တတ္ထ၊ ထို ဇဟတိကထာ၌။ ယေသံ၊ အကြင် ပရဝါဒီတို့၏။ (လဒ္ဓိ ဟောတိ၊ ၌စပ်။) ဈာနလာဘီ၊ ဈာန်ကို ရခြင်းရှိသော။ ပုထုဇ္ဇနော၊ သည်။ သစ္စာဘိသမယာ၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိရာကာလနှင့်။ သဟ၊ တကွ။ အနာဂါမီနာမ၊ အနာဂါမ်မည်သည်။ ဟောတိ၊ ဖြစ်တော့၏။ တဿ၊ ထို ဈာနလာဘီီအနာဂါမ်၏။ ဝါ၊ သည်။ ပုထုဇ္ဇနကာလေယေဝ၊ ပုထုဇဉ်ဖြစ်ရာ အခါ၌ပင်။ (ပုထုဇဉ်ဖြစ်တုန်းကပင်။) ကာမရာဂ ဗျာပါဒါ၊ ကာမရာဂ ဗျာပါဒတို့ကို။ ပဟီနာ၊ ပယ်အပ်ကုန်ပြီ။
[ကာမရာဂ ဗျာပါဒတို့ကို ပယ်ပြီး ဖြစ်သောကြောင့် သစ္စာ ၄-ပါးကို သိသည်နှင့် တပြိုင်နက် အနာဂါမ် အဖြစ်သို့ ရောက်သည်ဟူလို။] ဣတိ၊ သို့။ ဧတရဟိ၊ ၌။ သမ္မိတိယာနံ၊ သမ္မိတိယ ဂိုဏ်းသားတို့၏။ လဒ္ဓိသေယျထာပိ၊ ကဲ့သို့။ (ကထာ၊ တူ။) လဒ္ဓိ၊ သည်။ (ဟောတိ)၊ တေသံ၊ ထိုပရဝါဒီတို့၏။ တံ လဒ္ဓိံ၊ ကို။ ဘိန္ဒိတုံ၊ ငှာ။ **ဇဟတိ ပုထုဇ္ဇနော**တိ၊ အစရှိသော။ ပုစ္ဆာ သကဝါဒိဿ၊ ပန၊ ကား။ ဈာနဝိက္ခမ္ဘိတာနံ၊ ဈာန်ဖြင့်ခွာအပ်ပြီးကုန်သော။ တေသံ၊ ထိုကာမရာဂ, ဗျာပါဒတို့၏။ ပရိယုဋ္ဌာနံ၊ ထက်ဝန်းကျင် ထကြွခြင်းကို။ အပဿန္တဿ၊ မမြင်သည်ဖြစ်၍။ ပဋိညာပရဝါဒိဿ၊
၂။ တိဏ္ဏံ ။ ပေ ။ သဗ္ဘာဝံ။ ။ အပုဗ္ဗံ အစရိမံ (တပြိုင်နက်) တယော မဂ္ဂေ တာဝေတိ-ဖြစ်စေနိုင်သလော”ဟု ပဌမ မေးတုန်းက ထိုသို့ ဖြစ်စေနိုင်သော ဘာဝနာမရှိသောကြောင့် “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်၏။ ဒုတိယထပ်၍ မေးသော အခါ အနာဂါမိမဂ် တပါးတည်း ဖြစ်သော်လည်း သောတာပတ္တိမဂ် သကဒါဂါမိမဂ် နှင့် မိမိပြုထိုက်သော ကိလေသာပယ်ခြင်း ကိစ္စကို အနာဂါမိမဂ်က ပြီးစေခြင်း၏ ထင်ရှားရှိသောကြောင့် “အာမန္တာ”ဟု ဝန်ခံသည်။
၃။ ကိစ္စသဗ္ဘာဝံ။ ။ကိစ္စဿ-ကိလေသာကို ပယ်ခြင်းကိစ္စ၏+သဗ္ဘာဝေါ-ထင် ရှား ရှိသည်၏ အဖြစ်။ သက္ကာယ ဒိဋ္ဌိစသော ၃-ပါးကို ပယ်ခြင်းသည် သောတာပတ္တိ မဂ်၏ ကိစ္စတည်း။ ထို ကိစ္စကိုလည်း အနာဂါမိမဂ်က ပြီးစေနိုင်၏။ ကာမရာဂ,ဗျာပါဒ တို့ကို နည်းပါးအောင် ပြုခြင်းသည် သကဒါမိမဂ်၏ ကိစ္စတည်း။ထို ကိစ္စကိုလည်းအနာဂါမိမဂ်က ပြီးစေနိုင်၏။ မိမိပြုရမည့် ကာမရာဂ ဗျာပါဒတို့ကို အကြွင်း မရှိ အောင် ပယ်ခြင်းကိုလည်း ပြီးစေနိုင်၏။ ထို့ကြောင့် "တိဏ္ဏံ မဂ္ဂါနံ ကိစ္စသဗ္ဘာဝံ"ဟု ဆိုသည်။ သန္ဓာယ၊ (ပရဝါဒီ)၊ ပဋိဇာနာတိ၊
ဒုတိယံ၊ ၂-ကြိမ်မြောက်။ ပုဋ္ဌော၊ အပ်သည်။ (သမာနော)၊ ပဌမမဂ္ဂဿေဝ၊ သောတာပတ္တိမဂ်၏ပင်။ ဈာနာနာဂါမိမဂ္ဂဘာဝံ၊ အဖြစ်ကို။ သန္ဓာယ၊ (ပရဝါဒီ)၊ ပဋိဇာနာတိ၊
[ဤ၌ "ဒုတိယံ ပုဋ္ဌော" အရ ပြဿနာသည် ပါဠိတော်၌ သုတ္တာဟရဏကထာဝယ် ပါဝင်သော ဒုတိယ ပြဿနာတည်း။]
၂။ ပုန သံယောဇနပ္ပဟာနံ။ ။“အနာဂါမိမဂ်က သက္ကာယဒိဋ္ဌိ စသော သံယောဇဉ်သုံးပါးကို ပယ်သလော”ဟု မေးသောအခါ ထို သုံးပါးသည် အနာဂါမိ မဂ် ပယ်ထိုက်သော သံယောဇဉ်များ မဟုတ်။ ထို့ကြောင့် "န ဟေဝံ ဝတ္တဗ္ဗေ”ဟု ဖြေသည်။
၃။ ဒုတိယံ ပုဠော ။ ပေ ။ ပဋိဇာနာတိ။ ။သုတ္တာဟရဏ ကထာ အတွင်းရောက်မှ “အနာဂါမိမဂ္ဂေန သက္ကာယဒိဋ္ဌိ ။ ပေ ။ ပဇဟတိ"ဟု မေးအပ်သည် ကို “ဒုတိယံ ပုဋ္ဌော”ဟု ဆိုသည်။ ထိုသို့ မေးရာ၌ကား ဈာန်ရ အနာဂါမ် ဖြစ်၍ သက္ကာယဒိဋ္ဌိ စသည်တို့ကိုလည်း ပယ်နိုင်၏- ဟု ယူဆသောကြောင့် “အာမန္တာ”ဟု ဝန်ခံသည်။