Issues
เลือกเวอร์ชัน
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Pañcakanipātapāḷi
Pañcakanipātapāḷi

9. Paṭhamakaṇhasappasuttaṃ

ผู้แต่ง: sāsanāre-သာသနာရေး @ IAPT

၂၂၉။ ဘိက္ခဝေ၊ တို့။ ကဏှသပ္ပေ၊ မြွေဟောက်၌။ပ။ (ကဏှသပ္ပေါ၊ မြွေဟောက်သည်)
အသုစိ၊ မစင်မကြယ်ရွံစဖွယ်သတ္တဝါတည်း။ ဒုဂ္ဂန္ဓော၊ မကောင်းသောအနံ့ရှိ၏။ သဘီရု၁။ သဘီရကို သန်ဒ္ဒါဟူ၍ ဖွင့်ရာ၌ ဆိုလိုရင်း။ ဘီရုံ ပသံသန္တိ န ဟိ တတ္ထ သူရံ (သံယုတ်၊ ၁ ၂၁)၌ ဘီရသဒ္ဒါသည် ကြောက်တတ်သောသူဟူသော အနက်ကိုဟော၏။ အကတဘီရုတ္တာကောအင်္ဂုတ္တိုရ်-၁၅၄)၌ ဘီရသဒ္ဒါသည် ကြောက်ဖွယ်ဘေးဟူသော အနက်ကိုဟော၏။ ဤ၌လည်း ကြောက်ဖွယ် ဘေးဟူသော အနက်ဟောဖြစ်သင့်၏။
အဋ္ဌကထာ၌ကား သဘီရူတိ သနိဒေါ၊ မဟာနိဒ္ဒ နိဒ္ဒါယတိ”ဟု ဖွင့်ထား၏။ သို့သော် ဘီရူသဒ္ဒါ၏ နိဒ္ဒါ(အိပ်ခြင်း)အနက်ဟောအဖြစ်ဖြင့်ကား အဘိဓာန်တို့၌ မတွေ့ရ၊ ထို့ကြောင့် အဋ္ဌကထာ၌ နိဒ္ဒါဟူသော သံဝဏ္ဏနာပါဌ်ဖြင့် ရသဒ္ဒါ၏ မူရင်းသဒ္ဒတ္ထကို ဖွင့်သည်ဟုမကြံဘဲ ဘီရုသဒ္ဒါ၏ အရကောက်သရုပ်တရားကိုယ်အနက်မျှကိုသာ ဖွင့်သည်ဟု ကြံသင့်၏။ ထို့ကြောင့် နိဿယခန်း၌ “သဘီရူ၊ ကြောက်မက်ဖွယ် အိပ်ခြင်းနှင့်တကွဖြစ်၏ "စသည်ဖြင့် အနက်ရေးခဲ့သည်။
ဆိုလိုရင်းကား- ထိုကဏှသပွမှာ အလွန်အကျွံအိပ်ခြင်းကြောင့် ရန်သူတို့၏ ရိုက်နှက်သတ်ဖြတ်မှုကိုခံရတတ်၏။ အလွန်အကျွံအိပ်ခြင်းသည် ရန်သူတို့အား ရိုက်နှက် သတ်ဖြတ်ဖို့ အခွင့်ပေးသကဲ့သို့ဖြစ်နေ၏။ ထို့ကြောင့် အလွန်အကျွံအိပ်ခြင်းသည် ကြောက်ဖွယ်ဘေးတခုဖြစ်နေရကား ကဏှသပ္ပသည် ထိုအလွန်အကျွံအိပ်ခြင်းတည်းဟူ သော ကြောက်ဖွယ်ဘေးနှင့် အတူတကွဖြစ်သည်၊ ကြောက်ဖွယ်ဘေးနှင့်အတူ လက်တွဲ နေသည်ဟု သဘီရူပါဌ်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို စဉ်းစားမိသည်၊ မာတုဂါမ၏ အာဒီနဝ၌လည်း ဤကဲ့သို့ပင် သင့်လျော်မည့်ဆိုလိုရင်း အဓိပ္ပာယ်ကို ကြံစည်စဉ်းစား ရာ၏။
သို့သော် မှန်ကန်သင့်မြတ်သောပါဌ် ဖြစ်ဖွယ်မရှိသော သဘီရု”ဟူသောပါဌ်ကို အဋ္ဌကထာဖွင့်နှင့် ကိုက်ညီအောင် ပြင်ဆင်ရန် ခဲယဉ်းလှသောကြောင့် ဤကဲ့သို့ အဋ္ဌကထာအဖွင့်နှင့် ဆက်စပ်၍ သင့်လျော်အောင် ဆိုလိုရင်းအဓိပ္ပာယ်ကို ကြံစည် စဉ်းစားရခြင်းဖြစ်၏၊ ထို့ကြောင့် သဘီရူ၏နေရာ၌ မှန်ကန်သော ပါဌ်တမျိုးကို ကြံစည်ကြပါကုန်ဦး။
၊ ကြောက်မက်ဖွယ်အိပ်ခြင်းနှင့်တကွဖြစ်၏။ ဝါ၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင်အလွန်အအိပ်ကြီး၏။ သပ္ပဋိဘယော**၂။ သပ္ပဋိဘယော ပုဒ်နက်စိစစ်ချက်**။ ။သပ္ပဋိဘယောတိ တံ နိဿာယ ဘယံ (တွေ့မြင်သူတို့ ကြောက်ရွံ့ခြင်းသည်) ဥပ္ပဇ္ဇတိ၊ တသ္မာ သပ္ပဋိဘယော-ဟူသော အဋ္ဌကထာအဖွင့်အတိုင်း ပဋိဘယသဒ္ဒါအတွက် (ကြောက်ဖွယ်ဘေးရန်၊ ဘေးဘျမ်း ဟူသောအနက်ကို မယူဘဲ) ကြောက်ရွံ့ထိတ်လန်ခြင်းဟူသော အနက်ကိုသာ ယူရ၏၊ယင်းသို့ ကြောက်ရွံ့ရာ၌လည်း ဤနေရာ၌ မြွေဟောက်က ကြောက်ရွံ့သည်ကို ပဋိဘယ ဟု မဆိုလို၊ မြွေဟောက်ကို တွေ့မြင်သူတို့က ကြောက်ရွံ့သည်ကိုသာ ဆိုလို၏၊ ထို့ကြောင့် “ကဏှသဒ္ဓေါ၊ မြွေဟောက်သည်၊ သပ္ပဋိဘယော=တွေ့မြင်သူတို့၏ ကြောက်ရွံ့ မှုနှင့်တကွ ဖြစ်၏၊ ဝါ=တွေ့မြင်ရသူတို့ကို ကြောက်ရွံ့စေတတ်၏”ဟု အနက်ဆိုသည်။
ဤနေရာ၌ ပဋိဘယပုဒ်အတွက် ဘေးရန်၊ ဘေးဘျမ်းဟူသောအနက်ကိုယူ၍ “သပ္ပဋိဘယော၊ ဘေးဘျမ်းနှင့်တကွဖြစ်၏၊ ဝါ=ဘေးဘျမ်းရှိ၏"ဟု အနက်ပေးခဲ့သော် ထိုအနက်၌
(၁) ပဋိဘယ၊ ဘေးဘျမ်းဟူသည် အဘယ်နည်း၊ ညွှန်ပြစမ်းပါဟုဆိုလျှင် မြွေဟောက်ကိုပင် ညွှန်ပြရလိမ့်မည်၊ မြွေဟောက်သည်ပင် ဘေးဘျမ်း၊ ဘေးဘျမ်း သည်ပင် မြွေဟောက် (၂) သပ္ပဋိဘယ=ဘေးဘျမ်းနှင့်တကွဖြစ်သော အရာဟူသည် လည်း ဤနေရာ၌ မြွေဟောက်ကလွဲ၍ တခြားညွှန်ပြစရာမရှိ၊ သို့ဖြစ်လျှင် ပဋိဘယပုဒ် ၏အနက်နှင့် သပ္ပဋိဘယပုဒ်၏အနက်တို့ မတူကွဲပြား ခြားနားရမည်ဖြစ်ပါလျက် မကွဲမပြား ထူးမခြားနားချည်း ဖြစ်နေသောကြောင့် “ကဏှသဒ္ဓေါ=မြွေဟောက်သည်၊ သပ္ပဋိဘယော=ဘေးဘျမ်းတည်းဟူသော မြွေဟောက်နှင့်တကွဖြစ်၏''ဟူ၍ အနက် အဓိပ္ပာယ် ပျက်ပြယ်တော့မည် ဧကန်တည်း။
၊ (တွေ့မြင်ရသူတို့၏)ကြောက်ရွံ့ထိတ်လန့်မှုနှင့်တကွဖြစ်၏။ ဝါ၊ တွေ့မြင်ရသူတို့ကိုကြောက်ရွံ့ထိတ်လန့်စေတတ်၏။ မိတ္တဒုဗ္ဘီ၊ (အစာကျွေးသော)မိတ်ဆွေကိုသော်မှပင်ညှဉ်းဆဲနှိပ်စက်တတ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ကဏှသပ္ပေ၊ မြွေဟောက်၌။
အာဒီနဝါ၊ အပြစ်တို့သည်။ ဣမေ ပဉ္စ၊ ဤငါးမျိုးတို့တည်း။ ဘိက္ခဝေ၊ တို့။ ဧဝမေဝံ၊ ဤအတူပင်။ မာတုဂါမေ၊ မိန်းမ၌။ အာဒီနဝါ၊ တို့သည်။ ဣမေ ပဉ္စ၊ တည်း။ပ။ (မာတုဂါမော၊ မိန်းမသည်)
အသုစိ၊ တည်း။ပ။
နဝမံ။