၂၈၉။ **အတီတံ စက္ခု အတ္ထိ**အာဒီသုပိ၊ အစရှိသော ပြဿနာတို့၌လည်း။ စက္ခာဒိဘာဝါဝိဇဟနေနေဝ၊ စက္ခု အစရှိသည်တို့၏ အဖြစ်ကို မစွန့်ခြင်းကြောင့်ပင်။ အတ္ထိတံ၊ ရှိသည်၏အဖြစ်ကို။ ပဋိဇာနာတိ၊
[အတိတ်စက္ခုသည် ချုပ်ပြီးဖြစ်သော်လည်း စက္ခုအဖြစ်ကိုကား မစွန့်၊ စက္ခုအဖြစ် ရှိသေး၏။ ထို့ကြောင့်ဝန်ခံသည်။]
ယံ၊ သည်။ ပစ္စုပ္ပန္နာနာဂတံ၊ သည်။ ၁။ သုတ္တ ။ ပေ ။ ဘဃေန စ။ ။အရဟံ၊ ရာဂ စသော ကိလေသာ တို့မှ ဝေးကွာ၏။ ခီဏာသဝေါ၊ ကုန်ပြီးသော ကာမာသဝ စသော အာသဝေါ ရှိ၏။ ဤသို့သော ပါဠိတော်များနှင့် ဆန့်ကျင်ခြင်းသည် သုတ္တဝိရောဓတည်း။ ရဟန္တာ ဖြစ်ပါလျက် သရာဂ ဒေါသ စသည် ဖြစ်လျှင် ပုထုဇဉ်နှင့် ထူးခြားကွဲလွဲမှု မရှိတော့။ ဗြဟ္မစရိယကို ကျင့်ရခြင်း သည်လည်း အကျိုးမရှိတော့။ ဤသို့ ဖြစ်ခြင်းကား “ရဟန္တာ၏ သရာဂ စသည် ဖြစ်မှု၌ ယုတ္တိကင်းခြင်းဟူသော ယုတ္တိဝိရောဓ တည်း။ (ဟုတွာ)၊ အတ္ထိ၊ ၏။ တံ၊ သည်။ နော အတီတံ၊ အတိတ်မမည်။
[စာအုပ်တို့၌ "ယံ ပစ္စုပ္ပန္နာနာဂတံ အတ္ထိ"၏ နောက်ဝယ် "တံနော အတ္ထိ"ဟု တဝါကျ ရှိနေ၏။ ရှေး နိဿယ၌ မပါ။ "တံ နော အတီတံ"၏ နောက်၌လည်း။ ဣတိ အတ္ထော ဝေဒိတဗ္ဗော ဟု ရှေးနိဿယ၌ ပါ၏။ နောက်၌ ပါဦးမည်ဖြစ်၍။ ဤ၌ မလိုသေး။]
**တေနာတီတိ နွာတီတံ နွာတီတံ အတီတန္တိ** (ဧတ္ထ)၊ ဟူသော ဤပါဌ်၌။ တေန ကာရဏေန၊ ထို အကြောင်းကြောင့်။
[အနက်ကျယ်ကို အဓိပ္ပါယ်ကြည့်၍သိပါ။] အတီတံ၊ အတီတ မည်သော တရားသည်။ နော အတီတံ၊ အတီတ မမည်သော တရားသည်။ ဝါ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်တရား ၃-ပါးတည်း။ နော အတီတံ၊ အတီတ မမည်သော တရားသည်။ အတီတံ၊ အတိတ်တည်း။ ဝါ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်တရား၃-ပါးတည်း။ (ဣတိ ဝုတ္တံ ဟောတိ)၊
၂။ အတီတံ နော အတီတံ။ ။ဤ၌ အတီတံ သည် အများ သိအပ်သော (ဖြစ်၍ ချုပ်ပြီးသော) အတိတ်မဟုတ်။ အတ္ထိ နှင့် အနက်တူသော (ကာလ ၃-ပါး လုံးနှင့် ဆိုင်သော) “ရွာတီတ (နော အတီယံ) ဟု၎င်း, “နွာတီတံအတီတံ”ဟု၎င်း အရတူ ဆိုလည်။
၃။ အနာဂတ ။ ပေ ။ နယော။ “အနာဂတံ နွာနာဂဟံ” စသည်၌ အနာဂတံ အရလည်း အတ္ထိနှင့် အနက်အရ တူသော, ကာလ ၃-ပါးလုံးနှင့် ဆိုင်လော "နွာဂတံ” ကို၎င်း “ပစ္စုပ္ပန္နံ နော ပစ္စုပ္ပန္နံ စသည်၌ ပစ္စုပ္ပန္နံ အရလည်း အတ္ထိ နှင့် အနက် အရ တူသော ကာလ ၃-ပါးလုံးနှင့် ဆိုင်သော နော ပစ္စုပ္ပန္န ကို၎င်း ယူရပုံကို သတိပြုပါ။ ပဋိညာ၊ သည်။ သကဝါဒိဿ၊ တည်း။
န (ဟောတိ)၊ ဟိ၊ မှန်။ (တနည်း ကသ္မာ အနာဂတဿ အတ္ထိဘာဝသာဓကံ နဟောတိ ဣတိ ဝိညာယတိ၊ နည်း။) ဟိ (ယသ္မာ)၊ ကြောင့်။ တံ၊ ထို အတ္ထိ တတ္ထ အစရှိသော စကားကို။ ဟေတူနံ၊ အကြောင်းတရားတို့၏။ ပရိနိဋ္ဌိတတ္တာ၊ ပြီးပြီ၏ အဖြစ်ကြောင့်။ အဝဿံ၊ မချွတ်ဧကန်။ ဘာဝိတံ၊ အကျိုးတရား၏ ဖြစ်လတ္တံ့ ၏ အဖြစ်ကို။ သန္ဓာယ၊ ၍။ တတ္ထ၊ ထို သုတ်ပါဠိတော်၌။ ဝုတ္တံ၊
(တသ္မာ တံ အနာဂတဿ အတ္တိဘာဝ သာဓကံ နဟောတိ၊ ဣတိ ဝိညာယတိ၊ ၏။)