Issues
Chọn phiên bản
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Pañcakanipātapāḷi
Pañcakanipātapāḷi

4. Pañcamacchariyasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

၂၅၄။ ဘိက္ခဝေ၊ တို့။ မစ္ဆရိယာနိ၊ ဝန်တိုသူ၏အဖြစ်တို့သည်။ ဝါ၊ ဝန်တိုလျှို့ဝှက်ခြင်းတို့သည်။ ဣမာနိ ပဉ္စ၊ ဤငါးမျိုးတို့တည်း။
ပဉ္စ၊ ငါးမျိုးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
အာဝါသမစ္ဆရိယံ၊ နေရာကျောင်း၌ဝန်တိုလျှို့ဝှက်သူ၏အဖြစ်လည်းကောင်း။ ကုလမစ္ဆရိယံ၊ လူဒါယကာဒါယိကာမအမျိုး၌ဝန်တိုလျှို့ဝှက်သူ၏အဖြစ်လည်းကောင်း။ လာဘမစ္ဆရိယံ၊ ပစ္စည်းလာဘ်၌ဝန်တိုလျှို့ဝှက်သူ၏အဖြစ်လည်းကောင်း။ ဝဏ္ဏမစ္ဆရိယံ၊ ကိုယ်အဆင်းနှင့်အကျင့်ဂုဏ်၌ဝန်တိုလျှို့ဝှက်သူ၏အဖြစ်လည်းကောင်း။ ဓမ္မမစ္ဆရိယံ၊ ပရိယတ်တရား၌ဝန်တိုလျှို့ဝှက်သူ၏အဖြစ်လည်းကောင်းတည်း။ ဘိက္ခဝေ၊ တို့။ မစ္ဆရိယာနိ၊ တို့သည်။ ဣမာနိ ပဉ္စ၊ တို့တည်း။
ဘိက္ခဝေ၊ တို့။ ပဉ္စ၊ ငါးမျိုးကုန်သော။ ဣမေသံ မစ္ဆရိယာနံ၊ ဤမစ္ဆရိယတို့တွင်။ ယဒိဒံ ဓမ္မမစ္ဆရိယံ၊ အကြင်ဓမ္မမစ္ဆရိယသည်။ (အတ္တိ၊ ရှိ၏) ဧတံ၊ ဤဓမ္မမစ္ဆရိယသည်။ ပတိကိဋ္ဌံ၊ အညံ့ဆုံးတည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)
စတုတ္ထံ။