၄. ပဒဋ္ဌာနဟာရဝိဘင်းအဖွင့်
၂၂. တတ္ထ ကတမော ပဒဋ္ဌာနော ဟာရောတိ အာဒိ၊ သည်။
ပဒဋ္ဌာနဟာရဝိဘင်္ဂေါ၊ တည်း။
**ထိုပဒဋ္ဌာနဟာရဝိဘင်း၌ အဝိဇ္ဇာကို အစမူလ ပြု၍ အဘယ့်ကြောင့် ပဒဋ္ဌာန်ကို ထုတ်သနည်း-ဟု လီနန္တရစောဒနာ ရှိရာသောကြောင့် ထိုလီနန္တရစောဒနာကို ဖြေအံ့သောငှာ 'တတ္ထ' အစရှိသော ပါဌ်ကို မိန့်သတည်း။**
တတ္ထ၊ ထိုပဒဋ္ဌာနဟာရဝိဘင်း၌။
ယသ္မာ၊ ကြောင့်။
"ဣဒံ၊ ဤတရားသည်။
ဣမဿ၊ ဤတရား၏။
ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းတည်း။
ဣဒံ၊ သည်။
ဣမဿ၊ ၏။
ပဒဋ္ဌာနံ၊ တည်း"။
ဣတိ၊ ဤသို့။
တေသံ တေသံ ဓမ္မာနံ၊ တို့၏။
ပဒဋ္ဌာနဘူတဓမ္မဝိဘာဝနလက္ခဏော၊ ပဒဋ္ဌာန်ဖြစ်၍ဖြစ်သော တရားတို့ကို ထင်စွာပြခြင်းလက္ခဏာရှိသော ဟာရသည်။
ပဒဋ္ဌာနော ဟာရော၊ သည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ကြောင့်။
ပဝတ္တိယာ၊ ဝဋ်တရား၏။
မူလဘူတံ၊ သော။
အဝိဇ္ဇံ၊ ကို။
အာဒိံ ကတွာ၊ အစပြု၍။
သဘာဝဓမ္မာနံ၊ တို့၏။
ပဒဋ္ဌာနံ အာသန္နကာရဏံ၊ နီးစွာသောအကြောင်းကို။
နိဒ္ဓါရေန္တော၊ ထုတ်ဆောင်တော်မူသော အရှင်မဟာကစ္စည်းထေရ်သည်။
အဝိဇ္ဇာယ၊ ၏။
သဘာဝံ၊ ကို။
"သဗ္ဗ ၊လ၊ အဝိဇ္ဇာ"တိ၊ ဟူ၍။
တစ်နည်းကား-"သဗ္ဗ ၊လ၊ အဝိဇ္ဇာ"တိ ပါဌေန၊ ဖြင့်။
နိဒ္ဒိသတိ၊ ၏။တဿ၊ ထိုပါဠိ၏။
အတ္ထော၊ ကို။
ဧဝံ၊ သို့။
ဝေဒိတဗ္ဗော၊ ၏။
ဧတေန သဘာဝေ၊ ဖြင့်။
သဗ္ဗေသံ၊ ကုန်သော။
ဓမ္မာနံ၊ တို့၏။
အဝိပရီတသဘာဝေါ၊ မဖောက်မပြန် မှန်သောသဘောကို။
န သမ္ပဋိဝိဇ္ဈီယတိ၊ ထိုးထွင်း၍ မသိအပ်။
ဣတိ တသ္မာ၊ ကြောင့်။
သော သဘာဝေါ၊ သည်။
သဗ္ဗဓမ္မယာထာဝအသမ္ပဋိဝေဓော
ဤဝိကပ်၌ 'သဗ္ဗေသံ ဓမ္မာနံ အဝိပရီတသဘာဝေါ နသမ္ပဋိဝိဇ္ဈီယတိ ဧတေနာတိ သဗ္ဗဓမ္မယာထာဝအသမ္ပဋိဝေဓော'-ဟူသော ကရဏသာဓနာ၏ အစွမ်းအားဖြင့် 'သဗ္ဗဓမ္မယာထာဝအသမ္ပဋိဝေဓော'၏အရ အဝိဇ္ဇာပင်ဖြစ်ခဲ့၏။ ယင်းသို့ဆိုသော် သော လက္ခဏံ-ဟူသော သမာသ်ပုဒ်၏ ဧတိဿာ-ဟူသောအညပုဒ်၏အရနှင့် အထူးအခြား အပြားမရှိခဲ့။ ဗဟုဗ္ဗီဟိသဘောလည်း သမာသ်ပုဒ်၏အရတခြား၊ အညပုဒ်၏အရ တစ်ပါး ဖြစ်မြဲဖြစ်ခဲ့။ အဝိဇ္ဇာသည်ပင် အဝိဇ္ဇာ၏ လက္ခဏာ အဘယ်သို့ဖြစ်ကောင်းအံ့နည်းဟူမူကား ထင်ရှားသော သဒ္ဒတ္ထ၏အဖြစ်၊ မထင်ရှားသော သဒ္ဒတ္ထ၏ အဖြစ်ဖြင့် လက္ခဏလက္ခိတဗ္ဗ မဖြစ်သင့်ပါသောကြောင့် အဝိဇ္ဇာသည်ပင် အဝိဇ္ဇာ၏ လက္ခဏာဖြစ်ပါ၏။ ထိုစကား သင့်၏။ အဝိဇ္ဇဟူသော သဒ္ဒတ္ထ၏အစွမ်းအားဖြင့် မထင်ရှားသော အဝိဇ္ဇာသည် လက္ခိတဗ္ဗ ဖြစ်၏။ သဗ္ဗဓမ္မယာထာဝအသမ္ပဋိဝေဓလက္ခဏာ-ဟူသော သဒ္ဒတ္ထ၏အဖြစ်ဖြင့် ထင်ရှားသော အဝိဇ္ဇာသည် လက္ခဏာ ဖြစ်၏။ ထို့ကြောင့် ထိုဆိုအပ်သောစကားသည် သင့်မြတ်၏။ အဘယ်ကဲ့သို့နည်းဟူမူကား အနဝဇ္ဇသုခဝိပါက လက္ခဏော ကုသလော ကဲ့သို့တည်း။ ထို့ကြောင့် မူလဋီကာ၌ 'အနဝဇ္ဇာ စ တေ သုခဝိပါကာ စာတိ အနဝဇ္ဇသုခဝိပါကာ၊ လက္ခိယန္တိ ဧတေနာတိ လက္ခဏံ၊ အနဝဇ္ဇသုခဝိပါကလက္ခဏံ ဧတေသန္တိ အနဝဇ္ဇသုခဝိပါကလက္ခဏာ၊ နနု တေ ဧဝံ ကုသလာ အနဝဇ္ဇသုခဝိပါကာ၊ ကထံ တေ သယမေဝ အတ္တနော လက္ခဏံ ဟောန္တီတိ ဝိညာတာဝိညာတသဒ္ဒတ္ထဘာဝေန လက္ခဏလက္ခိတဗ္ဗဘာဝယုတ္တိတော၊ ကုသလသဒ္ဒဝသေန ဟိ အဝိညာတာ ကုသလာ လက္ခိတဗ္ဗာ ဟောန္တိ၊ အနဝဇ္ဇသုခဝိပါကသဒ္ဒတ္ထဘာဝေန ဝိညာတာ လက္ခဏန္တိ ယုတ္တိမေတံ'ဟု မိန့်သတည်း။
၊ မည်၏။ဧတိဿာ အဝိဇ္ဇာယ၊ အား။
သော၊ ထိုအလုံးစုံသော တရားတို့၏ မဖောက်မပြန် မှန်သောသဘောကို ထိုးထွင်း၍ မသိနိုင်ကြောင်းဟူသော။
လက္ခဏံ၊ သည်။
အတ္ထိ၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။
သာ အဝိဇ္ဇ၊ ကို။
တထာ၊ ထိုသဗ္ဗဓမ္မယာထာဝသမ္ပဋိဝေဓလက္ခဏာ-ဟူသောအခြင်းအရာအားဖြင့်။
ဝုတ္တာ၊ ၏။
ဧတေန၊ ဤပါဌ်ဖြင့်။
ဓမ္မသဘာဝပ္ပဋိစ္ဆာဒနလက္ခဏာ၊ တရားသဘောကိုဖုံးလွှမ်းခြင်းလက္ခဏာရှိသော တရားသည်။
အဝိဇ္ဇာ၊ မည်၏။
တစ်နည်းကား-အဝိဇ္ဇာ၊ သည်။
ဓမ္မသဘာဝပ္ပဋိစ္ဆာဒနလက္ခဏာ၊ တရားသဘောကို ဖုံးလွှမ်းခြင်း လက္ခဏာရှိ၏။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ သည်။
ဟောတိ၊ ဖြစ်၏။
အထ ဝါ၊ ကား။
သမ္မာ၊ ကောင်းစွာ။
ပဋိဝေဓေါ၊ ထိုးထွင်း၍ သိခြင်း။
သမ္ပဋိဝေဓော၊ ကောင်းစွာ ထိုးထွင်း၍ သိခြင်း။
တဿ၊ ထိုကောင်းစွာ ထိုးထွင်း၍ သိခြင်း၏။
ပဋိပက္ခော၊ ဆန့်ကျင်ဘက်ဖြစ်သောတရားတည်း။
အသမ္ပဋိဝေဓော၊ မည်၏။
ကတ္ထ ပန၊ အဘယ်၌ကား။
သမ္ပဋိဝေဓဿ
ဤ၌ သမ္ပဋိဝေဓ၏ ပဋိပက္ခတရား၏အရကား အလုံးစုံသောတရားတို့၏ မဖောက်မပြန် မှန်သောတရားသဘေသာတည်း။ ထို့ကြောင့် ကတ္ထ ပန သော သမ္ပဋိဝေဓဿ ပဋိပက္ခောတိ အာဟ "သဗ္ဗဓမ္မယာထာဝါတိ"-ဟူ၍သာ ဆိုအပ်လျက် တစ်ပုဒ်တည်းဖြစ်၍ "သဗ္ဗ ။လ။ လက္ခဏာတိ"ဟု ဆိုပါလေသည်။
၊ ၏။
သော ပဋိပက္ခော၊ ထိုဆန့်ကျင်ဘက်ဖြစ်သော တရားသည်။
ဟောတိ၊ နည်း။
ဣတိ၊ ဤသို့။
စောဒနာသမ္ဘဝတော၊ ကြောင့်။"သဗ္ဗ ၊လ၊ လက္ခဏာ"တိ၊ ဟူ၍။
အာဟ၊ ၏။
**အဝိဇ္ဇာသည် ဝိပလ္လာသတရားတို့၌သာ တွေဝေသည် မဟုတ်။ အလှမ်းဆုံးသော တရားတို့၌ပင် တွေဝေ၏။ ယင်းသို့လျက် 'တဿ ဝိပလ္လာသဿ ပဒဋ္ဌာနံ'-ဟု ဝိပလ္လာသတို့ကိုသာ အဝိဇ္ဇာ၏ ပဒဋ္ဌာန်-ဟု ကစ္စည်းမဟာထေရ် ဆိုတော်မူလေသည်ကား မသင့်လေ-ဟု စောဒနာ ရှိရာသောကြောင့် ထိုစောဒနာကို ပယ်ခြင်းငှာ 'ယသ္မာ ပန' အစရှိသော ပါဌ်ကို မိန့်သတည်း။**
ယသ္မာ ပန၊ ကြောင့်ကား။
အသုဘေ၊ ၌။
သုဘံ၊ တည်း။
ဣတိ အာဒိ ဝိပလ္လာသေ၊ ဤသို့ အစရှိသော ဝိပလ္လာသသည်။
သတိ၊ သော်။
တတ္ထ၊ ထိုသဘောတရားတို့၌။
သမ္မောဟော၊ သည်။
ဥပရူပရိ၊ အဆင့်ဆင့်။
ဇာယတိ ယေဝ၊ သာတည်း။
န ဟာယတိ၊ မဆုတ်ယုတ်။
တသ္မာ၊ ကြောင့်။
"တဿာ ဝိပလ္လာသာ ပဒဋ္ဌာန"န္တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။ပိယရူပံ သာတရူပန္တိ၊ ကား။
ပိယာယိတဗ္ဗဇာတိယဉ္စ၊ ချစ်အပ်သော သဘောရှိသော တရားသည်လည်းကောင်း။
ဣဋ္ဌဇာတိယဉ္စ၊ အလိုရှိအပ်သောသဘောရှိသော တရားသည်လည်းကောင်း။
ပဒဋ္ဌာနံ၊ သည်။
ဟောတိ၊ ဖြစ်၏။
ဟိ၊ စွ။
"ယံ လောကေ ၊လ၊ ဥပ္ပဇ္ဇတီ"တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။
"လောကေ၊ လောက၌။
ယံ ပိယရူပံ၊ အကြင်ချစ်အပ်သော သဘောသည်လည်းကောင်း။
ယံ သာတရူပဉ္စ၊ အကြင်သာယာအပ် အလိုရှိအပ်သော သဘောသည်လည်းကောင်း။
အတ္ထိ၊ ၏။
ဧတ္ထ၊ ဤချစ်အပ် သာယာအပ် အလိုရှိအပ်သော သဘောတရား၌။
ဧသာ တဏှာ၊ သည်။
ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်။
ဥပ္ပဇ္ဇတိ၊ ၏"။
အဒိန္နာဒါနန္တိ၊ ကား။
အဒိန္နာဒါနစေတနာ၊ သည်။
**ထိုအဒိန္နဒါန်စေတနာသည် အဘယ့်ကြောင့် လောဘ၏ ပဒဋ္ဌာန် ဖြစ်သနည်း-ဟူသော စောဒနာကို ဖြေအံ့သောငှာ 'သာ ဟိ' စသည်ကို မိန့်သော်။**
ဟိ ယသ္မာ၊ ကြောင့်။
သာ၊ ထိုအဒိန္နာဒါန် စေတနာသည်။
ဧကဝါရံ၊ တစ်ကြိမ်။
ဥပ္ပန္နာပိ၊ ဖြစ်သော်လည်း။
အနာဒီနဝဒဿိတာယ၊ အပြစ်ကို မြင်လေ့ ရှုလေ့ မရှိသည်၏အဖြစ်ဖြင့်။
ဝါ၊ ကြောင့်။
လောဘဿ၊ ၏။
ဥပ္ပတ္တိကာရဏံ၊ ဖြစ်ခြင်း၏အကြောင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ကြောင့်။
တဿ၊ ထိုလောဘ၏။
ပဒဋ္ဌာနံ၊ ကိုဟူ၍။
ဝုတ္တံ၊ ၏။**အရှင်အဋ္ဌကထာဆရာ ပါဠိ၌ လောဘ၏ ပဒဋ္ဌာန်ကိုသာ ဆိုခဲ့၏။ ဒေါသ မောဟတို့၏ ပဒဋ္ဌာန်ကို မဆို၊ မရသင့်သလော။ အဘယ်သို့ သိရမှတ်ရပါအံ့နည်းဟု စောဒနာရှိရကား ဒေါသဿ ။လ။ ဝေဒိတဗ္ဗော-ဟူသော ပါဌ်ကို မိန့်သတည်း။**
ပါဏာတိပါတော၊ ပါဏာတိပါတစေတနာသည်။
ဒေါသဿ
တစ်ကြိမ်သော်လည်း ပါဏာတိပါတစေတနာသည်ရန်ကို ပွားများစေတတ်သောကြောင့် ဒေါသဖြစ်ခြင်း၏ အကြောင်း ဖြစ်၏။ တစ်ကြိမ်ဖြစ်သော်လည်း မိစ္ဆာပဋိပဒါသည် မောဟဖြစ်ခြင်း၏ အကြောင်း ဖြစ်၏။ ထို့ကြောင့် ပါဠိ၌ မဆိုသော်လည်း နည်းအားဖြင့် ဒေါသမောဟတို့၏ ပဒဋ္ဌာန်ကို ထုတ်အပ်၏-ဟူလိုသော်။
၊ ၏။
ပဒဋ္ဌာနံ၊ တည်း။
မိစ္ဆာပဋိပဒါ၊ မေ့လျော့ခြင်းသို့ ရောက်ခြင်းသည်။
ဝါ၊ မှားသောအားဖြင့် နှလုံးသွင်းခြင်းသည်။
မောဟဿ၊ ၏။
ပဒဋ္ဌာနံ၊ တည်း။
ဣတိ၊ ဤသို့။
ဧတ္ထာပိ၊ ဤဒေါသ မောဟတို့၌လည်း။
ဣမိနာဝ နယေန၊ ဖြင့်သာလျှင်။
အတ္ထော၊ ကို။
ဝေဒိတဗ္ဗော၊ ၏။ဝဏ္ဏသဏ္ဌာနဗျဉ္ဇနဂ္ဂဟဏလက္ခဏာတိ၊ ကား။
နိမိတ္တာနုဗျဉ္ဇနဂ္ဂဟဏလက္ခဏာ၊ ဣတ္ထိနိမိတ် ပုရိသနိမိတ်ကို ယူခြင်း, လက်ခြေပုံစံ ပြုံးရယ်ခြင်းပြောဟောခြင်း အစရှိသော အခြင်းအရာကို ယူခြင်း လက္ခဏာရှိ၏။
ဖဿ ပစ္စယတာဝ၊ ဖဿ-ဟူသော အကြောင်းရှိသည်၏ အဖြစ်ကိုသာလျှင်။
သုခသညာယ၊ ၏။
ဖဿဿ၊ ဖြင့်။
ဥပဂမနလက္ခဏတာ၊ ကပ်ရောက်ခြင်းလက္ခဏာရှိသည်၏ အဖြစ်ဟူ၍။
ဝုတ္တာ၊ ၏။
ဟိ၊ စွ။
"ဖုဋ္ဌော သဉ္ဇာနာတီ"တိ၊ ဟူ၍။
(ဋ္ဌ၊ ၉၂) ဝုတ္တံ၊ ၏။
"ဖုဋ္ဌော၊ တွေ့သည်ဖြစ်၍။
သဉ္ဇာနာတိ၊ အမှတ်ပြု၍ သိ၏"။
အဿာဒေါတိ၊ ကား။
တဏှာ၊ သည်။
ဥပ္ပါဒဝယညထတ္တာနိ၊ ဖြစ်ခြင်း, ပျက်ခြင်း, ဖောက်ပြန်ခြင်း တို့သည်။
သင်္ခတလက္ခဏာနိ၊ သင်္ခတလက္ခဏာ မည်ကုန်၏။
**အဘယ့်ကြောင့် နိစ္စသညာ၏ ဝိညာဉ်လျှင် ပဒဋ္ဌာန်ရှိသည်၏ အဖြစ်ကို ဆိုသနည်း။ အလုံးစုံသော သင်္ခတတရားတို့သည်ပင် ပဒဋ္ဌာန် ဖြစ်ကောင်းသည် မဟုတ်တုံလော-ဟူသော အမေးပုစ္ဆာကို ဖြေလိုပယ်လို၍ 'ယေဘုယျေန'စသော ပါဌ်ကို ဆိုသတည်း။**
ယေဘုယျေန၊ ဖြင့်။
နိစ္စဂ္ဂဟဏံ၊ နိစ္စဟူ၍ ယူခြင်း စွဲလမ်းခြင်းသည်။
ဝိညာဏာဓီနံ၊ ဝိညာဉ်နှင့် စပ်၏။
ဣတိ တသ္မာ၊ ကြောင့်။
နိစ္စသညာယ၊ ၏ (တာ၌ စပ်)။
ဝိညာဏပဒဋ္ဌာနတာ၊ ဝိညာဉ်လျှင် နီးစွာသော အကြောင်း ရှိသည်၏အဖြစ်ကို။
ဝုတ္တာ၊ ၏။တထာ ဟိ တတော ဧဝ၊ ကြောင့်သာလျှင်။
သော ဘိက္ခု၊ ထိုရဟန်းသည်။
တံယေဝ ဝိညာဏံ၊ ကိုသာလျှင်။
သန္ဓာဝတိ၊ တစ်ဘဝမှသည် တစ်ဘဝသို့ သွား၏ဟူ၍။
သံသရတိ၊ အဖန်တလဲလဲ သွားခြင်းလာခြင်း၏ အစွမ်းအားဖြင့်ကျင်လည်၏ဟူ၍။
ဣတိ၊ ဤသို့။
ဝိညာဏဝိသယမေဝ၊ ဝိညာဉ်လျှင်အာရုံရှိသည်သာဖြစ်သော။
အတ္တနော၊ ၏။
နိစ္စဂ္ဂါဟံ၊ မြဲ၏-ဟု ယူခြင်းကို။
ပဝေဒေသိ၊ သိစေ၏။
ပဉ္စန္နံ၊ ကုန်သော။
ခန္ဓာနံ၊ တို့၏။
အနိစ္စတာ စ၊ ကိုလည်းကောင်း။
ဒုက္ခတာ စ၊ ကိုလည်းကောင်း။
ယဒိ သုဒိဋ္ဌာ၊ အကယ်၍ ကောင်းစွာ မြင်အပ်သည်ဖြစ်အံ့။
အတ္တသညာ၊ ကောင်း။
သုခသညာ၊ ကောင်း။
အနဝကာသာ၊ အရာမဟုတ်။
ဝါ၊ အခွင့်မရှိ။
ဣတိ တသ္မာ၊ ကြောင့်။
"အနိစ္စ ၊လ၊ အတ္တသညာ"တိ၊ ဟူ၍။
အာဟ၊ ၏။
ဟိ၊ စွ။
"ယဒနိစ္စံ ၊လ၊ တဒနတ္တာ"တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။
"ယံ ဓမ္မဇာတံ၊ သည်။
အနိစ္စံ၊ အမြဲမရှိ။
တံ ဓမ္မဇာတံ၊ သည်။
ဒုက္ခံ၊ ဒုက္ခသည်။
ဟောတိ၊ ၏။
ယံ ဓမ္မဇာတံ၊ သည်။
ဒုက္ခံ၊ သည်။
ဟောတိ၊ ဖြစ်၏။
တံ ဓမ္မဇာတံ၊ သည်။
အနတ္တာ၊ သည်။
ဟောတိ၊ ဖြစ်၏"။
ယေဘုယျေန၊ ဖြင့်။
အရူပဓမ္မေသု၊ နာမ်တရားတို့၌။
အတ္တာဘိနိဝေသော၊ အတ္တဟူ၍နှလုံးသွင်းခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ကြောင့်။
"တဿာ နာမကာယော ပဒဋ္ဌာန"န္တိ၊ ဟူ၍။
အာဟ၊ ၏။
သဗ္ဗံ နေယျန္တိ၊ ကား။
စတ္တာရိ သစ္စာနိ၊ တို့သည်။
ကသ္မာ၊ ကား။
စတုသစ္စဝိနိမုတ္တဿ၊ သော။
နေယျဿ၊ သိအပ်သော တရား၏။
အဘာဝတော၊ မရှိသည်၏အဖြစ်ကြောင့်တည်း။
ဥဒ္ဓစ္စဝိက္ခမ္ဘနံ၊ ဥဒ္ဓစ္ဏကို ခွာခြင်းသည်။
စိတ္တဝိက္ခေပပဋိသံဟရဏံ၊ စိတ်၏ ပျံ့လွင့်ခြင်းကို ကောင်းစွာဖျောက်ခြင်း မည်၏။
အသုဘာတိ၊ ကား။
အသုဘာနုပဿနာ၊ တည်း။
ဝါ၊ ကား။
ပဋိဘာဂနိမိတ္တဘူတာ၊ ပဋိဘာဂနိမိတ်ဖြစ်၍ ဖြစ်ကုန်သော။
အသုဘာ ဧဝ၊ အသုဘအာရုံတို့သည်သာလျှင်တည်း။
သမထဿ၊ ၏။
တဏှာပဋိပက္ခတ္တာ၊ တဏှာ၏ဆန့်ကျင်ဘက်ဖြစ်သည်၏ အဖြစ်ကြောင့်။
အသုဘာ ပဒဋ္ဌာနန္တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။
အဘိဇ္ဈာယ၊ ၏။
တနုကရဏတော၊ ခေါင်းပါးခြင်းကို ပြုတတ်သောကြောင့်။
အဒိန္နာဒါနာ ဝေရမဏီ၊ အဒိန္နာဒါန်မှကြဉ်ခြင်းကို။
အလောဘဿ၊ ၏။
ပဒဋ္ဌာနန္တိ၊ ဟူ၍။
ဝုတ္တာ၊ ၏။
တထာ၊ ပါး။
ဗျာပါဒဿ၊ ၏။
တနုကရဏတော၊ ကြောင့်။
ပါဏာတိပါတာ ဝေရမဏီ၊ ကို။
အဒေါသဿ၊ ၏။
ပဒဋ္ဌာနန္တိ၊ ဟူ၍။
ဝုတ္တာ၊ ၏။
ဝိသယသဘာဝပဋိဝေဓော၊ အာရုံ၏ သဘောကို ထိုးထွင်းသိခြင်းသည်။
ဝတ္ထုအဝိပ္ပဋိပတ္တိ၊ မည်၏။
တစ်နည်းကား-ဝတ္ထုအဝိပ္ပဋိပတ္တိ၊ ဟူသည်။
ဝိသယသဘာဝပဋိဝေဓော၊ အာရုံ၏ သဘောကို ထိုးထွင်းသိခြင်းတည်း။
သမ္မာပဋိပတ္တိဟူသည် အဘယ်နည်း။ အလုံးစုံသော သမ္မာပဋိပတ္တိပင်လော စုဒ်ရှိရာသောကြောင့် ဤ၌ လိုအပ်သော သမ္မာပဋိပတ္တိကို ပြခြင်းငှာ သမ္မာ ။လ။ သမ္ပဒါနံ-ဟု မိန့်သော်။
တဿ နိဗ္ဗိဒါ ပဒဋ္ဌာနံဟူ၍ ဆိုအပ်သော နိဗ္ဗိဒါဟူသည် အဘယ်နည်း။ စောဒနာရှိရကား 'နိဗ္ဗိဒါ'အစရှိသော ပါဌ်ကိုမိန့်သတည်း။
ပရိတဿနာတည်းဟူသော အနဘိရတိသည် နိဗ္ဗိဒါမည်သလော။ ပုစ္ဆာရှိရကား ဉာဏေန-ဟု အထူးပြုသတည်း။
သီလသမာဓိသမ္ပာဒနံ၊ သီလသမာဓိတို့ကို ပြီးစေခြင်းသည်။
သမ္မာပဋိပတ္တိ၊ မည်၏။
တစ်နည်းကား-သမ္ပာပဋိပတ္တိ၊ ဟူသည်။
သီလသမာဓိသမ္ပာဒနံ၊ တည်း။
ဉာဏေန၊ ဖြင့်။
အနဘိရတိ၊ မပျော်မွေ့ခြင်းသည်။
နိဗ္ဗိဒါ၊ မည်၏။
ဝါ၊ ကား။
တထာပဝတ္တံ၊ ထိုသို့မပျော်မွေ့သော အခြင်းအရာအားဖြင့် ဖြစ်သော။
ဉာဏမေဝ၊ သည်ပင်လျှင်။
နိဗ္ဗိဒါ၊ မည်၏။
တစ်နည်းကား-နိဗ္ဗိဒါ၊ ဒါဟူသည်။
ဉာဏေန၊ ဖြင့်။
အနဘိရတိ၊ တည်း။
ဝါ၊ ကား။
တထာပဝတ္တံ၊ သော။
ဉာဏမေဝ၊ သာတည်း။
**ဒုက္ခဝေဒနာသာ ဒုက္ခသညာ၏ ပဒဋ္ဌာန် ဖြစ်ကောင်းသည်မဟုတ်တုံလော။ အသို့မူ၍ 'တဿာ ဝေဒနာ ပဒဋ္ဌာနံ'-ဟူသော မိန့်ဆိုသနည်း-ဟူသော စောဒနာကို နှလုံးပိုက်၍ 'သဗ္ဗာပိ'အစရှိသော ပါဌ်ကို မိန့်သတည်း။**
သဗ္ဗာပိ၊ သော။
ဝေဒနာ၊ သည်။
ဒုက္ခဒုက္ခတာဒိဘာဝတော၊ ဒုက္ခဒုက္ခ အဖြစ်အစရှိသော အဖြစ်အားဖြင့်။
ဒုက္ခံ၊ မည်၏။
ဣတိ ကတွာ၊ ဤသို့ နှလုံးပြု၍။
ဝေဒနာ၊ သည်။"ဒုက္ခသညာယ၊ ၏။
ပဒဋ္ဌာနံ၊ တည်း"။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ၏။
ဓမ္မသညာတိ၊ ကား။
ဓမ္မမတ္တန္တိ၊ ပရမတ္ထသဘောမျှသာတည်းဟူ၍။
ပဝတ္တာ၊ သော။
သညာ၊ တည်း။
သတ္တာနံ၊ တို့၏။
ဝါ၊ တို့အား။
ကာယေ၊ ရူပကာယ၌။
အဝီတရာဂတာ၊ မကင်းသော ရာဂရှိသည်၏အဖြစ်သည်။
ပဉ္စန္နံ၊ ကုန်သော။
အဇ္ဈတ္တိကာယတနာနံ၊ တို့၏။
ဝသေန၊ ဖြင့်။
ဟောတိ၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။
"ပဉ္စိန္ဒြိယာနိ ၊လ၊ ပဒဋ္ဌာန"န္တိ၊ ဟူ၍။
အာဟ၊ ၏။
**အရှင်အဋ္ဌကထာဆရာ သတ္တဝါတို့၏ ကာယ၌ ရာဂမကင်းသည်၏ အဖြစ်သည် ငါးပါးသော အဇ္ဈတ္တိကာယတနတို့၏ အစွမ်းအားဖြင့် ဖြစ်၏-ဟု ဆို၏။ ယင်းသို့ဖြစ်သော် ငါးပါးသော ရုပ်ဣန္ဒြေတို့သည် ကာယရာဂ၏ပဒဋ္ဌာန်သာမဖြစ်ကောင်းပါသလော။ အရှင်မဟာကစ္စည်းသည်လည်း ကာယရာဂဿ ပဒဋ္ဌာနံဟု မဆို၊ ရူပရာဂဿ ပဒဋ္ဌာနံ-ဟူ၍သာ ဆိုပါသည် မဟုတ်ကုန်လော။ ဆရာ့စကား အဘယ်သို့ သင့်ပါအံ့နည်း စောဒနာရှိရကား 'ကာယော ဟိ'စသည်ကို မိန့်သတည်း။**
ဟိ သစ္စံ၊ ၏။
ကာယော၊ ကို။
ဣဓ၊ ၌။
ရူပန္တိ၊ ဟူ၍။
အဓိပ္ပေတော၊ ၏။ဝိသေသတော၊ အားဖြင့်။
ဈာနနိဿယဘူတေ၊ ဈာန်၏မှီရာဖြစ်၍ဖြစ်သော။
မနာယတနေ စ၊ ၌လည်း။
နိကန္တိ၊ တပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ကြောင့်။
"ဆဋ္ဌာယတနံ ဘဝရာဂဿ ပဒဋ္ဌာန"န္တိ၊ ဟူ၍။
အာဟ၊ ၏။
ဧဒိသံ၊ ဤသို့သဘောရှိသော။
ရူပံ၊ သည်။
မာ နိဗ္ဗတ္တတု၊ မဖြစ်စေသတည်း။
ဧဒိသီ၊ သော။
ဝေဒနာ၊ သည်။
မာ နိဗ္ဗတ္တတု၊ တည်း။
ဣတိ ဧဝံ၊ သိုံ.
ပဝတ္တာ၊ သော။
ရူပါဒိအဘိနန္ဒနာ၊ ရုပ်အစရှိသည်တို့၌ အလွန်တပ်နှစ်သက်ခြင်းသည်။
နိဗ္ဗတ္တဘဝါနုပဿိတာ၊ မည်၏။
ဝါ၊ ပြီးပြီးသော ဘဝကို အဖန်တလဲလဲ ရှုလေ့ရှိသောသူ၏ အဖြစ် မည်၏။
ဉာဏဒဿနဿာတိ၊ ကား။
ကမ္မဿကတာဉာဏဒဿနဿ၊ ကံသာလျှင် ဥစ္စာရှိ၏ဟု ဖြစ်သော ဉာဏ်အမြင်၏။
**အရှင်အဋ္ဌကထာဆရာ အလုံးစုံသော သူတို့၏ ပုဗ္ဗေနိဝါသာနုဿတိသည်ပင် ကမ္မဿကတာဉာဏ်အမြင်၏ ပဒဋ္ဌာန်ချည်း ဖြစ်သလော-ဟု စောဒနာရှိရာသောကြောင့် ထိုစောဒနာကို ဖြေအံ့သောငှာ 'ယောနိသော' အစရှိသော ပါဌ်ကို ဆိုသတည်း။**
(ဟိကား ဝါကျရမ္ဘ) ယောနိသော၊ အသင့်အားဖြင့်။
မနသိကာရဝတော၊ နှလုံးသွင်းခြင်းရှိသော သူ၏။
ဝါ၊ အား။
ပုဗ္ဗေနိဝါသာနုဿတိ၊ သည်။
ကမ္မဿကတာဉာဏဿ၊ ၏။
ကာရဏံ၊ အကြောင်းသည်။
ဟောတိ၊ ၏။
အယောနိသော၊ မသင့်သောအားဖြင့်။
ဥမ္မုဇ္ဇန္တဿ၊ နှလုံးသွင်းသောသူ၏။
ဝါ၊ အား။
ပုဗ္ဗေနိဝါသာနုဿတိ၊ သည်။
ကမ္မဿကတာဉာဏဿ၊ ၏။
ကာရဏံ၊ သည်။
န ဟောတိ၊ မဖြစ်။**ထိုအသင့်အားဖြင့် နှလုံးသွင်းသောသူ၏ ပုဗ္ဗေနိဝါသာနုဿတိ၏ ကမ္မဿကတာဉာဏ််၏ အကြောင်းဖြစ်သည်၏ အဖြစ်၊ အသင့်အားဖြင့် နှလုံးမသွင်းသောသူ၏ ပုဗ္ဗေနိဝါသာနုဿတိ၏ ကမ္မဿကတာဉာဏ်၏ အကြောင်းမဖြစ်သည်၏အဖြစ်ကို အဘယ်သက်သေအကြောင်းဖြင့် သိရပါအံ့နည်း-ဟူသော ပုစ္ဆာကို ဖြေလို ပယ်လိုနစ်စေလို၍ 'ဣမဿ' အစရှိသော ပါဌ်ကို မိန့်သတည်း။**
ဣမဿ စ အတ္ထဿ၊ ကိုလည်း။
ဝိဘာဝနတ္ထံ၊ ထင်ရှားပြခြင်းငှာ။
မဟာနာရဒကဿပဇာတကဉ္စ
အသင့်အားဖြင့် နှလုံးသွင်းသောဝိဒေဟမင်း၏ သမီးဖြစ်သော ရုဇာမင်းသမီး၏ ဇာတိဿရဉာဏ်သည် ကမ္မဿကတာဉာဏ်၏အကြောင်း ဖြစ်လေသတည်း။ အသင့်အားဖြင့် နှလုံးမသွင်းသော ထိုဝိဒေဟမင်း၏ စစ်သူကြီးဖြစ်သော အဠာတအမတ်၏လည်းကောင်း၊ ဗီဇကမည်သော ကျွန်၏လည်းကောင်း ဇာတိဿရဉာဏ်သည်ကား ကမ္မဿကတာဉာဏ်၏ အကြောင်း မဖြစ်လေသတည်း။
၊ မဟာနာရဒကဿပဇာတ်ကိုလည်းကောင်း။
ဗြဟ္မဇာလေ၊ ဗြဟ္မဇာလသုတ်၌။
ဧကစ္စသဿတဝါဒေါ စ၊ ဧကစ္စသဿတဝါဒကိုလည်းကောင်း။
ဥဒါဟရိတဗ္ဗော၊ ဆောင်အပ်၏။
ဝါ၊ ထုတ်အပ်၏။"ဩကပ္ပနလက္ခဏာ"တိ အာဒိနာ၊ ဖြင့်။
သဒ္ဓါပသာဒါနံ၊ သဒ္ဓါပသာဒတို့၏။
ဝိသေသံ၊ ကို။
ဒဿေတိ၊ ၏။
**ယင်းသို့ ပြသော် ပသာဒသည် သဒ္ဓါမှ တရားကိုယ် အသီးအခြားလောဟု စောဒနာ ရှိရကား 'သော ပန'စသည်ကို မိန့်သတည်း။**
သော ပန ပသာဒေါ၊ ကို။
သဒ္ဓါယယေဝ၊ ၏သာလျှင်။
အဝတ္ထာဝိသေသော၊ အခိုက်အတန့်အထူးဟူ၍။
ဒဋ္ဌဗ္ဗော၊ ၏။တတ္ထ ပါဌေ၊ ၌။
သဒ္ဒဟနဝသေန၊ ယုံကြည်ခြင်း၏ အစွမ်းအားဖြင့်။
အာရမ္မဏဿ၊ သို့။
ဝါ၊ ကို။
ဩဂါဟဏံ နိစ္ဆယော၊ သက်ဝင်ခြင်း ဆုံးဖြတ်ခြင်းသည်။
ဝါ၊ သက်ဝင်၍ ဆုံးဖြတ်ခြင်းသည်။
ဩကပ္ပနံ၊ မည်၏။
(ဋ္ဌ၊ ၉၃) အသဒ္ဓိယာပဂမေန၊ မယုံကြည်ခြင်းမှ ကင်းသဖြင့်။
စိတ္တဿ၊ ၏။
အကာလုဿိယတာ၊ မနောက်ကျိသည်၏အဖြစ်သည်။
အနာဝိလတာ၊ မည်၏။
သဒ္ဒဟနမေဝ၊ ယုံကြည်ခြင်းသည်သာလျှင်။
အဘိပတ္ထိယနာ၊ မည်၏။
ပညာသဟိတော၊ ပညာနှင့်တကွ ဖြစ်သော။
အာယတနဂတော၊ ရတနာသုံးပါးလျှင်အာရုံရှိသော။
အဘိပ္ပသာဒေါ၊ အလွန်ကြည်ညိုခြင်းသည်။
အဝေစ္စပသာဒေါ၊ မည်၏။
အသမ္မောသော၊ မမေ့ခြင်းသည်။
အပိလာပနံ၊ မည်၏။
ဝါ၊ ကား။
နိမုဇ္ဇိတွာ၊ ငုပ်၍။
ဩဂါဟဏံ ဝိယ၊ သက်ဝင်သကဲ့သို့။
အာရမ္မဏဿ၊ သို့။
ဩဂါဟဏံ၊ သက်ဝင်ခြင်းသည်။
အပိလာပနံ၊ မည်၏။
**အရှင်အဋ္ဌကထာဆရာ သဒ္ဓါနှင့်ပသာဒ၊ ပသာဒနှင့်သဒ္ဓါ။ ဝီရိယနှင့်သမ္မပ္ပဓာန်၊ သတိနှင့် သတိပဋ္ဌာန်။ သမာဓိနှင့်ဈာန်သည် တရားကိုယ်သရုပ်အားဖြင့်အထူးအပြား အခြားမဟုတ်တကား။ ယင်းသို့လျက် အဝေစ္စပ္ပသာဒသည် သဒ္ဓါ၏ပဒဋ္ဌာန်၊ သဒ္ဓါသည် ပသာဒ၏ ပဒဋ္ဌာန်၊ သမ္မပ္ပဓာန်သည် ဝီရိယ၏ ပဒဋ္ဌာန်၊ သတိပဋ္ဌာန်သည် သတိ၏ ပဒဋ္ဌာန်၊ ဈာန်သည် သမာဓိ၏ ပဒဋ္ဌာန်ဟု ကစ္စည်းမြတ်စွာ မဟာထေရ် အဘယ့်ကြောင့် မိန့်လေသနည်း။ ပဒဋ္ဌာန ပဒဋ္ဌာနိကဆန့်ခဲ့၏ စောဒနာ ပုစ္ဆာရှိရာသည်ကို မြင်တော်မူ၍ ထိုစောဒနာပုစ္ဆာကို ဖြေအံ့သောငှာ 'ဧတ္ထ စ' အစရှိသော ပါဌ်ကို မိန့်သတည်း။**
ဧတ္ထ စ၊ ဤသဒ္ဓါအစရှိသည်တို့၏ ပဒဋ္ဌန်ကို ဆိုရာ၌လည်း။
သဒ္ဓါဒီနံ၊ တို့၏ (ပဒဋ္ဌာနံ၌ စပ်)။
ပသာဒသဒ္ဓါသမ္မပ္ပဓာနသတိပဋ္ဌာနဈာနင်္ဂါနိ၊ ပသာဒ သဒ္ဓါ သမ္မပ္ပဓာန် သတိပဋ္ဌာန် ဈာန်အင်္ဂါတို့သည်။
ယထာက္ကမံ၊ စွာ။
ပဒဋ္ဌာနံ၊ တည်း။
ဣတိ၊ ဤသို့။
ဝဒန္တေန၊ ဆိုတော်မူသော အရှင်မဟာကစ္စည်းမထေရ်သည်။
အဝတ္ထာဝိသေသဝသေန၊ အခိုက်အတန့်အထူး၏ အစွမ်းအားဖြင့်။
ပဒဋ္ဌာနဘာဝေါ၊ ကို။
ဝုတ္တော၊ ၏။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗံ၊ ၏။**အဝတ္ထာအထူးနှင့် ကင်း၍ သဘောအားဖြင့်သာ ပြီးသော ပဒဋ္ဌာန်ကို ပြတော်မူလိုရကား သတိသမာဓီနံ ဝါ'စသည်ကို မိန့်သော်။**
ဝါ၊ ကား။
သတိသမာဓီနံ၊ တို့၏ (ပဒဋ္ဌာန်သို့ သွား)။
ကာယာဒယော၊ ရူပကာယအစရှိသည်တို့ကို။
သတိပဋ္ဌာနာတိ၊ ဟူ၍။ဝိတက္ကာဒယော စ၊ တို့ကိုလည်း။
ဈာနာနီတိ၊ ဟူ၍။
ပဒဋ္ဌာနဘာဝေန၊ ဖြင့်။
ဝုတ္တာ၊ ကုန်၏။
သံယောဇနီယေသု၊ သံယောဇဉ်၏အာရုံဖြစ်ကုန်သော။
ဓမ္မေသု၊ တို့၌။
အဿာဒါနုပဿိတာ၊ သာယာသောအားဖြင့် ရှုသည်၏ အဖြစ်သည်။
အဿာဒမနသိကာရော၊ မည်၏။
ပုနဗ္ဘဝဝိရောဟဏာတိ၊ ကား။
ပုနဗ္ဘဝါဝဿ၊ ဘဝသစ်ကိုဝိရောဟဏာ= ပေါက်စေခြင်းတည်း။
ပုနဗ္ဘဝနိဗ္ဗတ္တနာရဟတာ၊ ဘဝသစ်ကိုဖြစ်ခြင်းငှာ ထိုက်သည်၏အဖြစ်တည်း။
ဝိပါကဓမ္မတာ၊ အကျိုးပေးခြင်း သဘောရှိသည်၏အဖြစ်တည်း။
ဣတိ အယံ၊ လျှင်။
အတ္ထော၊ တည်း။
ဩပပစ္စယိကနိဗ္ဗတ္တိလက္ခဏန္တိ၊ ကား။
ဥပပတ္တိဘဝဘာဝေန၊ ဥပပတ္တိဘဝ၏ အဖြစ်ဖြင့်။
နိဗ္ဗတ္တနသဘာဝံ၊ ဖြစ်ခြင်းသဘော ရှိ၏။
နာမကာယရူပကာယသင်္ဃာတလက္ခဏန္တိ၊ ကား။
အရူပရူပကာယာနံ၊ နာမကာယရူပကာယတို့ကို။
သမူဟိတဘာဝံ၊ ပေါင်းစပ်ခြင်းသဘောရှိ၏။
စက္ခာဒီနံ၊ ကုန်သော။
ဆန္နံ ဣန္ဒြိယာနံ၊ တို့၏။
ဝဝတ္ထိတဘာဝေါ၊ ပိုင်းခြားအပ်သည်၏အဖြစ်သည်။
ဣန္ဒြိယဝဝတ္ထာနံ
စက္ခုန္ဒြေ၏ ရူပါရုံကို မြင်ခြင်း၊ သောတိန္ဒြေ၏ သဒ္ဒါရုံကိုကြားခြင်း အစရှိသည်ဖြင့် အသီးအသီး မြဲသော အာရုံကိစ္စရှိသည်၏အဖြစ်သည် ဣန္ဒြိယဝဝတ္ထာနမည်၏ဟူလိုသော်။
၊ မည်၏။ဩပပစ္စယိက
ဤ၌ 'ဥပပတ္တိ ဧဝ ဩပပစ္စယံ၊ တဿ ဘာဝေါ ဩပပစ္စယိကံ' ဟူသော အနက်ကို 'ဥပပတ္တိဘာဝေန'ပါဌ်ဖြင့် ပြသည်။
န္တိ၊ ကား။
ဥပပတ္တိက္ခန္ဓနိဗ္ဗတ္တကံ၊ ဥပပတ္တိခန္ဓာကို ဖြစ်စေတတ်၏။ဥပဓီ၊ ကား။
အတ္တဘာဝေါ၊ အတ္တဘောတည်း။
အတ္တနော၊ ၏။
ဝါ၊ သည်။
ပိယဿ၊ ချစ်အပ်သောသူ၏။
မရဏံ၊ ကို။
စိန္တေန္တဿ၊ ကြံသော။
ဗာလဿ၊ အား။
ယေဘုယျေန၊ ဖြင့်။
သောကော၊ သည်။
ဥပ္ပဇ္ဇတိ၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။
မရဏံ၊ ကို။
သောကဿ၊ ၏။
ပဒဋ္ဌာနန္တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။
စေတသော၊ စိတ်၏။
သန္တာပေါ၊ ပူပန်ခြင်းသည်။
ဥဿုက္ကံ၊ မည်၏။
ဩဒဟနန္တိ၊ ကား။
အဝဒဟနံ၊ ပြင်းစွာပူလောင်ခြင်းတည်း။
**ထိုအဝဒဟနကို ဖွင့်လိုရကား 'အတ္တနော နိဿယဿ သန္တပနမေဝ'ကို ဆိုသတည်း။**
အတ္တနော၊ ၏။
နိဿယဿ၊ မှီရာကို။
သန္တာပနမေဝ၊ ပူလောင်စေခြင်းလျှင်တည်း။
**ဣမာနိ ဘဝင်္ဂါနိအစရှိသော စကားသည် အနုသန္ဓေမရှိဘဲ ဆိုသော စကားသာ ဖြစ်လေသလောဟု အမေးပုစ္ဆာရှိရကား 'ဘဝဿာတိ' စသော ပါဌ်ကို မိန့်သတည်း။**
ဘဝဿာတိ၊ ဟူ၍။
ဝုတ္တံ၊ သော။
ဘဝံ၊ ကို။
ဒဿေတုံ၊ ငှာ။
"ဣမာနီ"တိ အာဒိ၊ ကို။
ဝုတ္တံ၊ ၏။တတ္ထ ဝစနေ၊ ၌။
ဘဝဿ၊ ၏။
အင်္ဂါနိ စ၊ အကြောင်းတို့သည်လည်းကောင်း။
ဘဝသင်္ခါတာနိ၊ ဘဝ-ဟု ဆိုအပ်ကုန်သော။
အင်္ဂါနိ စ၊ အစိတ်တို့သည်လည်းကောင်း။
ဘဝင်္ဂါနိ၊ မည်ကုန်၏။
**အဘယ်ကား ဘဝ၏အကြောင်း၊ အဘယ်ကား ဘဝ-ဟု ဆိုအပ်သော အစိတ်မည်ပါသနည်း။ အထူးမရှိဘဲလည်း နှစ်ချက်မဆိုတန်-ဟု စောဒနာရှိရကား 'တေသု' စသည်ကို မိန့်သော်။**
တေသု၊ ထိုဘဝ၏အကြောင်း ဘဝဟုဆိုအပ်သော အစိတ်တို့တွင်။
ကိလေသာ၊ တို့သည်။
ဘဝဿ၊ ၏။
အင်္ဂါနိ၊ အကြောင်းတို့တည်း။ကမ္မဝိပါကဝဋ္ဋံ၊ ကမ္မဝဋ်, ဝိပါကဝဋ်သည်။
ဘဝသင်္ခါတာနိ၊ ကုန်သော။
အင်္ဂါနိ၊ အစိတ်တို့တည်း။
သမဂ္ဂါနီတိ၊ ကား။
သဗ္ဗာနိ၊ အလုံးစုံတို့သည်။
ခန္ဓာယတနာဒီနံ၊ တို့၏။
အပရာပရုပ္ပတ္တိသံသရဏံ၊ အဆင့်ဆင့်ဖြစ်သောအားဖြင့် ကျင်လည်ခြင်းသည်။
တစ်နည်းကား-အပရာပရုပ္ပတ္တိံ၊ အဆင့်ဆင့်ဖြစ်ခြင်းတည်းဟူသော။
သံသရဏံ၊ ကျင်လည်ခြင်းသည်။
ဝါ၊ ဖြစ်ခြင်းသည်။
သံသာရော၊ မည်၏။
တဿ၊ ထိုသံသရာ၏။
ပုရိမပုရိမဇာတိနိပ္ဖန္နံ၊ ရှေးရှေးသောဘဝ၌ ဖြစ်သော။
ကိလေသာဒိဝဋ္ဋံ၊ ကိလေသာ အစရှိသော ဝဋ်သည်။
ကာရဏံ၊ သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ကြောင့်။
"ဘဝေါ သံသာရဿ ပဒဋ္ဌာန"န္တိ၊ ဟူ၍။
အာဟ၊ ၏။
**နိရောဓသည် တစ်စုံတစ်ခုသော အကြောင်းကြောင့် မဖြစ်သည်မဟုတ်တုံလော။ ထိုသို့လျက် 'မဂ္ဂေါ နိရောဓဿ ပဒဋ္ဌာနံ'ဟု ကစ္စည်းမဟာထေရ်ဆိုတော်မူလေသည်ကား မသင့်လေတကား-ဟု အယူရှိရာသောကြောင့် ထိုအယူကို နစ်စေလို၍ 'သမ္ပာပကဟေတုဘာဝံ' စသည်ကို ဆိုသတည်း။**
သမ္ပာပကဟေတုဘာဝံ၊ သမ္ပာပကအကြောင်း၏အဖြစ်ကို။
သန္ဓာယ၊ ရည်၍။
"မဂ္ဂေါ နိရောဓဿ ပဒဋ္ဌာန
နိဗ္ဗာန်တည်းဟူသော နိရောဓကို အာရုံပြုသော အားဖြင့် ရောက်ကုန်သော ဖိုလ်, ပစ္စဝေက္ခဏာဉာဏ်အစရှိသည် တို့၏ သမ္ပာပကအကြောင်းအားဖြင့် မဂ်သည် နိရောဓ၏ ပဒဋ္ဌာန်ဟူပါလေသည်-ဟူလိုသော်။
"န္တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။ကမ္မဋ္ဌာနောဂါဟကဿ၊ ကမ္မဋ္ဌာန်းသို့ သက်ရောက်သော ယောဂီပုဂ္ဂိုလ်၏။
ဩတရဏဋ္ဌာနတာယ၊ သက်ဝင်ရာ၏ အဖြစ်ကြောင့်။
ဗဟုဿုတော၊ များသောအကြားအမြင်ရှိသော ပုဂ္ဂိုလ်သည်။
တိတ္ထံ နာမ၊ မည်၏ ('တရတိ ဩတရတိ ဧတ္ထာတိ တိတ္ထံ'ဟူသော ဝစနတ္ထဖြင့် ဗဟုဿုတပုဂ္ဂိုလ်သည် တိတ္ထမည်၏-ဟူလိုသော်)။
တဿ၊ ထိုများသော အကြားအမြင်ရှိသော ပုဂ္ဂိုလ်ကို။
သမ္မာပယိရုပါသနာ၊ ကောင်းစွာ ဆည်းကပ်ခြင်းသည်။
တိတ္ထညုတာ၊ မည်၏။
ဓမ္မူပသဉှိတံ၊ တရားနှင့် စပ်သော။
ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းသည်။
ပီတံ နာမ၊ မည်၏။
သပ္ပါယဓမ္မဿဝနေန၊ လျောက်ပတ်သော တရားကို ကြားနာခြင်းဖြင့်။
တံ၊ ထိုပါမောဇ္ဇကို။
ဥပ္ပါဒေတွာ၊ ၍။
ကမ္မဋ္ဌာနဿ၊ ကို။
ဝါ၊ ဘာဝနာကို။
ဗြူဟနာ၊ ပွားစေခြင်းသည်။
ပီတညုတာ၊ မည်၏။
ဘာဝနာယ၊ ၏။
ထောကမ္ပိ၊ အတန်ငယ်မျှလည်း။
လယာပတ္တိယာ စ၊ တွန့်တိုခြင်းသို့ ရောက်ခြင်းကိုလည်းကောင်း။
ဥဒ္ဓံပတ္တိယာ စ၊ ဥဒ္ဓစ္စအားဖြင့်ပျံ့လွင့်ခြင်းသို့ ရောက်ခြင်းကိုလည်းကောင်း။
ဇာနနာ၊ သိခြင်းသည်။
ပတ္တညုတာ၊ မည်၏။
ပဉ္စဟိ၊ ကုန်သော။
ပဓာနိယင်္ဂေဟိ၊ ပဓာနိယအင်္ဂါတို့နှင့်။
သမာန္နာဂတဿ၊ သော။
အတ္တနော၊ ကို။
ဇာနနာ၊ သည်။
အတ္တညုတာ၊ မည်၏။
တေသု၊ ထိုတိတ္ထညုတာအစရှိသည်တို့၌။
ပုရိမာနံ ပုရိမာနံ၊ ရှေးရှေးသော တရားတို့၏။
ပစ္ဆိမဿ ပစ္ဆိမဿ၊ နောက်နောက်သော တရား၏။
ပဒဋ္ဌာနဘာဝေါ၊ သည်။
သုဝိညေယျော ဧဝ၊ လျှင်ကတည်း။
ကတပုညဿေဝ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသော သူအားသာလျှင်။
ပတိရူပဒေသဝါသော၊ လျောက်ပတ်သင့်တင့်သော အရပ်၌နေခြင်းသည်။
(ဋ္ဌ၊ ၉၄) သမ္ဘဝတိ၊ ဖြစ်သင့်၏။
ဣတရဿ၊ ပြုအပ်သော ကောင်းမှုမရှိသော သူအား။
န သမ္ဘဝတိ၊ မဖြစ်သင့်။
ဣတိ တသ္မာ၊ ကြောင့်။
"ပုဗ္ဗေ ၊လ၊ ပဒဋ္ဌာန"န္တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။
အဓိဋ္ဌာနေန၊ တီရဏပရိညာ၏တည်ရာ ဖြစ်သောဉာတရပရိညာနှင့်။
သဟ၊ တကွ။
တရုဏဝိပဿနာ၊ နုသောဝိပဿနာသည်။
ယထာဘူတဉာဏဒဿနံ၊ မည်၏။
ဝါ၊ မဖောက်မပြန် ဟုတ်မှန်စွာ ဖြစ်သောဉာဏ်အမြင်မည်၏။
နိဗ္ဗိဒါတိ၊ ကား။
ဗလဝဝိပဿနာ၊ အားကြီးသောဝိပဿနာတည်း။
ဝိရာဂေါတိ၊ ကား။
မဂ္ဂေါ၊ တည်း။
ဝိမုတ္တီတိ၊ ကား။
ဖလံ၊ တည်း။
ဧဝန္တိ၊ ကား။
"တဿာ ဝိပလ္လာသာ ပဒဋ္ဌာန"န္တိ အာဒိနာ၊ ဖြင့်။
အဝိဇ္ဇာဒီနံ၊ တို့၏။
ယဒိဒံ ယံ ဣဒံ ပဒဋ္ဌာနံ၊ ကို။
ဒဿိတံ၊ ပြီ။
ဣမိနာ နယေန၊ ဤပြအပ်ပြီးသောနည်းဖြင့်။
အထာပိ၊ ထိုမှတစ်ပါးလည်း။
ယော ကောစိ၊ အလုံးစုံသော။
ဥပနိဿယော ဗလဝပစ္စယော၊ အားကြီးသော အကြောင်းသည်လည်းကောင်း။
ယော ကောစိ၊ သော။
အဝသေသပစ္စယော၊ ဥပနိဿယမှ ကြွင်းသော အကြောင်းသည်လည်းကောင်း။
အတ္ထိ၊ ၏။
သော သဗ္ဗော၊ ထိုအလုံးစုံသော အကြောင်းသည်။
ပဒဋ္ဌာနံ
ကာရဏံ၊ တည်း။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ ၏။
"ဧဝံ ယာ ကာစိ ဥပနိသာ ယောဂတော စ ပစ္စယတောစာ"တိပိ၊ ဟူ၍လည်း။
ပဌန္တိ၊ ကုန်၏။
တတ္ထ၊ ထိုသို့ရွတ်သော ပါဌ်၌။
ဥပနိသာတိ၊ ကား။
ကာရဏံ၊ တည်း။
ယောဂတောတိ၊ ကား။
ယုတ္တိတော၊ အသင့်အားဖြင့်။
ပစ္စယတောတိ၊ ကား။
ပစ္စယဘာဝမတ္တတော၊ ပစ္စည်း၏ အဖြစ်မျှအားဖြင့်။
ဣတိ၊ ဤသို့။
အတ္ထော၊ ကို။
ဝေဒိတဗ္ဗော၊ ၏။
ဧတ္ထ၊ ဤပဒဋ္ဌာနဟာရဝိဘင်း၌။
ယံ ပန ဝစနံ၊ ကို။
အတ္ထတော၊ အားဖြင့်။
န ဝိဘတ္တံ၊ မဝေဖန်အပ်။
တံ ဝစနံ၊ သည်။
သုဝိညေယျမေဝ၊ လျှင်ကတည်း။
ပဒဋ္ဌာနဟာရဝိဘင်္ဂဝဏ္ဏနာ၊ ဝိဘင်းအဖွင့်သည်။
နိဋ္ဌိတာ၊ ပြီးပြီ။
လက္ခဏဟာရဝိဘင်းအဖွင့်
၂၃. တတ္ထကတမော လက္ခဏော ဟာရောတိအာဒိ၊ သည်။
လက္ခဏဟာရဝိဘင်္ဂေါ၊ တည်း။
တတ္ထ၊ ထိုလက္ခဏဟာရဝိဘင်း၌။
ကိံ လက္ခယတီတိ ဣမိနာ၊ ဖြင့်။
လက္ခဏဟာရဿ၊ ၏။
ဝိသယံ၊ အရာကို။
ပုစ္ဆတိ၊ ၏။
"ယေ ဓမ္မာ"တိ အာဒိနာ၊ ဖြင့်။
လက္ခဏဟာရံ၊ ကို။
သင်္ခေပတော၊ အားဖြင့်။
ဒဿေတွာ၊ ၍။
တံ၊ ထိုလက္ခဏဟာရကို။
ဥဒါဟရဏေဟိ၊ ဥဒါဟရုဏ်တို့ဖြင့်။
ဝိဘဇိတုံ၊ ငှာ။
"စက္ခု"န္တိ အာဒိ၊ ကို။
အာရဒ္ဓံ၊ ၏။
တတ္ထ ဝစနေ၊ ၌။
"ဝဓကဋ္ဌေန ဧကလက္ခဏာ"တိ ဣမိနာ၊ ဖြင့်။
အနဝဋ္ဌိတဘာဝါဒိနာပိ၊ အမြဲ မတည်သည်၏ အဖြစ် အစရှိသောအားဖြင့်လည်း။
ဧကလက္ခဏတာ၊ တူသောလက္ခဏာ ရှိသည်၏အဖြစ်ကို။
ဝုတ္တာ ဧဝ၊ လျှင်ကတည်း။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗံ၊ ၏။
ဧဝံ၊ သို့။
အာယတနဝသေန၊ ဖြင့်။
ဧကလက္ခဏတံ၊ တူသော လက္ခဏာရှိသည်၏အဖြစ်ကို။
ဒဿေတွာ၊ ၍။
ဣဒါနိ၊ ၌။
ခန္ဓာဒိဝသေန၊ ဖြင့်။
ဒဿေတုံ၊ ငှာ။
"အတီတေ ၊လ၊ ဟောတီ**"တိ အာဒိ သုတ္တံ၊ ကို။
အာဘတံ၊ ဆောင်အပ်၏။
ယမကောဝါဒသုတ္တေ ဝဓကဋ္ဌေန ဧကလက္ခဏာ ဝုတ္တာတိ ဣဒံ ဝစနံ၊ ကို။
တသ္မိံ သုတ္တေ၊ ထိုယမကောဝါဒသုတ်၌။
"ဝဓကံ၊ သူသတ်နှင့်တူသော။
ရူပံ၊ ရုပ်တည်း။
ဝဓကံ၊ သော။
ရူပံ၊ တည်း။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ ဟုတ်သောအတိုင်း။
နပ္ပဇာနာတိ၊ မသိ"။
ဣတိ အာဒိနာ၊ ဖြင့်။
အာဂတတ္တာ၊ ကြောင့်။
ဝုတ္တံ၊ ၏။
ဣတီတိ၊ ကား။
ဧဝံ၊ သို့။
ဣမိဿံ ဂါထာယံ၊ ဤယေသဉ္စ သုသမာရဒ္ဓါဟူသော ဂါထာ၌။
ကာယဂတာယ၊ ကာယအစုလျှင် အာရုံရှိသော။
သတိယာ၊ ကို။
ဝုတ္တာယ၊ သော်။
ဝေဒနာဂတာ၊ ဝေဒနာလျှင် အာရုံရှိသော။
သတိယာ၊ ကို။
ဝုတ္တာယ၊ သော်။
ဝေဒနာဂတာ၊ ဝေဒနာလျှင် အာရုံရှိသော။
သတိ စ၊ ကိုလည်းကောင်း။
စိတ္တဂတာ၊ သော။
သတိ စ၊ ကိုလည်းကောင်း။
ဓမ္မဂတာ၊ သော။
သတိ စ၊ ကိုလည်းကောင်း။
သတိပဋ္ဌာနဘာဝေန၊ သတိပဋ္ဌာန်၏အဖြစ်ဖြင့်။
ဧကလက္ခဏတ္တာ၊ တူသောလက္ခဏာ ရှိသည်၏အဖြစ်ကြောင့်။
ဝုတ္တာ၊ သည်။
ဘဝတိ၊ ၏ (ဘဝန္တိ ဟူ၍လည်း ရှိ၏၊ အင်္ဂါသိတတည်း)။
ဣတိ အယံ၊ ကား။
အဓိပ္ပါယော၊ တည်း။
ဒိဋ္ဌန္တိ အာဒီနံ၊ ဒိဋ္ဌံ အစရှိသော ပုဒ်တို့၏။
အတ္ထံ၊ ကို။
ပရတော၊ မှ (စတုဗျူဟဟာရကို ယူ)။
ဝဏ္ဏယိဿာမ၊ ကုန်အံ့။
(ဋ္ဌ၊ ၉၅) ကာယေ ကာယာနုပဿီ ဝိဟရာဟီတိ ဧတ္ထ ပါဌေ၊ ၌။
ကာယေတိ၊ ကား။
ရူပကာယေ၊ ၌။
**အဘယ့်ကြောင့် ရူပကာယသည် ကာယမည်သနည်းပုစ္ဆာရှိရကား 'ရူပကာယော ဟိ' စသည်ကို မိန့်သတည်း။**
ဟိ၊ စွ။
ရူပကာယော၊ ကို။
ဣဓ၊ ၌။
အင်္ဂပစ္စင်္ဂါနဉ္စ၊ အင်္ဂါကြီးငယ်တို့၏လည်းကောင်း။
ကေသာဒီနဉ္စ၊ ဆံအစရှိသည်တို့၏လည်းကောင်း။
သမူဟဋ္ဌေန၊ အပေါင်းဖြစ်သော အနက်ကြောင့်။
ဝါ၊ သဘောကြောင့်။
ကာယောတိ၊ ဟူ၍။
အဓိပ္ပေတော၊ ၏။သမူဟဋ္ဌေန၊ ကြောင့်။
ကာယောတိ၊ ဟူ၍။
အဓိပ္ပေတော ယထာ စ၊ ကဲ့သို့လည်း။
ဧဝံ တထာ၊ တူ။
ကုစ္ဆိတာနံ၊ စက်ဆုတ်အပ်သော ဆံအစရှိသည်တို့၏။
အာယဋ္ဌေန၊ ဖြစ်ရာဖြစ်သော အနက်ကြောင့်။
ကာယောတိ၊ ဟူ၍။
အဓိပ္ပေတော၊ ၏။
ဟိ သစ္စံ၊ ၏။
ကုစ္ဆိတာနံ၊ စက်ဆုတ်အပ်ကုန်သော။
ပရမဇေဂုစ္ဆာနံ၊ အလွန်စက်ဆုတ်ဖွယ်ရှိကုန်သော ဆံအစရှိသည်တို့၏။
သော၊ ထိုရူပကာယသည်။
အာယော၊ ဖြစ်ရာသည်။
ဟောတိ၊ ဖြစ်၏။
ဣတိပိ တသ္မာ၊ ကြောင့်လည်း။
ကာယော၊ မည်၏။
အာယောတိ၊ ကား။
ဥပ္ပတ္တိဒေသော၊ ဖြစ်ရာအရပ်တည်း။
တတြ၊ ထိုကာယသဒ္ဒါ၌။
အယံ၊ ကား။
ဝစနတ္ထော၊ တည်း။
တတော၊ ထိုရူပကာယမှ။
အာယန္တိ၊ ဖြစ်ကုန်၏။
ဣတိ တသ္မာ၊ ကြောင့်။
အာယော၊ မည်၏။
ကေ၊ အဘယ်သည်တို့သည်။
အာယန္တိ၊ ကုန်သနည်းဟူမူကား။
ကုစ္ဆိတာ၊ ကုန်သော။
ကေသာဒယော၊ တို့သည်။
အာယန္တိ၊ ကုန်၏။
ဣတိ၊ ဤသို့။
ကုစ္ဆိတာနံ၊ ကုန်သော။
ကေသာဒီနံ၊ တို့၏။
အာယော၊ ဖြစ်ရာတည်း။
ဣတိ တသ္မာ၊ ကြောင့်။
ကာယော၊ မည်၏။
**ကာယာနုပဿီတိ၊ ကား။
ကာယံ၊ ရူပကာယကို။
အနုပဿနသီလော၊ အဖန်တလဲလဲ ရှုလေ့ရှိသည်ဖြစ်၍။
ဝါ၊ ကား။
ကာယံ၊ ကို။
အနုပဿမာနော၊ အဖန်တလဲလဲ ရှုသည်ဖြစ်၍ (ရှေးနှင့် တဿီလမဟုတ်သည်သာ အထူး)။
"ကာယေ"တိ စ၊ ဟူ၍လည်း။
ဝတွာ၊ ဆိုပြီး၍။
ပုန၊ တစ်ဖန်။
"ကာယာနုပဿီ"တိ၊ ဟူ၍။
ဒုတိယံ၊ သော။
ကာယဂ္ဂဟဏံ၊ ကာယသဒ္ဒါကို ဆိုခြင်းသည်။
အသမ္မိဿတော၊ မရောယှက်သောအားဖြင့်။
ဝဝတ္ထာနဃနဝိနိဗ္ဘောဂါဒိဒဿနတ္ထံ၊ ပိုင်းခြားခြင်းတစ်ခဲနက်ကို အသီး ဝေဖန်ခြင်း အစရှိသည်တို့ကို ပြခြင်းအကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။
တေန၊ ထို့ကြောင့် (ဒဿိတံ၌ စပ်)။
ကာယေ၊ ရူပကာယ၌။
ဝေဒနာနုပဿီ ဝါ၊ ဝေဒနာကို အဖန်တလဲလဲ ရှုသည်လည်း။
န၊ မဟုတ်။
စိတ္တဓမ္မာနုပဿီ ဝါ၊ စိတ်ဓမ္မကို အဖန်တလဲလဲ ရှုသည်လည်း။
န၊ မဟုတ်။
အထ ခေါ၊ စင်စစ်ကား။
ကာယာနုပဿီ ဧဝ၊ ရူပကာယကို အဖန်တလဲလဲ ရှုသည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
ကာယသင်္ခါတေ၊ ရူပကာယဟု ဆိုအပ်သော။
ဝတ္ထုသ္မိံ၊ ၌။
ကာယာနုပဿနာကာရဿေဝ၊ ရူပကာယကို အဖန်တလဲလဲ ရှုသောအခြင်းအရာ ကိုသာလျှင်။
ဒဿနေန၊ ပြသဖြင့်။
အသမ္မိဿတော၊ အားဖြင့်။
ဝဝတ္ထာနံ၊ ပိုင်းခြင်းကို။
ဒဿိတံ၊ သည်။
ဟောတိ၊ ၏။
**မရောယှက်သောအားဖြင့် ပိုင်းခြားခြင်းကို ပြပြီ။ ဃနဝိနိဗ္ဘောဂကို အဘယ်သို့ ပြအပ်သနည်းစောဒနာရှိရကား 'တထာ'အစရှိသော ပါဌ်ကို မိန့်သတည်း။**
တထာ၊ ပါး။
ကာယေ၊ ၌။
အင်္ဂပစ္စင်္ဂဝိနိမုတ္တဧကဓမ္မာနုပဿီ၊ အင်္ဂါကြီးငယ်မှလွတ်သော တစ်ခုသော တရားကိုမျှ အဖန်တလဲလဲ ရှုသည်။
န၊ မဟုတ်။
ကေသလောမာဒိဝိနိမုတ္တဣတ္ထိပုရိသာနုပဿီပိ၊ ဆံအမွေးအစရှိသည်တို့မှ လွတ်သောမိန့်းမယောက်ျားတို့ကို အဖန်တလဲလဲ ရှုသည်လည်း။
န၊ မဟုတ် (နာပိ၌ အပိကို နုပဿီမှ ယှဉ်သည်)။ဧတ္ထ ကာယေ၊ ၌။
ကေသလောမာဒိတော၊ သော။
ဘူတုပါဒါယသမူဟသင်္ခါတော၊ ဘူတရုပ်ဥပါဒါရုပ်တို့၏ အပေါင်းဟု ဆိုအပ်သော။
ယောပိ ကာယော၊ သည်လည်း။
အတ္ထိ၊ ၏။
တတ္ထပိ၊ ထိုရူပကာယ၌လည်း။
ဘူတုပါဒါယဝိနိမုတ္တဧကဓမ္မာနုပဿီ၊ ဘူတရုပ်ဥပါဒါရုပ်မှ လွတ်သော တစ်ခုသော တရားကိုမျှအဖန်တလဲလဲ ရှုသည်။
န၊ မဟုတ်။
အထ ခေါ၊ ကား။
ရထသမ္ဘာရာနုပဿကော ဝိယ၊ ရထား၏ အဆောက်အဦကို ရှုသောသူကဲ့သို့။
အင်္ဂပစ္စင်္ဂသမူဟာနုပဿီ၊ အင်္ဂါကြီးငယ်တို့၏ အပေါင်းကို အဖန်တလဲလဲ ရှု၏။
နဂရာဝယဝါနုပဿကော ဝိယ၊ ပြာသာဒ်အစရှိသော မြို့၏အစိတ်ကို ရှုသော သူကဲ့သို့။
ကေသလာမာဒိသမူဟာနုပဿီ၊ ဆံအမွေးအစရှိသည်တို့၏အပေါင်းကို အဖန်တလဲလဲ ရှု၏။
ကဒလိက္ခန္ဓပတ္တဝဋ္ဋိဝိနိဗ္ဘုဇ္ဇကော ဝိယ စ၊ ငှက်ပျောတုံး, ငှက်ပျောဖတ်, ငှက်ပျောအူကို အသီးအသီးဝေဖန်သော သူကဲ့သို့လည်းကောင်း။
ရိတ္တမုဋ္ဌိဝိနိဝေဌကော ဝိယ စ၊ အချည်းနှီးသောလက်ဆုပ်ကို ဖြေသော သူကဲ့သို့လည်းကောင်း။
ဘူတုပါဒါယသမူဟာနုပဿီ ဧဝ၊ ဘူတရုပ်ဥပါဒါရုပ်တို့၏ အပေါင်းကို အဖန်တလဲလဲ ရှုသည်သာတည်း။
ဣတိ၊ ဤသို့။
နာနပ္ပကာရတော၊ အားဖြင့်။
သမူဟဝသေနေဝ၊ အပေါင်း၏အစွမ်းအားဖြင့်သာလျှင်။
ကာယသင်္ခါတဿ၊ သော။
ဝတ္ထုနော၊ ကို။
ဒဿနေန၊ ပြသဖြင့်။
ဃနဝိနိဗ္ဘောဂေါ၊ တစ်ခဲနက်ကို အသီးအသီး ဝေဖန်ခြင်းကို။
ဒဿိတော၊ သည်။
ဟောတိ၊ ဖြစ်၏။
ဟိ တဒေဝ သစ္စံ၊ ၏။
ဧတ္ထ ကာယေ၊ ၌။
ယထာဝုတ္တသမူဟဝိနိမုတ္တော၊ အကြင်အကြင်ဆိုအပ်ပြီးသော အပေါင်းမှ လွတ်သော။
ကာယော ဝါ၊ သည်လည်းကောင်း။
အညော၊ သော။
ကောစိ၊ တစ်စုံတစ်ခုသော။
ဓမ္မော ဝါ၊ သည်လည်းကောင်း။
န ဒိဿတိ၊ မထင်။
ယထာဝုတ္တဓမ္မသမူဟမတ္တေ ဧဝ ပန၊ အကြင်အကြင် ဆိုအပ်ပြီးသောတရားအပေါင်းမျှ၌သာလျှင်။
တထာ တထာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။
သတ္တာ၊ တို့သည်။
မိစ္ဆာဘိနိဝေသံ၊ မှားသောအားဖြင့် နှလုံးသွင်းခြင်းကို။
ကရောန္တိ၊ ကုန်၏။
တေန၊ ကြောင့်။
ပေါရာဏာ၊ ရှေးအဋ္ဌကထာဆရာတို့သည်။
"ယံ ပဿတိ ၊လ၊ န မုစ္စတီ"တိ၊ ဟူ၍။
အာဟု၊ ဆိုကုန်ပြီ။
"ယံ၊ အကြင်မိန်းမယောက်ျားကို။
ဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိအားဖြင့်။
ပဿတိ၊ မြင်၏။
တံ၊ ထိုမိန်းမယောက်ျားသည်။
ဒိဋ္ဌံ၊ မြင်အပ်သော ရူပါယတနသည်။
န ဟောတိ၊ မဖြစ်။
တစ်နည်းကား-ဒိဋ္ဌံ၊ မြင်အပ်သော ရူပါယတနသည်။
တံ၊ ထိုမိန်းမယောက်ျားသည်။
န ဟောတိ၊ မဖြစ်။
တစ်နည်းကား-တံ၊ ထိုမိန်းမယောက်ျားသည်။
ဒိဋ္ဌံ၊ ဆံအစရှိသော ဘူတရုပ်ဥပါဒါရုပ်တို့၏ အပေါင်းဟု ဆိုအပ်သော မြင်အပ်သော တရားသည်။
န ဟောတိ၊ မဖြစ်။
တစ်နည်းကား-ဒိဋ္ဌံ၊ ဆံအစရှိသော ဘူတရုပ်ဥပါဒါရုပ်တို့၏အပေါင်း-ဟု ဆိုအပ်သော မြင်အပ်သောတရားသည်။
တံ၊ ထိုမိန်းမယောက်ျားသည်။
န ဟောတိ၊ မဖြစ်။
ယံ၊ အကြင်ရူပါယတနကို။
ဝါ၊ အကြင်ဆံအစရှိသော ဘူတရုပ်ဥပါဒါရုပ်တို့၏အပေါင်းကို။
ဒိဋ္ဌံ၊ မြင်အပ်၏။
တံ၊ ထိုရူပါယတနကို။
ဝါ၊ ဆံအစရှိသောဘူတရုပ်ပါဒါရုပ်တို့၏ အပေါင်းကို။
ပညာစက္ခုနာ၊ ဖြင့်။
န ပဿတိ၊ မမြင်။
မူဠှော၊ တွေဝေသည် ဖြစ်၍။
အပဿံ အပဿန္တော၊ မမြင်သောသူကို။
ဗဇ္ဈတေ၊ ကိလေသာဖြင့် နှောင်ဖွဲ့အပ်၏။
ဗဇ္ဈမာနော၊ ကိလေသာဖြင့် နှောင်ဖွဲ့အပ်သော သူသည်။
န မုစ္စတိ၊ သံသရာမှ မလွတ်"။
ဃနဝိနိဗ္ဘောဂါဒိဒဿနတ္ထန္တိ ဧတ္ထ ဝစနေ၊ ၌။
အာဒိသဒ္ဒေန၊ ဖြင့်။
အယံ အတ္ထော၊ ကို။
ဝေဒိတဗ္ဗော၊ ၏။
ဟိ ကထံ ဝေဒိတဗ္ဗော၊ အဘယ်သို့ သိအပ် သနည်းဟူမူကား။
အယံ ဘိက္ခု၊ သည်။
ဧတသ္မိံ ကာယေ၊ ဤရူပကာယ၌။
ကာယာနုပဿီ ယေဝ၊ ရူပကာယကို အဖန်တလဲလဲ ရှုသည်သာတည်း။
အညဓမ္မာ-နုပဿီ၊ ရူပကာယမှတစ်ပါးသော သဘောကို အဖန်တလဲလဲ ရှုသည်။
န၊ မဟုတ်။
ဣဒံ အယံ အဓိပ္ပါယော၊ ကို။
ဝုတ္တံ ဝုတ္တော၊ သည်။
ဟောတိ၊ ဖြစ်၏။
အနုဒကဘူတာယပိ၊ ရေမဟုတ်သော်လည်း။
ဝါ၊ လျက်လည်း။
မရီစိယာ၊ တံလျှပ်၌။
ဥဒကာနုပဿိနော၊ ရေဟု ရှုကုန်သည်။
ဟောန္တိ ယထာ၊ ကုန်သကဲ့သို့။
ဧဝံ တထာ၊ တူ။
အနိစ္စဒုက္ခာနတ္တအသုဘဘူတေ ဧဝ၊ အနိစ္စဒုက္ခအနတ္တအသုဘသာ ဖြစ်သော။
ဣမသ္မိံ ကာယေ၊ ၌။
(ဋ္ဌ၊ ၉၆) နိစ္စသုခအတ္တသုဘဘာဝါနုပဿီ၊ နိစ္စသုခအတ္တသုဘဟူ၍ ရှုသည်။
န၊ မဟုတ်။
အထ ခေါ၊ ကား။
ကာယာနုပဿီ၊ ရူပကာယကို အဖန်တလဲလဲ ရှု၏။
အနိစ္စဒုက္ခအနတ္တ အသုဘာကာရသမူဟာနုပဿီ၊ အနိစ္စဒုက္ခအနတ္တအသုဘဟူသော အခြင်းအရာအပေါင်းကို အဖန်တလဲလဲ ရှု၏။
ဣတိ အယံ၊ လျှင်။
အတ္ထော၊ တည်း။
အထ ဝါ၊ ကား။
မဟာသတိပဋ္ဌာနေ၊ မဟာသတိပဋ္ဌာနသုတ်၌။
အဿာသမဿာသာဒိစုဏ္ဏိကဇာတအဋ္ဌိကပရိယောသာနော၊ ထွက်သက်ဝင်သက်အစရှိသော မှုန့်မှုန့်ညက်ညက်ဖြစ်၍ ဖရိုဖရဲဖြစ်သော အရိုးအဆုံးရှိသော။
ယွာယံ ယော အယံ ကာယော စ၊ ကိုလည်း။
ဝုတ္တော၊ ၏။
"ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စော၊ အချို့သော ပုဂ္ဂိုလ်သည်။
ပထဝီကာယံ၊ ပထဝီဓာတ်အပေါင်းကို။
အနိစ္စတော၊ အားဖြင့်။
အနုပဿတိ၊ အဖန်တလဲလဲ ရှု၏။
အာပေါကာယံ၊ အာပေါဓာတ်အပေါင်းကို။
တေဇောကာယံ၊ ကို။
ဝါယောကာယံ၊ ကို။
ကေသကာယံ၊ ဆံအပေါင်းကို။
လ၊ အဋ္ဌိမိဉ္ဇကာယံ၊ ခြင်ဆီအပေါင်းကို။
အနိစ္စတော၊ အားဖြင့်။
အနုပဿတိ၊ ၏"။
ဣတိ၊ ဤသို့။
ပဋိသမ္ဘိဒါယံ၊ ၌။
ယော စ ကာယော၊ ကိုလည်း။
ဝုတ္တော၊ ၏။
သဗ္ဗဿ၊ သော။
တဿ ကာယဿ၊ ထိုရူပကာယ အပေါင်း၏။
ဣမသ္မိံယေဝ ကာယေ၊ ဤရူပကာယ၌သာလျှင်။
အနုပဿနတော၊ အဖန်တလဲလဲရှုသောကြောင့်။
ဝါ၊ ရှုသောအားဖြင့်။
ကာယေ၊ ရူပကာယ၌။
ကာယာနုပဿီ၊ ရူပကာယကို အဖန်တလဲလဲ ရှု၏။
ဣတိ ဧဝမ္ပိ၊ သို့လည်း။
ဧတ္ထ၊ ဤကာယေ ကာယာနုပဿီ ဟူသော ပါဠိ၌။
အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊ ၏။
အထ ဝါ၊ ကား။
ကာယေ၊ ၌။
အဟန္တိ ဝါ၊ ဟူ၍လည်းကောင်း။
မမန္တိ ဝါ၊ ဟူ၍လည်းကောင်း။
ဂဟေတဗ္ဗဿ၊ အပ်သော။
ကဿစိ၊ ကို။
အနနုပဿနတော၊ အား။
ဝါ၊ ကြောင့်။
ကေသလောမာဒိကဿ၊ သော။
တဿ ပန နာနာဓမ္မသမူဟဿ၊ ကို။
အနုပဿနတော၊ သူအား။
ဝါ၊ ခြင်းကြောင့်။
ကေသာဒိဓမ္မသမူဟသင်္ခါတော၊ သော။
ကာယေ၊ ၌။
ကာယာနုပဿီ၊ မည်၏။
ဣတိ အယံ အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊ ၏။
**ယခုအခါ ခုနစ်ပါးသော အနုပဿနာတို့၏ သရုပ်အားဖြင့်လည်းကာယာနုပဿနာကို ပြအံ့သောငှာ 'အပိ စ' အစရှိသည်ကို မိန့်သတည်း။**
အပိစ အပရော နယော၊ နည်းတစ်ပါးကို။
မယာ၊ သည်။
ဝုစ္စတေ၊ အပ်၏။
"ဣမသ္မိံ ကာယေ၊ ၌။
အနိစ္စတော၊ အားဖြင့်။
အနုပဿတိ၊ ၏။
နိစ္စတော၊ အားဖြင့်။
နော အနုပဿတိ၊ မရှု"။
ဣတိ အာဒိနာ၊ ဖြင့်။
အနုက္ကမေန၊ အစဉ်အားဖြင့်။
ပဋိသမ္ဘိဒါယံ၊ ၌။
အာဂတနယဿ၊ လာသော နည်းရှိသော။
တစ်နည်းကား-အာဂတနယဿ၊ လာသောနည်း၏။
ဝသေန၊ ဖြင့်။
သဗ္ဗဿေဝ၊ သော။
အနိစ္စလက္ခဏာဒိကဿ၊ အနိစ္စအစရှိသော လက္ခဏာရှိသော။
အာကာရသမူဟသင်္ခါတဿ၊ အခြင်းအရာအပေါင်း-ဟု ဆိုအပ်သော။
ဝါ၊ အနိစ္စအစရှိသောအခြင်းအရာအပေါင်း၏ ပရိယာယ်ဖြစ်သော။
ကာယဿ၊ ရူပကာယကို။
အနုပဿနတော၊ ရှုသောကြောင့်။
ဝါ၊ ရှုသောအားဖြင့်။
ကာယေ၊ ၌။
ကာယာနုပဿီ၊ ၏။
ဣတိ အယံ၊ လျှင်။
အတ္ထော၊ တည်း။ဝိဟရာဟီတိ၊ ကား။
ဝတ္တာဟိ၊ နေလော့။
အာတာပီတိ၊ ကား။
တီသု၊ ကုန်သော။
ဘဝေသု၊ တို့၌။
ကိလေသေ၊ တို့ကို။
အာတာပေတိ၊ ပူလောင်စေတတ်၏။
ဣတိ တသ္မာ၊ ကြောင့်။
အာတာပေါ၊ မည်၏။
အဿ၊ ထိုရဟန်းအား။
သော အာတာပေါ၊ ထိုကိလေသာတို့ကို ပူလောင်စေတတ်သော လုံ့လသည်။
အတ္ထိ၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။
အာတာပီ၊ မည်၏။
သမ္ပဇာနောတိ၊ ကား။
သမ္ပဇညသင်္ခါတေန၊ သမ္ပဇညဟု ဆိုအပ်သော။
ဉာဏေန၊ နှင့်။
သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍။
သတိမာတိ၊ ကား။
ကာယပရိဂ္ဂါဟိကာယ၊ ရူပကာယကို သိမ်းဆည်းတတ်သော။
သတိယဦ၊ နှင့်။
သမန္နာဂတော၊ ၍။
'ကာယေ ကာယာနုပဿီ ဝိဟရာ'ဟူ၍ ဆိုက မပြီးကောင်းပါသလော။ အဘယ့်ကြောင့် 'အာတာပီ သမ္ပဇာနော သတိမာ'ဟူ၍လည်း ဆိုပြန်သနည်းဟု စောဒနာပုစ္ဆာ ရှိရာသောကြောင့် ထိုစောဒနာကို ဖြေအံ့သောငှာ 'အယံ ပန'အစရှိသော ပါဌ်ကို မိန့်သတည်း။
သတိဖြင့် အာရုံကို မသိမ်းဆည်းဘဲလည်း ရှုခြင်းကိစ္စ မပြီးကောင်းပါသလော စုဒ်ရှိရကား 'န ဟိ'စသည်ကို ဆိုသော်။
အယံ ပန၊ ဤရဟန်းသည်ကား။
ယသ္မာ၊ ကြောင့်။
သတိယာ၊ ဖြင့်။
အာရမ္မဏံ၊ ကို။
ပရိဂ္ဂဟေတွာ၊ ၍။
ပညာယ၊ ဖြင့်။
အနုပဿတိ၊ ၏။
ဟိ၊ စွ။
သတိဝိရဟိတာ၊ သတိမှ ကင်းသော။
အနုပဿနာ၊ ရှုခြင်းသည်။
န အတ္ထိ၊ မရှိ။
တေနေဝ၊ ကြောင့်သာလျှင်။
"သတိံ စ ၊လ၊ ဝဒါမီ"တိ၊ ဟူ၍။
အာဟ၊ ၏။
"ဘိက္ခဝေ၊ တို့။
ခေါ၊ စင်စစ်။
သတိံ စ၊ သတိကို။
သဗ္ဗတ္ထိကံ၊ အလုံးစုံသော တွန့်တိုသော စိတ်, ပျံ့လွင့်သော စိတ်၌အလိုရှိအပ်၏ဟူ၍။
ဝါ၊ တွန့်ခြင်း ပြန့်လွင့်ခြင်း ဖြစ်သော အခါ၌ အလုံးစုံပွားစေအပ်သော ဗောဇ္ဈင်တို့ကို အလိုရှိကြောင်းဖြစ်သော တရားဟူ၍။
အဟံ၊ သည်။
ဝဒါမိ၊ ဟောတော်မူ၏"။
အနာတာပိနော စ၊ လုံ့လ မရှိသောသူအားလည်း။
အန္တောသင်္ကောစော၊ အတွင်း၌ တွန့်တိုခြင်းသည်။
အန္တရာယကရော၊ ကမ္မဋ္ဌာန်း၏ အန္တရာယ်ကို ပြုတတ်သည်။
ဟောတိ၊ ဖြစ်၏။
**အဘယ်သို့ အန္တရာယ်ပြုသနည်းစောဒနာကြောင့် 'ကမ္မဋ္ဌာနံ န သမ္ပဇ္ဇတိ'ဟု ဆိုပြန်သော်။**
ကမ္မဋ္ဌာနံ၊ သည်။
န သမ္ပဇ္ဇတိ၊ မပြည့်စုံ။တသ္မာ၊ ကြောင့်။
ယေသံ ဓမ္မာနံ၊ အကြင်ဝီရိယပညာသတိတရားတို့၏။
အာနုဘာဝေန၊ ဖြင့်။
ဝါ၊ ကြောင့်။
တံ ကမ္မဋ္ဌာနံ၊ သည်။
သမ္ပဇ္ဇတိ၊ ၏။
တံ ဒဿနတ္ထံ၊ ထိုဝီရိယပညာသတိတရားကို ပြအံ့သောငှာ။
"အာတာပီ"တိ အာဒိ၊ ကို။
ဝုတ္တံ၊ ၏။
တတ္ထ ဝစနေ၊ ၌။
ဝိနေယျာတိ၊ ကား။
တဒင်္ဂဝိနယေန ဝါ၊ တဒင်္ဂအားဖြင့်ဖျောက်ခြင်းဖြင့်လည်းကောင်း။
ဝိက္ခမ္ဘနိဝိနယေန ဝါ၊ ဝိက္ခမ္ဘနအားဖြင့်ဖျောက်ခြင်းဖြင့်လည်းကောင်း။
ဝိနယိတွာ၊ ဖျောက်၍။
လောကေတိ၊ ကား။
တသ္မိံယေဝ ကာယေ၊ ထိုရူပကာယ၌ပင်လျှင်။
**သတ္တလောကစသည်သာ လောကမည်ကောင်းသည် မဟုတ်လော စုဒ်ရှိရာသောကြောင့် 'ကာယော ဟိ'စသည်ကို ဆိုသတည်း။**
ဟိ၊ စွ။
ကာယော၊ ကို။
ဣဓ၊ ၌။
လုဇ္ဇနပလုဇ္ဇနဋ္ဌေန၊ ပျက်တတ်, အပြားအားဖြင့်ပျက်တတ်သော သဘောကြောင့်။
လောကောတိ၊ ဟူ၍။
အဓိပ္ပေတော၊ ၏။ဧတ္ထ၊ ဤပါဠိ၌။
အဘိဇ္ဈာဂ္ဂဟဏေန၊ အဘိဇ္ဈာကို ယူသဖြင့်။
ဝါ၊ အဘိဇ္ဈာသဒ္ဒါဖြင့်။
ကာမစ္ဆန္ဒော၊ ကို။
ဂဟိတော၊ ၏။
ဒေါမနဿဂ္ဂဟဏေန၊ ဖြင့်။
ဗျာပါဒေါ၊ ကို။
ဂဟိတော၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။
နီဝရဏေသု၊ တို့တွင်။
ဗလဝဓမ္မဒွယပ္ပဟာနဒဿေနေန၊ အားကြီးသော တရားနှစ်ပါးတို့၏ အပေါင်းကို ပယ်ခြင်းကို ပြသဖြင့်။
နီဝရဏပ္ပဟာနံ၊ နီဝရဏကို ပယ်ခြင်းကို။
ဝုတ္တံ၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။
ကာယာနုပဿနာသတိပဋ္ဌာနဿ၊ ၏။
(ဋ္ဌ၊ ၉၇) ပဟာနင်္ဂံ၊ ပယ်အပ်သော အင်္ဂါကို။
ဒဿိတံ၊ ၏။
"အာတာပီ"တိ အာဒိ၊ ကို။
ဝုတ္တံ၊ ၏။
**ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ-ဟူသော ပါဌ်ဖြင့် အဘိဇ္ဈာဒေါမနဿကို ဖျောက်ခြင်းကိုသာ ဟောသည် မဟုတ်တုံလော။ ယင်းသို့လျက် ဝိနေယျ ။လ။ သမာဓိန္ဒြိယံ-ဟု ဆိုတော်မူလေသည်ကား မသင့်လေသည်-ဟု စောဒနာရှိရာသောကြောင့် 'တတ္ထ' အစရှိသော ပါဌ်ကို မိန့်သတည်း။**
တတ္ထ၊ ထိုပါဠိ၌။
အဘိဇ္ဈာဒေါမနဿာနံ၊ တို့၏။
သမထော၊ သည်။
ဥဇုပဋိပက္ခော၊ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ကြောင့်။
အဘိဇ္ဈဒေါမနဿဝိနယော၊ အဘိဇ္ဈာဒေါမနဿကို ဖျောက်ခြင်းကို။
ဝုစ္စမာနော၊ ဟောအပ်သည်ရှိသော်။
တစ်နည်းကား-ဝုစ္စမာနော၊ သော။
အဘိဇ္ဈာဒေါမနဿဝိနယော၊ သည်။
သမာဓိန္ဒြိယံ၊ ကို။
ဒီပေတိ၊ ၏။ဣတိ တသ္မာ၊ ကြောင့်။
ဝိနေယျ ၊လ၊ သမာဓိန္ဒြိယ"န္တိ၊ ဟူ၍။
အာဟ၊ ဟောတော်မူလေသတည်း။
ဧကလက္ခဏတ္တာ စတုန္နံ ဣန္ဒြိယာနန္တိ ဧတ္ထ၊ ၌ (အတ္ထောသို့ စပ်)။
ဝီရိယပညာသမာဓိန္ဒြိယေဟိ၊ ဝီရိယိန္ဒြေ ပညိန္ဒြေ သမာဓိန္ဒြေတို့ဖြင့်။
ကာယာနုပဿနာသတိပဋ္ဌာနံ၊ သည်။
ဣဇ္ဈတိ ယထာ၊ ပြည့်စုံသကဲ့သို့။
ဧဝံ တထာ၊ တူ။
ဝေဒနာစိတ္တဓမ္မာနုပဿနာသတိပဋ္ဌာနာနိပိ၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မနုပဿနာသတိပဋ္ဌာန်တို့သည်လည်း။
တေဟိ၊ = ထိုဝီရိယိန္ဒြေ ပညိန္ဒြေ သမာဓိန္ဒြေတို့ဖြင့်။
ဣဇ္ဈန္တိ၊ ကုန်၏။
ဣတိ တသ္မာ၊ ကြောင့်။
စတုသတိပဋ္ဌာနသာဓန၊ လေးပါးသော သတိပဋ္ဌာန်တို့ကို ပြီးစေခြင်း၌။
ဣမေသံ ဣန္ဒြိယာနံ၊ ဤဝီရိယအစရှိသော ဣန္ဒြေတို့၏။
သဘာဝဘေဒါဘာဝတော၊ သဘောကွဲပြားခြင်း မရှိသည်၏အဖြစ်ကြောင့်။
သမာနလက္ခဏတ္တာ၊ တူသောလက္ခဏာ ရှိသည်၏အဖြစ်ကြောင့်။
ဣတရာနိ သတိပဋ္ဌာနာနိပိ၊ ကာယာနုပဿနာသတိပဋ္ဌာန်မှတစ်ပါးသော သတိပဋ္ဌာန်တို့ကိုလည်း။
ဝုတ္တာနိ ဧဝ၊ ကုန်သည်သာလျှင်။
ဟောန္တိ၊ ကုန်၏။
ဣတိ အယံ၊ လျှင်။
အတ္ထော၊ တည်း။
၂၄. ဣဒါနိ၊ ၌။
သတိပဋ္ဌာနေသု၊ တို့ကို။
ဂဟိတေသု၊ ကုန်သည်ရှိသော်။
သဗ္ဗေသံ၊ ကုန်သော။
ဗောဓိပက္ခိယဓမ္မာနံ၊ တို့၏။
ဂဟိတဘာဝံ၊ ကို။
ဒဿေတုံ၊ ငှာ။
စတူသု သတိပဋ္ဌာနေသူတိ အာဒိ၊ ကို။
ဝုတ္တံ၊ ၏။
တတ္ထ ဝစနေ၊ ၌။
ဗောဓင်္ဂမာတိ၊ ကား။
ဗောဓံ အရိယမဂ္ဂဉာဏံ၊ သို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ဣတိ တသ္မာ၊ ကြောင့်။
ဗောဓင်္ဂမာ၊ မည်ကုန်၏။
ယထာဝုတ္တဿ၊ သော။
ဗောဓဿ၊ အရိယမဂ်၏။
ပက္ခေ၊ အဖို့၌။
ဘဝါ၊ ဖြစ်ကုန်၏။
ဣတိ တသ္မာ၊ ကြောင်ံ့။
ဗောဓိပက္ခိယာ၊ မည်ကုန်၏။
နေယျာနိကလက္ခဏေနာတိ ဧတ္ထ၊ ၌။
နိမိတ္တတော စ၊ နိစ္စအစရှိသော နိမိတ်မှလည်းကောင်း။
ပဝတ္တတော စ၊ ဝဋ်တရားမှလည်းကောင်း။
ဝုဋ္ဌာနံ၊ ထမြောက်ခြင်းသည်။
နိယျာနံ၊ မည်၏။
နိယျာနေ၊ ထွက်မြောက်ခြင်း၌။
နိယုတ္တာ၊ ယှဉ်ကုန်၏။
ဣတိ တသ္မာ၊ ကြောင့်။
နေယျာနိကာ၊ မည်ကုန်၏။
ကိမိဝ၊ အဘယ်ကဲ့သို့နည်း-ဟူမူကား။
ဒေါဝါရိကောတိ ယထာ၊ ဒေါဝါရိကော-ဟူသကဲ့သို့တည်း။
ဝါ၊ ကား။
နိယျာနသင်္ခါတံ၊ ထွက်မြောက်ခြင်းဟု ဆိုအပ်သော။
ဖလံ၊ အကျိုးကို။
အရဟန္တိ၊ ထိုက်ကုန်၏။
ဣတိ တသ္မာ၊ ကြောင့်။
နေယျာနိကာ၊ မည်ကုန်၏။
ဝါ၊ ကား။
ဧတေသံ ဓမ္မာနံ၊ တို့၏။
ဝါ၊ တို့အား။
နိယျာနံ၊ ထွက်မြောက်ခြင်းတည်းဟူသော။
ပယောဇနံ၊ အကျိုးသည်။
အတ္ထိ၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။
နေယျာနိကာ၊ မည်ကုန်၏။
"နိယျာနိကာ"တိပိ၊ ဟူ၍လည်း။
ပါဌော၊ သည်။
အတ္ထိ၊ ၏။
တတ္ထ၊ ထိုနိယျာနိကာဟူ၍ ရှိသောပါဌ်၌။
ဧတေသံ ဓမ္မာနံ၊ တို့အား။
နိယျာနံ၊ ထွက်မြောက်ခြင်းသည်။
အတ္ထိ၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။
နိယျာနိကာ၊ မည်ကုန်၏။
ဣတိ အယံ၊ လျှင်။
အတ္ထော၊ တည်း။
"နိယျာနိယာ"တိပိ၊ လည်း။
ပါဌော၊ သည်။
အတ္ထိ၊ ရှိသေး၏။
တဿ၊ ထိုနိယျာနိယာဟူသော ပါဌ်၏။
နိယျန္တိ၊ ထွက်မြောက်ကုန်၏။
ဣတိ တသ္မာ၊ ကြောင့်။
နိယျာနိယာ၊ မည်ကုန်၏။
ဣတိ၊ ဤသို့။
အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊ ကို။
နိယျာနိက သဘာဝေန၊ ထွက်မြောက်ခြင်း၌ ယှဉ်သော သဘောအားဖြင့်။
ဧဝံ အကုသလာပိ ဓမ္မာတိ၊ ကား။
ကုသလာ ဓမ္မာ၊ တို့ကို။
ဧကလက္ခဏဘာဝေန၊ တူသောလက္ခဏ ရှိသည်၏အဖြစ်ဖြင့်။
နိဒ္ဓါရိတာ ယထာ၊ ကဲ့သို့။
ဧဝံ တထာ၊ တူ။
အကုသလာပိ ဓမ္မာ၊ တို့ကိုလည်း။
ဧကလက္ခဏဋ္ဌေန၊ တူသောလက္ခဏာရှိသည်၏ အဖြစ်ဖြင့်။
ဝါ၊ ကြောင့်။
နိဒ္ဓါရေတဗ္ဗာ၊ ကုန်၏။
ကထံ နိဒ္ဓါရေတဗ္ဗာ၊ အဘယ်သို့ ထုတ်အပ်ကုန်သနည်း။
ပဟာနေကဋ္ဌတာဝသေန၊ ပယ်သောအားဖြင့်တူသော တည်ရာရှိသည်၏အဖြစ်၏အစွမ်းအားဖြင့်။
နိဒ္ဓါရေတဗ္ဗာ၊ ကုန်၏။
ဣတိ၊ ဤသို့။
ဒဿေန္တော၊ ၍။
"ပဟာနံ အဗ္ဘတ္ထံ ဂစ္ဆန္တီ"တိ၊ ဟူ၍။
အာဟ၊ ၏။
ဣဒါနိ၊ ၌။
တံ ပဟာနံ၊ ထိုပယ်ခြင်းကို။
ဒဿေတုံ၊ ငှာ။
"စတူသု သတိပဋ္ဌာနေသူ"တိ အာဒိ၊ ကို။
ဝုတ္တံ၊ ၏။
တတ္ထ ဝစနေ၊ ၌။
ကာယာနုပဿနာဒီသု၊ ကုန်သော။
စတူသုသတိပဋ္ဌာနေသု၊ တို့ကို။
ဘာဝိယမာနေသု၊ ကုန်သည်ရှိသော်။
အသုဘေ သုဘန္တိအာဒယော၊ ကုန်သော။
စတ္တာရော၊ ကုန်သော။
ဝိပလ္လာသာ၊ တို့ကို။
ပဟီယန္တိ၊ ပယ်အပ်ကုန်၏။
ကဗဠီကာရာဟာရာဒယော၊ ကုန်သော။
စတ္တာရော၊ ကုန်သော။
အာဟာရာ စ၊ တို့သည်လည်း။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ပရိညံ၊ ပိုင်းခြား၍ သိခြင်းသို့။
ဂစ္ဆန္တိ၊ ကုန်၏။
တေသံ၊ ထိုအာဟာရတို့ကို။
ပရိဇာနနဿ၊ ပိုင်းခြား၍ သိခြင်း၏။
ပရိဗန္ဓိနော၊ ဘေးရန်ဖြစ်ကုန်သော။
ကာမရာဂါဒယော၊ တို့သည်။
ဗျန္တီကတာ၊ ကင်းခြင်းကို ပြုကုန်သည်။
ဟောန္တိ၊ ကုန်၏။
ဣတိ အယံ၊ လျှင်။
အတ္ထော၊ တည်း။
ကသ္မာ၊ ကား။
တေဟိ၊ ထိုဝိပလ္လာသတို့နှင့်။
ပဟာတဗ္ဗဘာဝေန၊ ပယ်အပ်သည်၏အဖြစ်ဖြင့်။
ဧကလက္ခဏတ္တာ၊ ကြောင့်တည်း။
ဣတိ ဧဝံ၊ သို့။
သဗ္ဗတ္ထ၊ အလုံးစုံသော'ဥပါဒါနေဟိ အနုပါဒါနော'အစရှိသော ပုဒ်တို့၌။
အတ္ထော၊ ကို။
ယောဇေတဗ္ဗော၊ ၏။
တေနေဝ၊ ကြောင့်သာလျှင်။
"ဧဝံ ၊လ၊ ဂစ္ဆန္တီ"တိ၊ ဟူ၍။
အာဟ၊ ၏။
(ဋ္ဌ၊ ၉၈) ဣဒါနိ၊ ၌။
အညေန၊ သော။
ပရိယာယေန၊ ပရိယာယ်ဖြင့်။
လက္ခဏဟာရဿ၊ ၏။
ဥဒါဟရဏာနိ၊ ဥဒါဟရုဏ်တို့ကို။
ဒဿေတုံ၊ ငှာ။
"ယတ္ထ ဝါ ပနာ"တိ အာဒိ၊ ကို။
ဝုတ္တံ၊ ၏။
တတ္ထ ဝစနေ၊ ၌။
ယတ္ထာတိ၊ ကား။
ယဿံ ဒေသနာယံ၊ ၌။
ဝါ-သဒ္ဒေါ၊ သည်။
ဝိကပ္ပနတ္ထော၊ အထူးကြံခြင်းအနက်ရှိ၏။
ပနာတိ သဒ္ဒေါ၊ သည်။
ပဒပူရဏော၊ သော။
နိပါတော၊ တည်း။
ရူပိန္ဒြိယန္တိ၊ ကား။
ရုပ္ပနသဘာဝံ၊ ဖောက်ပြန်ခြင်းသဘောရှိသော။
အဋ္ဌဝိဓံ၊ သော။
ဣန္ဒြိယံ၊ ကို။
တတ္ထာတိ၊ ကား။
တဿံ ဒေသနာယံ၊ ၌။
ရူပဓာတူတိ၊ ကား။
ရုပ္ပနသဘာဝါ၊ ကုန်သော။
ဒသဓာတုယော၊ တို့ကို။
ရူပါယတနန္တိ၊ ကား။
ရုပ္ပနသဘာဝံ၊ သော။
ဒသာယတနံ၊ ကို။
**ဝဏ္ဏာယတနကိုသာ ယူလေရာသောကြောင့် 'ရူပီနိ'စသည်ကို မိန့်သော်။ ရုပ်ဣန္ဒြေကို ဟောသော ဒေသနာ၌ အဘယ်ကြောင့် ရူပဓာတ် ရူပါယတနဟု ဆိုအပ်သော ဆယ်ပါးသော အာယတနတို့ကို ဟောအပ်လေကုန်သနည်း အမေးရှိရကား 'ရုပ္ပနလက္ခဏေန'စသည်ကို မိန့်သတည်း။**
ရူပီနိ၊ ဖောက်ပြန်ခြင်းသဘောရှိကုန်သော။
ဒသာယတနာနိ၊ တို့ကို။
ဣတိ အယံ၊ လျှင်။
အတ္ထော၊ တည်း။ရုပ္ပနလက္ခဏေန၊ ဖောက်ပြန်ခြင်းလက္ခဏာအားဖြင့်။
ဧကလက္ခဏတ္တာ၊ ကြောင့်။
ဣမာနိ၊ ဤဆယ်ပါးသော အာယတနတို့ကို။
ဒေသိတာနိ၊ ကုန်၏။
ဣတိ အယံ၊ ကား။
အဓိပ္ပါယော၊ တည်း။
တတ္ထ၊ ၌။
သုခိန္ဒြိယဉ္စ၊ ကိုလည်းကောင်း။
သောမနဿိန္ဒြိယဉ္စ၊ ကိုလည်းကောင်း။
သုခဝေဒနာဘာဝေန၊ သုခဝေဒနာ၏ အဖြစ် အားဖြင့်။
ဧကလက္ခဏတ္တာ၊ ကြောင့်။
ဒေသိတံ၊ ၏။
ဣတိ အယံ၊ ကား။
အဓိပ္ပါယော၊ တည်း။
ဒုက္ခသမုဒယော စ အရိယသစ္စန္တိ ဣဒံ ဝစနံ၊ ကို။
အကုသလဿ၊ သော။
သောမနဿဿ၊ ၏။
ဝသေန၊ ဖြင့်။
ဝုတ္တံ၊ ၏ (အလုံးစုံသော သောမနဿ၏အစွမ်းအားဖြင့် ဆိုသည် မဟုတ်ဟူလိုသော်)။
သာသဝကုသလဿ၊ အာသဝေါ၏ အာရုံကုသိုလ် ဖြစ်သော။
သောမနဿဿာပိ၊ ၏လည်း (သောမနဿကိုလိုက်စေသည်)။
ဝသေန၊ ဖြင့်။
ယုဇ္ဇတိ ဧဝ၊ သင့်သလျှင်ကတည်း။
သဗ္ဗော၊ သော။
ပဋိစ္စသမုပ္ပါဒေါ စ၊ ကိုလည်း။
ဒေသိတော၊ ၏။
ဣတိ၊ ဤသို့။
သမ္ဗန္ဓော၊ စပ်ခြင်းကို။
ကာတဗ္ဗော၊ ၏။
ကသ္မာ၊ ကြောင့်။
ဒေသိတော၊ နည်းဟူမူကား။
အဒုက္ခမသုခါယ၊ အဒုက္ခမသုခဖြစ်သော။
ဝေဒနာယ၊ ၌။
အဝိဇ္ဇနုသယိတတ္တာ၊ အဝိဇ္ဇာကိန်းဝပ်သည်၏အဖြစ်ကြောင့်။
သဗ္ဗော၊ သော။
ပဋိစ္စသမုပ္ပါဒေါ စ၊ ကိုလည်း။
ဒေသိတော၊ ၏ (ဤသို့ သမ္ဗန်)။
ဟိ သစ္စံ၊ ၏။
"အဒုက္ခမ ၊လ၊ အနုသေတီ"တိ၊ ဟူ၍။
ဧတံ ဝစနံ၊ ကို။
ဝုတ္တံ၊ ၏။
"အဒုက္ခမသုခါယ၊ သော။
ဝေဒနာယ၊ ၌။
အဝိဇ္ဇနုသယော၊ သည်။
အနုသေတိ၊ ကိန်းဝပ်၏။"
မိမိစကားကို တစ်ပါးသော ပါဠိဖြင့် ပြီးစေပြီး၍ ဤနေတ္တိပါဠိဖြင့် ပြီးစေလိုပြန်ရကား 'တထာ စ' အစရှိသော ပါဌ်ကို မိန့်သတည်း။
ယင်းသို့ အဒုက္ခမသုခါယ ဟိ ဝေဒနာယ အဝိဇ္ဇာ အနုသေတိ-ဟူသော ဧသာ အဒုက္ခမသုခဝေဒနာကို ဟောသောဒေသနာ၌ အဝိဇ္ဇာ၏ ကိန်းခြင်းကိုသာ မဟောအပ်ကောင်းပါသလော။ အဘယ်သို့ အလုံးစုံသော ပဋိစ္စသမုပ္ပါဒ်ကို ဟောအပ်သနည်း အမေးပုစ္ဆာရှိရကား 'ဧတေန' စသည်ကို မိန့်သတည်း။
တထာ စ၊ ထိုမှတစ်ပါးလည်း။
"အဒုက္ခမ ၊လ၊ အနုသေတီ"တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။
ဧတေန၊ ဤ'အဒုက္ခမသုခါယ ဟိ'အစရှိသော ပါဌ်ဖြင့်။
အဒုက္ခာမသုခဝေဒနာဂ္ဂဟဏေန၊ အဒုက္ခမသုခဝေဒနာကိုယူသဖြင့်။
အဝိဇ္ဇာ၊ ကို။
ဂဟိတာ၊ ၏။
ဣတိ၊ ဤသို့။
ဒဿေတိ၊ ၏။
ယင်းသို့ အဝိဇ္ဇာကို ယူအပ်ပါသော် အဝိဇ္ဇာကို ဟော၏ဟုသာ မဆိုကောင်း ပါသလော။ အသို့မူ၍ အလုံးစုံသော ပဋိစ္စသမုပ္ပါဒ်ကို ဟောအပ်၏ဟု ဆိုသနည်း စောဒနာရှိရကား 'သတိ'အစရှိသော ပါဌ်ကို မိန့်သတည်း။
တစ်နည်းကား-အဒုက္ခမသုခါယ ဟိ ဝေဒနာယ အဝိဇ္ဇာ အနုသေတိ-သာဆိုက မပြီးကောင်းပါသလော။ အသို့မူ၍ 'အဝိဇ္ဇပစ္စယာ' စသည်ကို ဆိုသနည်း စုဒ်ရှိရကား 'သတိ စ' စသည်ကို မိန့်သော်။
အဝိဇ္ဇာဂ္ဂဟဏေ၊ အဝိဇ္ဇာကို ယူခြင်းသည်။
သတိ စ၊ ရှိသော်လည်း။
သဗ္ဗော၊ သော။
ပဋိစ္စသမုပ္ပါဒေါ၊ ကို။
ဒေသိတော၊ ၏။
ဣတိ၊ ဤသို့။
ဒဿေတုံ၊ ငှာ။
"အဝိဇ္ဇာပစ္စယာ သင်္ခါရာ"တိ အာဒိ၊ ဝုတ္တံ= ၏။
သော စာတိ ဧတ္ထ၊ ၌။
စ
သဒ္ဒေါ၊ သည်။
ဗျတိရေကတ္ထော၊ ဗျတိရေကအနက်ရှိ၏။
ဝါ၊ အနုလောမပဋိစ္စသမုပ္ပါဒ်၏ဆန့်ကျင်ဘက်ဖြစ်သော ပဋိလောမပဋိစ္စသမုပ္ပါဒါဟူသော အနက်ကို ဆည်းခြင်းအနက်ရှိ၏။
တေန၊ ထိုစသဒ္ဒါဖြင့်။
သော ပဋိစ္စသမုပ္ပါဒေါ၊ သည်။
အနုလောမပဋိလောမဝသေန၊ အားဖြင့်။
ဒုဝိဓော၊ ၏။
ဣတိ၊ ဤသို့။
ဣမံ ဝက္ခမာနဝိသေသံ၊ ဆိုလေအံ့သောအထူးကို။
ဇောတေတိ၊ ပြ၏။
**ထိုနှစ်ပါးတို့တွင် အဘယ်သည် အနုလောမပဋိစ္စသမုပ္ပါဒ်၊ အဘယ်သည် ပဋိလောမပဋိစ္စသမုပ္ပါဒ်ပါနည်းဟု အမေးပုစ္ဆာရှိရကား 'တေသု'အစရှိသော ပါဌ်ကို မိန့်သော်။**
တေသု၊ ထိုနစ်ပါးသော ပဋိစ္စသမုပ္ပါဒ်တို့တွင်။
ယထာဒဿိတော၊ အကြာင်သို့သောအခြင်းအရာအားဖြင့် ပြအပ်ပြီးသော (အဝိဇ္ဇာပစ္စယာ စသည်ဖြင့် ဆိုပြီးသည်ကို ယူ)။
'သရာဂ ၊လ၊ ဟာတဗ္ဗော'တိ၊ ဟူ၍။
ဝုတ္တော၊ ဆိုအပ်သော ပဋိစ္စသမုပ္ပါဒ်သည်။
အနုလောမတော၊ အားဖြင့်။
ပဝတ္တော၊ သော။
ပဋိစ္စသမုပ္ပါဒေါ၊ မည်၏။
အဝိဇ္ဇာယတွေဝ ၊လ၊ အာဒိနာ၊ ဖြင့်။
ပါဠိယံ၊ ၌။
ယော ပဋိစ္စသမုပ္ပါဒေါ၊ ကို။
ဝုတ္တော၊ ၏။
သော ပန ပဋိစ္စသမုပ္ပါဒေါ၊ သည်ကား (ပဋိလောမတော ပန၌ ပနသဒ္ဒါကို 'သော' ဟူသော ပါဌသေသနိယတ်နှင့် ယှဉ်ပေးသည်)။
ပဋိလောမတော၊ အားဖြင့်။
ပဝတ္တော၊ သော။
ပဋိစ္စသမုပ္ပါဒေါ၊ မည်၏။
**'အဝိဇ္ဇယတွေဝ' အစရှိသည်ဖြင့် ဟောအပ်သော ပဋိစ္စသမုပ္ပါဒ်သည်ပဋိလောမပဋိစ္စသမုပ္ပါဒ် မည်သောဟူ၏။ 'အဝိဇ္ဇာယတွေဝ' စသည်ဖြင့် ဤဟာရဝိဘင်း၌ မဟောခဲ့။ ယင်းသို့ မဟောသော် 'တေန ။လ။ ဝိသေသံ ဇောတေတိ'-ဟု ဆိုသော ဆရာ့စကား မသင့်ခဲ့ စောဒနာရှိရကား 'တံ သန္ဓာယ ဝုတ္တံ' စသည်ကို မိန့်သတည်း။**
တံ၊ ထိုပဋိလောမပဋိစ္စသမုပ္ပါဒ်ကို။
သန္ဓာယ၊ ၍။
"ဝီတရာဂ ၊လ၊ ဟာတဗ္ဗော"တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။
တစ်နည်းကား-တေသု၊ တို့တွင်။
အနုလောမတော၊ အားဖြင့်။
ပဝတ္တော၊ သော။
ပဋိစ္စသမုပ္ပါဒေါ၊ ကို။
"သရာဂ ၊လ၊ ဟာတဗ္ဗော"တိ၊ ဟူ၍။
ဝုတ္တော၊ ၏။
"အဝိဇ္ဇယတွေဝ ၊လ၊ နိရောဓော"တိ အာဒိနာ၊ ဖြင့်။
ပါဠိယံ၊ ၌။
ဝုတ္တော၊ သော။
ပဋိလောမတော၊ အားဖြင့်။
ပဝတ္တော၊ သေည။
ယော ပန ပဋိစ္စသမုပ္ပါဒေါ၊ သည်ကား။
အတ္ထိ၊ ၏။
တံ၊ ထိုပဋိလောမပဋိစ္စသမုပ္ပါဒ်ကို။
သန္ဓာယ၊ ၍။
"ဝီတရာဂ ၊လ၊ ဟာတဗ္ဗော"တိ၊ ဟူ၍။
ဝုတ္တံ၊ ၏။ဣဒါနိ၊ ဧကလက္ခဏတာဝိဘာဝနေန= တူသောလက္ခဏာရှိသည်၏ အဖြစ်ကိုပြသဖြင့်။
လက္ခဏဟာရယောဇနာယ၊ လက္ခဏဟာရကို ယှဉ်ခြင်း၌။
နယံ၊ ကို။
ဒဿေတုံ၊ ငှာ။
"ဧဝံ ယေ ဓမ္မာ"တိ အာဒိ၊ ကို။
ဝုတ္တံ၊ ၏။
တတ္ထ ဝစနေ၊ ၌။
ကိစ္စတောတိ၊ ကား။
ပထဝီအာဒီနဉ္စ၊ ပထဝီဓာန်အစရှိသည်လည်းဖြစ်ကုန်သော။
ဖဿာဒီနဉ္စ၊ ကုန်သော။
ရူပါရူပဓမ္မာနံ၊ တို့၏။
သန္ဓာရဏသင်္ဃဋ္ဋနာဒိကိစ္စတော၊ ခိုင်ခန့်စေခြင်း ထောက်ပင့်ခြင်း ထိပါးခြင်း အစရှိသော ကိစ္စအားဖြင့်။
ဝါ၊ ကား။
တေသံ တေသံ ပစ္စယဓမ္မာနံ၊ ထိုထိုသို့သော ပစ္စည်းတရားတို့၏။
တံ တံ ပစ္စယုပ္ပန္နဓမ္မဿ၊ ထိုထိုသို့သော ပစ္စယုပ္ပန်တရားအား။
ပစ္စယဘာဝသင်္ခါတကိစ္စတော၊ ကျေးဇူးပြုသည်၏အဖြစ်ဟု ဆိုအပ်သော ကိစ္စအားဖြင့်။
လက္ခဏတောတိ၊ ကား။
ကက္ခဠဖုသနာဒိသဘာဝတော၊ ကက္ခဠအစရှိသော သဘော, ဖုသနအစရှိသော သဘောအားဖြင့်လည်းကောင်း။
သာမညတောတိ၊ ကား။
ရုပ္ပနနမနာဒိတော စ၊ ရုပ္ပန, နမနအစရှိသောအားဖြင့်လည်းကောင်း။
အနိစ္စတာဒိတော စ၊ အားဖြင့်လည်းကောင်း။
ခန္ဓာယတနာဒိတော စ၊ အားဖြင့်လည်းကောင်း။
စုတူပပါတတောတိ၊ ကား။
သင်္ခတဓမ္မာနံ၊ တို့၏။
ဘင်္ဂတော စ၊ ပြောင်းရွေ့ပျက်စီးသောအားဖြင့်လည်းကောင်း။
ဥပ္ပါဒတော စ၊ ဖြစ်သောအားဖြင့်လည်းကောင်း။
**ထိုနှစ်ပုဒ်ကို ဖွင့်လိုရကား 'သမာန' စသည်ကို ဆိုသတည်း။**
သမာနနိရောဓတော စ၊ တူသောချုပ်ခြင်းအားဖြင့်လည်းကောင်း။
သမာနုပ္ပါဒတော စ၊ တူသော ဖြစ်ခြင်းအားဖြင့်လည်းကောင်း။
(ဋ္ဌ၊ ၉၉) ဣတိ အယံ၊ လျှင်။
အတ္ထော၊ တည်း။ဧတ္ထ စ၊ ဤ'ကိစ္စတော စ' အစရှိသော ပါဌ်၌လည်း။
သဟစရဏံ၊ တကွဖြစ်ခြင်းလည်းကောင်း။
သမာနဟေတုတာ၊ တူသောအကြောင်း ရှိသည်၏အဖြစ်လည်းကောင်း။
သမာနဖလတာ၊ တူသော အကျိုးရှိသည်၏ အဖြစ်လည်းကောင်း။
သမာနဘူမိတာ၊ တူသောဘုံ ရှိသည်၏ အဖြစ်လည်းကောင်း။
သမာနဝိသယတာ၊ တူသောအရာရှိသည်၏ အဖြစ်လည်းကောင်း။
သမာနာရမ္မဏတာ၊ တူသောအာရုံရှိသည်၏ အဖြစ်လည်းကောင်း။
ဣတိ ဧဝမာဒယော၊ ဤသို့အစရှိသည်တို့ကို။
စ
သဒ္ဒေန၊ ဖြင့်။
သင်္ဂဟိတာ၊ ကုန်၏။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗံ၊ ၏။
သေသံ၊ သည်။
ဥတ္တာနတ္ထမေဝ၊ ပေါ်သော အနက်ရှိသလျှင်ကတည်း။
လက္ခဏဟာရဝိဘင်္ဂဝဏ္ဏနာ၊ ဝိဘင်းအဖွင့်သည်။
နိဋ္ဌိတာ၊ ပြီးပြီ။