Issues
選擇版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Kathāvatthu-aṭṭhakathā
Kathāvatthu-aṭṭhakathā

6. Atītakkhandhādikathā

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၂၉၇။ ဣဒါနိ၊ သဗ္ဗမတ္ထိ ကထာကို ပြပြီးရာယခုအခါ၌။ အတီတံခန္ဓာတိအာဒိကထာ၊ အစရှိသော ကထာသည်။ ဟောတိ၊ ၏။ ဝါ၊ ဖြစ်တော့လတ္တံ့။
တတ္ထ၊ ထိုအတိတံ ခန္ဓာအစရှိသော စကားရပ်၌။ ခန္ဓာဒိဘာဝါဝိဇဟနတော၊ ခန္ဓာအစရှိသည်တို့၏ အဖြစ်ကို မစွန့်ခြင်းကြောင့်။ အတီတာနာဂတာနံ၊ အတိတ်, အနာဂတ်တရားတို့၏။ အတ္ထိတံ၊ ထင်ရှားရှိကုန်သည်၏အဖြစ်ကို။ ဣစ္ဆန္တဿ၊ အလိုရှိသည်ဖြစ်၍။ **အတီတံ ခန္ဓာ**တိ၊ အစရှိသော။ ပုစ္ဆာ၊ သည်။ ပရဝါဒိဿ၊ တည်း. အတီတဿ၊ အတိတ်တရား၏။ ခန္ဓသင်္ဂဟိတတ္တာ၊ ခန္ဓာ၏ အဖြစ်ဖြင့် သိမ်းယူ ရေတွက် အပ်သည်၏ အဖြစ်ကြောင့်။ **အာမန္တာ**တိ ပဋိညာ, သကဝါဒိဿ၊
ပုန၊ တဖန်။ **အတီတံ နတ္ထီ**တိ၊ ဟူသော။ ပုစ္ဆာ, ပရဝါဒိဿ၊ တဿ၊ ထိုအတိတ်တရား၏။ နိရုတ္တိပထသုတ္တေန၊ နီရုတ္တိပထသုတ်တော်ဖြင့်။ အတ္ထိတာယ၊ ထင်ရှားရှိသည်၏ အဖြစ်၏။ ဝါ၊ ကို။ ဝါရိတတ္တာ၊ တားမြစ်အပ်ပြီး၍အဖြစ်ကြောင့်။ ပဋိက္ခေပေါ, သကဝါဒိဿ၊
အာယတန ဓာတု ပုစ္ဆာသုပိ၊ အာယတန ပုစ္ဆာ, ဓာတု ပုစ္ဆာတို့၌၎င်း။ အနာဂတ ပဉှေသုပိ၊ အနာဂတ ပြဿနာတို့၌၎င်း။ ပစ္စုပ္ပန္နေန၊ ပစ္စုပ္ပန်တရားနှင့်။ သဒ္ဓိံ၊ တကွ။ သံသန္ဒိတွာ၊ နှီးနှော၍။ အနုလောမ, ပဋိလောမတော၊ အနုလုံ, ပဋိလုံအားဖြင့်။ အာဂတပဉှေသုပိ၊ လာသော ပြဿနာတို့၌၎င်း။ အတီတံ ရူပံ အာဒိပဉှေသုပိ၊ အစရှိသော ပြဿနာတို့၌၎င်း။ ဣမိနာဝဥပါယေန၊ ဤနည်းဖြင့်ပင်။ အတ္ထော, ဝေဒိတဗ္ဗော၊
၂၉၈။ ပန၊ ကား။ သုတ္တသာဓနေ၊ သုတ္တသာဓန အခဏ်း၌။ **နဝတ္တဗ္ဗန္တိ**၊ အစရှိသော။ ပုစ္ဆာ၊ သည်။ သကဝါဒီဿ၊ တည်း။
တတ္ထ၊ ထိုန ဝတ္တဗ္ဗံ အစရှိသောပုစ္ဆာ၌။ **နတ္ထိစေတေ**တိ၊ ဟူသောပုဒ်၏။ ဧတေ ဓမ္မာစ၊ ဤတရားတို့သည်လည်း။ နတ္ထိ၊ ကုန်။ ဣတိ အတ္ထော၊ နက်။
ခန္ဓာဒိဘာဝေ၊ ခန္ဓာအစရှိသည်တို့၏ အဖြစ်သည်။ သတိ၊ သော်။ နတ္ထိတံ၊ မရှိ ကုန်သည်၏ အဖြစ်ကို။ အနိစ္ဆန္တဿ၊ သည်ဖြစ်၍။ **အာမန္တာ**တိ၊ ဟူ၍။ ပဋိညာ, ပရဝါဒိဿ၊ အထ၊ ဝန်ခံရာထိုအခါ၌။ နေသံ၊ ထိုခန္ဓာအစရှိသော တရားတို့၏။ နတ္ထိ ဘာဝသာဓနတ္ထံ၊ မရှိကုန်သည်၏အဖြစ်ကို ပြီးစေခြင်းအကျိုးငှာ။ သုတ္တာဟရဏံ၊ ပါဠိတော်သုတ်ကို ဆောင်ခြင်းသည်။ သကဝါဒိဿ၊
ဒုတိယ ပုစ္ဆာပိ၊ သည်လည်း။ ပရဝါဒိဿ၊ တည်း။ ပဋိညာ, သကဝါဒိဿ၊ သုတ္တာဟရဏံ၊ သည်။ ပရဝါဒိဿ၊
ပန၊ ထိုသို့ပင် ပါဠိတော်သုတ်ကို ဆောင်ပြ ပါသော်လည်း။ တံ၊ ထိုပါဠိတော်သုတ်သည်။ နေသံ၊ ထိုပရဝါဒီတို့၏။ ခန္ဓာဒိဘာဝမေဝ၊ ခန္ဓာ အစရှိသည်တို့၏ အဖြစ်ကိုသာ။ သာဓေတိ၊ ပြီးစေ၏။ အတ္ထိဘာဝံ၊ ထင်ရှားရှိသည်၏အဖြစ်ကို။ န (သာဓေတိ)၊ ဣတိ၊ ထို့ကြောင့်။ အာဟဋမ္ပိ၊ ဆောင်ပြအပ်ပါသော်လည်း။ အနာဟဋသဒိသမေဝ၊ မဆောင်ပြ အပ်သည် နှင့်တူသည်သာ။ ဣတိ၊ အပြီးတည်း။
အတီတံ ခန္ဓာတိအာဒိကထာဝဏ္ဏနာ၊ အစရှိသော ကထာတို့၏အဖွင့်သည်။ (နိဋ္ဌိတာ)၊