Issues
Chọn phiên bản
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Pañcakanipātapāḷi
Pañcakanipātapāḷi

2. Dutiyacetovimuttiphalasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

**၇၂(စာပိုဒ်)။ ၂-ဒုတိယစေတောဝိမုတ္တိဖလသုတ်**။ ။ အနိစ္စသညာ၊ ခန္ဓာငါးပါးတို့၌မမြဲဟုရှုမှတ်သောသညာလည်းကောင်း။
အနိစ္စ၊ မမြဲသောခန္ဓာငါးပါး၌။ ဒုက္ခသညာ၊ ဆင်းရဲဟုရှုမှတ်သောသညာလည်းကောင်းဒုက္ခဒုက္ခဖြစ်သောခန္ဓာငါးပါး၌။ အနတ္တသညာ၊ ခိုင်မြဲသောအနှစ်သာရအတ္တကောင်မဟုတ်ဟုရှုမှတ်သောသညာလည်းကောင်း။ ပဟာနသညာ၊ (တဒင်္ဂပဟာန်စသော)ကိလေသာပယ်သတ်ခြင်းသဘော၌အာရုံပြု၍ဖြစ်သောသညာလည်းကောင်း။ ဝိရာဂသညာ၊ (တဒင်္ဂဝိရာဂစသော)ကိလေသာကင်းကွာပျက်စီးခြင်းသဘော၌အာရုံပြု၍ဖြစ်သောသညာလည်းကောင်းတည်း။ [ဧကက နိပါတ် စာပိုဒ် (၄၄၃၊ ၄၆၂)အဋ္ဌကထာ။ပ-၄ဝ၉]
ဒုတိယံ။